ခ်စ္သူက ညစာစားမယ္လို႔ေျပာၿပီး မိတ္ေဆြသူငယ္ခ်င္းေတြ အမ်ားႀကီးနဲ႔ စပ႐ိုက္လုပ္ၿပီး မထင္မွတ္ထားပဲ လက္ထပ္ခြင့္ေတာင္းတာ ခံခဲ့ရတဲ့ ေအးခ်မ္းမိုး

ဆရာဝန္မေလးတစ္ေယာက္လည္းျဖစ္သလို ႏိုင္ငံေက်ာ္အလွမယ္တစ္ေယာက္ ျဖစ္တဲ့ ေအးခ်မ္းမိုးကေတာ့ Miss Universe Myanmar 2013၊ Miss Grand Myanmar 2017 စတဲ့ အလွမယ္ၿပိဳင္ပြဲဝင္ေတြကေန ပရိသတ္အားေပးမႈကို ရရွိထားသူတစ္ေယာက္ ျဖစ္ပါတယ္။ ေအးခ်မ္းမိုးကေတာ့

အခ်စ္ေရးကိစၥနဲ႔ ပက္သတ္ၿပီးလည္း ပရိသတ္ေတြကို ပြင့္ပြင့္လင္းလင္းခ်ျပထားၿပီပဲ ျဖစ္ပါတယ္။ ဒီတစ္ေခါက္မွာလည္း ေအးခ်မ္းမိုးက သူမကိုအသက္ထက္ပိုခ်စ္တဲ့ ခ်စ္သူဆီကေန လက္ထပ္ခြင့္ေတာင္းခံခဲ့ရတာပဲ ျဖစ္ပါတယ္။ ေအးခ်မ္းမိုးတို့ရဲ့ ေပ်ာ္စရာေကာင္းတဲ့ အမွတ္တရေလးနဲ့ ပက္သတ္ျပီး ေအးခ်မ္းမိုးရဲ့ခ်စ္သူ

ကိုသက္ပိုင္က “The day I promised her that i will be with u till the end of my life. ဘဝအတြက္ အမွတ္တရအျဖစ္ဆုံး excited အျဖစ္ရဆုံး​ေန႔​ေလးတစ္​ေန႔ပါ။ ကြ်န္ေတာ္ခ်စ္ရတဲ့က​ေလး Aye Chan Moe နဲ႔ တစ္ဘဝလုံး အတူျဖတ္သန္းဖို႔အတြက္ ပထမဆုံး​ေျခလွမ္းစတင္တဲ့​ေန႔​ေလးပါ။ တကယ္က ကြ်န္ေတာ္ သူ႔ကို ရက္၃၀၀ျပည့္အတြက္ dinner date လို႔ဘဲ​ေျပာထားၿပီး ခ်စ္ရတဲ့ ရင္းႏွီးတဲ့ သူငယ္ခ်င္း, ညီအစ္ကိုမ်ား

နဲ႔ မရမရ​ေအာင္ ႀကိတ္စီစဥ္ခဲ့ရတဲ့​ေန႔​ေလးပါ။” “အလြဲလြဲအ​ေခ်ာ္​ေခ်ာ္​ေတြ ပြဲမစခင္မွာျဖစ္​ေပမယ့္ Planအတိုင္း အကုန္ၿပီး​ေျမာက္သြားလို႔ အရမ္းကိုဝမ္းသာ​ေပ်ာ္႐ႊင္မိပါတယ္။ အ​ေပ်ာ္ရဆုံးက​​ေတာ့ Surpriseလုပ္ရခက္တဲ့ က်​ေနာ့္ခ်စ္သူကို Surpriseလုပ္ႏိုင္ခဲ့ၿပီး အနားမွာရွိခြင့္ လက္ထပ္ခြင့္ကို လက္ခံ​ေပးခဲ့လို႔ပါ။ အရမ္းခ်စ္ပါတယ္​ေနာ္က​ေလး​ေရ…” ဆိုျပီး အမွတ္တရေျပာလာခဲ့တာပဲ

ျဖစ္ပါတယ္။ ေအးခ်မ္းမိုးကေတာ့ သူမရဲ့ခ်စ္သူဆီက တန္ဖိုးထားျပီး ျမတ္နိုးစြာနဲ့ လက္ထပ္ခြင့္ေတာင္းခံခဲ့ရတာကို လက္ခံခဲ့ျပီပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးကလည္း ေအးခ်မ္းမိုးတုိ့ခ်စ္သူနွစ္ေယာက္ အျမန္ဆံုး ေရႊလက္တြဲလက္ထပ္နိုင္ဖို့ ဆုေတာင္းေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Read in UNICODE

ဆရာဝန်မလေးတစ်ယောက်လည်းဖြစ်သလို နိုင်ငံကျော်အလှမယ်တစ်ယောက် ဖြစ်တဲ့ အေးချမ်းမိုးကတော့ Miss Universe Myanmar 2013၊ Miss Grand Myanmar 2017 စတဲ့ အလှမယ်ပြိုင်ပွဲဝင်တွေကနေ ပရိသတ်အားပေးမှုကို ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ အေးချမ်းမိုးကတော့

အချစ်ရေးကိစ္စနဲ့ ပက်သတ်ပြီးလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြထားပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း အေးချမ်းမိုးက သူမကိုအသက်ထက်ပိုချစ်တဲ့ ချစ်သူဆီကနေ လက်ထပ်ခွင့်တောင်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။ အေးချမ်းမိုးတို့ရဲ့ ပျော်စရာကောင်းတဲ့ အမှတ်တရလေးနဲ့ ပက်သတ်ပြီး အေးချမ်းမိုးရဲ့ချစ်သူ

ကိုသက်ပိုင်က “The day I promised her that i will be with u till the end of my life. ဘဝအတွက် အမှတ်တရအဖြစ်ဆုံး excited အဖြစ်ရဆုံးနေ့လေးတစ်နေ့ပါ။ ကျွန်တော်ချစ်ရတဲ့ကလေး Aye Chan Moe နဲ့ တစ်ဘဝလုံး အတူဖြတ်သန်းဖို့အတွက် ပထမဆုံးခြေလှမ်းစတင်တဲ့နေ့လေးပါ။ တကယ်က ကျွန်တော် သူ့ကို ရက်၃၀၀ပြည့်အတွက် dinner date လို့ဘဲပြောထားပြီး ချစ်ရတဲ့ ရင်းနှီးတဲ့ သူငယ်ချင်း, ညီအစ်ကိုများ

နဲ့ မရမရအောင် ကြိတ်စီစဉ်ခဲ့ရတဲ့နေ့လေးပါ။” “အလွဲလွဲအချော်ချော်တွေ ပွဲမစခင်မှာဖြစ်ပေမယ့် Planအတိုင်း အကုန်ပြီးမြောက်သွားလို့ အရမ်းကိုဝမ်းသာပျော်ရွှင်မိပါတယ်။ အပျော်ရဆုံးကတော့ Surpriseလုပ်ရခက်တဲ့ ကျနော့်ချစ်သူကို Surpriseလုပ်နိုင်ခဲ့ပြီး အနားမှာရှိခွင့် လက်ထပ်ခွင့်ကို လက်ခံပေးခဲ့လို့ပါ။ အရမ်းချစ်ပါတယ်နော်ကလေးရေ…” ဆိုပြီး အမှတ်တရပြောလာခဲ့တာပဲ

ဖြစ်ပါတယ်။ အေးချမ်းမိုးကတော့ သူမရဲ့ချစ်သူဆီက တန်ဖိုးထားပြီး မြတ်နိုးစွာနဲ့ လက်ထပ်ခွင့်တောင်းခံခဲ့ရတာကို လက်ခံခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း အေးချမ်းမိုးတို့ချစ်သူနှစ်ယောက် အမြန်ဆုံး ရွှေလက်တွဲလက်ထပ်နိုင်ဖို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source : Thet Paing’s Facebook

Add a Comment

Your email address will not be published. Required fields are marked *