ချစ်သူလေးနဲ့ နှစ်ယောက်သား ညစာအတူစားရင်း ကြည်နူးနေတဲ့ နန်းဆုရတီစိုး
Read in UNICODE
နန်းဆုရတီစိုးကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ဆယ်စုနှစ်တစ်စုကျော်တိုင် အောင်မြင်မှုရရှိနေသူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နန်းဆုရတီစိုးတစ်ယောက် ဘယ်လိုအသက်အရွယ်မျိုးပဲရောက်ရောက် အရင်ကအတိုင်း အချစ်မလျော့ပဲ အားပေးနေကြဆဲ
ဖြစ်ပါတယ်။ နန်းဆုရတီစိုးကလည်း သူမကိုအားပေးကြတဲ့ ပရိသတ်တွေ စိတ်ပျက်သွားခြင်းမရှိအောင် အနုပညာအလုပ်တွေကို တစ်နေ့ထက်တစ်နေ့ ပိုပြီး ကြိုးစားလုပ်ကိုင်လာလျက်ရှိပါတယ်။ အသက်သုံးဆယ်ကျော်အရွယ်ရောက်ရှိနေပြီဖြစ်တဲ့ နန်းဆုရတီစိုးကတော့ သူမရဲ့လက်ရှိအချစ်ရေးနဲ့ ပက်သတ်ပြီး
ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြထားခြင်းမရှိပေမယ့် ချစ်သူရှိကြောင်းကိုတော့ အရိပ်အမြွတ်ပြသထားပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း နန်းဆုရတီစိုးက ချစ်သူနဲ့ နှစ်ယောက်တည်း ညစာစားရင်း သာသာယာယာရှိနေတဲ့ အခိုက်အတံ့လေးကို ဗီဒီယိုလေးနဲ့တကွ
ပြသလာတာကို အခုလိုပဲ တွေ့ရပါတယ်။ နန်းဆုရတီစိုးကတော့ ချစ်သူနဲ့ နှစ်ယောက်တည်း အေးချမ်းတဲ့ အချိန်တွေကို ဖြတ်သန်းကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ နန်းဆုတစ်ယောက် ချစ်သူနဲ့ အမြဲတမ်း ပျော်ရွှင်စိတ်ချမ်းသာနဲ့ လက်တွဲနိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source : Nansu Yati Soe’s Facebook
Add a Comment
Your email address will not be published. Required fields are marked *