အႏုပညာေၾကးေလးေတြစုၿပီး ဧရာဝတီစင္တာမွာ ေမြးေန႔အလွဴအျဖစ္ သိန္း(၂၀၀)တိတိ လွဴဒါန္းခဲ့တဲ့ ရန္ေအာင္
|အကယ္ဒမီမ်ားရွင္ သ႐ုပ္ေဆာင္ ရန္ေအာင္ရဲ႕ ေမြးေန႔ကေတာ့ ဒီေန႔ ( ဒီဇင္ဘာလ ၁၄ ရက္) ျဖစ္ပါတယ္။ သူကေတာ့ အသက္ (၅၄) ႏွစ္ ျပည့္သြားပါၿပီ။ ဒီေန႔ ေမြးေန႔မွာေတာ့ သူ ျပဳလုပ္ခဲ့တဲ့ ကုသိုလ္ အလႉေတြကို ပရိသတ္ေတြ သိေအာင္ မွ်ေဝခဲ့ပါတယ္။ “မဂၤလာပါ ခ်စ္သူ ခင္သူ ျမတ္ႏိုးသူမ်ားေရ ဒီေန႔ ကြၽန္ေတာ့္ရဲ႕ “၅၄” ႏွစ္ျပည့္ေမြးေန႔ေပါ့။ ေမြးေန႔ေရာက္တိုင္း

ပထမဆုံးသတိရမိတာ အေမ့ကိုပါ.. ဒီႏွစ္ေတာ့ အေမ့အတြက္ ေ႐ႊပုတီး(စိပ္ပုတီး) ေလးကန္ေတာ့မလို႔ ေအာ္ဒါမွာထားလိုက္တယ္၊(အေမကေတာ့ပီတိေတြျဖစ္လို႔ေပါ့) ဒီႏွစ္ လႉရလို႔ စိတ္ထဲေပ်ာ္မိတာ ေနာက္တစ္ခုက အခုျဖစ္ေနတဲ့ ကိုဗစ္တိုက္ဖ်က္ေရးအတြက္ ဧရာဝတီစင္တာ မွာ ေလာေလာလတ္လတ္ Live Sale အလုပ္လုပ္ရင္း လႉဖို႔စုထားတဲ့ေငြေလး လႉလိုက္ရလို႔ပါပဲ “ လို႔ သူက ဆိုပါတယ္။ ရန္ေအာင္ဟာ ေမြးေန႔

အလႉကိုေတာ့ ကိုဗစ္ကာလမွာ Live လႊင့္ရင္း ေဈးေရာင္းလို႔ရတဲ့ ေငြေၾကးေတြထဲကေန ကုသိုလ္ျပဳခဲ့တာလို႔ ဆိုပါတယ္။ ” အဲ့ဒီလိုလႉႏိုင္ေအာင္ အလုပ္ေတြအပ္ၾကတဲ့ စိန္ေ႐ႊရတနာ ကုန္ပစၥည္းပိုင္ရွင္မ်ားေရာ၊ ၾကည့္ရႈ,ဝယ္ယူၾကသူ ရတနာခ်စ္သူအားလုံးေရာ အားေပးၾကည့္ရႈၾကသူ ပရိႆတ္အေပါင္းႏွင့္ WE LOVE YAN AUNG အဖြဲ႕မွ ခ်စ္သူမ်ားေရာ

ကြၽန္ေတာ့ကိုထာဝရအားေပးၾကတဲ့ အႏုပညာခ်စ္ပရိႆတ္မ်ား အားလုံးရဲ႕ကုသိုလ္အ လႉဆိုလည္းမမွားပါဘူးခင္ဗ်ာ။ ဒါေၾကာင့္ ယေန႔ေစတနာသုံးတန္ျဖင့္ ႏွစ္ႏွစ္ကာကာလႉဒါန္းတဲ့ အလႉအတြက္ ၃၁ ဘုံမွာရွိရွိသမွ် လူ နတ္ ျဗမၼာ သတၱဝါအေပါင္းကို အမွ်ေပးေဝပါတယ္။ မရသူ မရွိ ရၾကပါေစဗ်ာ။ အမွ်…အမွ်…အမွ်..ယူေတာ္မူၾကပါဗ်ာ…..သာဓု…သာဓု…သာဓု” ပါလို႔လည္း

ဆက္လက္ ေရးသားထားပါတယ္။ ရန္ေအာင္ဟာ ၁၉၈၅ ခုႏွစ္ကတည္းက အႏုပညာေလာကထဲကို စတင္ဝင္ေရာက္ခဲ့တာပါ။ သူ႔ကိုေတာ့ ကိုရန္ေလးဆိုၿပီးေတာ့ အႏုပညာေလာကသားေတြေရာ ပရိသတ္ေတြပါ ခ်စ္စႏိုးေခၚေလ့ရွိပါတယ္။ ရန္ေအာင္ဟာ ၁၉၉၁ ခုႏွစ္က မယ္သီတာ

လိုမိန္းကေလး ၊၁၉၉၅ ခုႏွစ္က ပုဂံမွာ သာတဲ့လ ၊၁၉၉၆ ခုႏွစ္က အလင္းေဖ်ာ့ေကာင္းကင္ ၊၁၉၉၈ ခုႏွစ္က ညမင္းသား ၊ ၂ဝဝဝ ခုႏွစ္က ေမာဟမ်ဥ္းၿပိဳင္မ်ား ႏွင့္ ၂ဝဝ၆ ခုႏွစ္က ဂုဏ္ရွိန္ျပင္းတဲ့ခ်စ္ျခင္းသိကၡာ

စတဲ့ ႐ုပ္ရွင္ဇာတ္ကားမ်ားနဲ႔ အေကာင္းဆုံး အမ်ိဳးသား ဇာတ္ေဆာင္ အကယ္ဒမီဆု(၆)ဆု ရရွိထားသူ ျဖစ္ပါတယ္။ သူဟာ သ႐ုပ္ေဆာင္ေလာကမွာသာမက ဂီတေလာကမွာလည္း ေအာင္ျမင္ခဲ့သူျဖစ္ၿပီး တစ္ကိုယ္ေတာ္ အေခြမ်ား၊ တစ္ကိုယ္ေတာ္ ေဖ်ာ္ေျဖပြဲမ်ားလည္း က်င္းပျပဳလုပ္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။
Read in UNICODE
အကယ်ဒမီများရှင် သရုပ်ဆောင် ရန်အောင်ရဲ့ မွေးနေ့ကတော့ ဒီနေ့ ( ဒီဇင်ဘာလ ၁၄ ရက်) ဖြစ်ပါတယ်။ သူကတော့ အသက် (၅၄) နှစ် ပြည့်သွားပါပြီ။ ဒီနေ့ မွေးနေ့မှာတော့ သူ ပြုလုပ်ခဲ့တဲ့ ကုသိုလ် အလှူတွေကို ပရိသတ်တွေ သိအောင် မျှဝေခဲ့ပါတယ်။ “မင်္ဂလာပါ ချစ်သူ ခင်သူ မြတ်နိုးသူများရေ ဒီနေ့ ကျွန်တော့်ရဲ့ “၅၄” နှစ်ပြည့်မွေးနေ့ပေါ့။ မွေးနေ့ရောက်တိုင်း

ပထမဆုံးသတိရမိတာ အမေ့ကိုပါ.. ဒီနှစ်တော့ အမေ့အတွက် ရွှေပုတီး(စိပ်ပုတီး) လေးကန်တော့မလို့ အော်ဒါမှာထားလိုက်တယ်၊(အမေကတော့ပီတိတွေဖြစ်လို့ပေါ့) ဒီနှစ် လှူရလို့ စိတ်ထဲပျော်မိတာ နောက်တစ်ခုက အခုဖြစ်နေတဲ့ ကိုဗစ်တိုက်ဖျက်ရေးအတွက် ဧရာဝတီစင်တာ မှာ လောလောလတ်လတ် Live Sale အလုပ်လုပ်ရင်း လှူဖို့စုထားတဲ့ငွေလေး လှူလိုက်ရလို့ပါပဲ “ လို့ သူက ဆိုပါတယ်။ ရန်အောင်ဟာ မွေးနေ့

အလှူကိုတော့ ကိုဗစ်ကာလမှာ Live လွှင့်ရင်း ဈေးရောင်းလို့ရတဲ့ ငွေကြေးတွေထဲကနေ ကုသိုလ်ပြုခဲ့တာလို့ ဆိုပါတယ်။ ” အဲ့ဒီလိုလှူနိုင်အောင် အလုပ်တွေအပ်ကြတဲ့ စိန်ရွှေရတနာ ကုန်ပစ္စည်းပိုင်ရှင်များရော၊ ကြည့်ရှု,ဝယ်ယူကြသူ ရတနာချစ်သူအားလုံးရော အားပေးကြည့်ရှုကြသူ ပရိဿတ်အပေါင်းနှင့် WE LOVE YAN AUNG အဖွဲ့မှ ချစ်သူများရော

ကျွန်တော့ကိုထာဝရအားပေးကြတဲ့ အနုပညာချစ်ပရိဿတ်များ အားလုံးရဲ့ကုသိုလ်အ လှူဆိုလည်းမမှားပါဘူးခင်ဗျာ။ ဒါကြောင့် ယနေ့စေတနာသုံးတန်ဖြင့် နှစ်နှစ်ကာကာလှူဒါန်းတဲ့ အလှူအတွက် ၃၁ ဘုံမှာရှိရှိသမျှ လူ နတ် ဗြမ္မာ သတ္တဝါအပေါင်းကို အမျှပေးဝေပါတယ်။ မရသူ မရှိ ရကြပါစေဗျာ။ အမျှ…အမျှ…အမျှ..ယူတော်မူကြပါဗျာ…..သာဓု…သာဓု…သာဓု” ပါလို့လည်း

ဆက်လက် ရေးသားထားပါတယ်။ ရန်အောင်ဟာ ၁၉၈၅ ခုနှစ်ကတည်းက အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တာပါ။ သူ့ကိုတော့ ကိုရန်လေးဆိုပြီးတော့ အနုပညာလောကသားတွေရော ပရိသတ်တွေပါ ချစ်စနိုးခေါ်လေ့ရှိပါတယ်။ ရန်အောင်ဟာ ၁၉၉၁ ခုနှစ်က မယ်သီတာ

လိုမိန်းကလေး ၊၁၉၉၅ ခုနှစ်က ပုဂံမှာ သာတဲ့လ ၊၁၉၉၆ ခုနှစ်က အလင်းဖျော့ကောင်းကင် ၊၁၉၉၈ ခုနှစ်က ညမင်းသား ၊ ၂ဝဝဝ ခုနှစ်က မောဟမျဉ်းပြိုင်များ နှင့် ၂ဝဝ၆ ခုနှစ်က ဂုဏ်ရှိန်ပြင်းတဲ့ချစ်ခြင်းသိက္ခာ

စတဲ့ ရုပ်ရှင်ဇာတ်ကားများနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင် အကယ်ဒမီဆု(၆)ဆု ရရှိထားသူ ဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်လောကမှာသာမက ဂီတလောကမှာလည်း အောင်မြင်ခဲ့သူဖြစ်ပြီး တစ်ကိုယ်တော် အခွေများ၊ တစ်ကိုယ်တော် ဖျော်ဖြေပွဲများလည်း ကျင်းပပြုလုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။
Source : Cele YatKWat