ညီအကို အရင္းေတြလိုခင္မင္ရၿပီး ဇာတ္ပို႔ေတြအေပၚခ်စ္လြန္းတဲ့ လြင္မိုးရဲ႕ စိတ္ဓာတ္ကို ခ်ီးက်ဴးခဲ့တဲ့ ခင္လွိုင္

အႏုပညာေလာကမွာ ပရိသတ္ေတြရဲ႕အခ်စ္ေတြကို အခိုင္အမာသိမ္းပိုက္ထားၾကတဲ့ ျပည္သူ႔အခ်စ္ေတာ္အႏုပညာရွင္ေတြထဲမွာ ဟာသဇာတ္႐ုပ္ေတြနဲ႔ အားလုံးရဲ႕ရင္ထဲေနရာယူထားတဲ့ ဇာတ္ပို႔သ႐ုပ္ေဆာင္ ခင္လႈိင္ကလည္း

အပါအဝင္ပါပဲ..။ ဇာတ္ပို႔ေနရာကေန က်ရာဇာတ္႐ုပ္ေတြကို အေကာင္းဆုံးနဲ႔ အပီျပင္ဆုံး သ႐ုပ္ေဆာင္ဖန္တီးႏိုင္တာမို႔လည္း ဆယ္စုႏွစ္ေတြကတည္းက ယေန႔အခ်ိန္ထိ ေအာင္ျမင္စြာရပ္တည္ႏိုင္ၿပီး ဇာတ္ကားေပါင္းေျမာက္မ်ားစြာကို ႐ိုက္ကူးသ႐ုပ္ေဆာင္ထားသူပဲ ျဖစ္ပါတယ္ေနာ္..။ ခင္လႈိင္ဟာဆိုရင္

စိတ္သေဘာထား ျပည့္ဝသူျဖစ္ၿပီး ေဖာ္ေ႐ြတတ္သူမို႔ ျမင္သူတိုင္းရဲ႕ ခ်စ္ခင္မႈ ေမတၱာကို ရရွိတာလည္း ေတြ႕ရပါတယ္။ ခ်စ္ခင္ၾကသူေတြမ်ားထဲမွ သ႐ုပ္ေဆာင္ မင္းသားႀကီး ဦးလြင္မိုး ကလည္း အပါအဝင္ပါ။ ဇာတ္ကားေပါင္းမ်ားစြာကို အတူလက္တြဲ႐ိုက္ခဲ့ဖူးတဲ့ ခင္လႈိင္နဲ႔ လြင္မိုးတို႔ႏွစ္ေယာက္က

ညီအစ္ကို အရင္းေတြလို ခင္မင္ၾကတာလဲ ျဖစ္ပါတယ္။ ခင္လႈိင္က ႏွစ္ေယာက္အတူပုံေလးကို လူမႈကြန္ယက္ထက္မွာ ေဝမွ်လာရင္း ” ကြၽန္ေတာ္တို႔လို ဇာတ္ပို႔ဇာတ္ရံေတြ…ဟာသသ႐ုပ္ေတြလူ႐ႊင္ေတာ္ေတြကို..ခ်စ္လြန္းလို႔ ေျပာမနာဆိုမနာလည္ပင္းဖက္ေပါင္းတတ္တဲ့…ညီအကိုအရင္းေတြလိုခ်စ္ရတဲ့

ေဘာ္ဒါႀကီး ကိုလြင္မိုးနဲ႔ဒီေန႔ျပန္ဆုံေတြခဲ့ၿပီးစကားေတြေရပက္မဝင္ေျပာခဲ့ရတာ …အလြန္ေပ်ာ္တယ္ဗ်ာ…ေက်းဇူးအမ်ားႀကီးတင္ပါတယ္ .ခ်စ္သူငယ္ခ်င္းႀကီး…ဂ်ိမ္းစဘြန္းေရ ” ဆိုၿပီး ေရးသားလာတာေၾကာင့္ ျပန္လည္တင္ဆက္ေပးလိုက္ပါတယ္…. ။

Read in UNICODE

အနုပညာလောကမှာ ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော်အနုပညာရှင်တွေထဲမှာ ဟာသဇာတ်ရုပ်တွေနဲ့ အားလုံးရဲ့ရင်ထဲနေရာယူထားတဲ့ ဇာတ်ပို့သရုပ်ဆောင် ခင်လှိုင်ကလည်း

အပါအဝင်ပါပဲ..။ ဇာတ်ပို့နေရာကနေ ကျရာဇာတ်ရုပ်တွေကို အကောင်းဆုံးနဲ့ အပီပြင်ဆုံး သရုပ်ဆောင်ဖန်တီးနိုင်တာမို့လည်း ဆယ်စုနှစ်တွေကတည်းက ယနေ့အချိန်ထိ အောင်မြင်စွာရပ်တည်နိုင်ပြီး ဇာတ်ကားပေါင်းမြောက်များစွာကို ရိုက်ကူးသရုပ်ဆောင်ထားသူပဲ ဖြစ်ပါတယ်နော်..။ ခင်လှိုင်ဟာဆိုရင်

စိတ်သဘောထား ပြည့်ဝသူဖြစ်ပြီး ဖော်ရွေတတ်သူမို့ မြင်သူတိုင်းရဲ့ ချစ်ခင်မှု မေတ္တာကို ရရှိတာလည်း တွေ့ရပါတယ်။ ချစ်ခင်ကြသူတွေများထဲမှ သရုပ်ဆောင် မင်းသားကြီး ဦးလွင်မိုး ကလည်း အပါအဝင်ပါ။ ဇာတ်ကားပေါင်းများစွာကို အတူလက်တွဲရိုက်ခဲ့ဖူးတဲ့ ခင်လှိုင်နဲ့ လွင်မိုးတို့နှစ်ယောက်က

ညီအစ်ကို အရင်းတွေလို ခင်မင်ကြတာလဲ ဖြစ်ပါတယ်။ ခင်လှိုင်က နှစ်ယောက်အတူပုံလေးကို လူမှုကွန်ယက်ထက်မှာ ဝေမျှလာရင်း ” ကျွန်တော်တို့လို ဇာတ်ပို့ဇာတ်ရံတွေ…ဟာသသရုပ်တွေလူရွှင်တော်တွေကို..ချစ်လွန်းလို့ ပြောမနာဆိုမနာလည်ပင်းဖက်ပေါင်းတတ်တဲ့…ညီအကိုအရင်းတွေလိုချစ်ရတဲ့

ဘော်ဒါကြီး ကိုလွင်မိုးနဲ့ဒီနေ့ပြန်ဆုံတွေခဲ့ပြီးစကားတွေရေပက်မဝင်ပြောခဲ့ရတာ …အလွန်ပျော်တယ်ဗျာ…ကျေးဇူးအများကြီးတင်ပါတယ် .ချစ်သူငယ်ချင်းကြီး…ဂျိမ်းစဘွန်းရေ ” ဆိုပြီး ရေးသားလာတာကြောင့် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်…. ။

Source : Khin Hlaing’s Facebook

Add a Comment

Your email address will not be published. Required fields are marked *