အိမ်ကခွေးလေးနဲ့ ယှဉ်ပြီး ချစ်ဇနီးလေးကို ဆိုးနေတယ်လို့ ပြောခဲ့မိတာကြောင့် စိတ်ဆိုးတာ ခံနေရတဲ့ နေဝင်း
Read in UNICODE
အဆိုတော် နေဝင်းကတော့ လူငယ်ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်အားပေးခြင်းကို တစ်ခဲနက်ခံရသူတစ်ယောက် ဖြစ်ပါတယ်။ နေဝင်းက လက်ရှိမှာတော့ ပရိသတ်တွေအတွက် သီချင်းသစ်တွေကို ဖန်တီးပေးနေလျက်ရှိပြီး ကြင်စဦး အိမ်ထောင်သည်ဘဝကို ဖြတ်သန်းနေတာပဲ
ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချစ်စရာကောင်းပြီး ရှေ့သွားနောက်လိုက်ညီလွန်းတဲ့ နေဝင်းတို့ ဇနီးမောင်နှံကို ချစ်သူဘဝကတည်းကနေ အခုအချိန်ထိ အားပေးချစ်ခင်ကြဆဲ ဖြစ်ပါတယ်။ အခုဆိုရင် ကြင်စဦးဇနီးမောင်နှံဘဝလေးကို ဖြတ်သန်းနေပြီဖြစ်ဲ့ နေဝင်းနဲ့ အိမ့်ချစ်ချောတို့
ဇနီးမောင်နှံကတော့ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်စနောက်ရင်းနဲ့ အချိန်တွေကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း နေဝင်းက သူ့ရဲ့ အချစ်ဆုံး ချစ်ဇနီးလေးကို အိမ်က ခွေးနဲ့ ယှဉ်ပြီး “ဆိုးသွမ်းနှစ်ယောက် ❤️❤️” ဆိုပြီး ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေခဲ့တာကြောင့် ချစ်ဇနီး စိတ်ကောက်တာ ခံနေရတာပဲ ဖြစ်ပါတယ်။ နေဝင်းကတော့
သူ့ရဲ့ ချစ်ဇနီးကို ခွေးလေးနဲ့ ယှဉ်ပြီး စနောက်ခဲ့တာကြောင့် စိတ်ကောက်ခံနေရတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ဦးနေဝင်းကြီးခမျာ ဇနီးလေးကို ချော့မော့နေရမှာ အသေအချာပါပဲ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source : Nay Win’s Facebook