ေၾကာ္ျငာဘုရင္မ ထက္ထက္မိုးဦးက အႏုပညာေမွာ္ေအာင္သူပါဆိုၿပီး ပြင့္ပြင့္လင္းလင္း ေဝဖန္ခ်ီးက်ဴးလိုက္တဲ့ ရဲေလးမ

သ႐ုပ္ေဆာင္ရဲေလးမဟာဆိုရင္ ယခင္ကာလ ဗီဒီယိုကားေတြမွာတည္းက ဇာတ္႐ုပ္ကို ပီျပင္ေအာင္ ပိုင္ပိုင္ႏိုင္ႏိုင္ သ႐ုပ္ေဆာင္ႏိုင္ခဲ့သူ တစ္ဦးပဲျဖစ္ပါတယ္။  သူ႔ရဲ႕ ခ်စ္စရာအျပဳအမူေလးေတြနဲ႔ ပြင့္လင္း႐ိုးသားတဲ့ အမူအရာေလးေတြေၾကာင့္ ပရိသတ္အမ်ားစုရဲ႕ ခ်စ္ခင္အားေပးမႈကို ရရွိထားသူ ရဲေလးမဟာ အင္တာဗ်ဴးေတြ ေျဖဆိုတဲ့အခါမွာလည္း သူ႔ရဲ႕ဘဝအေၾကာင္းကို ႐ိုး႐ိုးသားသားနဲ႔ အမွန္အတိုင္း မကြယ္မဝွက္ပဲ ေျဖဆိုတတ္သူျဖစ္တယ္ ဆိုတာလည္း မမွားပါဘူးေနာ္။ 

ေနာက္ပိုင္းမွာေတာ့ ႐ုပ္ရွင္ကားႀကီးေတြမွာပါ ပါဝင္႐ိုက္ကူးလာတာကို အေတြ႕ရမ်ားလာတဲ့ ရဲေလးမဟာဆိုရင္ ကိုဗစ္ကာလ ကား႐ိုက္ေတြနားတဲ့အခ်ိန္မွာေတာ့ အဝတ္အထည္ေတြကို Live Sales ေရာင္းခ်ေပးတဲ့လုပ္ငန္းနဲ႔ အသက္ေမြးဝမ္းေက်ာင္း ျပဳေနတာပဲ ျဖစ္ပါတယ္။

ဒီအင္တာဗ်ဴးေလးမွာေတာ့ သ႐ုပ္ေဆာင္ရဲေလးမအေနနဲ႔ “မထက္က အႏုပညာေမွာ္ေအာင္တဲ့သူပါ” လို႔ ေျဖၾကားရင္း ေၾကာ္ျငာဘုရင္မ ထက္ထက္မိုးဦးရဲ႕ အႏုပညာအရည္အခ်င္းနဲ႔ ပတ္သတ္လို႔ ေဝဖန္ခ်ီးက်ဴးခဲ့တာပဲ ျဖစ္ပါတယ္။

အမ်ားက ခ်စ္ခင္ေလးစားသမႈနဲ႔ မထက္လို႔ ေခၚေဝၚၾကတဲ့ သ႐ုပ္ေဆာင္ထက္ထက္မိုးဦးဟာဆိုရင္ တကယ့္ကို အႏုပညာေမွာ္ေအာင္သူတစ္ဦးျဖစ္ၿပီး သူ႔မဆီမွာ အတုယူစရာအခ်က္ေတြ အမ်ားႀကီးရွိတယ္လို႔ ရဲေလးမက ခ်ီးက်ဴးေျပာဆိုပါတယ္။ 

ေငြေရာင္ပိတ္ကားေပၚမွာ သာမက တီဗီဖန္စားျပင္ေပၚမွာပါ ပရိသတ္ခ်စ္ေအာင္ သ႐ုပ္ေဆာင္ျပႏိုင္ခဲ့ၿပီး သူမရဲ႕ေခတ္တစ္ေခတ္ရယ္လို႔ ျဖစ္သြားတဲ့အထိ ေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ ထက္ထက္မိုးဦးဟာ ဒီဘက္ေခတ္ ကိုဗစ္ကာလအတြင္း ေရပန္းစားလာတဲ့ အေရာင္းေၾကာ္ျငာသေဘာအရ Live Sale ေရာင္းခ်ေပးျခင္းမွာပါ ခ်စ္စရာေကာင္းေအာင္ အေအာင္ျမင္ဆုံး လုပ္ကိုင္သြားႏိုင္တယ္လို႔ ရဲေလးမက ဆိုပါတယ္။ 

Live Sales ေရာင္းခ်တဲ့အခါမွာ တစ္ဖက္ဝယ္သူကို ဆြဲေဆာင္ႏိုင္တဲ့ မထက္ရဲ႕ အႏုပညာပါရမီနဲ႔ ပတ္သတ္လို႔ ရဲေလးမက

“အခုလို Live လႊင္တဲ့အခ်ိန္မွာ တစ္ဖက္ကို ေခ်မိုးေနလို႔လည္း မရဘူး။ ကိုယ့္ပစၥည္းေတြေရာင္းထြက္သြားေအာင္ ႀကိဳးစားတဲ့အခါ သူေျပာေနတဲ့ အိုက္တင္ကိုက မဝယ္ခ်င္ရင္ေတာင္ ဝင္ၾကည့္သြားၿပီဆိုရင္ ဒါက သူ႔ရဲ႕ေအာင္ျမင္မႈ တစ္ခုပဲ။ ရဲေလးမတို႔ဆိုရင္လည္း မဝယ္ရင္ေတာင္မွ Live ကို Share ေပးတာဘာညာနဲ႔ ပရိသတ္ရဲ႕ အသိအမွတ္ျပဳမႈကို ရတဲ့အခါ ပရိသတ္ရဲ႕ ခ်စ္ခင္အားေပးမႈကို ကိုယ္ေတြက တိုက္႐ိုက္ထိေတြ႕ခြင့္ရတဲ့ သေဘာေပါ့ေနာ္။ မထက္လည္း သူ႔အပိုင္းမွာ ေတာ္ေတာ္ကိုထိန္းထားႏိုင္ေသးတယ္။ သူ႔ပရိသတ္ေတြကလည္း Live မွာ လိုက္ဝယ္ၿပီး အားေပးၾကတယ္။” လို႔ ရဲေလးမက ခ်ီးက်ဴးေျပာဆိုလိုက္တာပဲ ျဖစ္ပါတယ္။ 

ရဲေလးမက သူတို႔အေနနဲ႔ ေလးစားအားက်၊ အတုယူရမယ့္ Live Sales ေရာင္းခ်ေပးတဲ့ ဝါရင့္အႏုပညာရွင္ႀကီးေတြ အမ်ားအျပားရွိေနၿပီး ကိုရန္ေလး၊ မစိုးႀကီး၊ မမို႔ စတဲ့ အႏုပညာရွင္ေတြရဲ႕ စကားေျပာဟန္ေလးေတြဟာ ဆိုရင္လည္း အရမ္းပဲ ခ်စ္စရာေကာင္းတယ္လို႔ ရဲေလးမက ဆိုပါတယ္။

အဆိုပါ အႏုပညာရွင္ႀကီးမ်ားဟာဆိုရင္ ရဲေလးမတို႔ရဲ႕ သင္ဆရာ၊ ျမင္ဆရာ၊ ၾကားဆရာေတြ ျဖစ္ၾကၿပီး သူတို႔ေတြဆီက အတုယူလိုက္နာဖြယ္အခ်က္ေလးေတြကို ရဲေလးမတို႔အေနနဲ႔ အတူယူၾကရတယ္လို႔လည္း ေျပာျပပါတယ္။

မထက္ဟာဆိုရင္လည္း သူမရဲ႕ ေၾကာ္ျငာတစ္ေခတ္မွာ ရဲေလးမအေနနဲ႔ သူမရဲ႕ ပရိသတ္ျဖစ္ခဲ့ဖူးၿပီး ဟိုတုန္းက ဇာတ္ကားေတြမွာလည္း မထက္နဲ႔ ရင္းရင္းႏွီးႏွီး အတူတူ ပါဝင္႐ိုက္ကူးခဲ့ဖူးတယ္လို႔ ရဲေလးမက ျပန္လည္ေဝမွ်လာပါတယ္။ 

အခုလို ရဲေလးမတို႔ ေဖ့ဘြတ္ခ္မွာ Live လႊင့္ၿပီး ေဈးေရာင္းလာတဲ့ အခ်ိန္မွာလည္း မထက္အေနနဲ႔ Live Sales ေတြ ေရာင္းခ်ေပးေနတာ ျဖစ္တဲ့အတြက္ မထက္ဆီက ပရိသတ္ခ်စ္လာေအာင္ စကားေျပာဟန္ေလးေတြကို အတုယူရတယ္လို႔ ရဲေလးမက ပြင့္ပြင့္လင္းလင္း ထုတ္ေျပာလာပါတယ္။ 

ပရိသတ္ႀကီးတို႔ေရ သ႐ုပ္ေဆာင္ရဲေလးမဟာဆ္ိုရင္ မထက္ဆီကေန အခုလို အတုယူစရာအခ်က္ေလးေတြကို နည္းနာယူႏိုင္ခဲ့တဲ့အတြက္ ဒီအင္တာဗ်ဴးေလးကေနပဲ မထက္ကို ေက်းဇူးတင္စကားဆိုလိုက္ပါတယ္။ ရဲေလးမဟာ ဒီရက္ပိုင္း Live လႊင့္ၿပီး ေဈးေရာင္းတဲ့အခါ အျခားေသာ ဝါရင့္အႏုပညာရွင္မ်ားရဲ႕ အသံကို တုပေျပာဆိုတယ္ ဆိုတာက သူတို႔ကို ေလွာင္ေျပာင္ခ်င္လို႔ မဟုတ္ပဲ သူတို႔ရဲ႕အႏုပညာကို ခ်စ္ခင္ေလးစားတဲ့စိတ္နဲ႔ တုပေျပာဆိုခဲ့မိတာပါလို႔ ေျပာၾကားရင္း ဒီအင္တာဗ်ဴးေလးကို နိဂုံးခ်ဳပ္ေျဖၾကားေပးခဲ့ပါတယ္။

Read in UNICODE 

သရုပ်ဆောင်ရဲလေးမဟာဆိုရင် ယခင်ကာလ ဗီဒီယိုကားတွေမှာတည်းက ဇာတ်ရုပ်ကို ပီပြင်အောင် ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်ခဲ့သူ တစ်ဦးပဲဖြစ်ပါတယ်။  သူ့ရဲ့ ချစ်စရာအပြုအမူလေးတွေနဲ့ ပွင့်လင်းရိုးသားတဲ့ အမူအရာလေးတွေကြောင့် ပရိသတ်အများစုရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူ ရဲလေးမဟာ အင်တာဗျူးတွေ ဖြေဆိုတဲ့အခါမှာလည်း သူ့ရဲ့ဘဝအကြောင်းကို ရိုးရိုးသားသားနဲ့ အမှန်အတိုင်း မကွယ်မဝှက်ပဲ ဖြေဆိုတတ်သူဖြစ်တယ် ဆိုတာလည်း မမှားပါဘူးနော်။ 

နောက်ပိုင်းမှာတော့ ရုပ်ရှင်ကားကြီးတွေမှာပါ ပါဝင်ရိုက်ကူးလာတာကို အတွေ့ရများလာတဲ့ ရဲလေးမဟာဆိုရင် ကိုဗစ်ကာလ ကားရိုက်တွေနားတဲ့အချိန်မှာတော့ အဝတ်အထည်တွေကို Live Sales ရောင်းချပေးတဲ့လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေတာပဲ ဖြစ်ပါတယ်။

ဒီအင်တာဗျူးလေးမှာတော့ သရုပ်ဆောင်ရဲလေးမအနေနဲ့ “မထက်က အနုပညာမှော်အောင်တဲ့သူပါ” လို့ ဖြေကြားရင်း ကြော်ငြာဘုရင်မ ထက်ထက်မိုးဦးရဲ့ အနုပညာအရည်အချင်းနဲ့ ပတ်သတ်လို့ ဝေဖန်ချီးကျူးခဲ့တာပဲ ဖြစ်ပါတယ်။

အများက ချစ်ခင်လေးစားသမှုနဲ့ မထက်လို့ ခေါ်ဝေါ်ကြတဲ့ သရုပ်ဆောင်ထက်ထက်မိုးဦးဟာဆိုရင် တကယ့်ကို အနုပညာမှော်အောင်သူတစ်ဦးဖြစ်ပြီး သူ့မဆီမှာ အတုယူစရာအချက်တွေ အများကြီးရှိတယ်လို့ ရဲလေးမက ချီးကျူးပြောဆိုပါတယ်။ 

ငွေရောင်ပိတ်ကားပေါ်မှာ သာမက တီဗီဖန်စားပြင်ပေါ်မှာပါ ပရိသတ်ချစ်အောင် သရုပ်ဆောင်ပြနိုင်ခဲ့ပြီး သူမရဲ့ခေတ်တစ်ခေတ်ရယ်လို့ ဖြစ်သွားတဲ့အထိ အောင်မြင်ကျော်ကြားခဲ့တဲ့ ထက်ထက်မိုးဦးဟာ ဒီဘက်ခေတ် ကိုဗစ်ကာလအတွင်း ရေပန်းစားလာတဲ့ အရောင်းကြော်ငြာသဘောအရ Live Sale ရောင်းချပေးခြင်းမှာပါ ချစ်စရာကောင်းအောင် အအောင်မြင်ဆုံး လုပ်ကိုင်သွားနိုင်တယ်လို့ ရဲလေးမက ဆိုပါတယ်။ 

Live Sales ရောင်းချတဲ့အခါမှာ တစ်ဖက်ဝယ်သူကို ဆွဲဆောင်နိုင်တဲ့ မထက်ရဲ့ အနုပညာပါရမီနဲ့ ပတ်သတ်လို့ ရဲလေးမက

“အခုလို Live လွှင်တဲ့အချိန်မှာ တစ်ဖက်ကို ချေမိုးနေလို့လည်း မရဘူး။ ကိုယ့်ပစ္စည်းတွေရောင်းထွက်သွားအောင် ကြိုးစားတဲ့အခါ သူပြောနေတဲ့ အိုက်တင်ကိုက မဝယ်ချင်ရင်တောင် ဝင်ကြည့်သွားပြီဆိုရင် ဒါက သူ့ရဲ့အောင်မြင်မှု တစ်ခုပဲ။ ရဲလေးမတို့ဆိုရင်လည်း မဝယ်ရင်တောင်မှ Live ကို Share ပေးတာဘာညာနဲ့ ပရိသတ်ရဲ့ အသိအမှတ်ပြုမှုကို ရတဲ့အခါ ပရိသတ်ရဲ့ ချစ်ခင်အားပေးမှုကို ကိုယ်တွေက တိုက်ရိုက်ထိတွေ့ခွင့်ရတဲ့ သဘောပေါ့နော်။ မထက်လည်း သူ့အပိုင်းမှာ တော်တော်ကိုထိန်းထားနိုင်သေးတယ်။ သူ့ပရိသတ်တွေကလည်း Live မှာ လိုက်ဝယ်ပြီး အားပေးကြတယ်။” လို့ ရဲလေးမက ချီးကျူးပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။ 

ရဲလေးမက သူတို့အနေနဲ့ လေးစားအားကျ၊ အတုယူရမယ့် Live Sales ရောင်းချပေးတဲ့ ဝါရင့်အနုပညာရှင်ကြီးတွေ အများအပြားရှိနေပြီး ကိုရန်လေး၊ မစိုးကြီး၊ မမို့ စတဲ့ အနုပညာရှင်တွေရဲ့ စကားပြောဟန်လေးတွေဟာ ဆိုရင်လည်း အရမ်းပဲ ချစ်စရာကောင်းတယ်လို့ ရဲလေးမက ဆိုပါတယ်။

အဆိုပါ အနုပညာရှင်ကြီးများဟာဆိုရင် ရဲလေးမတို့ရဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ ဖြစ်ကြပြီး သူတို့တွေဆီက အတုယူလိုက်နာဖွယ်အချက်လေးတွေကို ရဲလေးမတို့အနေနဲ့ အတူယူကြရတယ်လို့လည်း ပြောပြပါတယ်။

မထက်ဟာဆိုရင်လည်း သူမရဲ့ ကြော်ငြာတစ်ခေတ်မှာ ရဲလေးမအနေနဲ့ သူမရဲ့ ပရိသတ်ဖြစ်ခဲ့ဖူးပြီး ဟိုတုန်းက ဇာတ်ကားတွေမှာလည်း မထက်နဲ့ ရင်းရင်းနှီးနှီး အတူတူ ပါဝင်ရိုက်ကူးခဲ့ဖူးတယ်လို့ ရဲလေးမက ပြန်လည်ဝေမျှလာပါတယ်။ 

အခုလို ရဲလေးမတို့ ဖေ့ဘွတ်ခ်မှာ Live လွှင့်ပြီး ဈေးရောင်းလာတဲ့ အချိန်မှာလည်း မထက်အနေနဲ့ Live Sales တွေ ရောင်းချပေးနေတာ ဖြစ်တဲ့အတွက် မထက်ဆီက ပရိသတ်ချစ်လာအောင် စကားပြောဟန်လေးတွေကို အတုယူရတယ်လို့ ရဲလေးမက ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာပါတယ်။ 

ပရိသတ်ကြီးတို့ရေ သရုပ်ဆောင်ရဲလေးမဟာဆိုရင် မထက်ဆီကနေ အခုလို အတုယူစရာအချက်လေးတွေကို နည်းနာယူနိုင်ခဲ့တဲ့အတွက် ဒီအင်တာဗျူးလေးကနေပဲ မထက်ကို ကျေးဇူးတင်စကားဆိုလိုက်ပါတယ်။ ရဲလေးမဟာ ဒီရက်ပိုင်း Live လွှင့်ပြီး ဈေးရောင်းတဲ့အခါ အခြားသော ဝါရင့်အနုပညာရှင်များရဲ့ အသံကို တုပပြောဆိုတယ် ဆိုတာက သူတို့ကို လှောင်ပြောင်ချင်လို့ မဟုတ်ပဲ သူတို့ရဲ့အနုပညာကို ချစ်ခင်လေးစားတဲ့စိတ်နဲ့ တုပပြောဆိုခဲ့မိတာပါလို့ ပြောကြားရင်း ဒီအင်တာဗျူးလေးကို နိဂုံးချုပ်ဖြေကြားပေးခဲ့ပါတယ်။ 

Source : MC

Add a Comment

Your email address will not be published. Required fields are marked *