အရင်(၂)နှစ်က ဘွဲ့နှင်းသဘင်နေ့မှာ စိတ်ကောက်ပြီး ငိုနေခဲ့တဲ့ သူမကို ချစ်သူ မောင်က ချော့ပေးခဲ့ရတဲ့ အမှတ်တရတွေ ပြောပြခဲ့တဲ့ ရီရီပွင့်ဖြူ






Read in UNICODE

ရီရီပွင့်ဖြူကတော့ နိုင်ငံကျော်မင်းသမီးကြီး ဒေါ်ခင်သန်းဝင်းရဲ့ သမီးလေးတစ်ယောက်အဖြစ် ပရိသတ်ကြီး သိပြီးသား ဖြစ်မှာပါ။ ရီရီပွင့်ဖြူကတော့ သူမကိုယ်တိုင်လည်း ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကား တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး လွန်ခဲ့တဲ့နှစ်တွေမှာတော့

အနုပညာအလုပ်တွေကို လုံးဝရပ်နားလိုက်ပြီး အပြင်စီးပွားရေးအလုပ်တွေကိုသာ လုပ်ကိုင်နေခဲ့တာပဲ ဖြစ်ပါတယ်။ ရီရီပွင့်ဖြူကတော့ အလုပ်တွေကိုလည်းလုပ်ကိုင်နေသလို သူမရဲ့ချစ်သူ သရုပ်ဆောင် မောင်နဲ့ သာယာလှပတဲ့ အချစ်လမ်းခရီးကို

တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ချစ်သူသက်တမ်း (၇) နှစ်ကျော်ရှိပြီဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တွေအချစ်တွေတိုးလာခဲ့တဲ့ မောင်နဲ့ ရီရီပွင့်ဖြူကတော့ သူတို့နှစ်ယောက်ကြားမှာ သတိရစရာ အမှတ်တရတွေများစွာလည်းရှိတာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ရီရီပွင့်ဖြူက လွန်ခဲ့တဲ့ (၂) နှစ်က ဘွဲ့နှင်းသဘင်မှာ

စိတ်ကောက်ပြီးငိုနေခဲ့လို ချစ်သူ မောင်က ချောမော့ပေးခဲ့တဲ့ အမှတ်တရကို “အဲ့နေ့က အကြီးကျယ်ဓါတ်ပုံရိုက်ဖို့ ဓါတ်ဆရာခေါ်ထား။ ေသေချာပြင်ဆင်ထားပြီး ဘွဲ့နှင်းသဘင်အပြီးမှာ မိုးတွေရွာချလို့ တစ်ပုံမှမရိုက်ရဘူး…😤 တစ်ယောက်ထဲ စိတ်ကောက်ပြီး ငိုပလိုက်တာ.. 😛😛ပြီးမှ ခိုခိုက

ချော့ပြီ ဆယ်လဖီ ပဲ ဆွဲလိုက်ရတယ်..” ဆိုပြီး ပြောပြလာခဲ့ပါတယ်။ မောင်နဲ့ ရီရီပွင့်ဖြူကတော့ ချစ်သူသက်တမ်း (၇) နှစ်ကျော်အတွင်းမှာ ပြန်တွေးတိုင်း ကြည်နူးစရာ၊ တမ်းတစရာ အမှတ်တရတွေများစွာကို ပိုင်ဆိုင်ထားတဲ့ ချစ်သူနှစ်ယောက်ပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source : Yi Yi Pwint Phyu’s Facebook

Add a Comment

Your email address will not be published. Required fields are marked *