တစ်ခါတစ်ရံမှသာ ချစ်သမီးလေးတွေနဲ့ အတူနေခွင့်ရတာကြောင့် ဝမ်းနည်းခံစားနေရကြောင်း ပြောပြခဲ့တဲ့ အဆိုတော် ကျားပေါက်
Read in UNICODE
ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးနားဆင်မှုတွေကို ရရှိထားသူကတော့ အဆိုတော် ကျားပေါက်ပဲ ဖြစ်ပါတယ်။ သူဟာ Big Bag နာမည်နဲ့ Band တစ်ခု တည်ထောင်ထားပြီး ပရိသတ်တွေအတွက် သီချင်းအသစ်တွေ နားဆင်နိုင်အောင် အမြဲကြိုးစားနေသူ တစ်ဦးလည်း
ဖြစ်ပါတယ်။ ကျားပေါက်ရဲ့ သီချင်းတွေကို ပရိသတ်တွေသာမကဘဲ ဂီတသမားအချင်းချင်းကတောင် ကြိုက်နှစ်သက်နေကြတာလည်း ဖြစ်ပါတယ်။ ကျားပေါက်ဟာ သမီးလေး နှစ်ယောက်နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ
ဖန်တီးတည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။ အားလပ်ချိန်တိုင်းကိုလည်း သမီးနှစ်ယောက်ရဲ့ အနားမှာနေကာ ဂရုတစိုက်နဲ့ ပြုစုစောင့်ရှောက်ကာကွယ်မှုတွေ ပေးနေတာလည်း ဖြစ်ပါတယ်။ ကလေးတွေရဲ့ ပုံလေးတွေကိုလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ အမြဲတင်ပေးနေသူလည်း ဖြစ်ပါတယ်။ မကြာသေးခင်
နာရီပိုင်းလောက်ကလည်း ကျားပေါက်ရဲ့ Instagram လူမှုကွန်ယက်မှာ သမီးငယ်လေးရဲ့ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ သူကလည်း ” သမီးငယ်ပုံတွေ အများကြီး တင်နေမိတယ်။ သူနဲ့မတွေ့ရတာကြာလို့ပါ ။ ဘယ်လို ဝဋ်ကြောင့်ကိုယ့်လောက်ကလေးတွေကို ချစ်တဲ့လူမှ ဒါမျိုးတွေ
လာဖြစ်နေလည်း မပြောတတ်တော့ဘူး။ ကိုယ့်Life က ဘယ်လောက်f….d up ဖြစ်ဖြစ် သူတို့ ကိုတော့ စိမ်းစိမ်းစိုစိုပဲ ကြီးပြင်းစေချင်တယ်” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source : Kyarpauk’s Instagram
Add a Comment
Your email address will not be published. Required fields are marked *