လူတိုင်းအားကျရလောက်မယ့် အေးချမ်းပြီး အပူအပင်ကင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတယ်ဆိုတဲ့ မိုးယုစံ
Read in UNICODE
မိုးယုစံကတော့ အိမ်ထောင်ကျပြီး ကလေးမေမေဖြစ်သွားသည့်တိုင်အောင် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကို ခံယူနေရဆဲ ဖြစ်ပါတယ်။ မိုးယုစံကတော့ ချစ်စရာကောင်းတဲ့ သားလေး ကောင်းသိင်္ခမိုးသူအပြင်
အခုဆိုရင် နောက်ထပ်သားလေးတစ်ယောက်ကို လွယ်ဆောက်ထားရပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မိုးယုစံက သူမအနေနဲ့ အပူအပင်မရှိတဲ့ အေးချမ်းတဲ့မိသားစုဘဝလေးကိုရထားလို့ ကံကောင်းကြောင်း
ဖွင့်ဟပြောပြလာပါတယ်။ “ကိုယ့်ကိုချစ်ခင် ပီးဂရုစိုက်ဖြည့်ဆည်းပေးတဲ့ ဘာလုပ်လုပ်ကြည်ဖြူပေးတဲ့ လင်ယောကျာ်းရှိတာရယ် ❤️အေးအေးချမ်းချမ်းနဲ့ လိုတာဖြည့်ဆည်းပြီး ဆုံးမလမ်းညွှန်တဲ့ နှစ်ဖက်မိသားစုရှိတာရယ် ❤️ အမေ့ကိုအရမ်းချစ်ပီး
ချစ်ဖို့ကောင်းတဲ့သားလေးရှိတာရယ် ❤️နောက်ထပ်အားဖြစ်မဲ့ သားလေးတစ်ယောက်ထပ်ရှိတာရယ်❤️ ကိုယ့်ကို ချစ်ခင်အားပေးသေးတဲ့သူတွေရှိတာရယ်❤️ ကိုယ်လိုချင်တဲ့ အပူပင်မရှိတဲ့ အေးချမ်းတဲ့မိသားစုဘဝလေးကိုရတာ ဘဝမှာကံကောင်းတယ်လို့ခံယူမိပါတယ်။ နောက်ထပ်ရောက်
လာမဲ့သားသားလေးကိုလွယ်ထားတာ 27 weeks ကျော်ပါပြီ 🤰🤰🤰” ဆိုပြီး ပြောလာပါတယ်။ မိုးယုစံကတော့ အနုပညာအလုပ်တွေ လုပ်ကိုင်စဉ်ကလည်း ပရိသတ်အားပေးမှုကို ရရှိသလို
အိမ်ထောင်ရှင်မကြီးဖြစ်သွားချိန်မှာလည်း ပြီးပြည့်စုံတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ခွင့်ရတာ အားကျစရာပါပဲ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source : Moe Yu San မိုးယု’s Facebook
Add a Comment
Your email address will not be published. Required fields are marked *