ငွေရေးကြေးရေး အဆင်မပြေခဲ့လို့ ဈေးစရောင်းခဲ့တုန်းက မျက်နှာငယ်ခဲ့ရတဲ့ သူမရဲ့အဖြစ်ကို ပြောပြခဲ့တဲ့ ဇာဇာထက်
Read in UNICODE
ဇာဇာထက်ကတော့ အနုပညာအလုပ်တွေကို အချိန်အတော်ကြာလုပ်ကိုင်လျက်ရှိနေခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အမိုက်စားပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်တင်ပေးလေ့ရှိတဲ့ သူမကတော့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေတဲ့ မော်ဒယ်လ်တစ်ယောက်
ပဲဖြစ်ပါတယ်။ သူမကတော့ ယခုမှာ သူမဈေးစရောင်းခဲ့တုန်းက ငွေမရင်းနိုင်လို့ မျက်နှာငယ်ခဲ့ရပြီး အရှုံးခံဈေးရောင်းခဲ့ရတဲ့အခက်အခဲတွေကို ပြန်လည်မျှဝေလိုက်ပါတယ်။ သူမကတော့ ” အရင်တုန်းကျွန်မဈေးရောင်းတုန်းက ငွေမရင်းနိုင်တော့မျက်နှာငယ်ရတယ် ငါးသောင်းဆိုငါးထောင်ပါစင့်နိတ်စားနှင့်
ယူရောင်းတဲ့ဘဝကစရခဲ့တယ် ကျွတ်ကျွတ်အိတ်ထဲပစ္စည်းတွေထည့်ပြီး သူငယ်ချင်းတွေကို တစ်အိမ်တက်ဆင်းလိုက်ရာင်းခဲ့တယ် သူတို့တွေကဈေးတွေသက်သာလို့ အစစ်လာဆိုပြီးဘားကုဒ်တွေဖတ် google websiteတွေဝင်ကြည့်ကြပြုကြလုပ်လို့ နားမလည်ပဲထိုင်ကြည့်နေရတယ် ဒီအလုပ်ကိုကိုယ်မှမကျွမ်းကျင်တာဒါပေမဲ့
အမြတ်ငွေနဲတာများတာသာတာနာတာမတွက်ပါဘူး ကျွန်မအလုပ်လုပ်နေရတဲ့အတွက် ပျော်တယ်သူငယ်ချင်းတွေလဲ ကိုယ့်ဆီကပစ္စည်းမှန်တော့ အားပေးကြတာဈေးစရောင်းထဲက အခုချိန်ထိအားပေးလို့ကျေးဇူးတင်တယ်နောက်ပိုင်းလုပ်ငန်းအကြောင်းနဲနဲနားလည်လာတော့ ကိုယ်ပိုင်ငွေအနည်းငယ်နဲ့ပစ္စည်းနဲနဲဝယ်ပြီး
စပြီးရင်းခဲ့တယ်” ဆိုပြီးရေးသားထားပါတယ်။ သူမကတော့ ” ဒါလဲအလုပ်အကြောင်းသေချာ နားမလည်သေးဘူး နောက်ပိုင်း website တွေကြည့်တာနားလည်လာတယ် ပစ္စည်းအကြောင်းနားလည်လာတဲ့အခါမှာလဲ ကိုယ်လိုချင်တဲ့ပစ္စည်းထက် ကာစတန်မာတွေမှာတဲ့ကြိုက်တဲ့ပစ္စည်းတွေကိုရောင်းဖို့ အဝယ်တော်ရှာတဲ့အခါ သုံးလေးယောက်တွေပေမဲ့
သူတို့ပို့တဲ့ပစ္စည်းအဆင်မပြေလို့ ကျွန်မဘက်ကအမြတ်နဲပြီးရောင်းရတာရှိသလို တခါတလေအရှုံးခံရောင်းရတာလဲရှိတယ် တချို့ပစ္စည်းတွေရောင်းမထွက်လို့ ငွေတွေအိပ်တာလဲရှိခဲ့တယ် ဒါပေမဲ့ကျွန်မရအောင်ရပ်တည်တယ် ကျွန်မရတဲ့သင်ခန်းစာတွေကို ပညာတစ်ခုသူတို့ထပ်သင်ပေးတယ်သဘောထားပြီး ကျေးဇူးရှင်တွေအဖြစ်အမြဲကျေးဇူးတင်နေအုံးမှာပါ “ဆိုပြီး ရေးသားထားခဲ့ပါတယ်။
Source : Zar Htet’s Facebook