ချစ်ဇနီးလေးကို မင်္ဂလာသက်တမ်း(၆) နှစ်ပြည့်အနေနဲ့ တန်ဖိုးကြီး လက်ဆောင်ပစ္စည်းတွေနဲ့ စပရိုက်လုပ်ပေးခဲ့တဲ့ ထူးခြား
Read in UNICODE
ထူးခြားကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုအပြည့်အဝရရှိထားတဲ့သူပဲဖြစ်ပါတယ်။ ထူးခြားကတော့ လက်ရှိမှာ ဗီဒီယိုဇာတ်ကားတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေကို ပိုပြီး သရုပ်ဆောင်ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ဒါ့အပြင်
ပိုမိုအောင်မြင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေတဲ့သူပဲဖြစ်ပါတယ်။ ထူးခြားက ကိုဗစ်ကာလလေးမှာ အနုပညာအလုပ်တွေကို ခဏတာ ရပ်နားထားပြီး ကိုယ်ပိုင်စီးပွားရေး အလုပ်ကိုလည်း လုပ်ကိုင်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် သာယာပျော်ရွှင်တဲ့
အိမ်ထောင်ရေးလေးကို တည်ဆောက်ထားတဲ့ ထူးခြားကတော့ ယနေ့မှာ မင်္ဂလာနှစ်သက်တမ်း (၆)နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ မင်္ဂလာသက်တမ်း (၆) နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ချစ်ဇနီးချော တန်ဖိုးကြီး လက်ဆောင်လေးနဲ့ Suriprise လုပ်ပေးခဲ့တာကို
ဇနီးဖြစ်သူက လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြလာခဲ့ပါတယ်။ ဒီတန်ဖိုးကြီး လက်ဆောင်ကတော့ ရွှေသားကြီးပဲပြုလုပ်ထားတဲ့ လက်ဝတ်ရတနာ ပဲဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ဇနီးဖြစ်သူက “Anniversary gift လေး
လက်ခံရရှိ ၆နှစ်ဆိုပါ့လား?? မြန်ချက်နော်….. ဘဝကြီးကိုခံစားမှုရောင်စုံဘောလုံးဖန်တီးပေးသောဘိုးတော်….ချစ်တယ်” ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ…ပရိသတ်ကြီးရေ မင်္ဂလာသက်တမ်း ၆ နှစ်ပြည့်သွားတဲ့ ထူးခြားတို့ ဇနီးမောင်တို့ကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်…။
Source : Khaing Oo’s Facebook
Add a Comment
Your email address will not be published. Required fields are marked *