အခက္ေတြ႕ခ်ိန္မွာ ေခ်ာက္ခ်တဲ့သူေတြနဲ႔ ၾကံဳဖူးေပမယ့္ စိတ္ေကာင္းထားေတာ့ အခုထိကံေကာင္းေနတယ္ဆိုတဲ့ အိအိတုန္

အိအိတုန္ကေတာ့ အႏုပညာေလာကမွာ ေနရာတစ္ခုကိုရယူထားႏိုင္ခဲ့တဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ၿပီး က်ရာဇာတ္႐ုပ္ေတြမွာ အေကာင္းဆုံးနဲ႔ အပီအျပင္ဆုံးသ႐ုပ္ေဆာင္ႏိုင္ခဲ့တာပဲျဖစ္ပါတယ္။ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကို အခိုင္အမာရယူထားႏိုင္ခဲ့တဲ့ သူမကေတာ့

ခ်စ္စရာေကာင္းတဲ့ သမီးေလး၂ေယာက္ကို ပိုင္ဆိုင္ထားခဲ့တာပဲျဖစ္ပါတယ္။သူမကေတာ့ အခက္အခဲျဖစ္ေနခ်ိန္ ေခ်ာက္ခ်ဖို႔ႀကိဳးစားတဲ့လူေတြ​နဲ႔ႀကဳံေတြ႕ဖူးၿပီး ယုတ္ညံတဲ့စိတ္မေမြးဖူးေတာ့ ခုထိေတာ့ကံေကာင္းေနဆဲျဖစ္တဲ့အေၾကာင္းေျပာျပလာခဲ့ပါတယ္။ သူမကေတာ့ ” ဘဝမွာငယ္ငယ္ထဲကခုခ်ိန္ထိေလွ်ာက္ခဲ့တဲ့လမ္းအမ်ားႀကီးမွာအဆင္ေျပမူေတြေရာမေျပမူေတြေရာအမ်ားႀကီးႀကဳံခဲ့ဖူးတယ္

ကိုယ္ခက္ခဲရင္ကူညီေဖးမမဲ့လူရွိသလိုေခ်ာက္ထဲခ်ဖို႔ရွိတဲ့လူေတြနဲ႔လဲႀကဳံေတြ႕ဖူးတယ္အဓိကကေတာ့စိတ္ဓာတ္ဘဲသူမ်ားအေပၚမနာလိုစိတ္သူေတာ့အဆင္ေျပေနတာဘဲဆိုပီးယုတ္ညံတဲ့စိတ္မေမြးဖူးေတာ့ခုထိေတာ့ကံေကာင္းေနဆဲဘဲကိုယ္ရဲ႕စိတ္ကမခံခ်င္စိတ္အျပည့္ထည့္ထားတယ္ကိုယ့္ကိုဒီလူတစ္ေယာက္ဘာေျပာထားလဲဘယ္လိုဆက္ဆံထားလဲအသည္းထဲေရာႏွလုံးသားထဲမွာကဗၺည္းတင္ထားတယ္ “ဆိုၿပီး

လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေရးသားထားခဲ့တာပဲျဖစ္ပါတယ္။ သူမကေတာ့ ” ျပန္ယုတ္ဖို႔ေတာ့မဟုတ္ဖူးေနာ္သူေၾကာင့္ကိုယ့္မွာပိုပီးႀကိဳးစားခ်င္စိတ္ပိုျဖစ္လာလို႔နင္မျဖစ္ႏိုင္ဖူးလို႔ဘဲေျပာလိုက္ျဖစ္ေအာင္ဘဲလုပ္ျပခ်င္တာအခုခ်ိန္ထိျဖစ္တည္မူတိုင္းမွာမခံခ်င္စိတ္ဘဲထည့္ထားတယ္ႂကြားဝါခ်င္တဲ့စိတ္ေတာ့မဟုတ္ဖူးေနာ္

အဲ့ေတာ့ခုလည္းႀကိဳးစားမယ္ေနာင္လည္းႀကိဳးစားမယ္ေျခႏွစ္ဘက္လက္ႏွစ္ဘက္ရွိသ၍အားလုံးမျဖစ္ျဖစ္ေအာင္ႀကိဳးစားမယ္ကိုယ္ျပဳသည့္ကံပဲ့တင္သံကိုယ္ထံျပန္လာမည္ “ဆိုၿပီး လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေရးသားထားခဲ့တာပဲျဖစ္ပါတယ္။ ခ်စ္ပရိသတ္ေတြအတြက္ သ႐ုပ္ေဆာင္အိအိတုန္ရဲ႕ ခ်စ္စရာပုံရိပ္ေလးေတြကိုျပန္လည္ေဖာ္ျပေပးလိုက္ၿပီး အဆိုပါပုံရိပ္ေလးေတြကိုေအာက္မွာၾကည့္ႏိုင္ပါတယ္။

Read in UNICODE

အိအိတုန်ကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ကျရာဇာတ်ရုပ်တွေမှာ အကောင်းဆုံးနဲ့ အပီအပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သူမကတော့

ချစ်စရာကောင်းတဲ့ သမီးလေး၂ယောက်ကို ပိုင်ဆိုင်ထားခဲ့တာပဲဖြစ်ပါတယ်။သူမကတော့ အခက်အခဲဖြစ်နေချိန် ချောက်ချဖို့ကြိုးစားတဲ့လူတွေနဲ့ကြုံတွေ့ဖူးပြီး ယုတ်ညံတဲ့စိတ်မမွေးဖူးတော့ ခုထိတော့ကံကောင်းနေဆဲဖြစ်တဲ့အကြောင်းပြောပြလာခဲ့ပါတယ်။ သူမကတော့ ” ဘဝမှာငယ်ငယ်ထဲကခုချိန်ထိလျှောက်ခဲ့တဲ့လမ်းအများကြီးမှာအဆင်ပြေမူတွေရောမပြေမူတွေရောအများကြီးကြုံခဲ့ဖူးတယ်

ကိုယ်ခက်ခဲရင်ကူညီဖေးမမဲ့လူရှိသလိုချောက်ထဲချဖို့ရှိတဲ့လူတွေနဲ့လဲကြုံတွေ့ဖူးတယ်အဓိကကတော့စိတ်ဓာတ်ဘဲသူများအပေါ်မနာလိုစိတ်သူတော့အဆင်ပြေနေတာဘဲဆိုပီးယုတ်ညံတဲ့စိတ်မမွေးဖူးတော့ခုထိတော့ကံကောင်းနေဆဲဘဲကိုယ်ရဲ့စိတ်ကမခံချင်စိတ်အပြည့်ထည့်ထားတယ်ကိုယ့်ကိုဒီလူတစ်ယောက်ဘာပြောထားလဲဘယ်လိုဆက်ဆံထားလဲအသည်းထဲရောနှလုံးသားထဲမှာကဗ္ဗည်းတင်ထားတယ် “ဆိုပြီး

လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ သူမကတော့ ” ပြန်ယုတ်ဖို့တော့မဟုတ်ဖူးနော်သူကြောင့်ကိုယ့်မှာပိုပီးကြိုးစားချင်စိတ်ပိုဖြစ်လာလို့နင်မဖြစ်နိုင်ဖူးလို့ဘဲပြောလိုက်ဖြစ်အောင်ဘဲလုပ်ပြချင်တာအခုချိန်ထိဖြစ်တည်မူတိုင်းမှာမခံချင်စိတ်ဘဲထည့်ထားတယ်ကြွားဝါချင်တဲ့စိတ်တော့မဟုတ်ဖူးနော်

အဲ့တော့ခုလည်းကြိုးစားမယ်နောင်လည်းကြိုးစားမယ်ခြေနှစ်ဘက်လက်နှစ်ဘက်ရှိသ၍အားလုံးမဖြစ်ဖြစ်အောင်ကြိုးစားမယ်ကိုယ်ပြုသည့်ကံပဲ့တင်သံကိုယ်ထံပြန်လာမည် “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင်အိအိတုန်ရဲ့ ချစ်စရာပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကိုအောက်မှာကြည့်နိုင်ပါတယ်။

Source : Ei Tone ‘ s Facebook

Add a Comment

Your email address will not be published. Required fields are marked *