ထက္ထက္မိုးဦး အားေပးကူညီေပးခဲ့တာေၾကာင့္ ဝမ္းနည္းဝမ္းသာျဖစ္ခဲ့ရတဲ့ သူ႔ရဲ႕အျဖစ္ကို ရင္ဖြင့္ခဲ့တဲ့ ေက်ာ္ထက္ေဇာ္

ပရိသတ္ႀကီးတို႔ေရ မင္းသားေလးေက်ာ္ထက္ေဇာ္မွာဆိုရင္ျဖင့္ သူ႔ရဲ႕ ပထမဆုံးပြဲဦးထြက္ ဇာတ္ကားေလးျဖစ္တဲ့ “အမုန္းမွသည္” ဇာတ္လမ္းတြဲႏွင့္အတူ ပရိသတ္ေတြရဲ႕ အားေပးဝန္းရံမႈေတြကို အခိုင္အမာရရွိလာခဲ့သူ တစ္ဦးပဲ ျဖစ္ပါတယ္။ 

ေက်ာ္ထက္ေဇာ္ဟာဆိုရင္ “အမုန္းမွသည္” ဇာတ္လမ္းတြဲေလးမွာ “စိုင္းေနေရာင္” ဇာတ္႐ုပ္ေနရာကေန ပါဝင္သ႐ုပ္ေဆာင္ကာ ပရိသတ္ေတြရဲ႕ လက္ခံအားေပးမႈကို စတင္ရရွိထားသူျဖစ္ၿပီး “အခ်စ္ဖြဲ႕ေလညႇင္း” ဇာတ္လမ္းတြဲမွာလည္း “ဆရာနီ” ဇာတ္႐ုပ္အျဖစ္ ပီျပင္စြာ ပါဝင္သ႐ုပ္ေဆာင္ႏိုင္ခဲ့သူတစ္ဦးပဲ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ လပိုင္းကစတင္လို႔ “အမုန္းမွသည္” ဇာတ္လမ္းတြဲကို MRTV-4 မွာ ျပန္လည္ထုတ္လႊင့္ျပသခဲ့ရာမွာ အခုဆိုရင္ ဇာတ္လမ္းတြဲတစ္ခုလုံးကိုပင္ ျပသၿပီးစီးခဲ့ၿပီျဖစ္ပါတယ္။ အခုလို ဒုတိယအႀကိမ္ ျပန္လည္ျပသမႈ အၿပီးမွာေတာ့ မင္းသားေခ်ာေလး ေက်ာ္ထက္ေဇာ္ကို ဝန္းရံအားေပးသူေတြ ပိုမိုမ်ားျပားလာခဲ့ၿပီး ျပည္သူခ်စ္အႏုပညာရွင္တစ္ေယာက္အျဖစ္ တစ္စတစ္စ ေျပာင္းလဲရပ္တည္လာတာကို ေတြ႕ျမင္ေနရၿပီ ျဖစ္ပါတယ္။ 

ဒီအင္တာဗ်ဴးေလးမွာေတာ့ သ႐ုပ္ေဆာင္ေက်ာ္ထက္ေဇာ္က သူနဲ႔ေၾကာ္ျငာဘုရင္မ ထက္ထက္မိုးဦးၾကားက အမွတ္တရေလးေတြကို ျပန္ေျပာင္းမွ်ေဝခဲ့ၿပီး ထက္ထက္မိုးဦးရဲ႕ အကူအညီေၾကာင့္ BE စာေမးပြဲကို စိတ္ခ်လက္ခ်နဲ႔ ေျဖဆိုႏိုင္ခဲ့တယ္ဆိုတဲ့အေၾကာင္း ေျဖၾကားေပးခဲ့တာပဲ ျဖစ္ပါတယ္။ 

ေက်ာ္ထက္ေဇာ္အေနနဲ႔ “မိုးေကာင္းကင္အိပ္မက္” ဇာတ္လမ္းတြဲကို ႐ိုက္ကူးေနခ်ိန္ဟာဆိုရင္ BE ဒုတိယအစမ္းစာေမးပြဲကို ေျဖဆိုရမယ့္ အခ်ိန္နဲ႔ သြားၿပီး တိုက္ဆိုင္ေနတယ္လို႔ ေက်ာ္ထက္ေဇာ္က ေျပာျပပါတယ္။

ဒီဇာတ္လမ္းတြဲမွာဆိုရင္ ထက္ထက္မိုးဦးကဲ့သို႔ ဝါရင့္သ႐ုပ္ေဆာင္ေတြလည္း ပါဝင္႐ိုက္ကူးၾကမွာျဖစ္တဲ့အတြက္ ရႈတင္က တာဝန္ရွိတဲ့လူႀကီးေတြဟာ ေက်ာ္ထက္ေဇာ္တစ္ေယာက္ စာေမးပြဲသြားေျဖေနလို႔ ရႈတင္ေနာက္က်တဲ့အခါ က်န္တဲ့ဝါရင့္သ႐ုပ္ေဆာင္ႀကီးေတြ စိတ္ဆိုးမွာကို စိုးရိမ္ခဲ့ၾကတယ္လို႔ ေက်ာ္ထက္ေဇာ္က ျပန္ေျပာင္းေျပာျပပါတယ္။ 

ဒါေၾကာင့္ ေက်ာ္ထက္ေဇာ္ဟာ သူ႔အတြက္ေၾကာင့္ က်န္တဲ့သူေတြ အဆင္မေျပျဖစ္မွာကို စိုးရိမ္ခဲ့တဲ့အတြက္ ပညာေရးကို အေလးေပးလိုေသာ္ျငား စာေမးပြဲကို အခ်ိန္တစ္ဝက္ပဲ ေျဖဆိုေတာ့မယ္လို႔ စိတ္ဆုံးျဖတ္ခ်က္ခ်ခဲ့တယ္လို႔ သိရပါတယ္။ 

မထက္နဲ႔ေက်ာ္ထက္ေဇာ္ဟာဆိုရင္ “မိုးေကာင္းကင္အိပ္မက္” ဇာတ္လမ္းတြဲမွာ သားအမိေနရာကေန ပါဝင္သ႐ုပ္ေဆာင္ၾကရတာျဖစ္ပါတယ္။ 

ဒီလိုနဲ႔ စာေမးပြဲရက္ မတိုင္ခင္ တစ္ရက္သား မထက္နဲ႔ရႈတင္မွာေတြ႕ၾကလို႔ အလာပသလာပ ေျပာဆိုၾကရင္း မထက္က “ဘယ္ေက်ာင္းတက္ေနလည္း” လို႔ ေမးျမန္းလာလို႔ “ကြၽန္ေတာ္အခု BE ေရာက္သြားၿပီ” လို႔ျပန္ေျပာတဲ့အခါ “ဟယ္ ဒါဆို စာေမးပြဲ သြားမေျဖဘူးလား” လို႔ မထက္က စိုးရိမ္တႀကီးေမးျမန္းခဲ့တယ္လို႔ သိရပါတယ္။ 

ဒီလိုနဲ႔ ေက်ာ္ထက္ေဇာ္က စာေမးပြဲကို တစ္ဝက္သာေျဖဆိုၿပီး ရႈတင္ကိုျပန္လာမွာျဖစ္ေၾကာင္း ရွင္းျပတဲ့အခါ မထက္က လက္မခံခဲ့ဖူးလို႔ ေျပာပါတယ္။ မထက္က ပညာေရးဆိုတာအေရးႀကီးတဲ့အတြက္ စာေမးပြဲကို အဆုံးထိေျဖဆိုပါလို႔ တြန္းအားေပးခဲ့ၿပီး အခုလိုေျဖဆိုႏိုင္ေအာင္လည္း ရႉတင္က တာဝန္ရွိပုဂၢိဳလ္ေတြကို သူမကိုယ္တိုင္ သြားေျပာေပးခဲ့တယ္လို႔ ေက်ာ္ထက္ေဇာ္က ဝမ္းပန္းတသာ ေျပာျပပါတယ္။ ႏိုင္ငံေက်ာ္အႏုပညာရွင္ စီနီယာတစ္ဦးက အခုလို ကူညီေပးခဲ့တဲ့အတြက္ ေက်ာ္ထက္ေဇာ္အေနနဲ႔ အရမ္းကို ဝမ္းနည္းဝမ္းသာျဖစ္ခဲ့ရၿပီး အခုလိုမ်ိဳး အားလုံးက ဝိုင္းဝန္းဂ႐ုစိုက္တာကို ခံခဲ့ရတဲ့အတြက္ သူ႔အေနနဲ႔ အရမ္းလည္း အားျဖစ္ခဲ့ရတယ္လို႔ ဆိုပါတယ္။ 

မထက္က စာေမးပြဲကို အဆုံးထိ၊ အခ်ိန္ကုန္သြားသည္အထိ ၿပီးေအာင္ေျဖဆိုဖို႔ တိုက္တြန္းခဲ့ၿပီး စာေမးပြဲေျဖၿပီး ရႈတင္ကို ျပန္လာတဲ့အခါမွာလည္း “သား ေျဖႏိုင္ရဲ႕လား” လို႔ ဂ႐ုတစိုက္ေမးျမန္းလာတဲ့အခါ ေက်ာ္ထက္ေဇာ္အေနနဲ႔ မထက္ရဲ႕ စိုးရိမ္ပူပန္ေပးမႈကို အရမ္းပဲ ေက်းဇူးတင္ခဲ့မိတယ္လို႔ ဆိုပါတယ္။ 

“ကြၽန္ေတာ္က အဲ့တုန္းကဆို အိမ္ေတာင္ မျပန္ရဘူး။ ေက်ာင္းကေန ရႈတင္ကို တန္းေျပးရတာ။ ကြၽန္ေတာ့္သူငယ္ခ်င္းေတြက ျပန္ၿပီး အိပ္တာတို႔၊ အနားယူတာတို႔ လုပ္တဲ့အခါ ကြၽန္ေတာ္လည္း လုပ္ခ်င္တာေပါ့ေနာ္။ ဒါေပမယ့္ ကြၽန္ေတာ့္မွာ အခြင့္အေရး မရခဲ့ဘူး။ ဒါေပမယ့္ ဒါက ကိုယ္ေ႐ြးခ်ယ္ထားတဲ့ လမ္းဆိုေတာ့လည္း ဘယ္ေတာ့မွ ဝမ္းမနည္းဘူးေပါ့ေနာ္။ ရႈတင္ေရာက္တာနဲ႔ မထက္က စာေမးပြဲေျဖၿပီး ျပန္လာတိုင္း ေျဖႏိုင္လားလို႔ ေမးတယ္။ ကိုယ့္အေနနဲ႔က်ေတာ့လည္း ကိုယ္ေတြ ခ်စ္၊ ေၾကာက္ရတာက သူ႔ကိုေလ။ ငယ္ငယ္တည္းက သူ႔ရဲ႕​ေၾကာ္ျငာေတြနဲ႔ ကိုယ္က ႀကီးျပင္းလာခဲ့ရသူဆိုေတာ့ေလ ဒီဇာတ္လမ္းတြဲမွာ သူနဲ႔ျပန္ဆုံဖို႔အတြက္ ကြၽန္​ေတာ္က ဒီအခြင့္အေရးႏွစ္ရပ္လုံးကို လက္လႊတ္မခံခဲ့တာ ေပါ့ေနာ္။ ဒီဇာတ္လမ္းတြဲကိုလည္း ကြၽန္ေတာ္မလႊတ္ႏိုင္ဘူး၊ ဒီ စာေမးပြဲႀကီးလည္း ကြၽန္ေတာ္မလႊတ္ႏိုင္ဘူး ဆိုေတာ့ ရေအာင္လုပ္မယ္ဆိုတဲ့ စိတ္နဲ႔ လုပ္ခဲ့မိတဲ့အခ်ိန္မွာ ကြၽန္ေတာ္က မထက္ကိုပဲ စိတ္ပူတာ။ သူက ရႈတင္ကို ျပန္ေရာက္လာတိုင္း ေျဖႏိုင္လား၊ စာေရာရရဲ႕လား လို႔ ေမးျမန္းေပးတဲ့အခါ ရလာတဲ့ ၾကည္ႏူးမႈေလးကေလ ကိုယ့္အတြက္ အရမ္းကို အမွတ္တရ ျဖစ္ခဲ့တယ္ေပါ့ေနာ္။”

ပရိသတ္ႀကီးတို႔ေရ သ႐ုပ္ေဆာင္ေက်ာ္ထက္ေဇာ္ဟာဆိုရင္ သူ႔ဘဝရဲ႕ အရမ္းကို အေရးႀကီးတဲ့ ဇာတ္လမ္းတြဲနဲ႔ စာေမးပြဲႏွစ္ခုလုံးကို ေအာင္ေအာင္ျမင္ျမင္နဲ႔ လုပ္ေဆာင္ႏိုင္ခဲ့တယ္ဆိုတာ ထက္ထက္မိုးဦးရဲ႕ ေက်းဇူးေတြအမ်ာႀကီးပါတယ္လို႔ ဆိုပါတယ္။ အခုလို ေနရာတကာမွာ နားလည္မႈအျပည့္ေပးႏိုင္တဲ့ မထက္ရဲ႕စိတ္ထားေကာင္းမြန္ပုံေလးကေတာ့ အံ့မခန္းပါပဲေနာ္။

အခ်ိန္ေပးၿပီး ဖတ္ရႈေပးတဲ့ ပရိသတ္အားလုံးကိုလည္း ေက်းဇူးအထူးပဲတင္ရွိပါတယ္။ 

Read in UNICODE

ပရိသတ်ကြီးတို့ရေ မင်းသားလေးကျော်ထက်ဇော်မှာဆိုရင်ဖြင့် သူ့ရဲ့ ပထမဆုံးပွဲဦးထွက် ဇာတ်ကားလေးဖြစ်တဲ့ “အမုန်းမှသည်” ဇာတ်လမ်းတွဲနှင့်အတူ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိလာခဲ့သူ တစ်ဦးပဲ ဖြစ်ပါတယ်။ 

ကျော်ထက်ဇော်ဟာဆိုရင် “အမုန်းမှသည်” ဇာတ်လမ်းတွဲလေးမှာ “စိုင်းနေရောင်” ဇာတ်ရုပ်နေရာကနေ ပါဝင်သရုပ်ဆောင်ကာ ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို စတင်ရရှိထားသူဖြစ်ပြီး “အချစ်ဖွဲ့လေညှင်း” ဇာတ်လမ်းတွဲမှာလည်း “ဆရာနီ” ဇာတ်ရုပ်အဖြစ် ပီပြင်စွာ ပါဝင်သရုပ်ဆောင်နိုင်ခဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ လပိုင်းကစတင်လို့ “အမုန်းမှသည်” ဇာတ်လမ်းတွဲကို MRTV-4 မှာ ပြန်လည်ထုတ်လွှင့်ပြသခဲ့ရာမှာ အခုဆိုရင် ဇာတ်လမ်းတွဲတစ်ခုလုံးကိုပင် ပြသပြီးစီးခဲ့ပြီဖြစ်ပါတယ်။ အခုလို ဒုတိယအကြိမ် ပြန်လည်ပြသမှု အပြီးမှာတော့ မင်းသားချောလေး ကျော်ထက်ဇော်ကို ဝန်းရံအားပေးသူတွေ ပိုမိုများပြားလာခဲ့ပြီး ပြည်သူချစ်အနုပညာရှင်တစ်ယောက်အဖြစ် တစ်စတစ်စ ပြောင်းလဲရပ်တည်လာတာကို တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ 

ဒီအင်တာဗျူးလေးမှာတော့ သရုပ်ဆောင်ကျော်ထက်ဇော်က သူနဲ့ကြော်ငြာဘုရင်မ ထက်ထက်မိုးဦးကြားက အမှတ်တရလေးတွေကို ပြန်ပြောင်းမျှဝေခဲ့ပြီး ထက်ထက်မိုးဦးရဲ့ အကူအညီကြောင့် BE စာမေးပွဲကို စိတ်ချလက်ချနဲ့ ဖြေဆိုနိုင်ခဲ့တယ်ဆိုတဲ့အကြောင်း ဖြေကြားပေးခဲ့တာပဲ ဖြစ်ပါတယ်။ 

ကျော်ထက်ဇော်အနေနဲ့ “မိုးကောင်းကင်အိပ်မက်” ဇာတ်လမ်းတွဲကို ရိုက်ကူးနေချိန်ဟာဆိုရင် BE ဒုတိယအစမ်းစာမေးပွဲကို ဖြေဆိုရမယ့် အချိန်နဲ့ သွားပြီး တိုက်ဆိုင်နေတယ်လို့ ကျော်ထက်ဇော်က ပြောပြပါတယ်။

ဒီဇာတ်လမ်းတွဲမှာဆိုရင် ထက်ထက်မိုးဦးကဲ့သို့ ဝါရင့်သရုပ်ဆောင်တွေလည်း ပါဝင်ရိုက်ကူးကြမှာဖြစ်တဲ့အတွက် ရှုတင်က တာဝန်ရှိတဲ့လူကြီးတွေဟာ ကျော်ထက်ဇော်တစ်ယောက် စာမေးပွဲသွားဖြေနေလို့ ရှုတင်နောက်ကျတဲ့အခါ ကျန်တဲ့ဝါရင့်သရုပ်ဆောင်ကြီးတွေ စိတ်ဆိုးမှာကို စိုးရိမ်ခဲ့ကြတယ်လို့ ကျော်ထက်ဇော်က ပြန်ပြောင်းပြောပြပါတယ်။ 

ဒါကြောင့် ကျော်ထက်ဇော်ဟာ သူ့အတွက်ကြောင့် ကျန်တဲ့သူတွေ အဆင်မပြေဖြစ်မှာကို စိုးရိမ်ခဲ့တဲ့အတွက် ပညာရေးကို အလေးပေးလိုသော်ငြား စာမေးပွဲကို အချိန်တစ်ဝက်ပဲ ဖြေဆိုတော့မယ်လို့ စိတ်ဆုံးဖြတ်ချက်ချခဲ့တယ်လို့ သိရပါတယ်။ 

မထက်နဲ့ကျော်ထက်ဇော်ဟာဆိုရင် “မိုးကောင်းကင်အိပ်မက်” ဇာတ်လမ်းတွဲမှာ သားအမိနေရာကနေ ပါဝင်သရုပ်ဆောင်ကြရတာဖြစ်ပါတယ်။ 

ဒီလိုနဲ့ စာမေးပွဲရက် မတိုင်ခင် တစ်ရက်သား မထက်နဲ့ရှုတင်မှာတွေ့ကြလို့ အလာပသလာပ ပြောဆိုကြရင်း မထက်က “ဘယ်ကျောင်းတက်နေလည်း” လို့ မေးမြန်းလာလို့ “ကျွန်တော်အခု BE ရောက်သွားပြီ” လို့ပြန်ပြောတဲ့အခါ “ဟယ် ဒါဆို စာမေးပွဲ သွားမဖြေဘူးလား” လို့ မထက်က စိုးရိမ်တကြီးမေးမြန်းခဲ့တယ်လို့ သိရပါတယ်။ 

ဒီလိုနဲ့ ကျော်ထက်ဇော်က စာမေးပွဲကို တစ်ဝက်သာဖြေဆိုပြီး ရှုတင်ကိုပြန်လာမှာဖြစ်ကြောင်း ရှင်းပြတဲ့အခါ မထက်က လက်မခံခဲ့ဖူးလို့ ပြောပါတယ်။ မထက်က ပညာရေးဆိုတာအရေးကြီးတဲ့အတွက် စာမေးပွဲကို အဆုံးထိဖြေဆိုပါလို့ တွန်းအားပေးခဲ့ပြီး အခုလိုဖြေဆိုနိုင်အောင်လည်း ရှူတင်က တာဝန်ရှိပုဂ္ဂိုလ်တွေကို သူမကိုယ်တိုင် သွားပြောပေးခဲ့တယ်လို့ ကျော်ထက်ဇော်က ဝမ်းပန်းတသာ ပြောပြပါတယ်။ နိုင်ငံကျော်အနုပညာရှင် စီနီယာတစ်ဦးက အခုလို ကူညီပေးခဲ့တဲ့အတွက် ကျော်ထက်ဇော်အနေနဲ့ အရမ်းကို ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရပြီး အခုလိုမျိုး အားလုံးက ဝိုင်းဝန်းဂရုစိုက်တာကို ခံခဲ့ရတဲ့အတွက် သူ့အနေနဲ့ အရမ်းလည်း အားဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

မထက်က စာမေးပွဲကို အဆုံးထိ၊ အချိန်ကုန်သွားသည်အထိ ပြီးအောင်ဖြေဆိုဖို့ တိုက်တွန်းခဲ့ပြီး စာမေးပွဲဖြေပြီး ရှုတင်ကို ပြန်လာတဲ့အခါမှာလည်း “သား ဖြေနိုင်ရဲ့လား” လို့ ဂရုတစိုက်မေးမြန်းလာတဲ့အခါ ကျော်ထက်ဇော်အနေနဲ့ မထက်ရဲ့ စိုးရိမ်ပူပန်ပေးမှုကို အရမ်းပဲ ကျေးဇူးတင်ခဲ့မိတယ်လို့ ဆိုပါတယ်။ 

“ကျွန်တော်က အဲ့တုန်းကဆို အိမ်တောင် မပြန်ရဘူး။ ကျောင်းကနေ ရှုတင်ကို တန်းပြေးရတာ။ ကျွန်တော့်သူငယ်ချင်းတွေက ပြန်ပြီး အိပ်တာတို့၊ အနားယူတာတို့ လုပ်တဲ့အခါ ကျွန်တော်လည်း လုပ်ချင်တာပေါ့နော်။ ဒါပေမယ့် ကျွန်တော့်မှာ အခွင့်အရေး မရခဲ့ဘူး။ ဒါပေမယ့် ဒါက ကိုယ်ရွေးချယ်ထားတဲ့ လမ်းဆိုတော့လည်း ဘယ်တော့မှ ဝမ်းမနည်းဘူးပေါ့နော်။ ရှုတင်ရောက်တာနဲ့ မထက်က စာမေးပွဲဖြေပြီး ပြန်လာတိုင်း ဖြေနိုင်လားလို့ မေးတယ်။ ကိုယ့်အနေနဲ့ကျတော့လည်း ကိုယ်တွေ ချစ်၊ ကြောက်ရတာက သူ့ကိုလေ။ ငယ်ငယ်တည်းက သူ့ရဲ့ကြော်ငြာတွေနဲ့ ကိုယ်က ကြီးပြင်းလာခဲ့ရသူဆိုတော့လေ ဒီဇာတ်လမ်းတွဲမှာ သူနဲ့ပြန်ဆုံဖို့အတွက် ကျွန်တော်က ဒီအခွင့်အရေးနှစ်ရပ်လုံးကို လက်လွှတ်မခံခဲ့တာ ပေါ့နော်။ ဒီဇာတ်လမ်းတွဲကိုလည်း ကျွန်တော်မလွှတ်နိုင်ဘူး၊ ဒီ စာမေးပွဲကြီးလည်း ကျွန်တော်မလွှတ်နိုင်ဘူး ဆိုတော့ ရအောင်လုပ်မယ်ဆိုတဲ့ စိတ်နဲ့ လုပ်ခဲ့မိတဲ့အချိန်မှာ ကျွန်တော်က မထက်ကိုပဲ စိတ်ပူတာ။ သူက ရှုတင်ကို ပြန်ရောက်လာတိုင်း ဖြေနိုင်လား၊ စာရောရရဲ့လား လို့ မေးမြန်းပေးတဲ့အခါ ရလာတဲ့ ကြည်နူးမှုလေးကလေ ကိုယ့်အတွက် အရမ်းကို အမှတ်တရ ဖြစ်ခဲ့တယ်ပေါ့နော်။”

ပရိသတ်ကြီးတို့ရေ သရုပ်ဆောင်ကျော်ထက်ဇော်ဟာဆိုရင် သူ့ဘဝရဲ့ အရမ်းကို အရေးကြီးတဲ့ ဇာတ်လမ်းတွဲနဲ့ စာမေးပွဲနှစ်ခုလုံးကို အောင်အောင်မြင်မြင်နဲ့ လုပ်ဆောင်နိုင်ခဲ့တယ်ဆိုတာ ထက်ထက်မိုးဦးရဲ့ ကျေးဇူးတွေအမျာကြီးပါတယ်လို့ ဆိုပါတယ်။ အခုလို နေရာတကာမှာ နားလည်မှုအပြည့်ပေးနိုင်တဲ့ မထက်ရဲ့စိတ်ထားကောင်းမွန်ပုံလေးကတော့ အံ့မခန်းပါပဲနော်။

အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးအထူးပဲတင်ရှိပါတယ်။ 

Source : MC

Add a Comment

Your email address will not be published. Required fields are marked *