သိန်းချီတန်တဲ့ စိန်လက်စွပ်တွေ တစ်ယောက်တစ်ကွင်းဝတ်ပြီး ချစ်သူသက်တမ်း(၅) နှစ်ပြည့်လေးမှာ အပြတ်ကြည်နူးနေကြတဲ့ ဝါဆိုမိုးဦးနဲ့ ဖြိုးလေးတို့ စုံတွဲ
Read in UNICODE
ဝါဆိုမိုးဦးကတော့ အဆိုတော်ဖြိုးလေးနဲ့ မေတ္တာမျှလာခဲ့တာ ချစ်သူသက်တမ်း(၅)နှစ်ပြည့်သွားပြီဖြစ်ပါတယ်နော်။ဝါဆိုနဲ့ဖြိုးလေးတို့က တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်နဲ့ချစ်ကြပြီး လူငယ်ပီပီ အရမ်းရိုတတ်ကြတဲ့စုံတွဲလေးဖြစ်လို့ ပရိသတ်တွေကြားမှာရေပန်းစားနေတာ
ဖြစ်ပါတယ်။ဖြိုးလေးကလည်း ချစ်သူလေးကို စိတ်ချမ်းသာအောင်ထားပေးပြီး အမြဲပျော်ရွှင်မှုတွေပဲဖန်တီးပေးနေတဲ့ ချစ်သူကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။ ဝါဆိုမိုးဦးတို့စုံတွဲက သူငယ်ချင်းအပေါင်းအသင်းလည်းများတာကြောင့် ခရီးတွေဆိုလည်း အတူတူသွားကြတာ
ဖြစ်ပါတယ်။လက်ရှိမှာလည်း ဝါဆိုမိုးဦးနဲ့ဖြိုးလေးတို့က အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေကြဆဲဖြစ်ပါတယ်နော်။စိတ်တူကိုယ်တူနဲ့ချစ်နေကြတဲ့ ဝါဆိုတို့စုံတွဲလေးကတော့ တစ်နှစ်ပြီးတစ်နှစ်ဖြတ်သန်းလာကြတာ ချစ်သူသက်တမ်းကလည်း(၅)နှစ်
တိုင်သွားပြီဖြစ်လို့ ပရိသတ်တွေကလည်း သူမတို့နဲ့ထပ်တူ ပျော်ရွှင်ကြည်နူးနေရတာဖြစ်ပါတယ်။ ဝါဆိုမိုးဦးတို့ချစ်သူနှစ်ယောက်က ချစ်သူသက်တမ်း(၅)နှစ်ပြည့်အတွက် “ခိုင်နှင်းဝေရင်‌သွေးလေးများဂေဟာ”မှာ သွားရောက်လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း (၅)နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့
ဝါဆိုတို့ချစ်သူနှစ်ယောက်က တန်ဖိုးကြီးစိန်လက်စွပ်တွေကို တစ်ယောက်တစ်ကွင်းဝတ်လိုက်ကြတာဖြစ်ပါတယ်။စိန်လက်စွပ်တွေကလည်း ကြည့်ရုံနဲ့တင် သိန်းချီတန်မှန်းသိသာပြီး အရောင်တွေတလက်လက်တောက်ပနေလို့ သူမတို့ချစ်သူနှစ်ယောက်ရဲ့လက်လေးတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်နော်။
Source : Warso Moe Oo’s Facebook
Add a Comment
Your email address will not be published. Required fields are marked *