ေနတိုးကိုယ္တိုင္ ခ်က္ျပဳတ္ထားတဲ့ ဟင္းေတြ အားရပါးရစားၿပီး အရမ္းေကာင္းေၾကာင္း ခ်ီးက်ဴးခဲ့တဲ့ ဝတ္မွံုေရႊရည္

ေနတိုးနဲ႔ ဝတ္မႈံေ႐ႊရည္က အႏုပညာေလာကမွာေတာ့ ေအာင္ျမင္မႈေတြကိုယ္စီရရွိထားၿပီး အတြဲညီၾကတဲ့ မင္းသားနဲ႔ မင္းသမီးပါပဲ။ က်ရာဇာတ္႐ုပ္ကို အံဝင္ခြင္က် သ႐ုပ္ေဆာင္ၿပီး တိုင္တိုင္ပင္ပင္ ညႇိညႇိႏႈိင္းႏႈိင္းနဲ႔ အေကာင္းဆုံး လုပ္ေဆာင္ၾကတဲ့ ေနတိုးနဲ႔ ဝတ္မႈံေ႐ႊရည္တို႔ရဲ႕ ႐ုပ္ရွင္ ဗီဒီယိုဇာတ္ကားေတြကလဲ ေအာင္ျမင္မႈမ်ားစြာ ရရွိခဲ့ၿပီး ပရိသတ္ေတြရဲ႕

အားေပးမႈမ်ားစြာကို ရရွိခဲ့တာပဲျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ကတည္းက အႏုပညာအလုပ္ေတြကို အတူတူလုပ္ကိုင္လာခဲ့တဲ့ ေနတိုးနဲ႔ ဝတ္မႈံေ႐ႊရည္က ဒီေန႔ဒီအခ်ိန္ထိလည္း ေၾကာ္ျငာေတြ ႐ုပ္ရွင္ေတြ အတူတူ ႐ိုက္ကူးေနရဆဲ ျဖစ္ပါတယ္။ အလုပ္ေတြမ်ားစြာကို အတူတူတြဲဖက္လုပ္ကိုင္ၾကသလို တူညီတဲ့ အနုပညာနယ္ပယ္ထဲမွာ

က်င္လည္ေနၾကတဲ့ ေနတိုးနဲ့ ဝတ္မႈံေရႊရည္တို့က တစ္ေယာက္နဲ့တစ္ေယာက္ တကယ့္ ေမာင္နွမအရင္းအခ်ာေတြလို ခင္မင္ရင္းနွီးၾကသူမ်ား ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ဝတ္မႈံေရႊရည္က ေနတိုးနဲ့အတူတူ အလုပ္လုပ္ရင္း ရႈတင္မွာ ေနတိုးကိုယ္တိုင္ခ်က္ျပဳတ္လာတဲ့ ထမင္းဟင္းေတြကို အားရပါးရစားရင္း အရမ္းေကာင္းေၾကာင္း ေျပာလာတာကို အခုလိုပဲ ေတြ့ရပါတယ္။ ဝတ္မႈံေရႊရည္ကေတာ့ ေနတိုးက ရုပ္ရည္ေခ်ာေမာရံုသာမကပဲ

ဟင္းခ်က္လည္းေကာင္းတဲ့ မင္းသားတစ္ေယာက္ဆိုတာ ပရိသတ္ေတြဆီ ေျပာျပခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေနတိုးခ်က္တဲ့ ဟင္းေတြကိုၾကည့္ျပီး စားခ်င္စိတ္ေတြ တဖြားဖြားျဖစ္လာမယ္ဆုိတာ အေသအခ်ာပါပဲေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Read in UNICODE

နေတိုးနဲ့ ဝတ်မှုံရွှေရည်က အနုပညာလောကမှာတော့ အောင်မြင်မှုတွေကိုယ်စီရရှိထားပြီး အတွဲညီကြတဲ့ မင်းသားနဲ့ မင်းသမီးပါပဲ။ ကျရာဇာတ်ရုပ်ကို အံဝင်ခွင်ကျ သရုပ်ဆောင်ပြီး တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့ အကောင်းဆုံး လုပ်ဆောင်ကြတဲ့ နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ ရုပ်ရှင် ဗီဒီယိုဇာတ်ကားတွေကလဲ အောင်မြင်မှုများစွာ ရရှိခဲ့ပြီး ပရိသတ်တွေရဲ့

အားပေးမှုများစွာကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက အနုပညာအလုပ်တွေကို အတူတူလုပ်ကိုင်လာခဲ့တဲ့ နေတိုးနဲ့ ဝတ်မှုံရွှေရည်က ဒီနေ့ဒီအချိန်ထိလည်း ကြော်ငြာတွေ ရုပ်ရှင်တွေ အတူတူ ရိုက်ကူးနေရဆဲ ဖြစ်ပါတယ်။ အလုပ်တွေများစွာကို အတူတူတွဲဖက်လုပ်ကိုင်ကြသလို တူညီတဲ့ အနုပညာနယ်ပယ်ထဲမှာ

ကျင်လည်နေကြတဲ့ နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့က တစ်ယောက်နဲ့တစ်ယောက် တကယ့် မောင်နှမအရင်းအချာတွေလို ခင်မင်ရင်းနှီးကြသူများ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဝတ်မှုံရွှေရည်က နေတိုးနဲ့အတူတူ အလုပ်လုပ်ရင်း ရှုတင်မှာ နေတိုးကိုယ်တိုင်ချက်ပြုတ်လာတဲ့ ထမင်းဟင်းတွေကို အားရပါးရစားရင်း အရမ်းကောင်းကြောင်း ပြောလာတာကို အခုလိုပဲ တွေ့ရပါတယ်။ ဝတ်မှုံရွှေရည်ကတော့ နေတိုးက ရုပ်ရည်ချောမောရုံသာမကပဲ

ဟင်းချက်လည်းကောင်းတဲ့ မင်းသားတစ်ယောက်ဆိုတာ ပရိသတ်တွေဆီ ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေတိုးချက်တဲ့ ဟင်းတွေကိုကြည့်ပြီး စားချင်စိတ်တွေ တဖွားဖွားဖြစ်လာမယ်ဆိုတာ အသေအချာပါပဲနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source : Wutt Hmone Shwe Yi’s Facebook

Add a Comment

Your email address will not be published. Required fields are marked *