သိန္း(၃၀၀)တန္ ကားတစ္စီးေလာက္နဲ႔ေတာ့ စပြန္ဆာယူစရာအေၾကာင္းမရွိပဲ သိန္းေထာင္ခ်ီတန္ကားအႀကီးႀကီးပဲ ယူလိုက္မယ္လို႔ ပြင့္ပြင့္လင္းလင္း ေျပာဆိုခဲ့တဲ့ နီလန္း

ပရိသတ္ႀကီးတို႔ေရ ျမန္မာအိုင္ေဒါ Season-3 ရဲ႕ ၿပိဳင္ပြဲဝင္ေဟာင္းတစ္ဦးျဖစ္သူ အဆိုေတာ္နီလန္းကေတာ့ ကိုယ့္အားကိုကိုးၿပီး ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ကာ အႏုပညာအလုပ္ေတြကို ဆက္တိုက္လုပ္ကိုင္လာရင္း ေအာင္ျမင္မႈရရွိလာခဲ့သူတစ္ဦးပဲ ျဖစ္ပါတယ္။ တိုင္းရင္းသူေလးတစ္ေယာက္ျဖစ္တဲ့ နီလန္းဟာဆိုရင္ ျဖဴစင္တဲ့ မ်က္ႏွာေလးကို ပိုင္ဆိုင္ထားရၿပီး ပါရမီပါတဲ့ အသံေလးနဲ႔ သီခ်င္းေကာင္းေတြကို သီဆိုႏိုင္သူေလးပဲ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ နီလန္းတစ္ေယာက္ အႏုပညာအလုပ္ေတြကို ျဖည္းျဖည္းမွန္မွန္နဲ႔ လုပ္ကိုင္ေနတာကို ေတြ႕ရပါတယ္။

ဒီအင္တာဗ်ဴးေလးမွာေတာ့ အဆိုေတာ္နီလန္းက သူမရဲ႕ကားအနီေရာင္ေလးကို စပြန္စာနဲ႔ဝယ္ထားတယ္ဆိုၿပီး ေဝဖန္လာတဲ့သူေတြကို သိန္း(၃၀၀)တန္ကားေလာက္ႏွင့္ေတာ့ စပြန္စာမယူဘူးလို႔ ျပန္လည္တုံ႔ျပန္ေျပာဆိုလိုက္တာပဲ ျဖစ္ပါတယ္။ ကားအနီေရာင္ေလးကို နီလန္းဝယ္လိုက္တဲ့အခ်ိန္မွာ တခ်ိဳ႕သူေတြဟာ သူမအေနနဲ႔ စပြန္စာရေနတာျဖစ္တဲ့အတြက္ေၾကာင့္ ဒီလိုကားမ်ိဳးကို ဝယ္လိုက္ႏိုင္တာလို႔ ေဝဖန္ေျပာဆိုေနၾကၿပီး ဒီလိုေဝဖန္သူေတြဆိုတာကလည္း သူမရဲ႕အေၾကာင္းကို ေကာင္းေကာင္းမသိသူေတြျဖစ္မယ္လို႔ နီလန္းကဆိုပါတယ္။

တကယ္ေတာ့ ဒီကားေလးကို နီလန္းရဲ႕ ပရိသတ္ေတြနဲ႔ ဖခင္ျဖစ္သူက နီလန္းအတြက္ စုေပါင္းဝယ္ယူေပးခဲ့ၾကတာျဖစ္ၿပီး စပြန္စာက ဝယ္ေပးခဲ့တာ မဟုတ္ပါဘူးလို႔ နီလန္းက ရွင္းျပခဲ့ပါတယ္။ ဒီကားေလးကို စပြန္စာက နီလန္းအတြက္ ဝယ္ေပးခဲ့တယ္လို႔ ေဝဖန္ေနသူေတြဆိုတာ ပမာဏအရ အနည္းအက်ဥ္းသာ ျဖစ္ၿပီး ဟိုအရင္တစ္ခ်ိန္က ဒီလိုကားေလးဝယ္ႏိုင္ဖို႔အတြက္ သူမကိုယ္တိုင္ ပိုက္ဆံစုေနခဲ့တယ္ဆိုတာကို နီလန္းနဲ႔ နီးစပ္သူေတြ၊ ပရိသတ္ေတြအေတာ္မ်ားမ်ားက သိရွိၿပီးျဖစ္တယ္လို႔ နီလန္းက ဆိုပါတယ္။ အခုလိုအျဖစ္မွန္ကို ဒီလိုနီလန္းကို တန္ဖိုးထား၊ အားေပးသူေတြ သိရွိလိုက္ရၿပီဆိုရင္ နီလန္းအေနနဲ႔ ေက်နပ္မိၿပီး က်န္တဲ့သူေတြ သိသည္ျဖစ္ေစ၊ မသိစည္ျဖစ္ေစ သူမအတြက္ အေရးမႀကီးပါဘူးလို႔ နီလန္းက ဆိုပါတယ္။

အခုလို အရမ္းတန္းဖိုးမႀကီးတဲ့ ကားတစ္စီးအတြက္ သူမအေနနဲ႔ စပြန္စာယူစရာအေၾကာင္းမရွိေၾကာင္းကို နီလန္းက “စပြန္စာယူတယ္လို႔ ေျပာရေအာင္လည္း ဘာလို႔ သိန္း(၃၀၀)တန္ေလးနဲ႔ စပြန္စာယူမွာလည္းေနာ္။ ယူမယ္ဆိုရင္လည္း ေထာင္နဲ႔ခ်ီတဲ့ ကားအႀကီးႀကီးဝယ္လိုက္မယ္ေလေနာ္။ ဘရန္းအရမ္းျမင့္တဲ့ ကားမ်ိဳးဝယ္လိုက္မွာေပါ့။ အဲ့တာေလးကိုလည္း နည္းနည္း စဥ္းစားေစခ်င္တယ္။ တစ္ခုခုေကာင္းတာေလးလုပ္တိုင္း မေဝဖန္ၾကပါနဲ႔၊ မတိုက္ခိုက္ၾကပါနဲ႔။ ေဝဖန္သူေတြအတြက္လည္း ဘာအက်ိဳးမွမရွိဘူး” လို႔ ပြင့္ပြင့္လင္းလင္း ထုတ္ေျပာလာခဲ့တာပဲ ျဖစ္ပါတယ္။

ဒီႏိုင္ငံက တခ်ိဳ႕သူေတြရဲ႕အေတြးေတြထဲမွာက စပြန္စာဆိုရင္ ေယာ္က်ားနဲ႔ မိန္းမၾကားက အေပးအယူသေဘာမ်ိဳးလို႔ လြဲမွားစြာ မွတ္ယူေနၾကၿပီး ဒါဟာ လုံးဝကို မွားယြင္းၿပီး ဒိတ္ေအာက္ေနတဲ့ အေတြးအေခၚတစ္ခု ျဖစ္တယ္လို႔ နီလန္းက ေဝဖန္ေျပာဆိုလိုက္ပါတယ္။
အႏုပညာလုပ္ငန္းလုပ္တဲ့အခါမွာ ကုန္ပစၥည္းေၾကာ္ျငာေတြရဲ႕ စပြန္စာကို လက္ခံထားရတာမ်ိဳး ရွိၿပီး Music Video တစ္ပုဒ္ ႐ိုက္ကူးတဲ့အခါမွာလည္း မိတ္ကပ္စပြန္စာ၊ လက္ဝတ္ရတနာစပြန္စာ၊ ေမာ္ေတာ္ကားစပြန္စာ၊ မီဒီယာစပြန္စာ စသည္ျဖင့္ စီးပြားေရးပိုင္းအရ ပတ္သတ္ဆက္ႏြယ္ရတာမ်ိဳးေတြ ရွိတယ္လို႔ ပညာေပးေျပာၾကားရင္း နီလန္းအေနနဲ႔ ဒီအင္တာဗ်ဴးေလးကို နိဂုံးခ်ဳပ္ေျဖၾကားေပးသြားခဲ့ပါတယ္။

အဆိုေတာ္နီလန္းရဲ႕ အခုလို ေျပာဆို၊ တုံ႔ျပန္ခ်က္ေလးေတြနဲ႔ ပတ္သတ္လို႔ ပရိသတ္အားလုံးရဲ႕ ထင္ျမင္ခ်က္ေလးေတြကိုလည္း ေဝမွ်ေပးခဲ့ပါဦးေနာ္။

Read in UNICODE

ပရိသတ်ကြီးတို့ရေ မြန်မာအိုင်ဒေါ Season-3 ရဲ့ ပြိုင်ပွဲဝင်ဟောင်းတစ်ဦးဖြစ်သူ အဆိုတော်နီလန်းကတော့ ကိုယ့်အားကိုကိုးပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ကာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်လာရင်း အောင်မြင်မှုရရှိလာခဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။ တိုင်းရင်းသူလေးတစ်ယောက်ဖြစ်တဲ့ နီလန်းဟာဆိုရင် ဖြူစင်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားရပြီး ပါရမီပါတဲ့ အသံလေးနဲ့ သီချင်းကောင်းတွေကို သီဆိုနိုင်သူလေးပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ နီလန်းတစ်ယောက် အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်နဲ့ လုပ်ကိုင်နေတာကို တွေ့ရပါတယ်။

ဒီအင်တာဗျူးလေးမှာတော့ အဆိုတော်နီလန်းက သူမရဲ့ကားအနီရောင်လေးကို စပွန်စာနဲ့ဝယ်ထားတယ်ဆိုပြီး ဝေဖန်လာတဲ့သူတွေကို သိန်း(၃၀၀)တန်ကားလောက်နှင့်တော့ စပွန်စာမယူဘူးလို့ ပြန်လည်တုံ့ပြန်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။ ကားအနီရောင်လေးကို နီလန်းဝယ်လိုက်တဲ့အချိန်မှာ တချို့သူတွေဟာ သူမအနေနဲ့ စပွန်စာရနေတာဖြစ်တဲ့အတွက်ကြောင့် ဒီလိုကားမျိုးကို ဝယ်လိုက်နိုင်တာလို့ ဝေဖန်ပြောဆိုနေကြပြီး ဒီလိုဝေဖန်သူတွေဆိုတာကလည်း သူမရဲ့အကြောင်းကို ကောင်းကောင်းမသိသူတွေဖြစ်မယ်လို့ နီလန်းကဆိုပါတယ်။

တကယ်တော့ ဒီကားလေးကို နီလန်းရဲ့ ပရိသတ်တွေနဲ့ ဖခင်ဖြစ်သူက နီလန်းအတွက် စုပေါင်းဝယ်ယူပေးခဲ့ကြတာဖြစ်ပြီး စပွန်စာက ဝယ်ပေးခဲ့တာ မဟုတ်ပါဘူးလို့ နီလန်းက ရှင်းပြခဲ့ပါတယ်။ ဒီကားလေးကို စပွန်စာက နီလန်းအတွက် ဝယ်ပေးခဲ့တယ်လို့ ဝေဖန်နေသူတွေဆိုတာ ပမာဏအရ အနည်းအကျဉ်းသာ ဖြစ်ပြီး ဟိုအရင်တစ်ချိန်က ဒီလိုကားလေးဝယ်နိုင်ဖို့အတွက် သူမကိုယ်တိုင် ပိုက်ဆံစုနေခဲ့တယ်ဆိုတာကို နီလန်းနဲ့ နီးစပ်သူတွေ၊ ပရိသတ်တွေအတော်များများက သိရှိပြီးဖြစ်တယ်လို့ နီလန်းက ဆိုပါတယ်။ အခုလိုအဖြစ်မှန်ကို ဒီလိုနီလန်းကို တန်ဖိုးထား၊ အားပေးသူတွေ သိရှိလိုက်ရပြီဆိုရင် နီလန်းအနေနဲ့ ကျေနပ်မိပြီး ကျန်တဲ့သူတွေ သိသည်ဖြစ်စေ၊ မသိစည်ဖြစ်စေ သူမအတွက် အရေးမကြီးပါဘူးလို့ နီလန်းက ဆိုပါတယ်။

အခုလို အရမ်းတန်းဖိုးမကြီးတဲ့ ကားတစ်စီးအတွက် သူမအနေနဲ့ စပွန်စာယူစရာအကြောင်းမရှိကြောင်းကို နီလန်းက “စပွန်စာယူတယ်လို့ ပြောရအောင်လည်း ဘာလို့ သိန်း(၃၀၀)တန်လေးနဲ့ စပွန်စာယူမှာလည်းနော်။ ယူမယ်ဆိုရင်လည်း ထောင်နဲ့ချီတဲ့ ကားအကြီးကြီးဝယ်လိုက်မယ်လေနော်။ ဘရန်းအရမ်းမြင့်တဲ့ ကားမျိုးဝယ်လိုက်မှာပေါ့။ အဲ့တာလေးကိုလည်း နည်းနည်း စဉ်းစားစေချင်တယ်။ တစ်ခုခုကောင်းတာလေးလုပ်တိုင်း မဝေဖန်ကြပါနဲ့၊ မတိုက်ခိုက်ကြပါနဲ့။ ဝေဖန်သူတွေအတွက်လည်း ဘာအကျိုးမှမရှိဘူး” လို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

ဒီနိုင်ငံက တချို့သူတွေရဲ့အတွေးတွေထဲမှာက စပွန်စာဆိုရင် ယော်ကျားနဲ့ မိန်းမကြားက အပေးအယူသဘောမျိုးလို့ လွဲမှားစွာ မှတ်ယူနေကြပြီး ဒါဟာ လုံးဝကို မှားယွင်းပြီး ဒိတ်အောက်နေတဲ့ အတွေးအခေါ်တစ်ခု ဖြစ်တယ်လို့ နီလန်းက ဝေဖန်ပြောဆိုလိုက်ပါတယ်။အနုပညာလုပ်ငန်းလုပ်တဲ့အခါမှာ ကုန်ပစ္စည်းကြော်ငြာတွေရဲ့ စပွန်စာကို လက်ခံထားရတာမျိုး ရှိပြီး Music Video တစ်ပုဒ် ရိုက်ကူးတဲ့အခါမှာလည်း မိတ်ကပ်စပွန်စာ၊ လက်ဝတ်ရတနာစပွန်စာ၊ မော်တော်ကားစပွန်စာ၊ မီဒီယာစပွန်စာ စသည်ဖြင့် စီးပွားရေးပိုင်းအရ ပတ်သတ်ဆက်နွယ်ရတာမျိုးတွေ ရှိတယ်လို့ ပညာပေးပြောကြားရင်း နီလန်းအနေနဲ့ ဒီအင်တာဗျူးလေးကို နိဂုံးချုပ်ဖြေကြားပေးသွားခဲ့ပါတယ်။

အဆိုတော်နီလန်းရဲ့ အခုလို ပြောဆို၊ တုံ့ပြန်ချက်လေးတွေနဲ့ ပတ်သတ်လို့ ပရိသတ်အားလုံးရဲ့ ထင်မြင်ချက်လေးတွေကိုလည်း ဝေမျှပေးခဲ့ပါဦးနော်။

Source : MC

Add a Comment

Your email address will not be published. Required fields are marked *