ႏိုင္ငံတကာအထိ ဒိတ္ဒိတ္ႀကဲ ေအာင္ျမင္မႈေတြရရွိေနတဲ့ ညီမျဖစ္သူ ဝတ္မႈံေ႐ႊရည္နဲ ႔အေပၚမွာ ေဝဖန္ခ်ီးက်ဴးခဲ့တဲ့ ေဖြးေဖြး

ပရိသတ္တို႔ေရ ေဖြးေဖြးနဲ႔ ဝတ္မႈံေ႐ႊရည္တို႔ ဝမ္းကြဲညီအစ္မႏွစ္ေယာက္ဆိုရင္ ဗီဒီယိုဇာတ္လမ္းမ်ားႏွင့္သာမက ႐ုပ္ရွင္ဇာတ္ကားႀကီးမ်ားမွာပါ ေအာင္ျမင္မႈႀကီးႀကီးမားမားရရွိခဲ့ၾကတဲ့ ဝါရင့္သ႐ုပ္ေဆာင္ေတြပဲ ျဖစ္ၾကပါတယ္။ ဝမ္းကြဲညီအမေတြ ျဖစ္လင့္ကစား သူတို႔ႏွစ္ေယာက္ကို ႐ုပ္ရွင္ဇာတ္ကားႀကီးမ်ားကစလို႔ အျခားေသာ အႏုပညာလႈပ္ရွားမႈမ်ားမွာပါ ႏွစ္ေယာက္တြဲ ျမင့္ရေလ့ သိပ္မရွိပါဘူးေနာ္။

ေဖြးေဖြးဆိုရင္ ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာေလးနဲ႔ ဆြဲေဆာင္မႈရွိတဲ့ ကိုယ္ခႏၶာေလးကို ပိုင္ဆိုင္ထားသူ တစ္ဦးျဖစ္ၿပီး ဝတ္မႈံေ႐ႊရည္ဟာ ဆိုရင္ေတာ့ ဆြဲေဆာင္မႈရွိၿပီး ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာေလးနဲ႔အတူ ပရိသတ္ရဲ႕ အခ်စ္ကို ရယူသိမ္းပိုက္ထားသူ တစ္ဦးပဲ ျဖစ္ပါတယ္​။

ဒီအင္တာဗ်ဴးေလးမွာေတာ့ ျပည္သူခ်စ္အႏုပညာရွင္ သ႐ုပ္ေဆာင္ေဖြးေဖြးက သူမနဲ႔အတူတူ အႏုပညာမွတ္တိုင္ေတြ စိုက္ထူႏိုင္ခဲ့တဲ့ ညီမျဖစ္သူ ဝတ္မႈံေ႐ႊရည္ရဲ႕ ႏိုင္ငံတကာအထိ ရရွိေနတဲ့ ေအာင္ျမင္မႈနဲ႔ စပ္လ်ဥ္းၿပီး ေဝဖန္ခ်ီးက်ဴးခဲ့တာပဲ ျဖစ္ပါတယ္။

ေဖြးေဖြးနဲ႔ ဝတ္မႈံေ႐ႊရည္ဟာဆိုရင္ G Shock Women က ျပဳလုပ္တဲ့ Live အစီအစဥ္ေလးမွာ ႏွစ္ေယာက္အတူတူ ပါဝင္လာခဲ့ၾကတာ ျဖစ္ၿပီး ေရွ႕မွာ ပြဲတက္အေနနဲ႔ေတာ့ ညီအမႏွစ္ေယာက္အတူတူ ဆုံဖူးၾကေပမယ့္ အခုလို Live အေနနဲ႔ အတူဆုံတာကေတာ့ အခုအေခါက္က ပထမဆုံးျဖစ္တယ္လို႔ ေဖြးေဖြးက ဆိုပါတယ္။ သူမအေနနဲ႔ ကိုဗစ္ကာလ ပရိသတ္ေတြ ပ်င္းေနၾကခ်ိန္မွာ သူမနဲ႔ကစ္ကစ္ကို ႏွစ္ေယာက္တြဲျမင္ခ်င္ၾကတဲ့ ပရိသတ္ေတြအတြက္ ဒီ Live ေလးကို လက္ခံျဖစ္သြားတာလို႔ ေဖြးေဖြးက ရွင္းျပပါတယ္။

လက္ပတ္နာရီေတြနဲ႔ ပတ္သတ္လို႔ကေတာ့ ေဖြးေဖြးအေနနဲ႔ ပုံသဏၭာန္၊ အမ်ိဳးအစားကို သိပ္ေ႐ြးခ်ယ္ေလ့မရွိပဲ အကုန္ႀကိဳက္တတ္ၿပီး ကိုယ္ဝတ္ထားတဲ့ ဝတ္စုံနဲ႔ လိုက္ဖက္မယ့္ အေရာင္မ်ိဳးကို ေ႐ြးခ်ယ္ဝတ္ဆင္ေလ့ရွိတယ္လို႔ ေဖြးေဖြးက ဆိုပါတယ္။

အခုလို မိုဘိုင္းလ္ဖုန္းေတြ ေခတ္စားေနတဲ့ ကာလမွာ ဖုန္းမွာပဲ နာရီၾကည့္လို႔ ရေနတဲ့အတြက္ အခ်ိဳ႕ေသာသူေတြက လတ္ပတ္နာရီေတြကို မလိုအပ္ေတာ့ဘူးလို႔ ထင္ျမင္ၾကတဲ့အေပၚ ေဖြးေဖြးက

“ဒါကေတာ့ ကိုယ့္အႀကိဳက္၊ သူ႔အ​ႀကိဳက္ေပါ့ေနာ္။ ေဖြးတို႔လည္း အရင္တုန္းကဆိုရင္ ဖုန္းမွာပဲ နာရီကိုၾကည့္လိုက္တာ မ်ားတယ္။ အခုက်ေတာ့ တစ္ခါတစ္ေလ ဖုန္းမကိုင္ခ်င္ေတာ့တဲ့ အခ်ိန္တို႔၊ ေလာကႀကီးနဲ႔ အဆက္အသြယ္ျပတ္ေနခ်င္တဲ့ အခ်ိန္တို႔ဆို ဖုန္းကို လုံးဝမကိုင္ျဖစ္ေတာ့တဲ့အတြက္ အခ်ိန္သိခ်င္ရင္ နာရီေလးနဲ႔ေတာ့ ၾကည့္ရတာ အဆင္ေျပတယ္ေပါ့ေနာ္။” လို႔ ျပန္လည္ေျဖၾကားေပးခဲ့ပါတယ္။

ေဖြးေဖြးနဲ႔ကစ္ကစ္တို႔ရဲ႕ အခုလို G Shock Women Live မွသည္ ေနာင္အတူတြဲလုပ္ျဖစ္မယ့္ အႏုပညာလႈပ္ရွားမႈေလးေတြနဲ႔ ပတ္သတ္လို႔ ေဖြးေဖြးက

“တစ္ေန႔ေန႔က်ရင္ေတာ့ ညီအမႏွစ္ေယာက္ ႐ုပ္ရွင္အတူတူ႐ိုက္ဖို႔ အစီအစဥ္ရွိပါတယ္။ ေဖြးတို႔ႏွစ္ေယာက္ ထုတ္ရတဲ့ ေန႔ေပါ့ေနာ္ [ရယ္လ်က္]။ ေဖြးတို႔ႏွစ္ေယာက္က ထူးဆန္းတာက ေမြးတာကလည္း တစ္ရက္ပဲကြာတယ္။ ၿပီးေတာ့ အမွတ္တရ အေနနဲ႔ မွတ္တိုင္တစ္ခုျဖစ္ေစမယ့္ အကယ္ဒမီ ဆုေတြပဲျဖစ္ျဖစ္၊ အျခား Asian Academy Awards ေတြပဲ ျဖစ္ျဖစ္၊ ေရွ႕ဆင့္ေနာက္ဆင့္ေတြ ရၾကတယ္ ေပါ့ေနာ္။ ကိုယ္ကေတာ့ ဘာပဲျဖစ္ျဖစ္ ကိုယ့္ရဲ႕ညီမအေပၚမွာ ကူညီပါတယ္။”

ပရိသတ္ႀကီးတို႔ေရ ကစ္ကစ္နဲ႔ ဝတ္မႈန္ေ႐ႊရည္ဟာဆိုရင္ အခုဆို G Shock Women ရဲ႕ Live အစီအစဥ္ေလးမွာ ေတြ႕ေနရတာပဲ ျဖစ္ပါတယ္။ ပရိသတ္တို႔အေနနဲ႔လည္း ကစ္ကစ္နဲ႔ ေဖြးေဖြးတို႔ မိတ္ဆက္ေပးခဲ့တဲ့ နာရီေလးေတြဟာဆိုရင္ ေစ်းလည္း အရမ္းမႀကီးပဲ Quality လည္း ေကာင္းတဲ့အတြက္ ဝယ္ယူအားေပးၾကပါဦးလို႔ တိုက္တြန္းလိုက္ရပါတယ္။

Read in UNICODE

ပရိသတ်တို့ရေ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့ ဝမ်းကွဲညီအစ်မနှစ်ယောက်ဆိုရင် ဗီဒီယိုဇာတ်လမ်းများနှင့်သာမက ရုပ်ရှင်ဇာတ်ကားကြီးများမှာပါ အောင်မြင်မှုကြီးကြီးမားမားရရှိခဲ့ကြတဲ့ ဝါရင့်သရုပ်ဆောင်တွေပဲ ဖြစ်ကြပါတယ်။ ဝမ်းကွဲညီအမတွေ ဖြစ်လင့်ကစား သူတို့နှစ်ယောက်ကို ရုပ်ရှင်ဇာတ်ကားကြီးများကစလို့ အခြားသော အနုပညာလှုပ်ရှားမှုများမှာပါ နှစ်ယောက်တွဲ မြင့်ရလေ့ သိပ်မရှိပါဘူးနော်။

ဖွေးဖွေးဆိုရင် ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ကိုယ်ခန္ဓာလေးကို ပိုင်ဆိုင်ထားသူ တစ်ဦးဖြစ်ပြီး ဝတ်မှုံရွှေရည်ဟာ ဆိုရင်တော့ ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့အတူ ပရိသတ်ရဲ့ အချစ်ကို ရယူသိမ်းပိုက်ထားသူ တစ်ဦးပဲ ဖြစ်ပါတယ်။

ဒီအင်တာဗျူးလေးမှာတော့ ပြည်သူချစ်အနုပညာရှင် သရုပ်ဆောင်ဖွေးဖွေးက သူမနဲ့အတူတူ အနုပညာမှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့တဲ့ ညီမဖြစ်သူ ဝတ်မှုံရွှေရည်ရဲ့ နိုင်ငံတကာအထိ ရရှိနေတဲ့ အောင်မြင်မှုနဲ့ စပ်လျဉ်းပြီး ဝေဖန်ချီးကျူးခဲ့တာပဲ ဖြစ်ပါတယ်။

ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်ဟာဆိုရင် G Shock Women က ပြုလုပ်တဲ့ Live အစီအစဉ်လေးမှာ နှစ်ယောက်အတူတူ ပါဝင်လာခဲ့ကြတာ ဖြစ်ပြီး ရှေ့မှာ ပွဲတက်အနေနဲ့တော့ ညီအမနှစ်ယောက်အတူတူ ဆုံဖူးကြပေမယ့် အခုလို Live အနေနဲ့ အတူဆုံတာကတော့ အခုအခေါက်က ပထမဆုံးဖြစ်တယ်လို့ ဖွေးဖွေးက ဆိုပါတယ်။ သူမအနေနဲ့ ကိုဗစ်ကာလ ပရိသတ်တွေ ပျင်းနေကြချိန်မှာ သူမနဲ့ကစ်ကစ်ကို နှစ်ယောက်တွဲမြင်ချင်ကြတဲ့ ပရိသတ်တွေအတွက် ဒီ Live လေးကို လက်ခံဖြစ်သွားတာလို့ ဖွေးဖွေးက ရှင်းပြပါတယ်။

လက်ပတ်နာရီတွေနဲ့ ပတ်သတ်လို့ကတော့ ဖွေးဖွေးအနေနဲ့ ပုံသဏ္ဌာန်၊ အမျိုးအစားကို သိပ်ရွေးချယ်လေ့မရှိပဲ အကုန်ကြိုက်တတ်ပြီး ကိုယ်ဝတ်ထားတဲ့ ဝတ်စုံနဲ့ လိုက်ဖက်မယ့် အရောင်မျိုးကို ရွေးချယ်ဝတ်ဆင်လေ့ရှိတယ်လို့ ဖွေးဖွေးက ဆိုပါတယ်။

အခုလို မိုဘိုင်းလ်ဖုန်းတွေ ခေတ်စားနေတဲ့ ကာလမှာ ဖုန်းမှာပဲ နာရီကြည့်လို့ ရနေတဲ့အတွက် အချို့သောသူတွေက လတ်ပတ်နာရီတွေကို မလိုအပ်တော့ဘူးလို့ ထင်မြင်ကြတဲ့အပေါ် ဖွေးဖွေးက

“ဒါကတော့ ကိုယ့်အကြိုက်၊ သူ့အကြိုက်ပေါ့နော်။ ဖွေးတို့လည်း အရင်တုန်းကဆိုရင် ဖုန်းမှာပဲ နာရီကိုကြည့်လိုက်တာ များတယ်။ အခုကျတော့ တစ်ခါတစ်လေ ဖုန်းမကိုင်ချင်တော့တဲ့ အချိန်တို့၊ လောကကြီးနဲ့ အဆက်အသွယ်ပြတ်နေချင်တဲ့ အချိန်တို့ဆို ဖုန်းကို လုံးဝမကိုင်ဖြစ်တော့တဲ့အတွက် အချိန်သိချင်ရင် နာရီလေးနဲ့တော့ ကြည့်ရတာ အဆင်ပြေတယ်ပေါ့နော်။” လို့ ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။

ဖွေးဖွေးနဲ့ကစ်ကစ်တို့ရဲ့ အခုလို G Shock Women Live မှသည် နောင်အတူတွဲလုပ်ဖြစ်မယ့် အနုပညာလှုပ်ရှားမှုလေးတွေနဲ့ ပတ်သတ်လို့ ဖွေးဖွေးက

“တစ်နေ့နေ့ကျရင်တော့ ညီအမနှစ်ယောက် ရုပ်ရှင်အတူတူရိုက်ဖို့ အစီအစဉ်ရှိပါတယ်။ ဖွေးတို့နှစ်ယောက် ထုတ်ရတဲ့ နေ့ပေါ့နော် [ရယ်လျက်]။ ဖွေးတို့နှစ်ယောက်က ထူးဆန်းတာက မွေးတာကလည်း တစ်ရက်ပဲကွာတယ်။ ပြီးတော့ အမှတ်တရ အနေနဲ့ မှတ်တိုင်တစ်ခုဖြစ်စေမယ့် အကယ်ဒမီ ဆုတွေပဲဖြစ်ဖြစ်၊ အခြား Asian Academy Awards တွေပဲ ဖြစ်ဖြစ်၊ ရှေ့ဆင့်နောက်ဆင့်တွေ ရကြတယ် ပေါ့နော်။ ကိုယ်ကတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ညီမအပေါ်မှာ ကူညီပါတယ်။”

ပရိသတ်ကြီးတို့ရေ ကစ်ကစ်နဲ့ ဝတ်မှုန်ရွှေရည်ဟာဆိုရင် အခုဆို G Shock Women ရဲ့ Live အစီအစဉ်လေးမှာ တွေ့နေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တို့အနေနဲ့လည်း ကစ်ကစ်နဲ့ ဖွေးဖွေးတို့ မိတ်ဆက်ပေးခဲ့တဲ့ နာရီလေးတွေဟာဆိုရင် ဈေးလည်း အရမ်းမကြီးပဲ Quality လည်း ကောင်းတဲ့အတွက် ဝယ်ယူအားပေးကြပါဦးလို့ တိုက်တွန်းလိုက်ရပါတယ်။

Source : MC

Add a Comment

Your email address will not be published. Required fields are marked *