ကိ္ုယ္တိုင္က ၾကင္နာတတ္ေပမယ့္ နာက်င္လာပါက လႊတ္ခ်တတ္တဲ့ အက်င့္ရွိၿပီး စိတ္ဓာတ္မာေက်ာေၾကာင္း ရင္ဖြင့္ခဲ့တဲ့ မယ္လိုဒီ

မယ္လိုဒီကေတာ့ အႏုပညာအလုပ္ေတြကို ျပန္လည္လုပ္ေဆာင္ေနၿပီး ေၾကာ္ျငာေတြလည္း႐ိုက္ကူးေနတာျဖစ္ပါတယ္။မယ္လိုဒီရဲ႕တစ္ဦးတည္းေသာသားေလး သိဒၶိစစ္ကလည္း ေမေမ့ကိုကူညီၿပီး ပိုက္ဆံေတြအမ်ားႀကီးရေအာင္ ေၾကာ္ျငာေတြအတူတူ႐ိုက္ကူးေပးတာျဖစ္ပါတယ္ေနာ္။မယ္လိုဒီတို႔သားအမိႏွစ္ေယာက္က‌ေတာ့ အျပန္အလွန္ေဖးမကူညီမႈေတြနဲ႔ ဘဝကိုေအးခ်မ္းစြာျဖတ္သန္းေနၾကၿပီး

ပရိသတ္ေတြရဲ႕ေမတၱာကို ခံယူေနၾကတာျဖစ္ပါတယ္။ မယ္လိုဒီက မင္းသမီးတစ္ေယာက္ျဖစ္ေပမယ့္လည္း အိမ္မႈကိစၥေတြႏိုင္နင္းကာ ကိုယ္တိုင္မီးဖိုေခ်ာင္ဝင္ၿပီး ခ်က္ျပဳတ္သလို ဘာသာတရားလည္းအရမ္းကိုင္းရႈိင္းပါတယ္ေနာ္။မယ္လိုဒီက သားသားေလးကိုလည္း အခုအ႐ြယ္ကတည္းက

လိမၼာေရးျခားရွိေအာင္လို႔ ေသခ်ာသင္ၾကားျပသေပးေနတာျဖစ္ပါတယ္။မယ္လိုဒီကလည္း သားေလးအတြက္ ေရွ႕ကေနမားမားမတ္မတ္ရပ္တည္ေနၿပီး စိတ္ဓာတ္ႀကံ့ခိုင္စြာနဲ႔ မိသားစုကို လိုေလေသးမရွိေအာင္ထားေပးေနတာျဖစ္ပါတယ္ေနာ္။ မယ္လိုဒီကေတာ့ “ျမက္ရိတ္ျခင္းအႏုပညာ

တကယ္ေတာ့ ေရွ႕ကလူ ညႇပ္ခ်င္သလိုညႇပ္ ရိတ္ခ်င္သလိုရိတ္ ေသခ်ာစြာ ေရမေလာင္းလို႔ မညီမညာနဲ႔ပ်က္စီးေနတဲ့အပင္ေတြ အေနာက္ကလိုက္ၿပီး ညီညီညာညာ စိမ္းစိုေနေအာင္ ျပဳျပင္ေပးရတာ လြယ္ေတာ့ မလြယ္ဘူး။ေတာ္ေသးတာေပါ့ ဆံပင္ညႇပ္သင္ဖူးတာ ခုေတာ့ အသုံးတည့္သြားၿပီးကိုယ့္လက္ထဲမွာ

အစဥ္အတိုင္း ႀကီးထြားလာၿပီးရင္ေတာ့ ဘယ္သူရိတ္ရိတ္ ဘယ္သူနင္းနင္း ျမက္ကေလး‌ေရ မင္းရဲ႕ကံပဲ ၾကင္နာတတ္ေပမယ့္ နာက်င္လာရင္ လႊတ္ခ်တတ္တာ အက်င့္ပါေနၿပီ။ေရလိုမိန္းမသားက်ိဳေသာက္ရင္ ေရေႏြး ေပါ့၊ေရခဲေသတၱာထဲထည့္ရင္ေရခဲေရေပါ့၊ဘာနဲ႔ေရာေရာ အဆင္ေျပတယ္၊အသုံးျပဳတတ္ဖို႔ပဲလိုတယ္။တန္ဖိုးထားၿပီး ေျဖးေျဖးေတာ့ေသာက္ မသီးေစနဲ႔ ေရနင္ရင္လည္းေသတတ္တယ္ေလ”ဆိုၿပီး ေရးသားထားတာျဖစ္ပါတယ္ေနာ္။

Read in UNICODE

မယ်လိုဒီကတော့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်နေပြီး ကြော်ငြာတွေလည်းရိုက်ကူးနေတာဖြစ်ပါတယ်။မယ်လိုဒီရဲ့တစ်ဦးတည်းသောသားလေး သိဒ္ဓိစစ်ကလည်း မေမေ့ကိုကူညီပြီး ပိုက်ဆံတွေအများကြီးရအောင် ကြော်ငြာတွေအတူတူရိုက်ကူးပေးတာဖြစ်ပါတယ်နော်။မယ်လိုဒီတို့သားအမိနှစ်ယောက်က‌တော့ အပြန်အလှန်ဖေးမကူညီမှုတွေနဲ့ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေကြပြီး

ပရိသတ်တွေရဲ့မေတ္တာကို ခံယူနေကြတာဖြစ်ပါတယ်။ မယ်လိုဒီက မင်းသမီးတစ်ယောက်ဖြစ်ပေမယ့်လည်း အိမ်မှုကိစ္စတွေနိုင်နင်းကာ ကိုယ်တိုင်မီးဖိုချောင်ဝင်ပြီး ချက်ပြုတ်သလို ဘာသာတရားလည်းအရမ်းကိုင်းရှိုင်းပါတယ်နော်။မယ်လိုဒီက သားသားလေးကိုလည်း အခုအရွယ်ကတည်းက

လိမ္မာရေးခြားရှိအောင်လို့ သေချာသင်ကြားပြသပေးနေတာဖြစ်ပါတယ်။မယ်လိုဒီကလည်း သားလေးအတွက် ရှေ့ကနေမားမားမတ်မတ်ရပ်တည်နေပြီး စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ မိသားစုကို လိုလေသေးမရှိအောင်ထားပေးနေတာဖြစ်ပါတယ်နော်။ မယ်လိုဒီကတော့ “မြက်ရိတ်ခြင်းအနုပညာ

တကယ်တော့ ရှေ့ကလူ ညှပ်ချင်သလိုညှပ် ရိတ်ချင်သလိုရိတ် သေချာစွာ ရေမလောင်းလို့ မညီမညာနဲ့ပျက်စီးနေတဲ့အပင်တွေ အနောက်ကလိုက်ပြီး ညီညီညာညာ စိမ်းစိုနေအောင် ပြုပြင်ပေးရတာ လွယ်တော့ မလွယ်ဘူး။တော်သေးတာပေါ့ ဆံပင်ညှပ်သင်ဖူးတာ ခုတော့ အသုံးတည့်သွားပြီးကိုယ့်လက်ထဲမှာ

အစဉ်အတိုင်း ကြီးထွားလာပြီးရင်တော့ ဘယ်သူရိတ်ရိတ် ဘယ်သူနင်းနင်း မြက်ကလေး‌ရေ မင်းရဲ့ကံပဲ ကြင်နာတတ်ပေမယ့် နာကျင်လာရင် လွှတ်ချတတ်တာ အကျင့်ပါနေပြီ။ရေလိုမိန်းမသားကျိုသောက်ရင် ရေနွေး ပေါ့၊ရေခဲသေတ္တာထဲထည့်ရင်ရေခဲရေပေါ့၊ဘာနဲ့ရောရော အဆင်ပြေတယ်၊အသုံးပြုတတ်ဖို့ပဲလိုတယ်။တန်ဖိုးထားပြီး ဖြေးဖြေးတော့သောက် မသီးစေနဲ့ ရေနင်ရင်လည်းသေတတ်တယ်လေ”ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်နော်။

Source : Melody Myo’s Facebook

Add a Comment

Your email address will not be published. Required fields are marked *