တင္ေကြၽးထားရတဲ့ အဖြဲ႕သား(၁၀၀)နီးပါးရဲ႕ ဝမ္းေရးနဲ႔ စိတ္မေလဖို႔အတြက္ အလုပ္ေတြျပန္လုပ္ေနၿပီဆိုတဲ့ စြမ္းဇာနည္

ဇာတ္မင္းသားေလးစြမ္းဇာနည္ဟာဆိုရင္ ဇာတ္ပြဲမ်ားတြင္သာ နာမည္တစ္လုံးႏွင့္ ရပ္တည္ခဲ့သည္မဟုတ္ပဲ ယခင္ကာလ ဗီဒီယိုဇာတ္ကားမ်ား ေခတ္စားစဥ္ ကာလတည္းက သ႐ုပ္ေဆာင္တစ္ဦးအျဖစ္ ရပ္တည္ခဲ့သူလည္း ျဖစ္ပါတယ္။

သူ႔ရဲ႕သ႐ုပ္ေဆာင္ပီျပင္မႈနဲ႔ ခ်စ္စဖြယ္အျပဳအမူမ်ားေၾကာင့္ မိန္းကေလးသ႐ုပ္ေဆာင္မ်ားရဲ႕ သည္းသည္းလႈပ္အားေပးမႈကို ခံေနရတဲ့ စြမ္းဟာ ကိုဗစ္ကာလမတိုင္ခင္ ပြဲကခြင့္ရွိတဲ့ ကာလေတြမွာ သူ႔ရဲ႕ဇာတ္အဖြဲ႕သားမ်ားနဲ႔ ၿမိဳ႕ေပါင္းမ်ားစြာကို ကားႀကီး၊ကားငယ္ အသြယ္သြယ္နဲ႔ သြားေရာက္ ေဖ်ာ္ေျဖခဲ့ရသူတစ္ဦး ျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ စြမ္းက သူ႔ရဲ႕က်န္းမာေရးအေျခအေနေၾကာင့္ ဇာတ္ပြဲေတြနားထားရတဲ့အျပင္ ကိုဗစ္ကာလလည္း ျဖစ္ေနတဲ့အတြက္ လြန္ခဲ့တဲ့လအနည္းငယ္ကာလတစ္ေလွ်ာက္လုံး ျပင္ဦးလြင္ၿမိဳ႕မွာ သြားေရာက္အနားယူေနထိုင္ခဲ့တာပဲ ျဖစ္ပါတယ္။

အခုေတာ့ ဇာတ္မင္းသားေလး စြမ္းဇာနည္ဟာ သူတတ္စြမ္းသမွ် အႏုပညာအလုပ္ေတြကို လုပ္ကိုင္ႏိုင္ဖို႔ ရန္ကုန္ကို ျပန္လည္ေရာက္ရွိလာခဲ့ၿပီ ျဖစ္ပါတယ္။ ဒီအင္တာဗ်ဴးေလးမွာေတာ့ စြမ္းဇာနည္က သူတင္ေကြၽးထားရတဲ့ ဇာတ္အဖြဲ႕သား(၁၀၀)ေက်ာ္ရဲ႕ ဝမ္းေရးနဲ႔ စိတ္မေလဖို႔အတြက္ ရန္ကုန္ျပန္လာၿပီး အလုပ္ေတြျပန္လုပ္ေနၿပီဆိုတဲ့ အေၾကာင္း ရင္ဖြင့္ေျဖၾကားေပးခဲ့တာပဲ ျဖစ္ပါတယ္။

စြမ္းဟာ အခုဆိုရင္ ရန္ကုန္အိမ္မွာ ျပန္လည္ေရာက္ရွိလာကာ တစ္ေယာက္တည္းေနရတဲ့အတြက္ အထီးက်န္ဆန္ေနၿပီး ျပင္ဦးလြင္အိမ္မွာ ေနထိုင္စဥ္တုန္းကေတာ့ သူ႔အေမေတြ၊ အမေတြ၊ ညီေလးေတြက အေဖာ္ရလို၊ ရျငား လာေရာက္ေနထိုင္ေပးခဲ့တယ္လို႔ သိရပါတယ္။ ရန္ကုန္ကိုျပန္ေရာက္လာတာဟာ အခုဆိုရင္ (၃)ပတ္ေလာက္ေတာ့ ၾကာျမင့္ေနၿပီ ျဖစ္ၿပီး အခုလို ဒီကို ျပန္ေရာက္လာေတာ့လည္း ျပင္ဦးလြင္က အိမ္ေလးကို လြမ္းတယ္လို႔ စြမ္းက ဆိုပါတယ္။

အခုလို ရန္ကုန္အိမ္ေလးကို ျပန္ေရာက္လာတဲ့အခါ ျမင္ေတြ႕လိုက္ရတဲ့ ျမင္ကြင္းကို စြမ္းက

” ေယာက်္ားေလးပဲ ေနတဲ့ အခန္းဆိုေတာ့ ညစ္ပတ္ေပတူးၿပီးေတာ့ ပင့္ကူမွ်င္ေတြနဲ႔ သရဲအိမ္က်ေနတာပဲ။ ေရခဲေသတၱာေတြဆိုလည္း နံေစာ္ေနတာပဲ​၏ သန႔္ရွင္းေရးအတြက္ ေတာ္ေတာ္ကို လုပ္ယူရတယ္။ (၅)ရက္ေလာက္ကို ရွင္းယူခဲ့ရတယ္။” လို႔ ရယ္ေမာၿပီး ေျဖၾကားေပးခဲ့ပါတယ္။

အခုလို ရန္ကုန္ကို ျပန္လည္ေျပာင္းေ႐ႊ႕ေနထိုင္လာတာကလည္း အလုပ္ေတြ ျပန္လုပ္လို႔ရေအာင္ ျဖစ္ၿပီး ျပင္ဦးလြင္ကိုေတာ့ ဘယ္သူကမွ လာေရာက္႐ိုက္ကူးျခင္းမျပဳႏိုင္တဲ့အတြက္ အထူးသျဖင့္ ႐ိုက္ကူးေရးေတြ အဆင္ေျပေအာင္ ရန္ကုန္ျပန္လာခဲ့တာလို႔ စြမ္းက ရွင္းျပပါတယ္။

“အခုလို ရန္ကုန္ျပန္ေရာက္လာၿပီဆိုေတာ့ခ်န္နယ္ေတြနဲ႔ ခ်ိတ္ဆက္ၿပီး လူ(၁၀၀)ေလာက္ရွိတဲ့ ကြၽန္ေတာ့္အဖြဲ႕သားေတြလည္း ေဖ်ာ္ေျဖရေတာ့မယ္။ ေဖ်ာ္ေျဖရေတာ့မယ္ဆိုေပမယ့္ ကြၽန္ေတာ္ အေနနဲ႔မျမတ္ဘူး။ အဲ့တာေလးလည္း နည္းနည္း ေျပာခ်င္တာေပါ့ေနာ္။ ရတဲ့ေငြနဲ႔၊ ကြၽန္ေတာ့္အဖြဲ႕သားေတြကို ျပန္ေပးရတာနဲ႔၊ ကြၽန္ေတာ္ တင္ေကြၽးထားရတာေတြ၊ ဒီ Studio ေတြ၊ ဇာတ္႐ုံေတြ ငွားရတာေတြ၊ အိမ္ေတြငွားေပးတာေတြ၊ အဲ့တာေတြနဲ႔ မကိုက္ဘူး။ ဒါေပမယ့္ ကြၽန္ေတာ့္အဖြဲ႕သားေတြ အလုပ္ရွိေအာင္၊ သူတို႔ေန႔စဥ္နပ္မွန္ေအာင္၊ သူတို႔စိတ္မေလေအာငမ လုပ္ေပးတဲ့ သေဘာပါပဲ။”

စြမ္းအေနနဲ႔ အခုလိုကာလ ရန္ကုန္ျပန္ေရာက္လာတဲ့အခါ ဘယ္မွေတာ့ မထြက္ျဖစ္ပဲ အလုပ္နဲ႔အိမ္နဲ႔ပဲ သြားလာေနရတယ္လို႔ ဆိုပါတယ္။ မိဘမဲ့ေက်ာင္းနဲ႔ ဘိုးဘြားရိပ္သာမွာေတာ့ အလႉအတန္းေလးေတြ အၿမဲမျပတ္ လုပ္ျဖစ္ေနၿပီး အသက္ႀကီးရင့္ေနတဲ့ အကူအညီလိုအပ္ေနသူေတြနဲ႔ ကေလးေလးေတြကို သနားၿပီး အခုလို ေ႐ြးခ်ယ္လႉဒါန္းျဖစ္ခဲ့တာလို႔ စြမ္းက ဆိုပါတယ္။

အခုလိုသြားေရာက္လႉဒါန္းရင္း ႀကဳံေတြ႕ခဲ့ရတဲ့ ရင္ထဲက ခံစားမႈေလးေတြနဲ႔ ပတ္သတ္လို႔ စြမ္းက

“ကြၽန္ေတာ္ ငိုမိတယ္။ ကြၽန္ေတာ္သြားလႉတဲ့ ေက်ာင္းေတြက ျမန္မာေက်ာင္းေတြတင္ မဟုတ္ဘူး။ ခရစ္ယာန္ေက်ာင္းေတြလည္း ပါတယ္။ သူတ္ို႔ကက်ေတာ့ ကြၽန္ေတာ္တို႔ကို သီခ်င္းျပန္ဆိုျပတာ။ သူတို႔ကို သြားလႉရင္ သူတို႔ခန္းမႀကီးထဲ ေခၚၿပီးေတာ့ ပီယာႏိုတီးတဲ့လူနဲ႔၊ vocal မိုက္နဲ႔ မ်က္လုံးမွိတ္၊ လက္ေျမႇာက္ၿပီး (၁၅)မိနစ္ေလာက္ ေကာင္းခ်ီးေပးပါဘာညာနဲ႔ သီခ်င္းဆိုျပၾကတာ။ အဲ့မွာ သူတို႔ရဲ႕ ဆုေတာင္းေလးေတြက သနားဖို႔ေကာင္းလြန္းလို႔ ကြၽန္ေတာ္ဆို ငိုေတာင္ ငိုတယ္။” လို႔ ရင္ဖြင့္ေဝမွ်ခဲ့ပါတယ္။

ပရိသတ္ႀကီးတို႔ေရ အခုဆိုရင္ ဇာတ္မင္းသားေခ်ာေလး စြမ္းဇာနည္ဟာ သူ႔ရဲ႕အဖြဲ႕သားေတြ စား၊ဝတ္၊ေနေရး ျပန္လည္အဆင္ေျပဖို႔အတြက္ ရန္ကုန္ျပန္လာၿပီး အႏုပညာအလုပ္ေတြကို ျပန္လည္လုပ္ကိုင္ေပးေနသလို အခါအခြင့္သင့္တဲ့အခါတိုင္း ဘိုးဘြားရိပ္သာနဲ႔၊ မိဘမဲ့ကေလးေက်ာင္းေတြမွာ သြားေရာက္လႉဒါန္းေပးခဲ့တာပဲျဖစ္ပါတယ္။

အခုလို သူတစ္ပါးအေပၚ စိတ္ေကာင္းေစတနာေကာင္းနဲ႔ အၿမဲကူညီတတ္တဲ့ စြမ္းရဲ႕ ဒီအင္တာဗ်ဴးမွာ ေျဖၾကားခ်က္ေလး​ေတြနဲ႔ ပတ္သတ္လို႔ ပရိသတ္တို႔ရဲ႕ ထင္ျမင္ခ်င္ေလးေတြကို ေဝမွ်ေပးခဲ့ၾကပါဦးေနာ္။

Read in UNICODE

ဇာတ်မင်းသားလေးစွမ်းဇာနည်ဟာဆိုရင် ဇာတ်ပွဲများတွင်သာ နာမည်တစ်လုံးနှင့် ရပ်တည်ခဲ့သည်မဟုတ်ပဲ ယခင်ကာလ ဗီဒီယိုဇာတ်ကားများ ခေတ်စားစဉ် ကာလတည်းက သရုပ်ဆောင်တစ်ဦးအဖြစ် ရပ်တည်ခဲ့သူလည်း ဖြစ်ပါတယ်။

သူ့ရဲ့သရုပ်ဆောင်ပီပြင်မှုနဲ့ ချစ်စဖွယ်အပြုအမူများကြောင့် မိန်းကလေးသရုပ်ဆောင်များရဲ့ သည်းသည်းလှုပ်အားပေးမှုကို ခံနေရတဲ့ စွမ်းဟာ ကိုဗစ်ကာလမတိုင်ခင် ပွဲကခွင့်ရှိတဲ့ ကာလတွေမှာ သူ့ရဲ့ဇာတ်အဖွဲ့သားများနဲ့ မြို့ပေါင်းများစွာကို ကားကြီး၊ကားငယ် အသွယ်သွယ်နဲ့ သွားရောက် ဖျော်ဖြေခဲ့ရသူတစ်ဦး ဖြစ်ပါတယ်။ အခုချိန်မှာတော့ စွမ်းက သူ့ရဲ့ကျန်းမာရေးအခြေအနေကြောင့် ဇာတ်ပွဲတွေနားထားရတဲ့အပြင် ကိုဗစ်ကာလလည်း ဖြစ်နေတဲ့အတွက် လွန်ခဲ့တဲ့လအနည်းငယ်ကာလတစ်လျှောက်လုံး ပြင်ဦးလွင်မြို့မှာ သွားရောက်အနားယူနေထိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အခုတော့ ဇာတ်မင်းသားလေး စွမ်းဇာနည်ဟာ သူတတ်စွမ်းသမျှ အနုပညာအလုပ်တွေကို လုပ်ကိုင်နိုင်ဖို့ ရန်ကုန်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီအင်တာဗျူးလေးမှာတော့ စွမ်းဇာနည်က သူတင်ကျွေးထားရတဲ့ ဇာတ်အဖွဲ့သား(၁၀၀)ကျော်ရဲ့ ဝမ်းရေးနဲ့ စိတ်မလေဖို့အတွက် ရန်ကုန်ပြန်လာပြီး အလုပ်တွေပြန်လုပ်နေပြီဆိုတဲ့ အကြောင်း ရင်ဖွင့်ဖြေကြားပေးခဲ့တာပဲ ဖြစ်ပါတယ်။

စွမ်းဟာ အခုဆိုရင် ရန်ကုန်အိမ်မှာ ပြန်လည်ရောက်ရှိလာကာ တစ်ယောက်တည်းနေရတဲ့အတွက် အထီးကျန်ဆန်နေပြီး ပြင်ဦးလွင်အိမ်မှာ နေထိုင်စဉ်တုန်းကတော့ သူ့အမေတွေ၊ အမတွေ၊ ညီလေးတွေက အဖော်ရလို၊ ရငြား လာရောက်နေထိုင်ပေးခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်ကိုပြန်ရောက်လာတာဟာ အခုဆိုရင် (၃)ပတ်လောက်တော့ ကြာမြင့်နေပြီ ဖြစ်ပြီး အခုလို ဒီကို ပြန်ရောက်လာတော့လည်း ပြင်ဦးလွင်က အိမ်လေးကို လွမ်းတယ်လို့ စွမ်းက ဆိုပါတယ်။

အခုလို ရန်ကုန်အိမ်လေးကို ပြန်ရောက်လာတဲ့အခါ မြင်တွေ့လိုက်ရတဲ့ မြင်ကွင်းကို စွမ်းက

” ယောကျ်ားလေးပဲ နေတဲ့ အခန်းဆိုတော့ ညစ်ပတ်ပေတူးပြီးတော့ ပင့်ကူမျှင်တွေနဲ့ သရဲအိမ်ကျနေတာပဲ။ ရေခဲသေတ္တာတွေဆိုလည်း နံစော်နေတာပဲ၏ သန့်ရှင်းရေးအတွက် တော်တော်ကို လုပ်ယူရတယ်။ (၅)ရက်လောက်ကို ရှင်းယူခဲ့ရတယ်။” လို့ ရယ်မောပြီး ဖြေကြားပေးခဲ့ပါတယ်။

အခုလို ရန်ကုန်ကို ပြန်လည်ပြောင်းရွှေ့နေထိုင်လာတာကလည်း အလုပ်တွေ ပြန်လုပ်လို့ရအောင် ဖြစ်ပြီး ပြင်ဦးလွင်ကိုတော့ ဘယ်သူကမှ လာရောက်ရိုက်ကူးခြင်းမပြုနိုင်တဲ့အတွက် အထူးသဖြင့် ရိုက်ကူးရေးတွေ အဆင်ပြေအောင် ရန်ကုန်ပြန်လာခဲ့တာလို့ စွမ်းက ရှင်းပြပါတယ်။

“အခုလို ရန်ကုန်ပြန်ရောက်လာပြီဆိုတော့ချန်နယ်တွေနဲ့ ချိတ်ဆက်ပြီး လူ(၁၀၀)လောက်ရှိတဲ့ ကျွန်တော့်အဖွဲ့သားတွေလည်း ဖျော်ဖြေရတော့မယ်။ ဖျော်ဖြေရတော့မယ်ဆိုပေမယ့် ကျွန်တော် အနေနဲ့မမြတ်ဘူး။ အဲ့တာလေးလည်း နည်းနည်း ပြောချင်တာပေါ့နော်။ ရတဲ့ငွေနဲ့၊ ကျွန်တော့်အဖွဲ့သားတွေကို ပြန်ပေးရတာနဲ့၊ ကျွန်တော် တင်ကျွေးထားရတာတွေ၊ ဒီ Studio တွေ၊ ဇာတ်ရုံတွေ ငှားရတာတွေ၊ အိမ်တွေငှားပေးတာတွေ၊ အဲ့တာတွေနဲ့ မကိုက်ဘူး။ ဒါပေမယ့် ကျွန်တော့်အဖွဲ့သားတွေ အလုပ်ရှိအောင်၊ သူတို့နေ့စဉ်နပ်မှန်အောင်၊ သူတို့စိတ်မလေအောငမ လုပ်ပေးတဲ့ သဘောပါပဲ။”

စွမ်းအနေနဲ့ အခုလိုကာလ ရန်ကုန်ပြန်ရောက်လာတဲ့အခါ ဘယ်မှတော့ မထွက်ဖြစ်ပဲ အလုပ်နဲ့အိမ်နဲ့ပဲ သွားလာနေရတယ်လို့ ဆိုပါတယ်။ မိဘမဲ့ကျောင်းနဲ့ ဘိုးဘွားရိပ်သာမှာတော့ အလှူအတန်းလေးတွေ အမြဲမပြတ် လုပ်ဖြစ်နေပြီး အသက်ကြီးရင့်နေတဲ့ အကူအညီလိုအပ်နေသူတွေနဲ့ ကလေးလေးတွေကို သနားပြီး အခုလို ရွေးချယ်လှူဒါန်းဖြစ်ခဲ့တာလို့ စွမ်းက ဆိုပါတယ်။

အခုလိုသွားရောက်လှူဒါန်းရင်း ကြုံတွေ့ခဲ့ရတဲ့ ရင်ထဲက ခံစားမှုလေးတွေနဲ့ ပတ်သတ်လို့ စွမ်းက

“ကျွန်တော် ငိုမိတယ်။ ကျွန်တော်သွားလှူတဲ့ ကျောင်းတွေက မြန်မာကျောင်းတွေတင် မဟုတ်ဘူး။ ခရစ်ယာန်ကျောင်းတွေလည်း ပါတယ်။ သူတို့ကကျတော့ ကျွန်တော်တို့ကို သီချင်းပြန်ဆိုပြတာ။ သူတို့ကို သွားလှူရင် သူတို့ခန်းမကြီးထဲ ခေါ်ပြီးတော့ ပီယာနိုတီးတဲ့လူနဲ့၊ vocal မိုက်နဲ့ မျက်လုံးမှိတ်၊ လက်မြှောက်ပြီး (၁၅)မိနစ်လောက် ကောင်းချီးပေးပါဘာညာနဲ့ သီချင်းဆိုပြကြတာ။ အဲ့မှာ သူတို့ရဲ့ ဆုတောင်းလေးတွေက သနားဖို့ကောင်းလွန်းလို့ ကျွန်တော်ဆို ငိုတောင် ငိုတယ်။” လို့ ရင်ဖွင့်ဝေမျှခဲ့ပါတယ်။

ပရိသတ်ကြီးတို့ရေ အခုဆိုရင် ဇာတ်မင်းသားချောလေး စွမ်းဇာနည်ဟာ သူ့ရဲ့အဖွဲ့သားတွေ စား၊ဝတ်၊နေရေး ပြန်လည်အဆင်ပြေဖို့အတွက် ရန်ကုန်ပြန်လာပြီး အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်ပေးနေသလို အခါအခွင့်သင့်တဲ့အခါတိုင်း ဘိုးဘွားရိပ်သာနဲ့၊ မိဘမဲ့ကလေးကျောင်းတွေမှာ သွားရောက်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

အခုလို သူတစ်ပါးအပေါ် စိတ်ကောင်းစေတနာကောင်းနဲ့ အမြဲကူညီတတ်တဲ့ စွမ်းရဲ့ ဒီအင်တာဗျူးမှာ ဖြေကြားချက်လေးတွေနဲ့ ပတ်သတ်လို့ ပရိသတ်တို့ရဲ့ ထင်မြင်ချင်လေးတွေကို ဝေမျှပေးခဲ့ကြပါဦးနော်။

Source : MC

Add a Comment

Your email address will not be published. Required fields are marked *