ခ်စ္သူေလးက မထင္မွတ္ထားတဲ့ ေမြးေန႔စပ႐ိုက္ေလး လုပ္ေပးခဲ့တာေၾကာင့္ အရမ္းေပ်ာ္ေနရတဲ့ ေဇရဲထက္

ေဇရဲထက္ကေတာ့ ခ်စ္သူရွိေနၿပီဆိုတာကို ပရိသတ္ေတြကို အသိေပးထားၿပီးသားျဖစ္ပါတယ္။ သူ႔ရဲ႕ ေမြးေန႔ဟာ ဇန္နဝါရီလ ၅ ရက္ေန႔မွ က်ေရာက္မွာျဖစ္ၿပီး တစ္လႀကိဳတင္ Surprise လုပ္တာခံလိုက္ရတဲ့အတြက္ အရမ္းေပ်ာ္ေနတယ္လို႔ ဆိုပါတယ္။ ” ကိုဗစ္ ေၾကာင့္ မလာႏိုင္ေပမယ့္

သတိတရ ေမြးေန႔ပြဲ ကို အရင္ဆုံးလုပ္ေပးခဲ့တယ္။ ေမြးေန႔ေတာင္ မေရာက္ေသး၊ လုံးဝ ထင္မထားခဲ့ဘူး၊ အရမ္းေပ်ာ္တာထက္ ဝမ္းနည္းသလိုႀကီး လုံးဝမသိခဲ့တာ Thank my lover . hotel ထက္ တန္ဖိုးႀကီးေတြထက္ ခမ္းနားတဲ့ ေမြးေန႔ စပ႐ိုတ္ေလး အရမ္း ေက်နပ္ေပ်ာ္႐ႊင္ရပါတယ္” ဆိုၿပီးေတာ့ ဒီဇင္ဘာလ (၇) ရက္ေန႔ ည (၁၁) နာရီေက်ာ္က

သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ေဇရဲထက္ဟာ ေအာင္ျမင္တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္လာတဲ့အတြက္ သူ႔ရဲ႕ ေမြးရပ္ဇာတိေျမျဖစ္တဲ့ လယ္ေဝးၿမိဳ႕အတြက္ ဂုဏ္ေဆာင္ႏိုင္ခဲ့ၿပီလို႔ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ဖူးပါတယ္။ သူဟာ အသက္(၁၇) ႏွစ္ကတည္းက

ဘဝကို တစ္ေယာက္တည္း ႐ုန္းကန္လာရသူျဖစ္တာေၾကာင့္ ႀကဳံေတြ႕ခဲ့ရတဲ့ အရာေတြကိုလည္း မၾကာခဏ ေျပာျပေလ့ရွိပါတယ္။ သူ႔ရဲ႕ ဘဝအခက္အခဲေတြကို သိလိုက္တဲ့ အခ်ိန္မွာ လူငယ္ေတြကို သင္ခန္းစာတစ္ခု ရေစခ်င္တဲ့ ဆႏၵရွိတယ္လို႔လည္း သူက ေျပာခဲ့ဖူးပါေသးတယ္။ေဇရဲထက္ကို ဗီဒီယို

ဇာတ္ကားေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိခဲ့တာပါ။ ႐ုပ္ရွင္ေခ်ာေမာလြန္းတာေၾကာင့္ လူႀကီးလူငယ္ ပရိသတ္ေတြရဲ႕ အားေပးမႈမ်ားစြာ ရရွိခဲ့တာျဖစ္ၿပီး TV ေၾကာ္ျငာေတြလည္း အဆက္မျပတ္႐ိုက္ကူးခဲ့ရတာကို ေတြ႕ရပါတယ္။ အခုခ်ိန္မွာေတာ့ အႏုပညာေလာကမွာ ပရိသတ္အခိုင္အမာနဲ႔ရပ္တည္ေနတဲ့ သ႐ုပ္ေဆာင္ တစ္ေယာက္ျဖစ္လို႔ေနပါၿပီ။

Read in UNICODE

ဇေရဲထက်ကတော့ ချစ်သူရှိနေပြီဆိုတာကို ပရိသတ်တွေကို အသိပေးထားပြီးသားဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့ဟာ ဇန်နဝါရီလ ၅ ရက်နေ့မှ ကျရောက်မှာဖြစ်ပြီး တစ်လကြိုတင် Surprise လုပ်တာခံလိုက်ရတဲ့အတွက် အရမ်းပျော်နေတယ်လို့ ဆိုပါတယ်။ ” ကိုဗစ် ကြောင့် မလာနိုင်ပေမယ့်

သတိတရ မွေးနေ့ပွဲ ကို အရင်ဆုံးလုပ်ပေးခဲ့တယ်။ မွေးနေ့တောင် မရောက်သေး၊ လုံးဝ ထင်မထားခဲ့ဘူး၊ အရမ်းပျော်တာထက် ဝမ်းနည်းသလိုကြီး လုံးဝမသိခဲ့တာ Thank my lover . hotel ထက် တန်ဖိုးကြီးတွေထက် ခမ်းနားတဲ့ မွေးနေ့ စပရိုတ်လေး အရမ်း ကျေနပ်ပျော်ရွှင်ရပါတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ (၇) ရက်နေ့ ည (၁၁) နာရီကျော်က

သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဇေရဲထက်ဟာ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာတဲ့အတွက် သူ့ရဲ့ မွေးရပ်ဇာတိမြေဖြစ်တဲ့ လယ်ဝေးမြို့အတွက် ဂုဏ်ဆောင်နိုင်ခဲ့ပြီလို့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူဟာ အသက်(၁၇) နှစ်ကတည်းက

ဘဝကို တစ်ယောက်တည်း ရုန်းကန်လာရသူဖြစ်တာကြောင့် ကြုံတွေ့ခဲ့ရတဲ့ အရာတွေကိုလည်း မကြာခဏ ပြောပြလေ့ရှိပါတယ်။ သူ့ရဲ့ ဘဝအခက်အခဲတွေကို သိလိုက်တဲ့ အချိန်မှာ လူငယ်တွေကို သင်ခန်းစာတစ်ခု ရစေချင်တဲ့ ဆန္ဒရှိတယ်လို့လည်း သူက ပြောခဲ့ဖူးပါသေးတယ်။ဇေရဲထက်ကို ဗီဒီယို

ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ ရုပ်ရှင်ချောမောလွန်းတာကြောင့် လူကြီးလူငယ် ပရိသတ်တွေရဲ့ အားပေးမှုများစွာ ရရှိခဲ့တာဖြစ်ပြီး TV ကြော်ငြာတွေလည်း အဆက်မပြတ်ရိုက်ကူးခဲ့ရတာကို တွေ့ရပါတယ်။ အခုချိန်မှာတော့ အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ရပ်တည်နေတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်လို့နေပါပြီ။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *