ေဗဒင္ဆရာေတြ ေဟာခဲ့သလိုပဲ တစ္သက္လံုး အခ်စ္ေရးကံေကာင္းလာမွာ မဟုတ္လို႔ ဘုရားတရားပဲလုပ္ၿပီး ဘဝကို ျဖတ္သန္းေတာ့မယ္ဆိုတဲ့ ဂြ်န္လြင္

ပရိသတ္တို႔ေရ ျမန္မာႏိုင္ငံ႐ုပ္ရွင္ေလာကရဲ႕ အရည္အခ်င္းရွိတဲ့ အႏုပညာရွင္ေပါင္းမ်ားစြာကို ႏွစ္စဥ္ႏွစ္တိုင္း ေမြးထုတ္ေပးေနသူကေတာ့ Stars & Models Int’l တည္ေထာင္သူ ဆရာဂြၽန္လြင္ပဲ ျဖစ္ပါတယ္။ 

ဂြၽန္လြင္ဟာ တပည့္ေတြအေပၚကိုေတာ့ ပညာသင္ၾကားေပးေနစဥ္မွာ အလုပ္ကို တန္ဖိုးထားတတ္ေအာင္၊ စည္းကမ္းတက် လုပ္တတ္ကိုင္တတ္ေအာင္ စသည္ျဖင့္ ေစတနာထားကာ စည္းကမ္းတင္းက်ပ္ေလ့ရွိေပမယ့္ အလုပ္ခ်ိန္ျပင္ပမွာေတာ့ အငမတန္ကို ေပ်ာ္ေပ်ာ္ေနတတ္ၿပီး အေပါင္းအသင္းေတြနဲ႔ စားေသာက္အခ်ိန္ျဖဳန္းရတာကို ႏွစ္သက္သူတစ္ဦးျဖစ္ေၾကာင္း သူ႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေပၚကို တင္ခဲ့တဲ့ အေၾကာင္းအရာေတြကို ၾကည့္ၿပီး ခန႔္မွန္းႏိုင္ပါတယ္ေနာ္။

အဲ့ဒီလို မိတ္ေဆြတကာနဲ႔ အၿမဲစေနာက္ၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ဘဝကို ျဖတ္သန္းေနတဲ့ ဂြၽန္လြင္ဟာ အခ်စ္ေရးမွာေတာ့ ကံေကာင္းသူတစ္ေယာက္ မဟုတ္ခဲ့ပါဘူး။ အခုလို အခ်စ္ေရးနဲ႔ ပတ္သတ္လာရင္ အဆင္မေျပမႈေတြ ႀကဳံေတြ႕ရႏိုင္တယ္လို႔ ယခင္တည္းက ေဗဒင္ဆရာေတြက သူ႔ကို ႀကိဳတင္ေဟာေျပာၿပီးသား ျဖစ္တဲ့အတြက္ အခုဆိုရင္ အခ်စ္ေရးကို စိတ္မဝင္စားေတာ့ပဲ ဘုရားတရားအလုပ္၊ ပရဟိတ အလုပ္ေတြျဖင့္သာ သူ႔ရဲ႕က်န္ရွိတဲ့ လူ႔ဘဝသက္တမ္းကို ျဖတ္သန္းေနထိုင္သြားေတာ့မွာ ျဖစ္ေၾကာင္းကို ဂြၽန္လြင္က

“ငါသည္ ဘယ္ေတာ့မွ ဘဝမွာ အခ်စ္ေရးကံမေကာင္းဟု ေဗဒင္ဆရာမ်ားက ေျပာဖူးသည္ ေနာက္ဆုံးခ်ိန္ထိ ကံေကာင္းမည္ မဟုတ္

ဒါေၾကာင့္ တတ္ႏိုင္သေလာက္ တရားထိုင္ ပရဟိတလုပ္ၿပီး ဘဝကို အဆုံးသတ္ပါမယ္” လို႔ ေရးသားၿပီး သူ​၏ ေဖ့စ္ဘြတ္မွ တစ္ဆင့္ ရင္ဖြင့္ခဲ့တာပဲ ျဖစ္ပါတယ္။ 

အခုလို အခ်စ္ေရးကံေခတဲ့အတြက္ေၾကာင့္ စိတ္မေကာင္းျဖစ္ေနတဲ့ ဦးဂြၽန္လြင္အတြက္ အားေပးစကားေလးေတြ ေျပာေပးခဲ့ၾကပါဦးေနာ္ ပရိသတ္ႀကီးတို႔ေရ။ 

Read in UNICODE

ပရိသတ်တို့ရေ မြန်မာနိုင်ငံရုပ်ရှင်လောကရဲ့ အရည်အချင်းရှိတဲ့ အနုပညာရှင်ပေါင်းများစွာကို နှစ်စဉ်နှစ်တိုင်း မွေးထုတ်ပေးနေသူကတော့ Stars & Models Int’l တည်ထောင်သူ ဆရာဂျွန်လွင်ပဲ ဖြစ်ပါတယ်။ 

ဂျွန်လွင်ဟာ တပည့်တွေအပေါ်ကိုတော့ ပညာသင်ကြားပေးနေစဉ်မှာ အလုပ်ကို တန်ဖိုးထားတတ်အောင်၊ စည်းကမ်းတကျ လုပ်တတ်ကိုင်တတ်အောင် စသည်ဖြင့် စေတနာထားကာ စည်းကမ်းတင်းကျပ်လေ့ရှိပေမယ့် အလုပ်ချိန်ပြင်ပမှာတော့ အငမတန်ကို ပျော်ပျော်နေတတ်ပြီး အပေါင်းအသင်းတွေနဲ့ စားသောက်အချိန်ဖြုန်းရတာကို နှစ်သက်သူတစ်ဦးဖြစ်ကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်ကို တင်ခဲ့တဲ့ အကြောင်းအရာတွေကို ကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်နော်။

အဲ့ဒီလို မိတ်ဆွေတကာနဲ့ အမြဲစနောက်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို ဖြတ်သန်းနေတဲ့ ဂျွန်လွင်ဟာ အချစ်ရေးမှာတော့ ကံကောင်းသူတစ်ယောက် မဟုတ်ခဲ့ပါဘူး။ အခုလို အချစ်ရေးနဲ့ ပတ်သတ်လာရင် အဆင်မပြေမှုတွေ ကြုံတွေ့ရနိုင်တယ်လို့ ယခင်တည်းက ဗေဒင်ဆရာတွေက သူ့ကို ကြိုတင်ဟောပြောပြီးသား ဖြစ်တဲ့အတွက် အခုဆိုရင် အချစ်ရေးကို စိတ်မဝင်စားတော့ပဲ ဘုရားတရားအလုပ်၊ ပရဟိတ အလုပ်တွေဖြင့်သာ သူ့ရဲ့ကျန်ရှိတဲ့ လူ့ဘဝသက်တမ်းကို ဖြတ်သန်းနေထိုင်သွားတော့မှာ ဖြစ်ကြောင်းကို ဂျွန်လွင်က

“ငါသည် ဘယ်တော့မှ ဘဝမှာ အချစ်ရေးကံမကောင်းဟု ဗေဒင်ဆရာများက ပြောဖူးသည် နောက်ဆုံးချိန်ထိ ကံကောင်းမည် မဟုတ်

ဒါကြောင့် တတ်နိုင်သလောက် တရားထိုင် ပရဟိတလုပ်ပြီး ဘဝကို အဆုံးသတ်ပါမယ်” လို့ ရေးသားပြီး သူ၏ ဖေ့စ်ဘွတ်မှ တစ်ဆင့် ရင်ဖွင့်ခဲ့တာပဲ ဖြစ်ပါတယ်။ 

အခုလို အချစ်ရေးကံခေတဲ့အတွက်ကြောင့် စိတ်မကောင်းဖြစ်နေတဲ့ ဦးဂျွန်လွင်အတွက် အားပေးစကားလေးတွေ ပြောပေးခဲ့ကြပါဦးနော် ပရိသတ်ကြီးတို့ရေ။ 

Source : John Lwin’s Facebook

Add a Comment

Your email address will not be published. Required fields are marked *