ဘဝမွာ ရည္းစားေဟာင္းေတြေၾကာင့္ (၃)ခါတိတိ အႀကီးအက်ယ္ အသဲကြဲခဲ့ဖူးတယ္ဆိုတဲ့ အဆိုေတာ္ G

ေ႐ႊနန္းေတာ္မိသားစုရဲ႕ အေမြဆက္ခံသူ G လို႔ အမ်ားသိၾကတဲ့ The Voice Myanmar ၿပိဳင္ပြဲဝင္ေဟာင္း သက္ရတနာေက်ာ္ဝင္းဟာဆိုရင္ ၿပိဳင္ပြဲကေန ထြက္ခဲ့ရေပမယ့္ အႏုပညာအလုပ္ေတြကို ျပင္ပမွာ တစ္စတစ္စ စတင္လုပ္ကိုင္လာၿပီပဲ ျဖစ္ပါတယ္။

အေစာပိုင္းမွာေတာ့ ၿပိဳင္ပြဲဝင္မိတ္ေဆြေဟာင္းျဖစ္သူ ရန္မ်ိဳးနဲ႔အတူ ဂစ္တာတီးၿပီး သီခ်င္းဆိုျပတာမ်ိဳးသာ ရွိခဲ့ေပမယ့္ အခုဆိုရင္ေတာ့ ရန္မ်ိဳးေရးေပးထားတဲ့ သီခ်င္းတစ္ပုဒ္ကို G ကိုယ္တိုင္ သီဆို၊ ထြက္ရွိလာဖို႔ ရွိၿပီး ကုန္ပစၥည္း Live Sales ေရာင္းခ်ျခင္း၊ ေၾကာ္ျငာ႐ိုက္ကူးျခင္း၊ ဓာတ္ပုံ႐ိုက္ကူးျခင္း အစရွိတဲ့ အႏုပညာလႈပ္ရွားမႉမ်ားကိုလည္း G အေနနဲ႔ တျဖည္းျဖည္း စမ္းသပ္လုပ္ကိုင္လာတာကို ေတြ႕ရပါတယ္။

ဒီအင္တာဗ်ဴးေလးမွာေတာ့ အဆိုၿပိဳင္ပြဲဝင္ေဟာင္း G က သူမရဲ႕ အခ်စ္ေရးနဲ႔ပတ္သတ္လို႔ ရင္ဖြင့္ေျဖၾကားခဲ့တာျဖစ္ၿပီး သူမရဲ႕ဘဝမွာ ရည္းစားေဟာင္း (၃)ေယာက္ေၾကာင့္ အႀကီးအက်ယ္ အသည္းကြဲခဲ့ဖူးတယ္ဆိုတဲ့ အေၾကာင္း ထုတ္ေဖာ္ေျပာျပလာခဲ့တာပဲ ျဖစ္ပါတယ္။

လက္တေလာမွာေတာ့ G အေနနဲ႔ ရန္မ်ိဳးေရးသားေပးထားတဲ့ “တတိယေျမာက္ အသည္းကြဲျခင္း” ဆိုတဲ့သီခ်င္းကို သီဆိုထားဖို႔ရွိၿပီး သူမကိုယ္တိုင္ တတိယအႀကိမ္ေျမာက္ အသည္းကြဲခဲ့ဖူးတဲ့ ျဖစ္ရပ္မွန္ဇာတ္လမ္းကို ကိုရန္မ်ိဳးက သီခ်င္းအျဖစ္ ျပန္လည္အသက္သြင္းေပးခဲ့တာလို႔ G က ဆိုပါတယ္။

သူမအေနနဲ႔ အသည္းအခြဲခံခဲ့ရတဲ့ကိစၥေတြနဲ႔ ပတ္သတ္လို႔ G က

” တစ္ေခါက္နဲ႔တစ္ေခါက္ မတူဘူး။ တစ္ေယာက္နဲ႔ တစ္ေယာက္ကလည္း မတူဘူးဆိုေတာ့ ညီမကို အသည္းခြဲ႕ခဲ့တဲ့ သူေတြကလည္း မတူဘူးဆိုေတာ့ အၿမဲတမ္း ပညာရေနတယ္။ အခုေတာ့ နည္းနည္း ပိုရင့္က်က္လာတဲ့အတြက္ ေနာက္ပိုင္း အရမ္းႀကီး မခံစားရေတာ့ဘူး။ ရည္းစားထားဖို႔အတြက္ကေတာ့ သူငယ္ခ်င္းလို ေပါင္းလို႔ရမယ့္ ေကာင္ေလးမ်ိဳးကို သေဘာက်တယ္။ ဒီမွာက မ်ားေသာအားျဖင့္ ေယာက်္ားေလးေတြက ေကာင္မေလးနဲ႔ဆိုရင္ သက္သက္၊ သူ႔သူငယ္ခ်င္းေတြနဲ႔ ဆိုရင္ သက္သက္၊ အဲ့လိုမ်ိဳး သပ္သပ္စီႀကီး ျဖစ္ေနတာေပါ့ေနာ္။ ဒါေပမယ့္ ညီမဘဝမွာက ေယာက်္ားေလးလိုပဲ ေနလာေတာ့ ရည္းစားေတြရဲ႕ သူငယ္ခ်င္းေတြကလည္း ညီမကို ခ်စ္တယ္၊ ေယာက်္ားေလးလိုပဲ ေပါင္းလို႔ရတယ္။ အခုေနာက္ပိုင္းက်မွ အဲ့လိုမဟုတ္တဲ့ တစ္ေယာက္ကို ႀကဳံဖူးတာ။ သူက ညီမကို အၿမဲ တစ္ကန႔္ထားထားတယ္။ သူ႔ရဲ႕ သူငယ္ခ်င္းေတြနဲ႔ဆို တစ္ကန႔္ေပါ့။ အဲ့လိုမ်ိဳးက်ေတာ့ အဆင္မေျပဘူးလို႔ ထင္ေတာ့ အဲ့တာက အေရးအႀကီးဆုံးလို႔ ထင္တယ္” လို႔ ရင္ဖြင့္ေျဖၾကားေပးခဲ့တာပဲ ျဖစ္ပါတယ္။

အခုသီခ်င္းဆိုတဲ့အခါမွာလည္း ကိုယ္တိုင္ အသည္းကြဲခဲ့ရတဲ့ အေၾကာင္းကို သီဆိုမွာျဖစ္ၿပီး သူမအေနနဲ႔ (၃)ခါေလာက္ ႀကီးႀကီးက်ယ္က်ယ္ အသည္းကြဲခဲ့ဖူးတယ္လို႔ ေျပာလာပါတယ္။ ၾကားထဲမွာေတာ့ ေသးေသးမႊားမႊားေလးေတြ အေနနဲ႔ ႀကိဳၾကားႀကိဳၾကား အသည္းကြဲခဲ့ရတာေတြေတာ့ ရွိခဲ့ေပမယ့္ ႀကီးႀကီးက်ယ္က်ယ္ ဆိုးဆိုး႐ြား႐ြား အသည္းကြဲခဲ့ဖူးတာေတာ့ (၃) ခါေလာက္ပဲ ရွိတယ္လို႔ G က ဆိုပါတယ္။

အခ်စ္ဆိုတဲ့အရာအေပၚ သူမရဲ႕ ခံယူထားပုံနဲ႔ ပတ္သတ္လို႔ G က

“ငယ္ငယ္တုန္းကဆိုရင္ ခ်စ္ရင္ အကုန္ၿပီးတယ္လို႔ ထင္တယ္။ ခ်စ္ရင္ သူ႔ေနာက္ပဲ လိုက္မယ္၊ အိမ္ကိုလည္း စိတ္မဝင္စားဘူး၊ ပိုက္ဆံလည္း စိတ္မဝင္စားဘူး၊ အဲ့လိုမ်ိဳးကြာ။ အခုႀကီးလာေတာ့ အဲ့လို မဟုတ္ဘူး။ နည္းနည္း အာ႐ုံေနာက္ မခံခ်င္ဘူး။ သူက နည္းနည္း ရစ္တာနဲ႔ ညီမက ထြက္ေျပးခ်င္ၿပီ။ ဘာမွန္းမသိဘူးကြာ၊ ေယာက်္ားလည္း အရမ္းႀကီးလိုခ်င္ေနတာမ်ိဳး မဟုတ္ဘူး၊ ယူလည္း မယူခ်င္ဘူး။ ကိုယ္နဲ႔အဆင္မေျပရင္လည္း ဘယ္ေလာက္ခ်စ္ခ်စ္ အဆင္မေျပပါဘူး” လို႔ ပြင့္ပြင့္လင္းလင္း ေျပာျပသြားခဲ့ပါတယ္။

ပရိသတ္ေတြအေပၚမွာ ထားရွိမယ့္ ခ်စ္ျခင္းေမတၱာနဲ႔ ပတ္သတ္လို႔ေတာ့ G က

“ညီမကေတာ့ အၿမဲတမ္း ပရိသတ္ေတြအေပၚမွာ ၁၀၀% စစ္မွန္မႈတစ္ခုကို ျပခ်င္တယ္။ ဟန္ေဆာင္တာေတြ၊ ဘာေတြ မေပးခ်င္ဘူး။ တကယ္လို႔ ပရိသတ္ေတြအေနနဲ႔ ဟန္ေဆာင္တဲ့သူကိုမွ အားေပးခ်င္ရင္လည္း ဒီႏိုင္ငံမွာ အမ်ားႀကီးပဲ၊ အဲ့လူေတြဆီ သြား။ ညီမလို ႐ိုး႐ိုးရွင္းရွင္းနဲ႔ အမွန္တိုင္း ေျပာတတ္တဲ့သူကို သေဘာက်ရင္ေတာ့ ညီမကို အားေပးေပါ့။” လို႔ ျပတ္ျပတ္သားသား ထုတ္ေျပာလာခဲ့တာပဲ ျဖစ္ပါတယ္။

သူမရဲ႕ ပထမဆုံး စုံတြဲ Photo Shooting ကို စတင္႐ိုက္ကူးခဲ့ရတဲ့ အေတြ႕အႀကဳံနဲ႔ စပ္လ်ဥ္းၿပီး G က

“ညီမကို ေယာက်္ားေလးတစ္ေယာက္နဲ႔ ႐ိုက္ခ်င္လားလို႔ ကမ္းလွမ္းလာတဲ့အခါ ႐ိုက္ခ်င္တယ္လို႔ပဲ အေျဖျပန္ေပးလိုက္မိတယ္။ ဘာျဖစ္လို႔လည္း ဆိုေတာ့ တစ္ခါမွလည္း မ႐ိုက္ဖူးဘူး၊ အေတြ႕အႀကဳံသစ္လည္း ရတယ္။ အဲ့ေတာ့ ဒီတိုင္းပဲသြားတာေပါ့၊ အရမ္းႀကီး မေၾကာက္ဘူး။ ေယာက်္ားေလးေတြနား ကပ္ဖို႔လည္း မေၾကာက္ဘူး။ ဒါေပမယ့္ ဗီဒီယို ႐ိုက္ရမွာေတာ့ ေၾကာက္တယ္။ သူ႔ရဲ႕ စည္းကမ္းနဲ႔ သတ္မွတ္ခ်က္ေတြထဲမွာလည္း ဗီဒီယို႐ိုက္ဖို႔အတြက္ ႀကိဳမေျပာထားဘူး။ အဲ့ေရာက္ေတာ့မွ ဗီဒီယို႐ိုက္မယ္ဆိုၿပီး သ႐ုပ္ေဆာင္ခိုင္းေနေတာ့ အဲ့တာက ညီမအတြက္ နည္းနည္းေတာ့ ခက္တယ္။ ႐ိုက္ရတာ ရွက္ေတာ့ ရွက္မိတယ္။ တျခားလူတစ္ေယာက္နဲ႔ တြဲ႐ိုက္ရလို႔ ရွက္တာမ်ိဳး မဟုတ္ဘူးကြာ။ ကိုယ္မဟုတ္တဲ့ ပုံစံမ်ိဳးကို လုပ္ျပေနရလို႔ ရွက္တာ။ နည္းနည္း ႏြဲ႕ေနရတာႀကီးကို မႀကိဳက္ဘူး၊ ဘာျဖစ္လို႔လည္း မသိဘူး[ရယ္လ်က္]။” လို႔ ေဝမွ်ေျပာျပခဲ့ပါတယ္။

ပရိသတ္ႀကီးေရ တက္သစ္စ လူငယ္အႏုပညာရွင္ သက္ရတနာေက်ာ္ဝင္း (ေခၚ) G ကေတာ့ ခ်မ္းသာတဲ့ မိသားစုမွာ ေမြးဖြားလာေသာ္ျငား ႐ိုး႐ိုးရွင္းရွင္း ေနထိုင္တတ္သူ တစ္ဦးျဖစ္ၿပီး သူမရဲ႕ ဘဝေနထိုင္မႈပုံစံနဲ႔ ေလာကအျမင္ေတြကို ပရိသတ္သိေအာင္ ပြင့္ပြင့္လင္းလင္း ေဝမွ်တတ္သူတစ္ဦးပဲ ျဖစ္ပါတယ္။ အခုဆို The Voice Myanmar ၿပိဳင္ပြဲဝင္ေဟာင္း ရန္မ်ိဳးကိုယ္တိုင္ ေရးစပ္သီကုံးေပးထားတဲ့ G ရဲ႕ “တတိယေျမာက္ အသည္းကြဲျခင္း” အမည္ရတဲ့ သီခ်င္းဟာဆိုရင္ မၾကာခင္ ထြက္ရွိလာေတာ့မွာ ျဖစ္တဲ့အတြက္ ပရိသတ္တို႔အေနနဲ႔ ေစာင့္ေမွ်ာ္အားေပးဖို႔ မေမ့ၾကနဲ႔ဦးေနာ္။အခုလို အခ်ိန္ေပးၿပီး ဖတ္ရႈေပးတဲ့ ပရိသတ္အားလုံးကိုလည္း ေက်းဇူးအထူးပဲ တင္ရွိပါတယ္။

Read in UNICODE

ရွှေနန်းတော်မိသားစုရဲ့ အမွေဆက်ခံသူ G လို့ အများသိကြတဲ့ The Voice Myanmar ပြိုင်ပွဲဝင်ဟောင်း သက်ရတနာကျော်ဝင်းဟာဆိုရင် ပြိုင်ပွဲကနေ ထွက်ခဲ့ရပေမယ့် အနုပညာအလုပ်တွေကို ပြင်ပမှာ တစ်စတစ်စ စတင်လုပ်ကိုင်လာပြီပဲ ဖြစ်ပါတယ်။

အစောပိုင်းမှာတော့ ပြိုင်ပွဲဝင်မိတ်ဆွေဟောင်းဖြစ်သူ ရန်မျိုးနဲ့အတူ ဂစ်တာတီးပြီး သီချင်းဆိုပြတာမျိုးသာ ရှိခဲ့ပေမယ့် အခုဆိုရင်တော့ ရန်မျိုးရေးပေးထားတဲ့ သီချင်းတစ်ပုဒ်ကို G ကိုယ်တိုင် သီဆို၊ ထွက်ရှိလာဖို့ ရှိပြီး ကုန်ပစ္စည်း Live Sales ရောင်းချခြင်း၊ ကြော်ငြာရိုက်ကူးခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်း အစရှိတဲ့ အနုပညာလှုပ်ရှားမှူများကိုလည်း G အနေနဲ့ တဖြည်းဖြည်း စမ်းသပ်လုပ်ကိုင်လာတာကို တွေ့ရပါတယ်။

ဒီအင်တာဗျူးလေးမှာတော့ အဆိုပြိုင်ပွဲဝင်ဟောင်း G က သူမရဲ့ အချစ်ရေးနဲ့ပတ်သတ်လို့ ရင်ဖွင့်ဖြေကြားခဲ့တာဖြစ်ပြီး သူမရဲ့ဘဝမှာ ရည်းစားဟောင်း (၃)ယောက်ကြောင့် အကြီးအကျယ် အသည်းကွဲခဲ့ဖူးတယ်ဆိုတဲ့ အကြောင်း ထုတ်ဖော်ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။

လက်တလောမှာတော့ G အနေနဲ့ ရန်မျိုးရေးသားပေးထားတဲ့ “တတိယမြောက် အသည်းကွဲခြင်း” ဆိုတဲ့သီချင်းကို သီဆိုထားဖို့ရှိပြီး သူမကိုယ်တိုင် တတိယအကြိမ်မြောက် အသည်းကွဲခဲ့ဖူးတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ကိုရန်မျိုးက သီချင်းအဖြစ် ပြန်လည်အသက်သွင်းပေးခဲ့တာလို့ G က ဆိုပါတယ်။

သူမအနေနဲ့ အသည်းအခွဲခံခဲ့ရတဲ့ကိစ္စတွေနဲ့ ပတ်သတ်လို့ G က

” တစ်ခေါက်နဲ့တစ်ခေါက် မတူဘူး။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း မတူဘူးဆိုတော့ ညီမကို အသည်းခွဲ့ခဲ့တဲ့ သူတွေကလည်း မတူဘူးဆိုတော့ အမြဲတမ်း ပညာရနေတယ်။ အခုတော့ နည်းနည်း ပိုရင့်ကျက်လာတဲ့အတွက် နောက်ပိုင်း အရမ်းကြီး မခံစားရတော့ဘူး။ ရည်းစားထားဖို့အတွက်ကတော့ သူငယ်ချင်းလို ပေါင်းလို့ရမယ့် ကောင်လေးမျိုးကို သဘောကျတယ်။ ဒီမှာက များသောအားဖြင့် ယောကျ်ားလေးတွေက ကောင်မလေးနဲ့ဆိုရင် သက်သက်၊ သူ့သူငယ်ချင်းတွေနဲ့ ဆိုရင် သက်သက်၊ အဲ့လိုမျိုး သပ်သပ်စီကြီး ဖြစ်နေတာပေါ့နော်။ ဒါပေမယ့် ညီမဘဝမှာက ယောကျ်ားလေးလိုပဲ နေလာတော့ ရည်းစားတွေရဲ့ သူငယ်ချင်းတွေကလည်း ညီမကို ချစ်တယ်၊ ယောကျ်ားလေးလိုပဲ ပေါင်းလို့ရတယ်။ အခုနောက်ပိုင်းကျမှ အဲ့လိုမဟုတ်တဲ့ တစ်ယောက်ကို ကြုံဖူးတာ။ သူက ညီမကို အမြဲ တစ်ကန့်ထားထားတယ်။ သူ့ရဲ့ သူငယ်ချင်းတွေနဲ့ဆို တစ်ကန့်ပေါ့။ အဲ့လိုမျိုးကျတော့ အဆင်မပြေဘူးလို့ ထင်တော့ အဲ့တာက အရေးအကြီးဆုံးလို့ ထင်တယ်” လို့ ရင်ဖွင့်ဖြေကြားပေးခဲ့တာပဲ ဖြစ်ပါတယ်။

အခုသီချင်းဆိုတဲ့အခါမှာလည်း ကိုယ်တိုင် အသည်းကွဲခဲ့ရတဲ့ အကြောင်းကို သီဆိုမှာဖြစ်ပြီး သူမအနေနဲ့ (၃)ခါလောက် ကြီးကြီးကျယ်ကျယ် အသည်းကွဲခဲ့ဖူးတယ်လို့ ပြောလာပါတယ်။ ကြားထဲမှာတော့ သေးသေးမွှားမွှားလေးတွေ အနေနဲ့ ကြိုကြားကြိုကြား အသည်းကွဲခဲ့ရတာတွေတော့ ရှိခဲ့ပေမယ့် ကြီးကြီးကျယ်ကျယ် ဆိုးဆိုးရွားရွား အသည်းကွဲခဲ့ဖူးတာတော့ (၃) ခါလောက်ပဲ ရှိတယ်လို့ G က ဆိုပါတယ်။

အချစ်ဆိုတဲ့အရာအပေါ် သူမရဲ့ ခံယူထားပုံနဲ့ ပတ်သတ်လို့ G က

“ငယ်ငယ်တုန်းကဆိုရင် ချစ်ရင် အကုန်ပြီးတယ်လို့ ထင်တယ်။ ချစ်ရင် သူ့နောက်ပဲ လိုက်မယ်၊ အိမ်ကိုလည်း စိတ်မဝင်စားဘူး၊ ပိုက်ဆံလည်း စိတ်မဝင်စားဘူး၊ အဲ့လိုမျိုးကွာ။ အခုကြီးလာတော့ အဲ့လို မဟုတ်ဘူး။ နည်းနည်း အာရုံနောက် မခံချင်ဘူး။ သူက နည်းနည်း ရစ်တာနဲ့ ညီမက ထွက်ပြေးချင်ပြီ။ ဘာမှန်းမသိဘူးကွာ၊ ယောကျ်ားလည်း အရမ်းကြီးလိုချင်နေတာမျိုး မဟုတ်ဘူး၊ ယူလည်း မယူချင်ဘူး။ ကိုယ်နဲ့အဆင်မပြေရင်လည်း ဘယ်လောက်ချစ်ချစ် အဆင်မပြေပါဘူး” လို့ ပွင့်ပွင့်လင်းလင်း ပြောပြသွားခဲ့ပါတယ်။

ပရိသတ်တွေအပေါ်မှာ ထားရှိမယ့် ချစ်ခြင်းမေတ္တာနဲ့ ပတ်သတ်လို့တော့ G က

“ညီမကတော့ အမြဲတမ်း ပရိသတ်တွေအပေါ်မှာ ၁၀၀% စစ်မှန်မှုတစ်ခုကို ပြချင်တယ်။ ဟန်ဆောင်တာတွေ၊ ဘာတွေ မပေးချင်ဘူး။ တကယ်လို့ ပရိသတ်တွေအနေနဲ့ ဟန်ဆောင်တဲ့သူကိုမှ အားပေးချင်ရင်လည်း ဒီနိုင်ငံမှာ အများကြီးပဲ၊ အဲ့လူတွေဆီ သွား။ ညီမလို ရိုးရိုးရှင်းရှင်းနဲ့ အမှန်တိုင်း ပြောတတ်တဲ့သူကို သဘောကျရင်တော့ ညီမကို အားပေးပေါ့။” လို့ ပြတ်ပြတ်သားသား ထုတ်ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

သူမရဲ့ ပထမဆုံး စုံတွဲ Photo Shooting ကို စတင်ရိုက်ကူးခဲ့ရတဲ့ အတွေ့အကြုံနဲ့ စပ်လျဉ်းပြီး G က

“ညီမကို ယောကျ်ားလေးတစ်ယောက်နဲ့ ရိုက်ချင်လားလို့ ကမ်းလှမ်းလာတဲ့အခါ ရိုက်ချင်တယ်လို့ပဲ အဖြေပြန်ပေးလိုက်မိတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ တစ်ခါမှလည်း မရိုက်ဖူးဘူး၊ အတွေ့အကြုံသစ်လည်း ရတယ်။ အဲ့တော့ ဒီတိုင်းပဲသွားတာပေါ့၊ အရမ်းကြီး မကြောက်ဘူး။ ယောကျ်ားလေးတွေနား ကပ်ဖို့လည်း မကြောက်ဘူး။ ဒါပေမယ့် ဗီဒီယို ရိုက်ရမှာတော့ ကြောက်တယ်။ သူ့ရဲ့ စည်းကမ်းနဲ့ သတ်မှတ်ချက်တွေထဲမှာလည်း ဗီဒီယိုရိုက်ဖို့အတွက် ကြိုမပြောထားဘူး။ အဲ့ရောက်တော့မှ ဗီဒီယိုရိုက်မယ်ဆိုပြီး သရုပ်ဆောင်ခိုင်းနေတော့ အဲ့တာက ညီမအတွက် နည်းနည်းတော့ ခက်တယ်။ ရိုက်ရတာ ရှက်တော့ ရှက်မိတယ်။ တခြားလူတစ်ယောက်နဲ့ တွဲရိုက်ရလို့ ရှက်တာမျိုး မဟုတ်ဘူးကွာ။ ကိုယ်မဟုတ်တဲ့ ပုံစံမျိုးကို လုပ်ပြနေရလို့ ရှက်တာ။ နည်းနည်း နွဲ့နေရတာကြီးကို မကြိုက်ဘူး၊ ဘာဖြစ်လို့လည်း မသိဘူး[ရယ်လျက်]။” လို့ ဝေမျှပြောပြခဲ့ပါတယ်။

ပရိသတ်ကြီးရေ တက်သစ်စ လူငယ်အနုပညာရှင် သက်ရတနာကျော်ဝင်း (ခေါ်) G ကတော့ ချမ်းသာတဲ့ မိသားစုမှာ မွေးဖွားလာသော်ငြား ရိုးရိုးရှင်းရှင်း နေထိုင်တတ်သူ တစ်ဦးဖြစ်ပြီး သူမရဲ့ ဘဝနေထိုင်မှုပုံစံနဲ့ လောကအမြင်တွေကို ပရိသတ်သိအောင် ပွင့်ပွင့်လင်းလင်း ဝေမျှတတ်သူတစ်ဦးပဲ ဖြစ်ပါတယ်။ အခုဆို The Voice Myanmar ပြိုင်ပွဲဝင်ဟောင်း ရန်မျိုးကိုယ်တိုင် ရေးစပ်သီကုံးပေးထားတဲ့ G ရဲ့ “တတိယမြောက် အသည်းကွဲခြင်း” အမည်ရတဲ့ သီချင်းဟာဆိုရင် မကြာခင် ထွက်ရှိလာတော့မှာ ဖြစ်တဲ့အတွက် ပရိသတ်တို့အနေနဲ့ စောင့်မျှော်အားပေးဖို့ မမေ့ကြနဲ့ဦးနော်။အခုလို အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးအထူးပဲ တင်ရှိပါတယ်။

Source : PJ

Add a Comment

Your email address will not be published. Required fields are marked *