မိဘမဲ့ကလေးဂေဟာဖွင့်ထားတဲ့ ခိုင်နှင်းဝေကို သဘောကျလေးစားကြောင်း ချီးကျူးခဲ့တဲ့ ထူးအယ်လင်း







Read in UNICODE

ပရိသတ်တို့ရေ တေးသံရှင်ထူးအယ်လင်းဟာဆိုရင် ရော့ခ်သီချင်းကောင်းလေးတွေကို ပုံမှန်သီဆိုတတ်သူတစ်ဦးဖြစ်ပြီး ပရိသတ်တွေရဲ့ ထောက်ခံအားပေးမှုကို ဆယ်စုနှစ်(၂)ခုကျော်ကြာ သိမ်းပိုက်ရရှိထားသူ တစ်ဦးပဲ ဖြစ်ပါတယ်။ ထူးအယ်လင်းဟာ ဆိုင်ကယ်စီးရတာ ဝါသနာပါသူတစ်ဦးဖြစ်ပြီး ဆိုင်ကယ်အဖွဲ့တွေ စုပေါင်းလို့ ပရဟိတ လုပ်ငန်းလေးတွေကို

လိုက်လံကူညီလုပ်ဆောင်ပေးရာမှာ ဦးဆောင်ဦးရွက်ပြုပေးတတ်သူ တစ်ဦးပဲ ဖြစ်ပါတယ်။ ထူးအယ်လင်းဟာဆိုရင် ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်ရာမှာ စေတနာထားသူ တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံအနှံအပြားက ဘုရားအို၊ ဘုရားပျက်တွေကို ပြန်လည်ပြုပြင်မွန်းမံပေးခြင်း၊ သဘာဘေး စစ်ဘေးဒဏ် ကြုံတွေ့နေရတဲ့ ဒေသက လိုအပ်နေသူတွေကို ကူညီလှူးဒါန်းပေးနေတာပဲ ဖြစ်ပါတယ်။

မိသားစုဘဝအနေနဲ့လည်းထူးအယ်လင်းဟာ ချစ်ရတဲ့ ဇနီးချောလေးနဲ့အတူ အလွန်ချစ်ခင်စရာကောင်းတဲ့ သားသမီးလေးတွေကို ပိုင်ဆိုင်ထားရပြီး သူတို့ရဲ့ မိသားစုဘဝ ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပုံမှန်မျှဝေပေးတတ်သူ တစ်ဦးပဲ ဖြစ်ပါတယ်။

အခုလို နေရာဒေသအနှံ့အပြားက လိုအပ်နေသူတွေကို လိုက်လံကူညီပေးနေတတ်တဲ့ ပရဟိတမင်းသားကြီးလို့တောင် တင်စားရမယ့် ထူးအယ်လင်းဟာဆိုရင် ကလေးငယ်လေးတွေကို ကူညီစောင့်ရှောက်ပေးနိုင်ဖို့အတွက် ဂေဟာတစ်ခုကို ဖွင့်လှစ်ပေးထားပြီး ကူညီစောင့်ရှောက်ပေးနေတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေကို ဖေ့စ်ဘွတ်ကနေတစ်ဆင့် ချီးကျူးစကားဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ထူးအယ်လင်းဟာဆိုရင် သူနဲ့ခိုင်နှင်းဝေရဲ့ ယခင်တုန်းက အမှတ်တရဓာတ်ပုံလေးကို”မင်္ဂလာပါ 🤗 သူ့ကို သဘောကျတယ် သူ့မှာ ကလေးတွေအများကြီးပဲ 😁 မိဘမဲ့ကလေးတွေအတွက် ပရဟိတဂေဟာဖွင့်ထားတာ နဲတဲ့ သတ္တိလားဗျာ 👍👍👍လေးစားပါတယ် ညီမ 💪💪💪” လို့ရေးသားရင်း မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးတို့ရေ ပရဟိတသူရဲကောင်းကြီး ထူးအယ်လင်းရဲ့ ပရဟိတမင်းသမီးလေး ခိုင်နှင်းဝေကို အခုလို ချီးကျူးအားပေးမှုဟာဆိုရင် လိုအပ်နေသူတွေကို အကူအညီပေးနေသူအချင်းချင်းကြား အင်မတန်မှ ပီတိဖြစ်ဖွယ် အပြုအမူလေးတစ်ခုပဲ ဖြစ်ပါတယ်။

Source : Htoo El Lynn’s Facebook

Add a Comment

Your email address will not be published. Required fields are marked *