ဇာတ္ကားေတြ႐ိုက္ဖို႔ ႀကီးမားက်ယ္ဝန္းၿပီး (၁၂)ဧကေလာက္ အက်ယ္ရွိတဲ့ စတူဒီယိုျခံႀကီးကို တည္ေဆာက္ေနေၾကာင္း ထုတ္ႂကြားခဲ့တဲ့ ေနထူးႏိုင္

ပရိသတ္ႀကီးတို႔ေရ အရင္ကာလ ဗီဒီယိုဇာတ္ကားေတြ ေခတ္စားစဥ္က အက္ရွင္ဇာတ္လမ္းေကာင္းေတြနဲ႔အတူ ပရိသတ္ရဲ႕ တစ္ခဲနက္ လက္ခံအားပးမႈကို ရရွိလာခဲ့သူကေတာ့ သ႐ုပ္ေဆာင္ေနထူးႏိုင္ပဲ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေနထူးႏိုင္ဟာဆိုရင္ ျမန္မာဗီဒီယိုတစ္ေခတ္မွာ အက္ရွင္ဇာတ္လမ္းေကာင္းမ်ား သာမက ပညာေပးဇာတ္လမ္းမ်ားကိုပါ ပါဝင္႐ိုက္ကူးခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ (၂) ႏွစ္ေက်ာ္ေလာက္ကစလို႔ ေနထူးႏိုင္ဟာ ဇာတ္ကားထဲက သူ႔ရဲ႕ ေျပာင္ေျမာက္လွတဲ့ စကားလုံးမ်ားနဲ႔ စြမ္းအားရွင္သ႐ုပ္ေဆာင္ခ်က္မ်ားေၾကာင့္ ပရိသတ္ေတြနဲ႔ အျပန္အလွန္ ေနာက္ေျပာင္ေျပာဆိုၾကရင္း တစ္ႏိုင္ငံလုံးမွာရွိတဲ့ လူထုရဲ႕ စိတ္ဝင္စားမႈကို ျပန္လည္ရရွိခဲ့တယ္ဆိုရင္လည္း မမွားပါဘူးေနာ္။ အခုဆိုရင္ ေနထူးႏိုဟာ ခ်စ္ရတဲ့ ဇနီးေခ်ာေလး၊ သားသမီးေတြနဲ႔အတူ သာသာတဲ့ မိသားစုဘ၀ေလးကို ပိုင္ဆိုင္ထားရၿပီး အႏုပညာအလုပ္ေတြကိုလည္း ပုံမွန္စဥ္ဆက္မျပတ္ လုပ္ကိုင္ေနတာကို ေတြ႕ရပါတယ္။ 

ဒီအင္တာဗ်ဴးေလးမွာေတာ့ သ႐ုပ္ေဆာင္ေနထူးႏိုင္က ေရနံေခ်ာင္းၿမိဳ႕မွာ (၁၂)ဧက အက်ယ္ရွိတဲ့ Studio ၿခံႀကီးတစ္ခုကို ဇာတ္ကားေတြ႐ိုက္ကူးလို႔ရေအာင္ တည္ေဆာက္ထားၿပီး သူ႔အေနနဲ႔ ႏိုင္ငံျခားကလူေတြလို လုံေလာက္တဲ့ ေငြေၾကးနဲ႔ ေဈးကြက္မ်ိဳး မရွိေပမယ့္ တတ္ႏိုင္တဲ့ ေငြေၾကးနဲ႔ တတ္ႏိုင္တဲ့ ေဈးကြက္မွာ အဆင္ေျပဖို႔ ႀကိဳးစားေနတယ္ဆိုတဲ့အေၾကာင္း ရွင္းျပေျပာဆိုေပးခဲ့တာပဲ ျဖစ္ပါတယ္။ 

ေနထူးႏိုင္ဟာဆိုရင္ (၁၂) ဧက အက်ယ္ရွိတဲ့ အဆိုပါ Studio ၿခံႀကီးကို ေရနံေခ်ာင္းၿမိဳ႕မွာ တည္ေဆာက္ထားခဲ့တာ ျဖစ္ပါတယ္။ အစကေတာ့ ဇနီးျဖစ္သူရဲ႕ “ေခတ္တစ္ရာသူ” ေရွာက္ေပါင္းနဲ႔ ဒါဏ္ေၾကလိမ္းေဆးအတြက္ လိုအပ္တဲ့ အပင္ေတြကို စိုက္ပ်ိဳးႏိုင္ဖို႔ ဝယ္ယူထားခဲ့တာ ျဖစ္ၿပီး အခုလို ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေနာက္ (၁) ႏွစ္၊ (၂) ႏွစ္ခန္႔မွ် ရပ္ေဝးခရီးထြက္ၿပီး ဇာတ္ကား႐ိုက္ကူးရာမွာ အခက္အခဲရွိႏိုင္တဲ့အတြက္ Studio ထဲမွာပဲ ႐ိုက္ကူးႏိုင္ေအာင္ တည္ေဆာက္လိုက္တာလို႔ ေနထူးႏိုင္က ရွင္းျပပါတယ္။ ဒီ Studio ထဲမွာဆိုရင္ အိမ္ေတြ၊ ႐ြာေတြနဲ႔ ေရကန္ႀကီးေတြ ပါရွိၿပီး ျမင္းေတြလည္း ေမြးထားတယ္လို႔ သိရပါတယ္။ အခုဆိုရင္ အိမ္ ၄ ၅ လုံးေလာက္ေတာ့ တည္ေဆာက္ၿပီးစီးသြားၿပီ ျဖစ္ၿပီး ႏိုင္ငံျခားကလူေတြ ႐ိုက္ကူးပုံကို အတုယူၿပီး အိမ္တစ္လုံးမွာ မ်က္ႏွာစာ စသည္ျဖင့္ လွည့္ေျပာင္း႐ိုက္ကူးႏိုင္ရန္ စီစဥ္ထားတဲ့အတြက္ တကယ္တမ္းက အိမ္ ၄ ၅ လုံး ဆိုေပမယ့္ လွည့္ေျပာင္း႐ိုက္မယ္ဆိုရင္ေတာ့ အိမ္ ၁၀ လုံးစာေလာက္ ႐ိုက္ကူးႏိုင္တယ္လို႔ သိရပါတယ္။ 

သူ႔ရဲ႕ Studio ၿခံထဲမွာ ႐ိုက္ကူးၿပီး သူ႔ရဲ႕ NHN Online Application နဲ႔ YouTube Channel မွာ ျပသလိုတဲ့ လုပ္ေဖာ္ကိုက္ဖက္မ်ား လိုက္နာရမယ့္ အႏုပညာဖန္တီးျခင္းဆိုင္ရာ က်င့္ဝတ္မ်ားနဲ႔ ပတ္သတ္လို႔ ေနထူးႏိုင္က 

“အဓိကကေတာ့ ႏိုင္ံငံေရး၊ လူမႈေရးနဲ႔ ဘာသာေရးဆိုင္ရာမ်ားကို မထိခိုက္ေသာ အျပဳအမူ အေျပာအဆို ႐ိုက္ျပမႈမ်ိဳးကိုေတာ့ ကြၽန္ေတာ္တို႔ လက္ခံမယ္။ အကယ္၍ ဘာသာေရးနဲ႔ ႏိုင္ဖငံေရးကို ထိခိုက္လာမယ့္ ဖန္တီးမႈမ်ိဳးကိုေတာ့ ကြၽန္ေတာ့္အေနနဲ႔ လက္မခံႏိုင္ပါဘူး”

ေနထူးႏိုင္ဟာဆိုရင္ အခုဆို “လွေတာသားရဲ႕ ဘဝဝက္ပါ” ဆိုတဲ့ ဇာတ္ကိုလမ္းတြဲကို ႐ိုက္ကူးဖို႔ စီစဥ္ထားၿပီး အကယ္၍ တကယ့္ လွေတာ႐ြာမွာ သြားေရာက္႐ိုက္ကူးဖို႔ အဆင္မေျပဘူးဆိုရင္ေတာ့ အဆိုပါ Studio ၿခံႀကီးထဲမွာ သြားေရာက္႐ိုက္ကူးမယ္လို႔ သိရပါတယ္။ လက္ရွိကိုဗစ္ကာလအေနအထားအရ social distancing ကို လိုက္နာၿပီး ဇာတ္လမ္းတြဲ (၂၆) ပိုင္းကို Studio ၿခံႀကီးထဲမွာပဲ ႐ိုက္ကူးႏိုင္ေအာင္ စီစဥ္ထားတာ အခုဆိုရင္ေတာ့ setting ေတြ၊ အိမ္ေတြ၊ သူႀကီးအိမ္ေတြ တည္ေဆာက္ၿပီးစီးေနၿပီလို႔ ေနထူးႏိုင္က ေျပာျပပါတယ္။

သူတို႔အေနနဲ႔ ေက်း႐ြာေတြမွာ ဇာတ္ကားမ်ိဳးစုံ သြားေရာက္႐ိုက္ကူးတဲ့အခါ တခ်ိဳ႕ေက်း႐ြာေတြက အယူအစြဲေတြႀကီးမားတဲ့အတြက္ လူေသတဲ့ ဇာတ္ဝင္ခန္းေတြ၊ ဓားျပတိုက္တဲ့ ဇာတ္ဝင္ခန္းေတြကို သူတို႔ေဒသမွာ လာေရာက္႐ိုက္ကူးတာကို လက္မခံၾကတာေတြကို ႀကဳံဖူးတယ္လို႔ ေနထူးႏိုင္က ေျပာျပပါတယ္။ အခုေတာ့ Studio ထဲမွာ ႐ိုက္ကူးႏိုင္ၿပီ ျဖစ္တဲ့အတြက္ အခုလို ျပႆနာေတြ ႀကဳံေတြ႕ရမွာကို စိုးရိမ္စရာ မလိုေတာ့ဘူးလို႔ ေနထူးႏိုင္က ဆိုပါတယ္။ 

ေက်း႐ြာခန္းေတြ ႐ိုက္ကူးတဲ့အခါ ပီျပင္သဘာဝက်ေအာင္ ၿခံႀကီးထဲမွာ ထန္းပင္ေတြပါ စိုက္ထားၿပီး တခ်ိဳ႕ထန္းပင္ေတြဆိုရင္ အျမစ္ကေနကးႏႈတ္​ယူလာၿပီး ျပန္စိုက္ထားတာေတြ ရွိတယ္လို႔ ေနထူးႏိုင္က ဆိုပါတယ္။ 

ပရိသတ္ႀကီးတို႔ေရ သ႐ုပ္ေဆာင္ေနထူးႏိုင္ဟာဆိုရင္ လတ္တေလာ အႏုပညာလႈပ္ရွားမႈအေနနဲ႔ ဇာတ္လမ္းတိုေလးေတြလည္း ႐ိုက္ကူးျဖစ္ေနၿပီး ႐ိုက္ကူးေရးအဖြဲ႕ဝင္ေတြအားလုံးကို အိမ္မျပန္ပဲ ႐ုံးမွာပဲ ေနထိုင္ေစကာ swab ယူ စစ္ေဆးမႈမ်ား ပုံမွန္ျပဳလုပ္ၿပီး ႐ိုက္ကူးေနတာျဖစ္တယ္လို႔ သိရပါတယ္။ ဒီရက္ပိုင္းမွာ ေနထူးႏိုင္အေနနဲ႔ ႏိုင္ငံျခား႐ုပ္ရွင္ဇာတ္ကားမ်ားရဲ႕ ႐ိုက္ကူးပုံနည္းစနစ္ေတြကို ေဖ့ဘြတ္ေပၚ မွ်ေဝလာခဲ့ၿပီး ပရိသတ္၊ မိတ္ေဆြေတြကို သိေစခ်င္တဲ့ ေစတနာနဲ႔ ေဝမွ်ခဲ့တာျဖစ္တယ္လို႔ ေျပာၾကားရင္း ဒီအင္တာဗ်ဴးေလးကို အဆုံးသတ္ေျဖၾကားေပးခဲ့ပါတယ္။

Read in UNICODE

ပရိသတ်ကြီးတို့ရေ အရင်ကာလ ဗီဒီယိုဇာတ်ကားတွေ ခေတ်စားစဉ်က အက်ရှင်ဇာတ်လမ်းကောင်းတွေနဲ့အတူ ပရိသတ်ရဲ့ တစ်ခဲနက် လက်ခံအားပးမှုကို ရရှိလာခဲ့သူကတော့ သရုပ်ဆောင်နေထူးနိုင်ပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်နေထူးနိုင်ဟာဆိုရင် မြန်မာဗီဒီယိုတစ်ခေတ်မှာ အက်ရှင်ဇာတ်လမ်းကောင်းများ သာမက ပညာပေးဇာတ်လမ်းများကိုပါ ပါဝင်ရိုက်ကူးခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ (၂) နှစ်ကျော်လောက်ကစလို့ နေထူးနိုင်ဟာ ဇာတ်ကားထဲက သူ့ရဲ့ ပြောင်မြောက်လှတဲ့ စကားလုံးများနဲ့ စွမ်းအားရှင်သရုပ်ဆောင်ချက်များကြောင့် ပရိသတ်တွေနဲ့ အပြန်အလှန် နောက်ပြောင်ပြောဆိုကြရင်း တစ်နိုင်ငံလုံးမှာရှိတဲ့ လူထုရဲ့ စိတ်ဝင်စားမှုကို ပြန်လည်ရရှိခဲ့တယ်ဆိုရင်လည်း မမှားပါဘူးနော်။ အခုဆိုရင် နေထူးနိုဟာ ချစ်ရတဲ့ ဇနီးချောလေး၊ သားသမီးတွေနဲ့အတူ သာသာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားရပြီး အနုပညာအလုပ်တွေကိုလည်း ပုံမှန်စဉ်ဆက်မပြတ် လုပ်ကိုင်နေတာကို တွေ့ရပါတယ်။ 

ဒီအင်တာဗျူးလေးမှာတော့ သရုပ်ဆောင်နေထူးနိုင်က ရေနံချောင်းမြို့မှာ (၁၂)ဧက အကျယ်ရှိတဲ့ Studio ခြံကြီးတစ်ခုကို ဇာတ်ကားတွေရိုက်ကူးလို့ရအောင် တည်ဆောက်ထားပြီး သူ့အနေနဲ့ နိုင်ငံခြားကလူတွေလို လုံလောက်တဲ့ ငွေကြေးနဲ့ ဈေးကွက်မျိုး မရှိပေမယ့် တတ်နိုင်တဲ့ ငွေကြေးနဲ့ တတ်နိုင်တဲ့ ဈေးကွက်မှာ အဆင်ပြေဖို့ ကြိုးစားနေတယ်ဆိုတဲ့အကြောင်း ရှင်းပြပြောဆိုပေးခဲ့တာပဲ ဖြစ်ပါတယ်။ 

နေထူးနိုင်ဟာဆိုရင် (၁၂) ဧက အကျယ်ရှိတဲ့ အဆိုပါ Studio ခြံကြီးကို ရေနံချောင်းမြို့မှာ တည်ဆောက်ထားခဲ့တာ ဖြစ်ပါတယ်။ အစကတော့ ဇနီးဖြစ်သူရဲ့ “ခေတ်တစ်ရာသူ” ရှောက်ပေါင်းနဲ့ ဒါဏ်ကြေလိမ်းဆေးအတွက် လိုအပ်တဲ့ အပင်တွေကို စိုက်ပျိုးနိုင်ဖို့ ဝယ်ယူထားခဲ့တာ ဖြစ်ပြီး အခုလို ကိုဗစ်ကပ်ရောဂါကြောင့် နောက် (၁) နှစ်၊ (၂) နှစ်ခန့်မျှ ရပ်ဝေးခရီးထွက်ပြီး ဇာတ်ကားရိုက်ကူးရာမှာ အခက်အခဲရှိနိုင်တဲ့အတွက် Studio ထဲမှာပဲ ရိုက်ကူးနိုင်အောင် တည်ဆောက်လိုက်တာလို့ နေထူးနိုင်က ရှင်းပြပါတယ်။ ဒီ Studio ထဲမှာဆိုရင် အိမ်တွေ၊ ရွာတွေနဲ့ ရေကန်ကြီးတွေ ပါရှိပြီး မြင်းတွေလည်း မွေးထားတယ်လို့ သိရပါတယ်။ အခုဆိုရင် အိမ် ၄ ၅ လုံးလောက်တော့ တည်ဆောက်ပြီးစီးသွားပြီ ဖြစ်ပြီး နိုင်ငံခြားကလူတွေ ရိုက်ကူးပုံကို အတုယူပြီး အိမ်တစ်လုံးမှာ မျက်နှာစာ စသည်ဖြင့် လှည့်ပြောင်းရိုက်ကူးနိုင်ရန် စီစဉ်ထားတဲ့အတွက် တကယ်တမ်းက အိမ် ၄ ၅ လုံး ဆိုပေမယ့် လှည့်ပြောင်းရိုက်မယ်ဆိုရင်တော့ အိမ် ၁၀ လုံးစာလောက် ရိုက်ကူးနိုင်တယ်လို့ သိရပါတယ်။ 

သူ့ရဲ့ Studio ခြံထဲမှာ ရိုက်ကူးပြီး သူ့ရဲ့ NHN Online Application နဲ့ YouTube Channel မှာ ပြသလိုတဲ့ လုပ်ဖော်ကိုက်ဖက်များ လိုက်နာရမယ့် အနုပညာဖန်တီးခြင်းဆိုင်ရာ ကျင့်ဝတ်များနဲ့ ပတ်သတ်လို့ နေထူးနိုင်က 

“အဓိကကတော့ နိုင်ံငံရေး၊ လူမှုရေးနဲ့ ဘာသာရေးဆိုင်ရာများကို မထိခိုက်သော အပြုအမူ အပြောအဆို ရိုက်ပြမှုမျိုးကိုတော့ ကျွန်တော်တို့ လက်ခံမယ်။ အကယ်၍ ဘာသာရေးနဲ့ နိုင်ဖငံရေးကို ထိခိုက်လာမယ့် ဖန်တီးမှုမျိုးကိုတော့ ကျွန်တော့်အနေနဲ့ လက်မခံနိုင်ပါဘူး”

နေထူးနိုင်ဟာဆိုရင် အခုဆို “လှတောသားရဲ့ ဘဝဝက်ပါ” ဆိုတဲ့ ဇာတ်ကိုလမ်းတွဲကို ရိုက်ကူးဖို့ စီစဉ်ထားပြီး အကယ်၍ တကယ့် လှတောရွာမှာ သွားရောက်ရိုက်ကူးဖို့ အဆင်မပြေဘူးဆိုရင်တော့ အဆိုပါ Studio ခြံကြီးထဲမှာ သွားရောက်ရိုက်ကူးမယ်လို့ သိရပါတယ်။ လက်ရှိကိုဗစ်ကာလအနေအထားအရ social distancing ကို လိုက်နာပြီး ဇာတ်လမ်းတွဲ (၂၆) ပိုင်းကို Studio ခြံကြီးထဲမှာပဲ ရိုက်ကူးနိုင်အောင် စီစဉ်ထားတာ အခုဆိုရင်တော့ setting တွေ၊ အိမ်တွေ၊ သူကြီးအိမ်တွေ တည်ဆောက်ပြီးစီးနေပြီလို့ နေထူးနိုင်က ပြောပြပါတယ်။

သူတို့အနေနဲ့ ကျေးရွာတွေမှာ ဇာတ်ကားမျိုးစုံ သွားရောက်ရိုက်ကူးတဲ့အခါ တချို့ကျေးရွာတွေက အယူအစွဲတွေကြီးမားတဲ့အတွက် လူသေတဲ့ ဇာတ်ဝင်ခန်းတွေ၊ ဓားပြတိုက်တဲ့ ဇာတ်ဝင်ခန်းတွေကို သူတို့ဒေသမှာ လာရောက်ရိုက်ကူးတာကို လက်မခံကြတာတွေကို ကြုံဖူးတယ်လို့ နေထူးနိုင်က ပြောပြပါတယ်။ အခုတော့ Studio ထဲမှာ ရိုက်ကူးနိုင်ပြီ ဖြစ်တဲ့အတွက် အခုလို ပြဿနာတွေ ကြုံတွေ့ရမှာကို စိုးရိမ်စရာ မလိုတော့ဘူးလို့ နေထူးနိုင်က ဆိုပါတယ်။ 

ကျေးရွာခန်းတွေ ရိုက်ကူးတဲ့အခါ ပီပြင်သဘာဝကျအောင် ခြံကြီးထဲမှာ ထန်းပင်တွေပါ စိုက်ထားပြီး တချို့ထန်းပင်တွေဆိုရင် အမြစ်ကနေကးနှုတ်ယူလာပြီး ပြန်စိုက်ထားတာတွေ ရှိတယ်လို့ နေထူးနိုင်က ဆိုပါတယ်။ 

ပရိသတ်ကြီးတို့ရေ သရုပ်ဆောင်နေထူးနိုင်ဟာဆိုရင် လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ ဇာတ်လမ်းတိုလေးတွေလည်း ရိုက်ကူးဖြစ်နေပြီး ရိုက်ကူးရေးအဖွဲ့ဝင်တွေအားလုံးကို အိမ်မပြန်ပဲ ရုံးမှာပဲ နေထိုင်စေကာ swab ယူ စစ်ဆေးမှုများ ပုံမှန်ပြုလုပ်ပြီး ရိုက်ကူးနေတာဖြစ်တယ်လို့ သိရပါတယ်။ ဒီရက်ပိုင်းမှာ နေထူးနိုင်အနေနဲ့ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများရဲ့ ရိုက်ကူးပုံနည်းစနစ်တွေကို ဖေ့ဘွတ်ပေါ် မျှဝေလာခဲ့ပြီး ပရိသတ်၊ မိတ်ဆွေတွေကို သိစေချင်တဲ့ စေတနာနဲ့ ဝေမျှခဲ့တာဖြစ်တယ်လို့ ပြောကြားရင်း ဒီအင်တာဗျူးလေးကို အဆုံးသတ်ဖြေကြားပေးခဲ့ပါတယ်။

Source : MC

Add a Comment

Your email address will not be published. Required fields are marked *