အဓိဌာန္ဝင္ခါနီး တိုက္တိုက္ဆိုင္ဆိုင္နဲ႔ လက္ေဆာင္ေလးတစ္ခု ထူးျခားစြာ ရရွိခဲ့တယ္ဆိုတဲ့ မိုးမိုး

ဂီတေလာကမွာ မိုးမိုးကေတာ့ ေအာင္ျမင္မႈေတြရရွိေနတဲ့ အဆိုေတာ္ေတြထဲ တစ္ေယာက္အပါအဝင္ျဖစ္ၿပီ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကို ရရွိထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ မိုးမိုးက အဆိုေတာ္တစ္ေယာက္အျပင္ ဗီဒီယိုဇာတ္ကားေတြထဲမွာလည္း

ပါဝင္သ႐ုပ္ေဆာင္တာ ေတြ႕ရပါတယ္။ ယေန႔အခ်ိန္လည္း အႏုပညာအလုပ္ေတြကို ျဖည္းျဖည္းခ်င္း လုပ္ကိုင္ေနသလို ကိုယ္ပိုင္စီးပြားေရး အလုပ္ကိုလည္း ရွာေဖြလုပ္ကိုင္ေနတာ ျဖစ္ပါတယ္။ မိုးမိုးက

လက္ရွိမွာ သာယာေပ်ာ္႐ႊင္စရာေကာင္းတဲ့ မိသားစုေလးပိုင္ဆိုင္ထားၿပီး ေအးေအးခ်မ္းခ်မ္းေလး ျဖတ္သန္းေနထိုင္ေနတာ ျဖစ္ပါတယ္။ဒါ့အျပင္ အသက္ငယ္႐ြယ္ေပမဲ့ ဘာသာတရားကိုလည္း အထူးကိုင္းရႈိင္းတဲ့သူ ျဖစ္တာေၾကာင့္

လူအမ်ားခ်စ္ခင္မႈကို ရရွိထားတာျဖစ္ပါတယ္။ ယခုမွာေတာ့ မိုးမိုးက ထူးထူးျခားျခား ျဖစ္စဥ္တစ္ခုကို ပရိသတ္ေတြအတြက္ ေျပာျပလာခဲ့ပါတယ္။ ဒီထူးျခားမႈေလးကေတာ့ ေညာင္ဆယ္ပင္

အဓိဌာန္ဝင္ခါနီး တစ္ရက္အလိုမွာ ေ႐ႊေခါင္းေလာင္းေလးတစ္လုံးကို တိုက္တိုက္ဆိုင္ဆိုင္ ရရွိခဲ့တာျဖစ္ပါတယ္။ ဒီအေၾကာင္းေလးနဲ႔ ပတ္သက္ၿပီး မိုးမိုးက “မနက္ျဖန္ ေညာင္ဆယ္ပင္ဝင္မယ္…ဒီေန႔ ထူးျခားတိုက္ဆိုင္စြာ

ေ႐ႊေခါင္းေလာင္းေလးေတြလက္ေဆာင္ရတယ္ …ဤသို႔ျပဳရ ကုသလေၾကာင့္ ေလာကီ ေလာကုတၱရာ ႏွစ္ျဖာစလုံးမွာ ေအာင္ျမင္ထူးျခား ေပါက္ေျမာက္ပါေစ ကိုေပါက္တူးေရ ” ဆိုၿပီး ေရးသားထားပါတယ္။

Read in UNICODE

ဂီတလောကမှာ မိုးမိုးကတော့ အောင်မြင်မှုတွေရရှိနေတဲ့ အဆိုတော်တွေထဲ တစ်ယောက်အပါအဝင်ဖြစ်ပြီ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် မိုးမိုးက အဆိုတော်တစ်ယောက်အပြင် ဗီဒီယိုဇာတ်ကားတွေထဲမှာလည်း

ပါဝင်သရုပ်ဆောင်တာ တွေ့ရပါတယ်။ ယနေ့အချိန်လည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်း လုပ်ကိုင်နေသလို ကိုယ်ပိုင်စီးပွားရေး အလုပ်ကိုလည်း ရှာဖွေလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ မိုးမိုးက

လက်ရှိမှာ သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးပိုင်ဆိုင်ထားပြီး အေးအေးချမ်းချမ်းလေး ဖြတ်သန်းနေထိုင်နေတာ ဖြစ်ပါတယ်။ဒါ့အပြင် အသက်ငယ်ရွယ်ပေမဲ့ ဘာသာတရားကိုလည်း အထူးကိုင်းရှိုင်းတဲ့သူ ဖြစ်တာကြောင့်

လူအများချစ်ခင်မှုကို ရရှိထားတာဖြစ်ပါတယ်။ ယခုမှာတော့ မိုးမိုးက ထူးထူးခြားခြား ဖြစ်စဉ်တစ်ခုကို ပရိသတ်တွေအတွက် ပြောပြလာခဲ့ပါတယ်။ ဒီထူးခြားမှုလေးကတော့ ညောင်ဆယ်ပင်

အဓိဌာန်ဝင်ခါနီး တစ်ရက်အလိုမှာ ရွှေခေါင်းလောင်းလေးတစ်လုံးကို တိုက်တိုက်ဆိုင်ဆိုင် ရရှိခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းလေးနဲ့ ပတ်သက်ပြီး မိုးမိုးက “မနက်ဖြန် ညောင်ဆယ်ပင်ဝင်မယ်…ဒီနေ့ ထူးခြားတိုက်ဆိုင်စွာ

ရွှေခေါင်းလောင်းလေးတွေလက်ဆောင်ရတယ် …ဤသို့ပြုရ ကုသလကြောင့် လောကီ လောကုတ္တရာ နှစ်ဖြာစလုံးမှာ အောင်မြင်ထူးခြား ပေါက်မြောက်ပါစေ ကိုပေါက်တူးရေ ” ဆိုပြီး ရေးသားထားပါတယ်။

Source : Moe Si Thu Kyaw’s Facebook

Add a Comment

Your email address will not be published. Required fields are marked *