လက်ရှိမှာ အရင်ကထက် အဆပေါင်းများစွာ ပိုပြီး အလုပ်တွေ ကြိုးစားနေတဲ့ အဓိက အကြောင်းအရင်းကို ပြောပြခဲ့တဲ့ G Fatt





Read in UNICODE

အမျိုးသမီး ပရိသတ်တွေသာမက အမျိုးသားပရိသတ်တွေပါ G Fatt ကို သဘောကျအားပေးရတဲ့ နာမည်ကြီး ခေတ်လူငယ် အမျိုးသားအဆိုတော်တစ်ယောက်ပါ။ သီချင်းတွေကို ခေတ်ရေစီးကြောင်းအတိုင်း ကိုယ်တိုင်ရေးစပ်ပုံဖော်ကာ လက်တွေ့လူငယ်တွေဖြစ်ပျက်နေတဲ့ သဘောတရားတွေကို အခြေခံထားတာကြောင့်

သူရေးကာသီဆိုတဲ့သီချင်းတွေဟာ လူငယ်တွေပါးစပ်ဖျားမှာ စွဲစေတဲ့ အချက်ပါပဲနော်။ သူ့ရဲ့အချစ်ရေးကတော့ပရိသတ်တွေသိကြတဲ့အတိုင်း တရုတ်ကပြားမလေးမင်းသမီးလေးနန်းဆုရတီစိုးနဲ့တရားဝင်ပြတ်စဲထားခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ခံစားချက်တွေကို စာသားလေးတွေနဲ့

အမြဲ ရင်ဖွင့်လေ့ရှိပြီး လက်ရှိလူငယ်တွေကြားမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာလေးတွေကို သီချင်းအဖြစ်ခံစားပုံဖော်လေ့ရှိတဲ့အဆိုတော်တေးရေးဆရာကြီးပါ။ လတ်တလောမှာတော့ သူ့အနေနဲ့ ”ဒါတွေကြောင့်ပဲအလုပ်ကိုတက်နိုင်တာထက်ပိုကြိုးစားနေတာပါ”ဆိုတဲ့စာလေးနဲ့

သူရဲ့ပရိသတ်တွေပေးတဲ့စာလေးနဲ့အတူဖော်ပြခဲ့တာပါ။ အခုချိန်မှာအလုပ်တွေအရင့ကထက်ပိုကြိုးစားနေတာသူ့ရဲ့ပရိသတ်တွေအတွက်ပါပဲလို့ပြောပြခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : G Fatt’s Facebook

Add a Comment

Your email address will not be published. Required fields are marked *