ပြိုင်ပွဲတွေ အကုန်လုံးက လုပ်ပွဲတွေဖြစ်လို့ ဘယ်ပြိုင်ပွဲမှ အထင်မကြီးဘူးလို့ ဝေဖန်ပြောဆိုခဲ့တဲ့ မြန်မာအိုင်ဒေါ ပြိုင်ပွဲဝင်ဟောင်း ခြူးစစ်ဟန်
Read in UNICODE
မော်ဒယ်သရုပ်ဆောင် အဆိုတော်တစ်ယောက်အနေနဲ့ ခြူးစစ်ဟန်ကတော့ အနုပညာလောကမှာ နေရာတစ်ခုကို ရရှိထားပြီး ပရိသတ်အားပေးချစ်ခင်မှုကိုလည်း ရရှိထားတဲ့ ပနုပညာရှင်တစ်ယောက်ပါ။ ခြူးစစ်က လောလောလတ်လတ်ဆိုသလို
မြန်မာအိုင်ဒေါ Season (4)မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ဲပြီး Top Finalist အထိတက်ရောက်နိုင်ခဲ့ပါသေးတယ်။ခြူးစစ်က ကိုယ်တိုင်လည်း ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ခဲ့တာကြောင့် ပြိုင်ပွဲအတွေ့အကြုံတွေများစွာရှိနေခဲ့ပြီး ဒီနေ့မှာတော့ “ပြိုင်ပွဲတေ
အကုန်လုံး ဘယ်ပြိုင်ပွဲမှ ကိုအထင်မကြီးတော့တာ အားလုံးက လုပ်ပွဲတွေကြီးပဲ။ vote နဲ့လဲမဆိုင်ဘူး အားလုံးက သူတို့လက်ထဲမှာပဲ သူတို့ပေးချင်တဲ့သူလျှောက်ပေးနေတာ။ ဒိုင်တေကလဲ ရုပ်ပြပဲ ကျောက်ရုပ်လိုပဲ
သူတို့လဲ ဘာမှမတက်နိုင်ကြဘူး။ စီးပွား ရေးက စီးပွားရေးပါပဲ။ တကယ်အရည်ချင်းရှိတဲ့ သူတွေရေ ဘာပြိုင်ပွဲမှမပြိုင်ကြပါနဲ့ စိတ်ကောလူကောပင်ပန်းပီး အဖြည့်ခံဘဝတွေနဲ့ အားဖြည့်အချိုရည်တွေဖြစ်နေပါ့မယ်။ ပတ္တမြားမှန်ရင် ဘယ်တော့မှ
နွံမနစ်ပါဘူးရှင်။ အကောင်းဆုံးကြိုးစားကြပါလို့ပဲ အားပေးချင်ပါတယ်။ ( အဲ့လိုပြောရင် လာဆဲကြအုန်းမယ် ကျွန်မကလဲပြောမိပြန်ပြီ မနေနိုင်ဘဲ အမှန်တရားကနဲနဲတော့ခါးတယ်။ အမှန်ပြောတော့လူမုန်းများကြတယ် )” လို့ဆိုကာ ပြိုင်ပွဲတွေနဲ့ပတ်သက်လို့ ခြူးစစ်ဟန်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားခဲ့ပါတယ် ပရိသတ်ကြီးရေ။
Source : Chue Sitt Han’s Facebook