ဇနီးျဖစ္သူက သူဆိုးခဲ့သမွ် သည္းခံခဲ့ၿပီး သားသမီးေတြအေပၚမွာလဲ မိခင္ေကာင္းတစ္ေယာက္ပီသေၾကာင္း ခ်ီးက်ဴးၿပီး ေမြးေန႔ဆုေတာင္းေပးခဲ့တဲ့ ခင္လွိုင္

ခင္လႈိင္ကေတာ့ ပရိသတ္ေတြရဲ႕ခ်စ္ခင္အားေပးမႈကို အျပည့္အဝရရွိထားတဲ့ ပရိသတ္အခ်စ္ေတာ္ အႏုပညာရွင္တစ္ဦးပဲ ျဖစ္ပါတယ္ ။ ခင္လႈိင္က ယေန႔အခ်ိန္အထိ ဗီဒီယို၊႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာပါဝင္သ႐ုပ္ေဆာင္ခဲ့သလို ကိုယ္တိုင္ဒါ႐ိုက္တာအျဖစ္လည္း ဇာတ္ကားေတြ႐ိုက္ကူးေနတာ ျဖစ္ပါတယ္ ။ စိတ္ထားေကာင္းၿပီး ေပ်ာ္ေပ်ာ္ေနတဲ့ ခင္လႈိင္က အားလုံးၾကားမွာ

အၿမဲတမ္း လူခ်စ္လူခင္ေပါမ်ားလို႔ေနတာပဲ ျဖစ္ပါတယ္ ။ ႏွစ္ေပါင္းမ်ားစြာတိုင္ေအာင္ အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြမ်ားစြာနဲ႔ ရပ္တည္ေနသူလည္း ျဖစ္ပါတယ္။လူ႐ႊင္ေတာ္မွတစ္ဆင့္ သ႐ုပ္ေဆာင္အလုပ္ေတြကို လုပ္ကိုင္လာခဲ့သူတစ္ေယာက္ဆိုရင္လည္း မမွားႏိုင္ပါဘူးေနာ္။ ခင္လႈိင္ဟာ ဟာသဘက္တြင္သာမက ဒရမ္မာ ႐ုပ္ဇာတ္ေတြကိုလည္း ပီျပင္ေအာင္ သ႐ုပ္ေဆာင္ႏိုင္တဲ့ ဝါရင့္ သ႐ုပ္ေဆာင္ တစ္ဦးပဲ ျဖစ္ပါတယ္။ ဒီေန႔ေလးကေတာ့

ခ်စ္ဇနီးေလးရဲ႕ေမြးေန႔ရက္ျမတ္ေလးလည္းျဖစ္ပါတယ္။ ေမြးေန႔ေလးမွာ သူတစ္ခ်ိန္က ဆိုးေပေတခဲ့သမွ်ကိုနားလည္ခြင့္လြတ္ေပးၿပီး အရာရာျဖည့္ဆည္းေပးခဲ့တဲ့ ဇနီးေလးကို အခုလိုစာေလးေရးဖြဲ႕ကာ ေက်းဇူးတင္စကားေလးဆိုရင္းေမြးေန႔ေလးကို အမွတ္တရပုံေလးေတြနဲ႔ဆုေတာင္းေပးခဲ့တာျဖစ္ပါတယ္ ။ စာေလးကေတာ့ ” သားကိုသခင္…လင္ကိုဘုရား… ကြၽန္ေတာ္ငယ္ထဲကၾကားဘူးခဲ့တဲ့စကားေလးပါ… အဲ့ဒီစကားေလးရဲ႕အဓိပၸါယ္ကိုေတာ့ကြၽန္ေတာ္အခုအခ်ိန္ေရာက္

မွေသေသခ်ာခ်ာနားလည္လာခဲ့တာပါ ခုလိုနားလည္လာခဲ့ရတာလဲ ကြၽန္ေတာ့္ရဲ႕ရႈ႕မၿငီးတဲ့ ခ်စ္ဇနီးေၾကာင့္ေပါ့ကြၽန္ေတာ္လိုအပ္ေနတာမွန္သမွ်..သူအလိုလိုသိတယ္ကြၽန္ေတာ္ျဖစ္ခ်င္တဲ့အရာမွန္သမွ်..သူလိုက္ေလွ်ာတယ္ ကြၽန္ေတာ္ဆိုးေပေတခဲ့သမွ်…သူသည္းခံၿပီးခ်စ္ခဲ့တယ္ သားသမီးေတြလိုအပ္တာမွန္သမွ်..သူျဖည့္ဆည္းခဲ့တယ္ သားသမီးေတြအတြက္လိုအပ္လာၿပီဆိုရင္..သူအလြန္ျမတ္ႏိုးတန္ဖိုးထားတဲ့သူရဲ႕

လက္ဝတ္ရတာနာေတြကို ေရာင္းခ်ေပးၿပီးအၿပီဳးမပ်က္ေပ်ာ္ေနတတ္တယ္ ကြၽန္ေတာ္ပင္ပန္းသလိုသူလဲထပ္တူအပင္ပန္းခံၿပီးမိသားစုအတြက္ႀကိဳးစားေပးခဲ့တဲ့ ကြၽန္ေတာ္ခ်စ္ေသာကြၽန္ေတာ္တို႔ကိုခ်စ္ေသာ မငယ္ေလး ..သို႔မဟုက္..မေငြသိမ္းေမြးေန႔ရက္ျမတ္မဂၤလာမွစၿပီးဘဝတစ္ေလွ်ာက္လုံးငယ္ေလးခ်စ္တဲ့မိသားစုႀကီးႏွင့္မခြဲမခြါအတူတကြ သာယာေပ်ာ္႐ႊင္ႏိုင္ပါေစ မေငြသိမ္းေရ မွတ္ခ်က္…ေမြးေန႔လက္ေဆာင္ကေတာ့ ငဗစ္အလြန္” ဆိုတဲ့စာေလးကိုေရးသားေဖာ္ျပခဲ့ရာ ပရိသတ္ႀကီးလည္း ၾကည့္ရႈႏိုင္ေစရန္ မွ်ေဝေပးလိုက္ပါတယ္ ။

Read in UNICODE

ခင်လှိုင်ကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ် ။ ခင်လှိုင်က ယနေ့အချိန်အထိ ဗီဒီယို၊ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါဝင်သရုပ်ဆောင်ခဲ့သလို ကိုယ်တိုင်ဒါရိုက်တာအဖြစ်လည်း ဇာတ်ကားတွေရိုက်ကူးနေတာ ဖြစ်ပါတယ် ။ စိတ်ထားကောင်းပြီး ပျော်ပျော်နေတဲ့ ခင်လှိုင်က အားလုံးကြားမှာ

အမြဲတမ်း လူချစ်လူခင်ပေါများလို့နေတာပဲ ဖြစ်ပါတယ် ။ နှစ်ပေါင်းများစွာတိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေများစွာနဲ့ ရပ်တည်နေသူလည်း ဖြစ်ပါတယ်။လူရွှင်တော်မှတစ်ဆင့် သရုပ်ဆောင်အလုပ်တွေကို လုပ်ကိုင်လာခဲ့သူတစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ ခင်လှိုင်ဟာ ဟာသဘက်တွင်သာမက ဒရမ်မာ ရုပ်ဇာတ်တွေကိုလည်း ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ ဝါရင့် သရုပ်ဆောင် တစ်ဦးပဲ ဖြစ်ပါတယ်။ ဒီနေ့လေးကတော့

ချစ်ဇနီးလေးရဲ့မွေးနေ့ရက်မြတ်လေးလည်းဖြစ်ပါတယ်။ မွေးနေ့လေးမှာ သူတစ်ချိန်က ဆိုးပေတေခဲ့သမျှကိုနားလည်ခွင့်လွတ်ပေးပြီး အရာရာဖြည့်ဆည်းပေးခဲ့တဲ့ ဇနီးလေးကို အခုလိုစာလေးရေးဖွဲ့ကာ ကျေးဇူးတင်စကားလေးဆိုရင်းမွေးနေ့လေးကို အမှတ်တရပုံလေးတွေနဲ့ဆုတောင်းပေးခဲ့တာဖြစ်ပါတယ် ။ စာလေးကတော့ ” သားကိုသခင်…လင်ကိုဘုရား… ကျွန်တော်ငယ်ထဲကကြားဘူးခဲ့တဲ့စကားလေးပါ… အဲ့ဒီစကားလေးရဲ့အဓိပ္ပါယ်ကိုတော့ကျွန်တော်အခုအချိန်ရောက်

မှသေသေချာချာနားလည်လာခဲ့တာပါ ခုလိုနားလည်လာခဲ့ရတာလဲ ကျွန်တော့်ရဲ့ရှု့မငြီးတဲ့ ချစ်ဇနီးကြောင့်ပေါ့ကျွန်တော်လိုအပ်နေတာမှန်သမျှ..သူအလိုလိုသိတယ်ကျွန်တော်ဖြစ်ချင်တဲ့အရာမှန်သမျှ..သူလိုက်လျှောတယ် ကျွန်တော်ဆိုးပေတေခဲ့သမျှ…သူသည်းခံပြီးချစ်ခဲ့တယ် သားသမီးတွေလိုအပ်တာမှန်သမျှ..သူဖြည့်ဆည်းခဲ့တယ် သားသမီးတွေအတွက်လိုအပ်လာပြီဆိုရင်..သူအလွန်မြတ်နိုးတန်ဖိုးထားတဲ့သူရဲ့

လက်ဝတ်ရတာနာတွေကို ရောင်းချပေးပြီးအပြီုးမပျက်ပျော်နေတတ်တယ် ကျွန်တော်ပင်ပန်းသလိုသူလဲထပ်တူအပင်ပန်းခံပြီးမိသားစုအတွက်ကြိုးစားပေးခဲ့တဲ့ ကျွန်တော်ချစ်သောကျွန်တော်တို့ကိုချစ်သော မငယ်လေး ..သို့မဟုက်..မငွေသိမ်းမွေးနေ့ရက်မြတ်မင်္ဂလာမှစပြီးဘဝတစ်လျှောက်လုံးငယ်လေးချစ်တဲ့မိသားစုကြီးနှင့်မခွဲမခွါအတူတကွ သာယာပျော်ရွှင်နိုင်ပါစေ မငွေသိမ်းရေ မှတ်ချက်…မွေးနေ့လက်ဆောင်ကတော့ ငဗစ်အလွန်” ဆိုတဲ့စာလေးကိုရေးသားဖော်ပြခဲ့ရာ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ် ။

Source : Khin Hlaing’s Facebook

Add a Comment

Your email address will not be published. Required fields are marked *