အႏုပညာရွင္ေပါင္းမ်ားစြာ ဝိုင္းၿပီး မဂၤလာဦးအႀကိဳညေလးမွာ စပ႐ိုက္လုပ္ေပးခဲ့တာေၾကာင့္ ေပ်ာ္ေနၾကတဲ့ ႏိုင္းဝမ္း တို႔စံုတြဲ

အႏုပညာေလာကမွာ ႏိုင္းဝမ္းကေတာ့ ေနရာတစ္ခုကိုရယူထားႏိုင္ခဲ့တာပဲျဖစ္ၿပီး သီခ်င္းေကာင္းေလးေတြကို သီဆိုေလ့ရွိကာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနထိုင္ေျပာဆိုတက္တဲ့ အႏုပညာရွင္တစ္ေယာက္ပဲျဖစ္ပါတယ္။ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈကို အခိုင္အမာရယူထားႏိုင္ခဲ့တဲ့ ႏိုင္းဝမ္းကေတာ့

သူကိုယ္တိုင္အရမ္းခ်စ္ရၿပီး အခ်ိန္အေတာ္ၾကာလက္တြဲလာတဲ့ ခ်စ္သူေကာင္မေလးနဲ႔အတူ ယေန႔မွာလက္ထပ္လိုက္ၿပီပဲျဖစ္ပါတယ္။ ႏိုင္းဝမ္းကေတာ့ ” မေန႔ညက ကြၽန္ေတာ္တို႔စုံတြဲအတြက္ မဂၤလာဦးအႀကိဳညစာနဲ႔ ကိတ္ေလးကို

ကြၽန္ေတာ္တို႔ကိုစပ႐ိုက္စီစဥ္ေပးထားၿပီးဖိတ္ေခၚခဲ့တဲ့ ခ်စ္ခင္ရတဲ့ အကိုႀကီးDae Wang၊ Ko Soe Yu Naungႏွင့္ အကိုမ်ား၊ အႏုပညာေမာင္ႏွမမ်ားအားလုံးကိုအထူးပင္ေက်းဇူးတင္ပါတယ္ခင္ဗ်ာဒီေန႔မဂၤလာလက္မွတ္ထိုးပြဲအတြက္အလုပ္ေတြအရမ္းရႈပ္ေနခ်ိန္မွာ မထင္မွတ္ထားတဲ့ညစာေလးအတြက္

တကယ့္ကိုဝမ္းသာမိပါတယ္ခင္ဗ်ာကိုဗစ္ႀကီးၿပီးသြားတဲ့အခါ ခ်စ္ခင္ရတဲ့ေမာင္ႏွမမ်ားအုံးလုံးကိုဖိတ္ၿပီး ကြၽန္ေတာ္တို႔ဇနီးေမာင္ႏွံမွ ျပန္ၿပီးဧည့္ခံပါမယ္ခင္ဗ်ာ ” ဆိုၿပီး ေရးသားထားခဲ့တာပဲျဖစ္ပါတယ္။ မေနညကေတာ့

ႏိုင္းဝမ္းတို႔စုံတြဲရဲ႕ မဂၤလာဦးအႀကိဳညေလးျဖစ္ၿပီး ခင္မင္ရင္းႏွီးရတဲ့ ျပည္သူခ်စ္အႏုပညာရွင္ေတြမ်ားစြာက စပ႐ိုက္လုပ္ေပးၿပီး မဂၤလာဦးအႀကိဳညစာစားပြဲေလးကို ျပဳလုပ္ေပးခဲ့ပါတယ္။ မဂၤလာေဆာင္ကိစၥေတြနဲ႔အလုပ္ရႈပ္ေနခ်ိန္အခုလို

စပ႐ိုက္လုပ္ခံရတာေၾကာင့္ နိင္းဝမ္းတို႔စုံတြဲေလးကေတာ့ ေပ်ာ္႐ႊင္ေနခဲ့ပါတယ္။ ခ်စ္ပရိသတ္ေတြအတြက္ ႏိုင္းဝမ္းတို႔စုံတြဲရဲ႕ မဂၤလာဦးအႀကိဳညစာစားပြဲေလးမွာ ေပ်ာ္႐ႊင္ေနၾကတဲ့ အႏုပညာရွင္ေတြရဲ႕ ပုံရိပ္ေလးေတြကိုေဖာ္ျပေပးလိုက္ရပါတယ္။

Read in UNICODE

အနုပညာလောကမှာ နိုင်းဝမ်းကတော့ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တာပဲဖြစ်ပြီး သီချင်းကောင်းလေးတွေကို သီဆိုလေ့ရှိကာ ပျော်ပျော်ရွှင်ရွှင်နေထိုင်ပြောဆိုတက်တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ နိုင်းဝမ်းကတော့

သူကိုယ်တိုင်အရမ်းချစ်ရပြီး အချိန်အတော်ကြာလက်တွဲလာတဲ့ ချစ်သူကောင်မလေးနဲ့အတူ ယနေ့မှာလက်ထပ်လိုက်ပြီပဲဖြစ်ပါတယ်။ နိုင်းဝမ်းကတော့ ” မနေ့ညက ကျွန်တော်တို့စုံတွဲအတွက် မင်္ဂလာဦးအကြိုညစာနဲ့ ကိတ်လေးကို

ကျွန်တော်တို့ကိုစပရိုက်စီစဉ်ပေးထားပြီးဖိတ်ခေါ်ခဲ့တဲ့ ချစ်ခင်ရတဲ့ အကိုကြီးDae Wang၊ Ko Soe Yu Naungနှင့် အကိုများ၊ အနုပညာမောင်နှမများအားလုံးကိုအထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့မင်္ဂလာလက်မှတ်ထိုးပွဲအတွက်အလုပ်တွေအရမ်းရှုပ်နေချိန်မှာ မထင်မှတ်ထားတဲ့ညစာလေးအတွက်

တကယ့်ကိုဝမ်းသာမိပါတယ်ခင်ဗျာကိုဗစ်ကြီးပြီးသွားတဲ့အခါ ချစ်ခင်ရတဲ့မောင်နှမများအုံးလုံးကိုဖိတ်ပြီး ကျွန်တော်တို့ဇနီးမောင်နှံမှ ပြန်ပြီးဧည့်ခံပါမယ်ခင်ဗျာ ” ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ မနေညကတော့

နိုင်းဝမ်းတို့စုံတွဲရဲ့ မင်္ဂလာဦးအကြိုညလေးဖြစ်ပြီး ခင်မင်ရင်းနှီးရတဲ့ ပြည်သူချစ်အနုပညာရှင်တွေများစွာက စပရိုက်လုပ်ပေးပြီး မင်္ဂလာဦးအကြိုညစာစားပွဲလေးကို ပြုလုပ်ပေးခဲ့ပါတယ်။ မင်္ဂလာဆောင်ကိစ္စတွေနဲ့အလုပ်ရှုပ်နေချိန်အခုလို

စပရိုက်လုပ်ခံရတာကြောင့် နိင်းဝမ်းတို့စုံတွဲလေးကတော့ ပျော်ရွှင်နေခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် နိုင်းဝမ်းတို့စုံတွဲရဲ့ မင်္ဂလာဦးအကြိုညစာစားပွဲလေးမှာ ပျော်ရွှင်နေကြတဲ့ အနုပညာရှင်တွေရဲ့ ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ရပါတယ်။

Source : Kyaw Zin Latt’s Facebook

Add a Comment

Your email address will not be published. Required fields are marked *