ခ်စ္ဇနီးေလးနဲ႔ မဂၤလာသက္တမ္း(၆)ႏွစ္ ျပည့္သြားၿပီျဖစ္ၿပီး ေရွ႕ဆက္အတူ လက္တြဲသြားဦးမယ္ဆိုတဲ့ ထူးအယ္လင္း

ကိုယ္နားမလည္ေတာ့ဘူးကြယ္… ဟန္ေဆာင္သူ မင္းရဲ႕လွည့္ကြက္မရိပ္မိခဲ့ဘူး စတဲ့ အခ်စ္လို႔ေခၚသလား ကဲ့သို႔ သီခ်င္းခ်ိဳခ်ိဳေအးေအးေလးေတြကို သာမက အသံပါဝါအားႀကီးႀကီးနဲ႔ ခပ္မိုက္မိုက္ ေရာ့ခ္သီခ်င္းေတြကိုပါ သီဆိုႏိုင္သူကေတာ့ ျပည္သူခ်စ္အႏုပညာရွင္ ထူးအယ္လင္းပဲ ျဖစ္ပါတယ္။

ထူးအယ္လင္းဟာ ယခုအခ်ိန္မွာ အႏုပညာလႈပ္ရွားမႈမ်ားသာမက ပရသဟိတလုပ္ငန္းေလးေတြမွာလည္း တတ္စြမ္းသေလာက္ ပါဝင္ေဆာင္႐ြက္ေနတာကို ေတြ႕ရပါတယ္။

လြန္ခဲ့တဲ့(၆)ႏွစ္က ထူးအယ္လင္းအေနနဲ႔ ဒုတိယအိမ္ေထာင္က်ခဲ့တာျဖစ္ၿပီး ယခုအခါမွာေတာ့ ခ်စ္ရတဲ့ ဇနီးေခ်ာေလးနဲ႔အတူ ခ်စ္စရာကေလးေလး(၂)ေယာက္ကိုပါ ပိုင္ဆိုင္ထားရၿပီျဖစ္ပါတယ္။

အခုလို ေပ်ာ္႐ႊင္ခ်မ္းေျမ့စရာ မိသားစုဘဝေလးကို ပိုင္ဆိုင္ထားရသူ ထူးအယ္လင္းဟာ ခ်စ္ဇနီးေလးနဲ႔ အိမ္ေထာင္သက္(၆)ႏွစ္ျပည့္တဲ့ အေနနဲ႔ သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ သူတို႔လင္မယားရဲ႕ အမွတ္တရစုံတြဲဓာတ္ပုံေလးကို
“အိမ္ေထာင္သက္ (၆)ႏွစ္ျပည့္ၿပီ … ဆက္ေလွ်ာက္ၾကစို႔ 😇😇😇” လို႔ ေရးသားရင္း မွ်ေဝခဲ့တာပဲ ျဖစ္ပါတယ္။

ပရိသတ္ႀကီးတို႔ေရ ထူးအယ္လင္းနဲ႔ သူရဲ႕ခ်စ္ဇနီးေလးဟာဆိုရင္ တစ္ဦးကိုတစ္ဦး ေမတၱာအျပည့္နဲ႔ အိမ္ေထာင္တစ္ခုကို တည္ေဆာင္လာခဲ့တာဟာ ယခုဆိုရင္ (၆)ႏွစ္တင္းတင္း ျပည့္ခဲ့ၿပီပဲ ျဖစ္ပါတယ္။

ထူးအယ္လင္းနဲ႔ ဇနီးေခ်ာေလးရဲ႕ ယခုလို အိမ္ေထာင္သက္ (၆) ႏွစ္ျပည့္အမွတ္တရ မွသည္ ေနာက္ႏွစ္ေပါင္းမ်ားစြာတိုင္ တစ္ဦးေပၚတစ္ဦးေမတၱာမပ်က္ပဲ ခ်စ္ခ်စ္ခင္ခင္နဲ႔ အတူလက္တြဲေနထိုင္သြားႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ရပါတယ္။ အခ်ိန္ေပးဖတ္ရႈေပးတဲ့ ပရိသတ္အားလုံးကိုလည္း ေက်းဇူးအထူးပဲ တင္ရွိပါတယ္။

Read in UNICODE

ကိုယ်နားမလည်တော့ဘူးကွယ်… ဟန်ဆောင်သူ မင်းရဲ့လှည့်ကွက်မရိပ်မိခဲ့ဘူး စတဲ့ အချစ်လို့ခေါ်သလား ကဲ့သို့ သီချင်းချိုချိုအေးအေးလေးတွေကို သာမက အသံပါဝါအားကြီးကြီးနဲ့ ခပ်မိုက်မိုက် ရော့ခ်သီချင်းတွေကိုပါ သီဆိုနိုင်သူကတော့ ပြည်သူချစ်အနုပညာရှင် ထူးအယ်လင်းပဲ ဖြစ်ပါတယ်။

ထူးအယ်လင်းဟာ ယခုအချိန်မှာ အနုပညာလှုပ်ရှားမှုများသာမက ပရသဟိတလုပ်ငန်းလေးတွေမှာလည်း တတ်စွမ်းသလောက် ပါဝင်ဆောင်ရွက်နေတာကို တွေ့ရပါတယ်။

လွန်ခဲ့တဲ့(၆)နှစ်က ထူးအယ်လင်းအနေနဲ့ ဒုတိယအိမ်ထောင်ကျခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ ချစ်ရတဲ့ ဇနီးချောလေးနဲ့အတူ ချစ်စရာကလေးလေး(၂)ယောက်ကိုပါ ပိုင်ဆိုင်ထားရပြီဖြစ်ပါတယ်။

အခုလို ပျော်ရွှင်ချမ်းမြေ့စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားရသူ ထူးအယ်လင်းဟာ ချစ်ဇနီးလေးနဲ့ အိမ်ထောင်သက်(၆)နှစ်ပြည့်တဲ့ အနေနဲ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ သူတို့လင်မယားရဲ့ အမှတ်တရစုံတွဲဓာတ်ပုံလေးကို
“အိမ်ထောင်သက် (၆)နှစ်ပြည့်ပြီ … ဆက်လျှောက်ကြစို့ 😇😇😇” လို့ ရေးသားရင်း မျှဝေခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးတို့ရေ ထူးအယ်လင်းနဲ့ သူရဲ့ချစ်ဇနီးလေးဟာဆိုရင် တစ်ဦးကိုတစ်ဦး မေတ္တာအပြည့်နဲ့ အိမ်ထောင်တစ်ခုကို တည်ဆောင်လာခဲ့တာဟာ ယခုဆိုရင် (၆)နှစ်တင်းတင်း ပြည့်ခဲ့ပြီပဲ ဖြစ်ပါတယ်။

ထူးအယ်လင်းနဲ့ ဇနီးချောလေးရဲ့ ယခုလို အိမ်ထောင်သက် (၆) နှစ်ပြည့်အမှတ်တရ မှသည် နောက်နှစ်ပေါင်းများစွာတိုင် တစ်ဦးပေါ်တစ်ဦးမေတ္တာမပျက်ပဲ ချစ်ချစ်ခင်ခင်နဲ့ အတူလက်တွဲနေထိုင်သွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။ အချိန်ပေးဖတ်ရှုပေးတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးအထူးပဲ တင်ရှိပါတယ်။

Source : Htoo El Lynn’s Facebook

Add a Comment

Your email address will not be published. Required fields are marked *