အဖွားဖြစ်သူကို ကန်တော့တိုင်းရတဲ့ မုန့်ဖိုးတွေကိုစုထားပြီး အမေဖြစ်သူ အိမ်ဆောက်ဖို့ ပြန်ပေးခဲ့တဲ့ နန္ဒာလှိုင်ရဲ့ သမီးလေး
Read in UNICODE
အနုပညာအလုပ်တွေနဲ့ဝေးကွာနေပေမယ့် နန္ဒာလှိုင်ဟာဆိုရင် ပရိသတ်ရင်ထဲမှာ ထာဝရရှိတဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။နန္ဒာလှိုင်က အလှူအတန်းတွေလည်းအရမ်းလုပ်တာကြောင့် နိုင်ငံတော်ကချီးမြှင့်တဲ့ “သီရိသုဓမ္မသိင်္ဂီဘွဲ့”ကိုလည်း ရရှိထားတာဖြစ်ပါတယ်နော်။နန္ဒာလှိုင်က
စီးပွားရေးနဲ့မိသားစုအရေးကိုသာ မလစ်ဟင်းအောင်ဆောင်ရွက်နေပြီး သာယာလှပတဲ့မိသားစုလေးဖြစ်အောင် တည်ဆောက်ထားတာဖြစ်ပါတယ်။ နန္ဒာလှိုင်က သမီးသုံးယောက်ကို ပိုင်ဆိုင်ထားတဲ့မိခင်ဖြစ်ပြီး
ဇေဝတီလှိုင်၊ဇေရတီလှိုင်နဲ့ဇေမဒီလှိုင်လို့ နာမည်လှလှလလေးတွေပေးထားတာဖြစ်ပါတယ်။အထွေးဆုံးလေးမဒီကတော့ ပရိသတ်တွေရဲ့အချစ်တော်လေးဖြစ်ပြီး အငယ်ဆုံးလေးဖြစ်သလို အတတ်ဆုံးလေးလည်းဖြစ်ပါတယ်နော်။မဒီလေးက အသက်ငယ်ငယ်လေးပဲရှိသေးပေမယ့်
မေမေ့အပေါ်မှာအရမ်းသိတတ်ပြီးလိမ္မာရေးခြားရှိပါတယ်။နန္ဒာလှိုင်ကတော့ မဒီလေးရဲ့သိတတ်မှုကြောင့် ပီတိဖြစ်ပြီး ပျော်ရွှင်နေရတာဖြစ်ပါတယ်နော်။ အခုဆိုရင်တော့ နန္ဒာလှိုင်က”ကလေးတွေသူ့
ဘွားဘွားကိုကန်တော့ရင်ဘွားဘွားကပိုက်ဆံအသစ်လေးတွေလဲထားပြီးမုန့်ဖိုးပေးတယ်။မေမေ ကလေးတွေကိုကန်တော့တိုင်းမုန့်ဖိုးမပေးနဲ့ဆိုတော့ငါကနည်းနည်းပဲပေးတာတဲ့ အဲ့ဒါနဲ့ကလေးတွေကိုမှာ
တယ်ကန်တော့လို့ဖွားဖွားမုန့်ဖိုးပေးရင်အမြဲတမ်းမယူရဘူးနော်လို့အကြီးနှစ်ယောက်က ok ပါတယ် မယ်ထွေးလေးကကန်တော့ပြီးလို့ဖွားဖွားမုန့်ဖိုးလည်းပေးရော ဖွားဖွားသမီးမယူဘူးတဲ့ ဖွားဖွားပိုက်ဆံတွေစုပြီးမေမေ့ကိုပေးလိုက်နော်တဲ့ မေမေအိမ်ဆောက်မလို့တဲ့”ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်နော်။
Source : Nandar Hlaing’s Facebook
Add a Comment
Your email address will not be published. Required fields are marked *