မဂၤလာေဆာင္ခါနီး ရက္ပိုင္းအလိုမွ အဆင္မေျပမႈေတြ တစ္ခုၿပီးတစ္ခု ၾကံဳေတြ႕ေနရတယ္ဆိုတဲ့ ႏိုင္းဝမ္း

ပရိသတ္ေတြၾကားမွာ ႏိုင္းဝမ္းကေတာ့ သီခ်င္းေကာင္းမ်ားစြာနဲ႔ ေအာင္ျမင္ေနတဲ့သူတစ္ဦး ျဖစ္ပါတယ္ ။ ႏိုင္းဝမ္းက အခ်စ္သီခ်င္းေလးေတြကိုသီဖြဲ႕တဲ့ေနရာမွာ ေျပာင္ေျမာက္တဲ့စာသားေတြနဲ႔ ေဖာ္က်ဴးႏိုင္တာေၾကာင့္ သူ႔ရဲ႕သီခ်င္းေတြကို အဓိပၸာယ္ရွိၿပီး ေလးနက္ေနတာ

ျဖစ္ပါတယ္ ။ ႏိုင္းဝမ္းရဲ႕ထြက္ရွိခဲ့သမွ် သီခ်င္းေတြေတာ္ေတာ္မ်ားမ်ားကလည္း ပရိသတ္ေတြၾကားမွာ အရမ္းေရပန္းစားၿပီး လူႀကိဳက္မ်ားေနတာ ျဖစ္ပါတယ္ ။ လတ္တေလာမွာေတာ့ ႏိုင္းဝမ္းက သူ႔ရဲ႕မဂၤလာကိစၥနဲ႔ပတ္သက္ၿပီး

အရမ္းအလုပ္ရႈပ္ေနတာ ျဖစ္ပါတယ္ ။ ဆယ္ႏွစ္ေက်ာ္ၾကာလက္တြဲခဲ့တဲ့ ခ်စ္သူေလးနဲ႔ လက္ထပ္ေတာ့မယ့္ ႏိုင္းဝမ္းက ကိုဗစ္ကာလမွာ အစစအရာရာ ဂ႐ုစိုက္ၿပီး အေသးစိတ္ျပင္ဆင္ေနရတာ ျဖစ္ပါတယ္ ။ အခုလည္း ႏိုင္းဝမ္းတစ္ေယာက္ မဂၤလာေဆာင္ခါနီး ရက္ပိုင္းအလိုက်မွ

လက္မွတ္ထိုးတဲ့ကိစၥမွာ အခက္အခဲေတြႀကဳံေနရေၾကာင္း ပရိသတ္ေတြကို ရင္ဖြင့္လာခဲ့တာ ျဖစ္ပါတယ္ ။ ႏိုင္းဝမ္းက “မဂၤလာေမာ္ကြန္းတင္လက္မွတ္ေရးထိုးဖို႔ ကိုယ့္ဘက္က အသိသက္ေသလက္မွတ္ထိုးေပးဖို႔ အခ်စ္ဆုံးေဘာ္ဒါတစ္ေယာက္ကို

အကူအညီေတာင္းထားခဲ့တာ လြန္ခဲ့တဲ့ (၃)ရက္က အဲ့ဒီသူငယ္ခ်င္းကိုဗစ္ေပါ့စတစ္ျဖစ္တယ္ အဲ့ဒါေၾကာင့္ ေနာက္ထပ္အခ်စ္ဆုံးသူငယ္ခ်င္းတစ္ေယာက္ကိုထပ္ၿပီးအကူအညီေတာင္းထားခဲ့တာ.. အဲ့ဒီသူငယ္ခ်င္းလဲ ဒီည ကိုဗစ္ေပါ့စတစ္ျဖစ္တယ္

လက္ထပ္စာခ်ဳပ္ထဲမွာေတာင္ နာမည္ေတြထည့္ၿပီးေနၿပီကြာ..မနက္မိုးလင္းရင္ ေနာက္တစ္ေယာက္ထပ္ေျပာင္းၿပီး စာခ်ဳပ္အသစ္ျဖည့္ရဦးမယ္ မဂၤလာပြဲကိုလည္း ခမ္းခမ္းနားနားလုပ္ခြင့္မရဘူး..မင္းငါ့ကို အရမ္းဒုကၡေပးေနၿပီ ငဗစ္ေရ” ဆိုၿပီး ေရးသားေျပာျပလာခဲ့တာပဲ ျဖစ္ပါတယ္ ။

Read in UNICODE

ပရိသတ်တွေကြားမှာ နိုင်းဝမ်းကတော့ သီချင်းကောင်းများစွာနဲ့ အောင်မြင်နေတဲ့သူတစ်ဦး ဖြစ်ပါတယ် ။ နိုင်းဝမ်းက အချစ်သီချင်းလေးတွေကိုသီဖွဲ့တဲ့နေရာမှာ ပြောင်မြောက်တဲ့စာသားတွေနဲ့ ဖော်ကျူးနိုင်တာကြောင့် သူ့ရဲ့သီချင်းတွေကို အဓိပ္ပာယ်ရှိပြီး လေးနက်နေတာ

ဖြစ်ပါတယ် ။ နိုင်းဝမ်းရဲ့ထွက်ရှိခဲ့သမျှ သီချင်းတွေတော်တော်များများကလည်း ပရိသတ်တွေကြားမှာ အရမ်းရေပန်းစားပြီး လူကြိုက်များနေတာ ဖြစ်ပါတယ် ။ လတ်တလောမှာတော့ နိုင်းဝမ်းက သူ့ရဲ့မင်္ဂလာကိစ္စနဲ့ပတ်သက်ပြီး

အရမ်းအလုပ်ရှုပ်နေတာ ဖြစ်ပါတယ် ။ ဆယ်နှစ်ကျော်ကြာလက်တွဲခဲ့တဲ့ ချစ်သူလေးနဲ့ လက်ထပ်တော့မယ့် နိုင်းဝမ်းက ကိုဗစ်ကာလမှာ အစစအရာရာ ဂရုစိုက်ပြီး အသေးစိတ်ပြင်ဆင်နေရတာ ဖြစ်ပါတယ် ။ အခုလည်း နိုင်းဝမ်းတစ်ယောက် မင်္ဂလာဆောင်ခါနီး ရက်ပိုင်းအလိုကျမှ

လက်မှတ်ထိုးတဲ့ကိစ္စမှာ အခက်အခဲတွေကြုံနေရကြောင်း ပရိသတ်တွေကို ရင်ဖွင့်လာခဲ့တာ ဖြစ်ပါတယ် ။ နိုင်းဝမ်းက “မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးဖို့ ကိုယ့်ဘက်က အသိသက်သေလက်မှတ်ထိုးပေးဖို့ အချစ်ဆုံးဘော်ဒါတစ်ယောက်ကို

အကူအညီတောင်းထားခဲ့တာ လွန်ခဲ့တဲ့ (၃)ရက်က အဲ့ဒီသူငယ်ချင်းကိုဗစ်ပေါ့စတစ်ဖြစ်တယ် အဲ့ဒါကြောင့် နောက်ထပ်အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ကိုထပ်ပြီးအကူအညီတောင်းထားခဲ့တာ.. အဲ့ဒီသူငယ်ချင်းလဲ ဒီည ကိုဗစ်ပေါ့စတစ်ဖြစ်တယ်

လက်ထပ်စာချုပ်ထဲမှာတောင် နာမည်တွေထည့်ပြီးနေပြီကွာ..မနက်မိုးလင်းရင် နောက်တစ်ယောက်ထပ်ပြောင်းပြီး စာချုပ်အသစ်ဖြည့်ရဦးမယ် မင်္ဂလာပွဲကိုလည်း ခမ်းခမ်းနားနားလုပ်ခွင့်မရဘူး..မင်းငါ့ကို အရမ်းဒုက္ခပေးနေပြီ ငဗစ်ရေ” ဆိုပြီး ရေးသားပြောပြလာခဲ့တာပဲ ဖြစ်ပါတယ် ။

Source : Kyaw Zin Latt’s Facebook

Add a Comment

Your email address will not be published. Required fields are marked *