ဖခင္ေလာင္းျဖစ္သူ စည္ၿဖိဳးက သူမထက္ပိုၿပီး အစားအေသာက္ဆင္ျခင္ၿပီး အားရွိေအာင္ေနၿပီး သဲသဲလွဳပ္ျဖစ္ေနေၾကာင္း ေျပာျပခဲ့တဲ့ ခင္လႊမ္း

စည္ျဖိဳးနဲ့ ခင္လႊမ္းတို့ကေတာ့ ခ်စ္သူေတြအျဖစ္တစ္ေယာက္နဲ့တစ္ေယာက္ အတူတကြေနထိုင္ခဲ့ျပီး မေမွ်ာ္လင့္ပဲ ကေလးရသြားခဲ့တာေၾကာင့္ နွစ္ဖက္မိဘသေဘာတူၾကည္ျဖဴစြာနဲ့ လက္ထပ္ခဲ့ၾကသူမ်ား ျဖစ္ၾကပါတယ္။ စည္ျဖိဳးနဲ့ ခင္လႊမ္းတို့ကေတာ့ အခုဆိုရင္ ၾကင္စဦးဇနီးေမာင္နွံဘဝကို ျဖတ္သန္းရင္း ရင္ေသြးေလးကို ဂရုစိုက္ေစာင့္ေရွာက္ေနၾကတာပဲ

ျဖစ္ပါတယ္။ စည္ျဖိဳးတို့နွစ္ေယာက္စလံုးက လက္ရိွမွာေတာ့ အနုပညာလႈပ္ရွားမႈေတြအားလံုးကို ရပ္နားထားေပမယ့္ ပရိသတ္ေတြရဲ့ စိတ္ဝင္စားအားေပးျခင္းကို ခံေနရတာပဲ ျဖစ္ပါတယ္။ လက္ရိွမွာေတာ့ ရင္ေသြးေလးအတြက္ နွစ္ေယာက္သား အရိပ္တၾကည့္ၾကည့္နဲ့ ဂရုစိုက္ေစာင့္ေရွာက္ေနတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ခင္လႊမ္းက ကိုယ္ဝန္ေဆာင္ထက္ေတာင္

အစားအေသာက္ဆင္ျခင္ျပီး အားရိွေအာင္ေနတဲ့ ဖခင္ေလာင္းစည္ျဖိဳးရဲ့ သည္းသည္းလႈပ္ပံုကို သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာကေနတဆင့္ အခုလိုပဲ ေျပာလာပါတယ္။ စည္ျဖိဳးက ၾကက္ဥနဲ့ ပ်ားရည္ကို စားျပီး သူကိုယ္တိုင္ကအစ အားရိွေအာင္ေနေနတာေၾကာင့္ ခင္လႊမ္းခမ်ာ သေဘာက်ခဲ့ရတာ ျဖစ္ပါတယ္။ စည္ျဖိဳးကေတာ့

ဖခင္ေလာင္းတစ္ေယာက္ပီပီ သူ့ရဲ့ ပထမဦးဆံုးရင္ေသြးေလးအတြက္ စိတ္လႈပ္ရွားရင္ခုန္ေနတာပဲ ျဖစ္ပါတယ္။ စည္ျဖိဳးနဲ့ ခင္လႊမ္းတို့ ဇနီးေမာင္နွံရဲ့ ရင္ေသြးေလးလည္း က်န္းက်န္းမာမာနဲ့ လူ့ေလာကၾကီးထဲေရာက္ရိွလာေစဖို့ ဆုေတာင္းေပးလုိက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Read in UNICODE

စည်ဖြိုးနဲ့ ခင်လွှမ်းတို့ကတော့ ချစ်သူတွေအဖြစ်တစ်ယောက်နဲ့တစ်ယောက် အတူတကွနေထိုင်ခဲ့ပြီး မမျှော်လင့်ပဲ ကလေးရသွားခဲ့တာကြောင့် နှစ်ဖက်မိဘသဘောတူကြည်ဖြူစွာနဲ့ လက်ထပ်ခဲ့ကြသူများ ဖြစ်ကြပါတယ်။ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ကတော့ အခုဆိုရင် ကြင်စဦးဇနီးမောင်နှံဘဝကို ဖြတ်သန်းရင်း ရင်သွေးလေးကို ဂရုစိုက်စောင့်ရှောက်နေကြတာပဲ

ဖြစ်ပါတယ်။ စည်ဖြိုးတို့နှစ်ယောက်စလုံးက လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေအားလုံးကို ရပ်နားထားပေမယ့် ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးခြင်းကို ခံနေရတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရင်သွေးလေးအတွက် နှစ်ယောက်သား အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်စောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ခင်လွှမ်းက ကိုယ်ဝန်ဆောင်ထက်တောင်

အစားအသောက်ဆင်ခြင်ပြီး အားရှိအောင်နေတဲ့ ဖခင်လောင်းစည်ဖြိုးရဲ့ သည်းသည်းလှုပ်ပုံကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် အခုလိုပဲ ပြောလာပါတယ်။ စည်ဖြိုးက ကြက်ဥနဲ့ ပျားရည်ကို စားပြီး သူကိုယ်တိုင်ကအစ အားရှိအောင်နေနေတာကြောင့် ခင်လွှမ်းခမျာ သဘောကျခဲ့ရတာ ဖြစ်ပါတယ်။ စည်ဖြိုးကတော့

ဖခင်လောင်းတစ်ယောက်ပီပီ သူ့ရဲ့ ပထမဦးဆုံးရင်သွေးလေးအတွက် စိတ်လှုပ်ရှားရင်ခုန်နေတာပဲ ဖြစ်ပါတယ်။ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ ဇနီးမောင်နှံရဲ့ ရင်သွေးလေးလည်း ကျန်းကျန်းမာမာနဲ့ လူ့လောကကြီးထဲရောက်ရှိလာစေဖို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source : Khin Hlwan’s Facebook

Add a Comment

Your email address will not be published. Required fields are marked *