ဇာတ်ပို့ဇာတ်ရံတွေကို အလုပ်ပြီးလို့ ကန်တော့ရင်း အဆင်မပြေမှုတွေအမျိုးမျိုး ရင်ဖွင့်ခဲ့ကြတာကြောင့် စိတ်မကောင်းဖြစ်နေရတဲ့ ဖြူဖြူထွေး






Read in UNICODE

ဖြူဖြူထွေးကတော့ အွန်လိုင်းပေါ်မှာ နာမည်ကြီးလာခဲ့ရာမှ အခုဆိုရင် အွန်လိုင်းဆယ်လီတစ်ယောက် ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးကတော့ အွန်လိုင်းကနေ ကြော်ငြာတွေကို ရိုက်ကူးပေးနေတဲ့အပြင် ရုပ်ရှင်ဇာတ်ကားအချို့မှာလည်း

ပါဝင်သရုပ်ဆောင်နေရပြီပဲ ဖြစ်ပါတယ်။ တစ်နေ့တစ်ခြား အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်နေပြီဖြစ်တဲ့ ဖြူဖြူထွေးက သူမတတ်နိုင်သလောက် အလှူအတန်းတွေကိုလည်း ပြုလုပ်ရင်း နေ့ရက်တိုင်းကို ကုသိုလ်တွေနဲ့ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံကျော်

ဇာတ်ပို့သရုပ်ဆောင်တွေကို ခေါ်ယူပြီး ကြော်ငြာတွေရိုက်ကူးနေတဲ့ ဖြူဖြူထွေးက ကြော်ငြာရိုက်ကူးပြီးချိန်တိုင်းမှာ ဇာတ်ပို့သရုပ်ဆောင်တွေကို ကန်တော့နေကျပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဖြူဖြူထွေးက

ရှုတင်အပြီး ကန်တော့နေရင်းနဲ့ တစ်ယောက်တစ်မျိုး အဆင်မပြေမှုတွေကို ဖွင့်ဟလာတဲ့ ဇာတ်ပို့သရုပ်ဆောင်တွေကြောင့် စိတ်မကောင်းဖြစ်ခဲ့ရတဲ့အကြောင်းကို အခုလိုပဲ ဗီဒီယိုလေးနဲ့တကွ ပြသလာပါတယ်။ ဖြူဖြူထွေးကတော့ စားဝတ်နေရေးကြပ်တည်းနေကြတဲ့ ဇာတ်ပို့သရုပ်ဆောင်ကြီးတွေကို

တတ်နိုင်သလောက်ကူညီရင်း သူမရဲ့ ကြော်ငြာတွေမှာ ထည့်သွင်းအသုံးပြုနေတာပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးတစ်ယောက် ဒီထက်မက ခက်ခဲနေသူတွေကို ကူညီဖေးမပေးနိုင်ကြပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source : Phyu Phyu Htwe’s Facebook

Add a Comment

Your email address will not be published. Required fields are marked *