ခိုင္ႏွင္းေဝရဲ႕ ရင္ေသြးငယ္မ်ားေဂဟာမွာ ခ်စ္သူသက္တမ္း (၅)ႏွစ္ျပည့္ အမွတ္တရ သြားေရာက္ လွဴဒါန္းခဲ့ၾကတဲ့ ဝါဆိုမိုးဦးနဲ႔ ၿဖိဳးေလး

အဆိုေတာ္ၿဖိဳးေလး နဲ႔ သ႐ုပ္ေဆာင္ ဝါဆိုမိုးဦးတို႔ ခ်စ္သူႏွစ္ဦးကေတာ့ ဒီဇင္ဘာလ(၁၀) ရက္ေန႔မွာ မွာ ခ်စ္သူသက္တမ္း(၅) ႏွစ္ျပည့္ၿပီလို႔ ဆိုပါတယ္။ အမွတ္တရေန႔ေလး အႀကိဳအျဖစ္ ခိုင္ႏွင္းေဝ ရဲ႕ “ရင္ေသြးေလးမ်ား ရိပ္ၿမဳံ” ေဂဟာမွာ ေငြက်ပ္(၅) သိန္းလႉဒါန္းခဲ့ၾကပါတယ္။ ဒီ အလႉေလးအတြက္ ဝါဆိုမိုးဦးရဲ႕ ပီတိစကားကို ေျပာျပခဲ့ပါတယ္။ “ ဒီဇင္ဘာလ (၁၀) ရက္ေန႔ ဆိုရင္

ခ်စ္သူ သက္တမ္း (၅) ႏွစ္ျပည့္ၿပီ။ မခိုင္ႏွင္းေဝရဲ႕ ကေလးမ်ားေဂဟာမွာေတာ့ ဘက္စုံသုံးဖို႔အတြက္ ေငြသား (၅)သိန္း လႉခဲ့တယ္။ အခုလို ကာလမွာ ကေလးေတြ အတြက္ လိုအပ္မႈ မ်ားမယ္ဆိုတာလည္း သိတယ္၊ အစ္မနဲ႔ Facebook မွာ Friend ျဖစ္ေနေတာ့ အစ္မကို ဘာေတြ လိုအပ္လည္း ေမးရင္းနဲ႔ ဘက္စုံ သုံးလို႔ရေအာင္ အလႉေငြေလးပဲ လႉျဖစ္သြားတယ္။ ေနာက္ထပ္ အလႉေလးကလည္း ႐ြာသားႀကီးဘက္က

မိဘမဲ့ေဂဟာ တစ္ခုမွာ လႉဖို႔ရွိပါေသးတယ္” လို႔ ဆိုပါတယ္။ ဝါဆိုမိုးဦး အေနနဲ႔ ခ်စ္သူသက္တမ္း အမွတ္တရ အလႉေလးကို ခိုင္ႏွင္းေဝရဲ႕ ကေလးမ်ား ေဂဟာမွာ ျပဳလုပ္ခြင့္ရတဲ့ ပီတိေလးကို အခုလို ေျပာျပလာပါတယ္။ “ အစ္မရဲ႕ ေဂဟာကို ပထမဆုံး ေရာက္ဖူးတာပါ။ ကေလးေတြကိုလည္း ေကာင္းေကာင္းမြန္မြန္ ေစာင့္ေရွာက္ထားတာ ေတြ႕ရေတာ့ အရမ္းလည္း ပီတိျဖစ္ရတယ္။ အစ္မကေတာ့ တကယ္ကို အေမအရင္းတစ္ေယာက္လိုပဲ ေစာင့္ေရွာက္တာလည္း

အၿမဲတမ္းေတြ႕ရပါတယ္။ ဒါေၾကာင့္ ဒီကေလးေလးေတြ အစ္မဆီကို ေရာက္တာ အရမ္းကံေကာင္းတယ္လို႔ ဝါဆို ခံစားမိတယ္။ အစ္မအတြက္လည္း အရမ္း ဂုဏ္ယူပါတယ္” လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။ၿဖိဳးေလးနဲ႔ ဝါဆိုမိုးဦးတို႔ရဲ႕ အခ်စ္ေရးကိုေတာ့ ၂၀၁၆ ခုႏွစ္ေလာက္မွာ ပရိသတ္ေတြကို တရားဝင္ အသိေပးခဲ့ၾကတာ ျဖစ္ပါတယ္။ ခ်စ္သူသက္တမ္း(၅) ႏွစ္တာ

ခရီးမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္မႈေတြ နဲ႔ တည္ေဆာက္ထားၾကတာျဖစ္ၿပီး အႏုပညာလုပ္ငန္းေတြမွာလည္း ေဖးမကူညီေပးတာေတြ ေတြ႕ရသလို အလႉအတန္းနဲ႔ ပတ္သက္လာရင္လည္း အတြဲညီညီ ေဆာင္႐ြက္ေလ့ရွိတဲ့ ခ်စ္သူ စုံတြဲ တစ္တြဲျဖစ္ပါတယ္။ သူတို႔ ႏွစ္ဦးရဲ႕ မဂၤလာသတင္းကိုေတာ့ ေနာက္ (၃) ႏွစ္ေနမွသာ ပရိသတ္ေတြကို အသိေပးသြားမယ္လို႔လည္း ဝါဆိုမိုးဦးက ေျဖဆိုထားဖူးပါတယ္။

Read in UNICODE

အဆိုတော်ဖြိုးလေး နဲ့ သရုပ်ဆောင် ဝါဆိုမိုးဦးတို့ ချစ်သူနှစ်ဦးကတော့ ဒီဇင်ဘာလ(၁၀) ရက်နေ့မှာ မှာ ချစ်သူသက်တမ်း(၅) နှစ်ပြည့်ပြီလို့ ဆိုပါတယ်။ အမှတ်တရနေ့လေး အကြိုအဖြစ် ခိုင်နှင်းဝေ ရဲ့ “ရင်သွေးလေးများ ရိပ်မြုံ” ဂေဟာမှာ ငွေကျပ်(၅) သိန်းလှူဒါန်းခဲ့ကြပါတယ်။ ဒီ အလှူလေးအတွက် ဝါဆိုမိုးဦးရဲ့ ပီတိစကားကို ပြောပြခဲ့ပါတယ်။ “ ဒီဇင်ဘာလ (၁၀) ရက်နေ့ ဆိုရင်

ချစ်သူ သက်တမ်း (၅) နှစ်ပြည့်ပြီ။ မခိုင်နှင်းဝေရဲ့ ကလေးများဂေဟာမှာတော့ ဘက်စုံသုံးဖို့အတွက် ငွေသား (၅)သိန်း လှူခဲ့တယ်။ အခုလို ကာလမှာ ကလေးတွေ အတွက် လိုအပ်မှု များမယ်ဆိုတာလည်း သိတယ်၊ အစ်မနဲ့ Facebook မှာ Friend ဖြစ်နေတော့ အစ်မကို ဘာတွေ လိုအပ်လည်း မေးရင်းနဲ့ ဘက်စုံ သုံးလို့ရအောင် အလှူငွေလေးပဲ လှူဖြစ်သွားတယ်။ နောက်ထပ် အလှူလေးကလည်း ရွာသားကြီးဘက်က

မိဘမဲ့ဂေဟာ တစ်ခုမှာ လှူဖို့ရှိပါသေးတယ်” လို့ ဆိုပါတယ်။ ဝါဆိုမိုးဦး အနေနဲ့ ချစ်သူသက်တမ်း အမှတ်တရ အလှူလေးကို ခိုင်နှင်းဝေရဲ့ ကလေးများ ဂေဟာမှာ ပြုလုပ်ခွင့်ရတဲ့ ပီတိလေးကို အခုလို ပြောပြလာပါတယ်။ “ အစ်မရဲ့ ဂေဟာကို ပထမဆုံး ရောက်ဖူးတာပါ။ ကလေးတွေကိုလည်း ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားတာ တွေ့ရတော့ အရမ်းလည်း ပီတိဖြစ်ရတယ်။ အစ်မကတော့ တကယ်ကို အမေအရင်းတစ်ယောက်လိုပဲ စောင့်ရှောက်တာလည်း

အမြဲတမ်းတွေ့ရပါတယ်။ ဒါကြောင့် ဒီကလေးလေးတွေ အစ်မဆီကို ရောက်တာ အရမ်းကံကောင်းတယ်လို့ ဝါဆို ခံစားမိတယ်။ အစ်မအတွက်လည်း အရမ်း ဂုဏ်ယူပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ရဲ့ အချစ်ရေးကိုတော့ ၂၀၁၆ ခုနှစ်လောက်မှာ ပရိသတ်တွေကို တရားဝင် အသိပေးခဲ့ကြတာ ဖြစ်ပါတယ်။ ချစ်သူသက်တမ်း(၅) နှစ်တာ

ခရီးမှာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ နဲ့ တည်ဆောက်ထားကြတာဖြစ်ပြီး အနုပညာလုပ်ငန်းတွေမှာလည်း ဖေးမကူညီပေးတာတွေ တွေ့ရသလို အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း အတွဲညီညီ ဆောင်ရွက်လေ့ရှိတဲ့ ချစ်သူ စုံတွဲ တစ်တွဲဖြစ်ပါတယ်။ သူတို့ နှစ်ဦးရဲ့ မင်္ဂလာသတင်းကိုတော့ နောက် (၃) နှစ်နေမှသာ ပရိသတ်တွေကို အသိပေးသွားမယ်လို့လည်း ဝါဆိုမိုးဦးက ဖြေဆိုထားဖူးပါတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *