သာယာတဲ့ အိမ္ေထာင္ေရးတစ္ခုကို ႀကိဳးစားတည္ေဆာက္ရာမွာ အဓိကရင္ဆိုင္ခဲ့ရတဲ့ စိန္ေခၚမႈေလးေတြကို ျပန္လည္ေဝမွ်ခဲ့တဲ့ ေခ်ာရတနာ

သ႐ုပ္ေဆာင္ေခ်ာရတနာကေတာ့ အရင္ကာလေတြမွာ ဗီဒီယိုဇာတ္ကားေပါင္း ေျမာက္မ်ားစြာကို ႐ိုက္ကူးခဲ့သူတစ္ဦးျဖစ္ၿပီး ေၾကာ္ျငာမ်ားစြာကိုလည္း ႐ိုက္ကူးခဲ့သူတစ္ဦး ျဖစ္ပါတယ္။

သူမဟာဆိုရင္ အိမ္ေထာင္က်ၿပီးတည္းက အႏုပညာအလုပ္ေတြ လုပ္ကိုင္တာနည္းပါးလာၿပီး ၾကည္ႏူးစရာ မိသားစုဘဝေလးကို ပိုင္ဆိုင္ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။

ယခုဆိုရင္ သူမတို႔ဇနီးေမာင္ႏွံဟာ သားေလးတစ္ေယာက္၊ သမီးေလးတစ္ေယာက္ကို ေမြးဖြားပိုင္ဆိုင္ထားတာျဖစ္ၿပီး ေအးခ်မ္းေပ်ာ္႐ႊင္တဲ့ မိသားစုပုံရိပ္ေလးေတြကို လူမႈကြန္ရပ္စာမ်က္ႏွာမွတစ္ဆင့္ ေဝမွ်တတ္သူလည္း ျဖစ္ပါတယ္။

ဒီအင္တာဗ်ဴးေလးမွာေတာ့ သ႐ုပ္ေဆာင္ေခ်ာရတနာက သူမရဲ႕အမ်ိဳးသားနဲ႔ နဖူးစာ ႐ြာလယ္ကာ ဆုံခဲ့ရၿပီး လက္ရွိမွာေတာ့ အိမိေထာင္ေရးအဆင္ေျပေအာင္ ႀကိဳးစားတည္ေဆာက္ယူေနရတယ္ ဆိုတဲ့အေၾကာင္း ပြင့္ပြင့္လင္းလင္း ေျဖၾကားေပးသြားခဲ့တာပဲ ျဖစ္ပါတယ္။ 

ေခ်ာရတနာဟာ သူမရဲ႕ခင္ပြန္းျဖစ္သူနဲ႔ ၂၀၀၂ ခုႏွစ္ ေလာက္တည္းက စတင္ေတြ႕ဆုံဖူးခဲ့တာျဖစ္ၿပီး ၾကားထဲမွာမေတြ႕ျဖစ္ပဲ အဆက္ျပတ္သြားခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္ အခုလို အဆက္အသြယ္ျပတ္သြားၿပီး ေနာက္မွ ျပန္ေတြ႕မိၾကကာ ဖူးစာဆုံဖို႔ ကံပါလာၾကသူေတြျဖစ္ေတာ့လည္း ဘယ္ေလာက္ပဲ ၾကားထဲမွာ အဆက္ျပတ္သြားသည္ျဖစ္ေစ ျပန္ေတြ႕တတ္ၾကတာျဖစ္မယ္လို႔ ေခ်ာရတနာက ျမင္ပါတယ္။

“သူနဲ႔ အမနဲ႔ကေလ အဆက္အသြယ္ ျပတ္ျပတ္သြားၿပီး လုံးဝမေတြ႕ေတာ့ဘူးလို႔ ထင္ေနတဲ့ အခ်ိန္မွာေတာင္ ျပန္ေတြ႕ၾကျပန္ေရာ။ အဲ့လိုမ်ိဳးေပါ့ေနာ္။ သူကေလ အစ္မတို႔ ေတာင္ႀကီးေမာက္မယ္ေၾကာ္ျငာ ႐ိုက္တုန္းက အစ္မရဲ႕ဆံပင္အရွည္ႀကီးကိုသေဘာက်လို႔ ဆိုၿပီး အစ္မကို လိုက္ဖူးတယ္။ ၂၀၀၂၊ ၂၀၀၃ ေလာက္ျဖစ္မွာသေပါ့။ ေနာက္ေတာ့လည္း အဲ့လို မေတြ႕ၾကေတာ့ျပန္ဘူး။ ေပ်ာက္သြားေရာ။ အစ္မကလည္း သူ႔ကို ႀကိဳက္တယ္လည္း မေျပာဘူး၊ မႀကိဳက္ဘူးလည္း မေျပာဘူး။ သူကေတာ့ အစ္မကို အဲ့လိုပဲ လိုက္တယ္ေပါ့ေနာ္။ ၾကားထဲမွာ မေတြ႕ၾကေတာ့ျပန္ဘူး။ ၿပီးလည္း ၿပီးေရာ ၂၀၀၇ ေလာက္မွာ ျပန္ေတြ႕ၾကတယ္။ နဖူးစာ ႐ြာလည္တယ္ဆိုတာ အဲ့တာပဲ။” လို႔ ေခ်ာရတနာတစ္ေယာက္ ရယ္႐ႊမ္းပတ္႐ႊမ္းနဲ႔ ေျပာျပခဲ့ပါတယ္။ 

ေခ်ာရတနာက သူမတို႔ လင္မယားအေနနဲ႔ ယခုအခ်ိန္မွာ သာယာတဲ့အိမ္ေထာင္ေရးကို ပိုင္ဆိုင္ထားရတာမ်ိဳး မဟုတ္ပဲ သာယာေအာင္ ႀကိဳးစားေနထိုင္ေနရတဲ့ အေနအထားမ်ိဳးသာျဖစ္တယ္လို႔ ရင္ဖြင့္ရွင္းျပခဲ့ပါတယ္။ ဒါကေတာ့ အိမ္ေထာင္သည္တိုင္း ဒီလိုပဲ ျဖစ္ၾကမွာပါလို႔ ေခ်ာရတနာက ထင္မွတ္ၿပီး သူစိမ္းႏွစ္ေယာက္ ေပါင္းဖက္ေနထိုင္ၾကတယ္ဆိုတာ စီးပြားေရး၊ လူမႈေရးအရ ႀကဳံေတြ႕လာရမယ့္ အခက္အခဲေတြက အမ်ားႀကီးျဖစ္တဲ့အတြက္ ပိုက္ဆံရွိတဲ့သူေတြ ျဖစ္ေစ၊ မရွိတဲ့သူေတြ ျဖစ္ေစ အခက္အခဲေတြကေတာ့ တစ္မ်ိဳးစီ ရွိၾကပါတယ္လို႔ ေခ်ာတနာက ဆိုပါတယ္။ 

သူစိမ္းႏွစ္ေယာက္ ေပါင္းဖက္ေနထိုင္တဲ့အခါမွာ ႀကဳံေတြ႕ရတတ္တဲ့ စိန္ေခၚမႈေတြနဲ႔ ပတ္သတ္လို႔ ေခ်ာရတနာက

“အဓိကကေတာ့ ႏွစ္ေယာက္က အႀကိဳက္မတူတဲ့အတြက္ တစ္ေယာက္နဲ႔တစ္ေယာက္ ညႇိၾကရတယ္။  မာနေတြလည္း ေလွ်ာ့ၾကရတယ္။ ကိုေက်ာ္ဆိုရင္လည္းသူ႔အသက္ ၁၆ႏွစ္၊ ၁၇ႏွစ္တည္းက အလုပ္လုပ္လာတဲ့သူ၊ ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ခဲ့သူ ဆိုေတာ့ သူကလည္း သူ႔မာနနဲ႔ သူရွိတယ္။ အမကလည္း မိန္းကေလးဆိုေပမယ့္ ေစာေစာစီးစီးတည္းက ကိုယ့္အလုပ္ ကိုယ္လုပ္ၿပီး ကိုယ့္ပိုက္ဆံ ကိုယ္ရွာလာခဲ့သူ ဆိုေတာ့ေလ မိဘကို လက္ျဖန႔္ေတာင္းလာခဲ့တဲ့ လူမ်ိဳး မဟုတ္ဘူး။ အဲ့လိုမ်ိဳးႏွစ္ေယာက္က သြားေတြ႕တယ္ဆိုေတာ့ မာနေလးေတြေတာ့ အနည္းငယ္ရွိၾကတာေပါ့။ ဒါေပမယ့္လည္း သားသမီး ရလာတဲ့ အခါက်ေတာ့ သားသမီးအတြက္ကိုပဲ ဦးစားေပးလာတယ္။ ေနာက္ၿပီး ကိုယ့္ရဲ႕ ေဒါသေတြ၊ မာနေတြကိုလည္း တျဖည္းျဖည္း ေလွ်ာ့လာတယ္။ ဘာလို႔လည္းဆိုေတာ့ အမကလည္း အမအမ်ိဳးသားကို ေလွ်ာ့ပါလို႔ ေျပာတာမဟုတ္ဘူး။ ကိုယ့္ကိုလည္း သူမေျပာဘူး။ ကိုယ္ကလည္း သူ႔ကို မေျပာဘူး။ ဒါေပမယ့္ ကေလးေတြ ကိုယ့္ေၾကာင့္ အေႏွာက္အယွက္ျဖစ္မွာကို စိုးရိမ္လို႔ ေလွ်ာ့ရင္း၊ ေလွ်ာ့ရင္းနဲ႔ပဲ အခုေတာ့ အဆင္ေျပလာပါၿပီ။” လို႔ ပြင့္ပြင့္လင္းလင္းပဲ ေဝမွ်ေပးခဲ့ပါတယ္။

အဓိကကေတာ့ သည္းခံႏိုင္ဖို႔က အရမ္းအေရးႀကီးၿပီး မိန္းကေလးတစ္ေယာက္အေနနဲ႔လည္း မိခင္ျဖစ္လာၿပီဆို သည္းခံမႈရွိႏိုင္ဖို႔ အရမ္းအေရးႀကီးတယ္လို႔ ေခ်ာရတနာက ဆိုပါတယ္။

သူမရဲ႕အမ်ိဳးသားဟာဆိုရင္လည္း မိသားစုအေပၚမွာ အေကာင္းဆုံးဆိုတာေတြကိုသာ ျဖစ္ေစခ်င္၊ အေကာင္းဆုံး ပံ့ပိုးေပးခ်င္သူတစ္ဦးျဖစ္ၿပီး အဲ့ဒီစိတ္ကေလးနဲ႔ ပတ္သတ္လို႔ေတာ့ သူ႔ကို တကယ္ေက်းဇူးတင္မိတယ္လို႔ ေခ်ာရတနာက ဆိုပါတယ္။

သူမရဲ႕ခင္ပြန္းက အရာရာကို အေကာင္းဆုံးသာ ျဖစ္ေစခ်င္ၿပီး ေဆးခန္းျပတာမ်ိဳးကအစ အေကာင္းဆုံးမွာ ျပေစခ်င္တဲ့လူမ်ိဳးျဖစ္တဲ့အတြက္ အဲ့ဒီစိတ္ေလးေတာ့ သူ႔ကို နည္းနည္းေလွ်ာ့ေစခ်င္တယ္လို႔ ေခ်ာရတနာက ဆိုပါတယ္။ အခုလို ေလွ်ာ့ေစခ်င္တာကလည္း အျခားအေၾကာင္းေၾကာင့္ မဟုတ္ပဲ မိသားစုကို အေကာင္းဆုံးေတြသာ ျဖည့္ဆည္းေပးခ်င္တဲ့ သူမရဲ႕ခင္ပြန္းအေနနဲ႔ သူ မျဖည့္ဆည္းေပးႏိုင္တဲ့ အခါက်ရင္ စိတ္မေကာင္းျဖစ္မွာ စိုးတဲ့အတြက္ အခုလို ေျပာရျခင္းျဖစ္တယ္လို႔ ေခ်ာရတနာက ဆိုပါတယ္။  

အခုလို ကိုဗစ္ကာလမွာ လင္မယားႏွစ္ေယာက္လုံး အတူတူအိမ္မွာေနရခ်ိန္ မ်ားျပားတဲ့အခါမွာေတာ့ စီးပြားေရးအေၾကာင္း၊ အလုပ္အေၾကာင္း စသည္ျဖင့္ အရင္တုန္းကထက္ ပိုမို တိုင္ပင္၊ ေဆြးေႏြးျဖစ္လာၿပီး အရင္ကဆိုရင္ေတာ့ ခင္ပြန္းျဖစ္သူ အလုပ္ကျပန္ေရာက္တဲ့အခ်ိန္မွာ ေခ်ာရတနာက ကေလးသိပ္ဘာညာ လုပ္ေဆာင္ေနရတာျဖစ္တဲ့အတြက္ တစ္ေယာက္နဲ႔တစ္ေယာက္ မ်က္ႏွာခ်င္းဆိုင္ရခ်ိန္ နည္းပါးခဲ့တယ္လို႔ ေခ်ာရတနာက ဆိုပါတယ္။ 

သားသားနဲ႔မီးမီးဟာ ဆိုရင္လည္း အခုဆိုရင္ သားသားက (၇)ႏွစ္၊ မီးမီးက (၃)ႏွစ္ အသီးသီးရွိၾကၿပီ ျဖစ္ၿပီး အခုခ်ိန္ ကိုဗစ္ကာလမွာ ဘယ္မွမသြား၊ မလာရလို႔ အိမ္မွာပဲေနရတာ ပ်င္းတယ္ဆိုၿပီး ေသာင္းက်န္းေနၾကတယ္လို႔ ေခ်ာရတနာက ရယ္ရယ္ေမာေမာနဲ႔ ရင္ဖြင့္ပါတယ္။ 

ေမာင္ႏွမႏွစ္ေယာက္က တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္ခင္ၾကေပမယ့္ အမူအက်င့္ေလးေတြေတာ့ အနည္းငယ္ကြာျခားတယ္လို႔ ေခ်ာရတနာရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။ 

သားႀကီးေလးဟာ အနည္းငယ္ ဂ်ီက်တတ္တာက လြဲလို႔ အရာရာကို သည္းခံၿပီး ညီမျဖစ္သူကို ေဝမွ်တတ္ေပမယ့္ အငယ္မေလးဟာဆိုရင္ အနည္းငယ္ စိတ္ႀကီးတဲ့အတြက္ သူတစ္ပါးကို ေဝမွ်တတ္လာေအာင္ ေသခ်ာသင္ေပးေနရတယ္လို႔ ေခ်ာရတနာက ေျပာပါတယ္။

ပရိသတ္ႀကီးတို႔ေရ ဒီအင္တာဗ်ဴးေလးမွာေတာ့ သ႐ုပ္ေဆာင္ေခ်ာရတနာက သူ႔မရဲ႕ ခင္ပြန္းျဖစ္သူနဲ႔ ဖူးစာဆုံျဖစ္ခဲ့ပုံနဲ႔ အိမ္ေထာင္ေရးတစ္ခုကို သာယာေအာင္ ႀကိဳးစားတည္ေဆာက္ရတဲ့အခါမွာ ႀကဳံေတြ႕ခဲ့ရတဲ့ အခက္အခဲ၊ စိန္ေခၚမႈေလးေတြကို ပရိသတ္သိေအာင္ မွ်ေဝေပးခဲ့တာပဲ ျဖစ္ပါတယ္။ 

အခုလို တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္သည္းခံမႈအျပည့္နဲ႔ ခ်စ္ခင္ၾကင္နာၾကတဲ့ ေခ်ာရတနာတို႔ လင္မယားႏွစ္ေယာက္ ေနာင္ႏွစ္ေပါင္းမ်ားစြာတိုင္ တစ္ေယာက္နဲ႔တစ္ေယာက္ ေပ်ာ္႐ႊင္စြာ ေ႐ႊလက္တြဲသြားႏိုင္ပါေစလို႔ ဆုမြန္ေကာင္း ေတာင္းအပ္ပါတယ္။  အခ်ိန္ေပးၿပီး ဖတ္ရႈေပးတဲ့ ပရိသတ္အားလုံးကိုလည္း ေက်းဇူးအထူးပဲ တင္ရွိပါတယ္။ 

Read in UNICODE

သရုပ်ဆောင်ချောရတနာကတော့ အရင်ကာလတွေမှာ ဗီဒီယိုဇာတ်ကားပေါင်း မြောက်များစွာကို ရိုက်ကူးခဲ့သူတစ်ဦးဖြစ်ပြီး ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူတစ်ဦး ဖြစ်ပါတယ်။

သူမဟာဆိုရင် အိမ်ထောင်ကျပြီးတည်းက အနုပညာအလုပ်တွေ လုပ်ကိုင်တာနည်းပါးလာပြီး ကြည်နူးစရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

ယခုဆိုရင် သူမတို့ဇနီးမောင်နှံဟာ သားလေးတစ်ယောက်၊ သမီးလေးတစ်ယောက်ကို မွေးဖွားပိုင်ဆိုင်ထားတာဖြစ်ပြီး အေးချမ်းပျော်ရွှင်တဲ့ မိသားစုပုံရိပ်လေးတွေကို လူမှုကွန်ရပ်စာမျက်နှာမှတစ်ဆင့် ဝေမျှတတ်သူလည်း ဖြစ်ပါတယ်။

ဒီအင်တာဗျူးလေးမှာတော့ သရုပ်ဆောင်ချောရတနာက သူမရဲ့အမျိုးသားနဲ့ နဖူးစာ ရွာလယ်ကာ ဆုံခဲ့ရပြီး လက်ရှိမှာတော့ အိမိထောင်ရေးအဆင်ပြေအောင် ကြိုးစားတည်ဆောက်ယူနေရတယ် ဆိုတဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ဖြေကြားပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။ 

ချောရတနာဟာ သူမရဲ့ခင်ပွန်းဖြစ်သူနဲ့ ၂၀၀၂ ခုနှစ် လောက်တည်းက စတင်တွေ့ဆုံဖူးခဲ့တာဖြစ်ပြီး ကြားထဲမှာမတွေ့ဖြစ်ပဲ အဆက်ပြတ်သွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အခုလို အဆက်အသွယ်ပြတ်သွားပြီး နောက်မှ ပြန်တွေ့မိကြကာ ဖူးစာဆုံဖို့ ကံပါလာကြသူတွေဖြစ်တော့လည်း ဘယ်လောက်ပဲ ကြားထဲမှာ အဆက်ပြတ်သွားသည်ဖြစ်စေ ပြန်တွေ့တတ်ကြတာဖြစ်မယ်လို့ ချောရတနာက မြင်ပါတယ်။

“သူနဲ့ အမနဲ့ကလေ အဆက်အသွယ် ပြတ်ပြတ်သွားပြီး လုံးဝမတွေ့တော့ဘူးလို့ ထင်နေတဲ့ အချိန်မှာတောင် ပြန်တွေ့ကြပြန်ရော။ အဲ့လိုမျိုးပေါ့နော်။ သူကလေ အစ်မတို့ တောင်ကြီးမောက်မယ်ကြော်ငြာ ရိုက်တုန်းက အစ်မရဲ့ဆံပင်အရှည်ကြီးကိုသဘောကျလို့ ဆိုပြီး အစ်မကို လိုက်ဖူးတယ်။ ၂၀၀၂၊ ၂၀၀၃ လောက်ဖြစ်မှာသပေါ့။ နောက်တော့လည်း အဲ့လို မတွေ့ကြတော့ပြန်ဘူး။ ပျောက်သွားရော။ အစ်မကလည်း သူ့ကို ကြိုက်တယ်လည်း မပြောဘူး၊ မကြိုက်ဘူးလည်း မပြောဘူး။ သူကတော့ အစ်မကို အဲ့လိုပဲ လိုက်တယ်ပေါ့နော်။ ကြားထဲမှာ မတွေ့ကြတော့ပြန်ဘူး။ ပြီးလည်း ပြီးရော ၂၀၀၇ လောက်မှာ ပြန်တွေ့ကြတယ်။ နဖူးစာ ရွာလည်တယ်ဆိုတာ အဲ့တာပဲ။” လို့ ချောရတနာတစ်ယောက် ရယ်ရွှမ်းပတ်ရွှမ်းနဲ့ ပြောပြခဲ့ပါတယ်။ 

ချောရတနာက သူမတို့ လင်မယားအနေနဲ့ ယခုအချိန်မှာ သာယာတဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားရတာမျိုး မဟုတ်ပဲ သာယာအောင် ကြိုးစားနေထိုင်နေရတဲ့ အနေအထားမျိုးသာဖြစ်တယ်လို့ ရင်ဖွင့်ရှင်းပြခဲ့ပါတယ်။ ဒါကတော့ အိမ်ထောင်သည်တိုင်း ဒီလိုပဲ ဖြစ်ကြမှာပါလို့ ချောရတနာက ထင်မှတ်ပြီး သူစိမ်းနှစ်ယောက် ပေါင်းဖက်နေထိုင်ကြတယ်ဆိုတာ စီးပွားရေး၊ လူမှုရေးအရ ကြုံတွေ့လာရမယ့် အခက်အခဲတွေက အများကြီးဖြစ်တဲ့အတွက် ပိုက်ဆံရှိတဲ့သူတွေ ဖြစ်စေ၊ မရှိတဲ့သူတွေ ဖြစ်စေ အခက်အခဲတွေကတော့ တစ်မျိုးစီ ရှိကြပါတယ်လို့ ချောတနာက ဆိုပါတယ်။ 

သူစိမ်းနှစ်ယောက် ပေါင်းဖက်နေထိုင်တဲ့အခါမှာ ကြုံတွေ့ရတတ်တဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သတ်လို့ ချောရတနာက

“အဓိကကတော့ နှစ်ယောက်က အကြိုက်မတူတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် ညှိကြရတယ်။  မာနတွေလည်း လျှော့ကြရတယ်။ ကိုကျော်ဆိုရင်လည်းသူ့အသက် ၁၆နှစ်၊ ၁၇နှစ်တည်းက အလုပ်လုပ်လာတဲ့သူ၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ခဲ့သူ ဆိုတော့ သူကလည်း သူ့မာနနဲ့ သူရှိတယ်။ အမကလည်း မိန်းကလေးဆိုပေမယ့် စောစောစီးစီးတည်းက ကိုယ့်အလုပ် ကိုယ်လုပ်ပြီး ကိုယ့်ပိုက်ဆံ ကိုယ်ရှာလာခဲ့သူ ဆိုတော့လေ မိဘကို လက်ဖြန့်တောင်းလာခဲ့တဲ့ လူမျိုး မဟုတ်ဘူး။ အဲ့လိုမျိုးနှစ်ယောက်က သွားတွေ့တယ်ဆိုတော့ မာနလေးတွေတော့ အနည်းငယ်ရှိကြတာပေါ့။ ဒါပေမယ့်လည်း သားသမီး ရလာတဲ့ အခါကျတော့ သားသမီးအတွက်ကိုပဲ ဦးစားပေးလာတယ်။ နောက်ပြီး ကိုယ့်ရဲ့ ဒေါသတွေ၊ မာနတွေကိုလည်း တဖြည်းဖြည်း လျှော့လာတယ်။ ဘာလို့လည်းဆိုတော့ အမကလည်း အမအမျိုးသားကို လျှော့ပါလို့ ပြောတာမဟုတ်ဘူး။ ကိုယ့်ကိုလည်း သူမပြောဘူး။ ကိုယ်ကလည်း သူ့ကို မပြောဘူး။ ဒါပေမယ့် ကလေးတွေ ကိုယ့်ကြောင့် အနှောက်အယှက်ဖြစ်မှာကို စိုးရိမ်လို့ လျှော့ရင်း၊ လျှော့ရင်းနဲ့ပဲ အခုတော့ အဆင်ပြေလာပါပြီ။” လို့ ပွင့်ပွင့်လင်းလင်းပဲ ဝေမျှပေးခဲ့ပါတယ်။

အဓိကကတော့ သည်းခံနိုင်ဖို့က အရမ်းအရေးကြီးပြီး မိန်းကလေးတစ်ယောက်အနေနဲ့လည်း မိခင်ဖြစ်လာပြီဆို သည်းခံမှုရှိနိုင်ဖို့ အရမ်းအရေးကြီးတယ်လို့ ချောရတနာက ဆိုပါတယ်။

သူမရဲ့အမျိုးသားဟာဆိုရင်လည်း မိသားစုအပေါ်မှာ အကောင်းဆုံးဆိုတာတွေကိုသာ ဖြစ်စေချင်၊ အကောင်းဆုံး ပံ့ပိုးပေးချင်သူတစ်ဦးဖြစ်ပြီး အဲ့ဒီစိတ်ကလေးနဲ့ ပတ်သတ်လို့တော့ သူ့ကို တကယ်ကျေးဇူးတင်မိတယ်လို့ ချောရတနာက ဆိုပါတယ်။

သူမရဲ့ခင်ပွန်းက အရာရာကို အကောင်းဆုံးသာ ဖြစ်စေချင်ပြီး ဆေးခန်းပြတာမျိုးကအစ အကောင်းဆုံးမှာ ပြစေချင်တဲ့လူမျိုးဖြစ်တဲ့အတွက် အဲ့ဒီစိတ်လေးတော့ သူ့ကို နည်းနည်းလျှော့စေချင်တယ်လို့ ချောရတနာက ဆိုပါတယ်။ အခုလို လျှော့စေချင်တာကလည်း အခြားအကြောင်းကြောင့် မဟုတ်ပဲ မိသားစုကို အကောင်းဆုံးတွေသာ ဖြည့်ဆည်းပေးချင်တဲ့ သူမရဲ့ခင်ပွန်းအနေနဲ့ သူ မဖြည့်ဆည်းပေးနိုင်တဲ့ အခါကျရင် စိတ်မကောင်းဖြစ်မှာ စိုးတဲ့အတွက် အခုလို ပြောရခြင်းဖြစ်တယ်လို့ ချောရတနာက ဆိုပါတယ်။  

အခုလို ကိုဗစ်ကာလမှာ လင်မယားနှစ်ယောက်လုံး အတူတူအိမ်မှာနေရချိန် များပြားတဲ့အခါမှာတော့ စီးပွားရေးအကြောင်း၊ အလုပ်အကြောင်း စသည်ဖြင့် အရင်တုန်းကထက် ပိုမို တိုင်ပင်၊ ဆွေးနွေးဖြစ်လာပြီး အရင်ကဆိုရင်တော့ ခင်ပွန်းဖြစ်သူ အလုပ်ကပြန်ရောက်တဲ့အချိန်မှာ ချောရတနာက ကလေးသိပ်ဘာညာ လုပ်ဆောင်နေရတာဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်ရချိန် နည်းပါးခဲ့တယ်လို့ ချောရတနာက ဆိုပါတယ်။ 

သားသားနဲ့မီးမီးဟာ ဆိုရင်လည်း အခုဆိုရင် သားသားက (၇)နှစ်၊ မီးမီးက (၃)နှစ် အသီးသီးရှိကြပြီ ဖြစ်ပြီး အခုချိန် ကိုဗစ်ကာလမှာ ဘယ်မှမသွား၊ မလာရလို့ အိမ်မှာပဲနေရတာ ပျင်းတယ်ဆိုပြီး သောင်းကျန်းနေကြတယ်လို့ ချောရတနာက ရယ်ရယ်မောမောနဲ့ ရင်ဖွင့်ပါတယ်။ 

မောင်နှမနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ကြပေမယ့် အမူအကျင့်လေးတွေတော့ အနည်းငယ်ကွာခြားတယ်လို့ ချောရတနာရဲ့ ပြောပြချက်အရ သိရပါတယ်။ 

သားကြီးလေးဟာ အနည်းငယ် ဂျီကျတတ်တာက လွဲလို့ အရာရာကို သည်းခံပြီး ညီမဖြစ်သူကို ဝေမျှတတ်ပေမယ့် အငယ်မလေးဟာဆိုရင် အနည်းငယ် စိတ်ကြီးတဲ့အတွက် သူတစ်ပါးကို ဝေမျှတတ်လာအောင် သေချာသင်ပေးနေရတယ်လို့ ချောရတနာက ပြောပါတယ်။

ပရိသတ်ကြီးတို့ရေ ဒီအင်တာဗျူးလေးမှာတော့ သရုပ်ဆောင်ချောရတနာက သူ့မရဲ့ ခင်ပွန်းဖြစ်သူနဲ့ ဖူးစာဆုံဖြစ်ခဲ့ပုံနဲ့ အိမ်ထောင်ရေးတစ်ခုကို သာယာအောင် ကြိုးစားတည်ဆောက်ရတဲ့အခါမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုလေးတွေကို ပရိသတ်သိအောင် မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။ 

အခုလို တစ်ယောက်နဲ့တစ်ယောက် နားလည်သည်းခံမှုအပြည့်နဲ့ ချစ်ခင်ကြင်နာကြတဲ့ ချောရတနာတို့ လင်မယားနှစ်ယောက် နောင်နှစ်ပေါင်းများစွာတိုင် တစ်ယောက်နဲ့တစ်ယောက် ပျော်ရွှင်စွာ ရွှေလက်တွဲသွားနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။  အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးအထူးပဲ တင်ရှိပါတယ်။ 

Source : MC

Add a Comment

Your email address will not be published. Required fields are marked *