လမ္းေဘးမွာ မတ္တပ္ရပ္ေနရာကေန ေမာ္ဒယ္ျဖစ္ခဲ့ၿပီး လက္ရွိမွာ ထမင္းစားတဲ့ ပန္းကန္ေတြ ဇြန္းေတြေတာင္ တန္ဖိုးႀကီးတာေတြပဲ သုံးတယ္ဆိုတဲ့ ဂြၽန္လြင္

ပရိသတ္ႀကီးတို႔ေရ ေမာ္ဒယ္သင္တန္းတည္ေထာင္သူတစ္ဦးျဖစ္တဲ့ ဂြၽန္လြင္ကေတာ့ လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာတည္းက စင္ကာပူႏိုင္ငံမွာ ေမာ္ဒယ္တစ္ဦးအျဖစ္ ရပ္တည္လာခဲ့သူတစ္ဦးပဲ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံျပန္ေရာက္တဲ့ အခ်ိန္မွာေတာ့ Stars & Model Int’l ဆိုတဲ့ ေမာ္ဒယ္သင္တန္း ေအဂ်င္စီတစ္ခုကို တည္ေထာင္ကာ ႏိုင္ငံတဝွမ္း ေအာင္ျမင္ေက်ာ္ၾကားၿပီး အရည္အခ်င္းရွိတဲ့ အႏုပညာရွင္ မင္းသား၊ မင္းသမီးေပါင္းမ်ားစြာကို ေမြးထုတ္ေပးခဲ့သူတစ္ဦးပဲ ျဖစ္ပါတယ္။  အခုအခ်ိန္မွာေတာ့ ဂြၽန္လြင္ရဲ႕ Stars & Model Int’l အေနနဲ႔ ေမာ္ဒယ္သင္တန္း၊ ေအဂ်င္စီတို႔အျပင္ Star Event Production ဆိုတဲ့ ပြဲစီစဥ္ျခင္းလုပ္ငန္းကိုပါ ေအာင္ျမင္စြာ လုပ္ကိုင္ေနႏိုင္တာပဲ ျဖစ္ပါတယ္။

ဒီအင္တာဗ်ဴးေလးမွာေတာ့ ဂြၽန္လြင္က သူ႔ဘဝမွာ လမ္းေဘး မတ္တပ္ရပ္ေနရာကေန ေမာ္ဒယ္တစ္ဦးျဖစ္လာခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ ထမင္းစားတဲ့ ပန္းကန္ေတြ၊ ဇြန္းေတြကိုေတာင္ တန္ဖိုးႀကီးအမ်ိဳးအစားေတြပဲ သုံးစြဲျဖစ္တယ္ဆိုတဲ့အေၾကာင္း ပြင့္ပြင့္လင္းလင္း ထုတ္ေျပာလာခဲ့တာပဲ ျဖစ္ပါတယ္။   သူ႔ဘဝမွာ အခုလို ေနရာတစ္ခုကို ရဖို႔အတြက္ ပင္ပန္းဆင္းရဲႀကီးစြာ ႐ုန္းကန္ခဲ့ရၿပီး လက္ရွိေအာင္ျမင္ေနတဲ့အခ်ိန္မွာေတာ့ ႀကိဳးစားမႈရဲ႕ အသီးအပြင့္ေတြကို လတ္လတ္ဆတ္ဆတ္ ခူးယူစားေသာက္ႏိုင္ၿပီျဖစ္ေၾကာင္းကို ဂြၽန္လြင္က “ကြၽန္ေတာ့္ရဲ႕ အနားမွာေနတဲ့ ပြိဳင္ဇင္မာယာတို႔၊ ဘာတို႔ကို နင္ဒီပစၥည္းေလးကို ကိုင္ၾကည့္စမ္းလို႔၊ နင္တို႔ ဒီပစၥည္း ဘယ္ေလာက္တန္လဲ သိလားလို႔ ေမးလိုက္တယ္။ကြၽန္ေတာ္စားတဲ့ ထမင္းပန္းကန္ျပားေတြ၊ ဇြန္းေတြကိုေပါ့ေနာ္။ အဲ့ဒီမွာ တံဆိပ္ကို လွန္ျပလိုက္တာေပါ့ေနာ္။ ဒါ ကြၽန္ေတာ့္အေနနဲ႔ ႂကြားခ်င္တာေတာ့ မဟုတ္ဘူး။

ကြၽန္ေတာ္ထမင္းစားရင္ Hermes ဆိုတဲ့ ဇြန္းေတြ၊ ပန္းကန္ျပားေတြနဲ႔ စားတာေပါ့ေနာ္။ ငါဒီလိုမ်ိဳး စားဖို႔အတြက္ကို ငယ္စဥ္တုန္းက အမ်ားႀကီး ေပးဆပ္ခဲ့ရတယ္ လို႔၊ ငါ အလုပ္ေတြကို ေဒၚလာတစ္က်ပ္ရရ၊ ႏွစ္က်ပ္ရရ လုပ္ခဲ့တယ္ လို႔၊ အခုအသက္ႀကီးလို႔ ေအဂ်င္စီေထာင္လာတဲ့ အခ်ိန္က်ေတာ့လည္း အလုပ္ကို တစ္ေသာင္းရရ၊ ႏွစ္ေသာင္းရရ၊ ငါးေထာင္ပဲရရ လုပ္ခဲ့တယ္လို႔ ေျပာလိုက္တယ္။ ေနာက္ဆုံး ပိုက္ဆံမရဘူးဆိုရင္ေတာင္ နာမည္က်န္ခဲ့မွာျဖစ္တဲ့အတြက္ ကြၽန္ေတာ့္အေနနဲ႔ ေနရာတစ္ခုကို ဆြဲယူထားႏိုင္မွာ ျဖစ္တယ္။ ကြၽန္ေတာ္ထိုင္တဲ့ ထိုင္ခုံေတြဆိုတာ တန္ဖိုးႀကီးေတြခ်ည္းပဲ။ ဒါေၾကာင့္ တခ်ိဳ႕မီဒီယာေတြက ကြၽန္ေတာ့္အိမ္ကို အင္တာဗ်ဴးခ်င္ေပမယ့္ ကြၽန္ေတာ့္အေနနဲ႔ အင္တာဗ်ဴးခြင့္ မေပးဘူး ဆိုတာက ကြၽန္ေတာ္ေျပာျပတဲ့  ဘရန္းေတြကို သူတို႔က သိခ်င္မွသိမွေလ။ ကြၽန္ေတာ္အိပ္ေနတဲ့ ကုတင္ေတြ၊ ေမြ႕ယာေတြ၊ အိပ္ရာခင္းရဲ႕ အရည္အေသြးေတြ။ အရည္အေသြးျမင္တဲ့ ဘဝတစ္ခုကို ကြၽန္ေတာ္ ရသြားတာေပါ့ေနာ္။ ဒါေပမယ့္ ကိုဗစ္ျဖစ္လိုက္တဲ့ အခ်ိန္က်ေတာ့ ဒါႀကီးက ငါ့အတြက္ ဘာမွအေရးမႀကီးပါလား ဆိုတာမ်ိဳး ျဖစ္သြားျပန္ေရာ။ ထမင္းစား စားပြဲဆိုရင္လည္း ကြၽန္းတုံးႀကီးရဲ႕ ဗိုက္သားကိုမွ လွီးထားတာေတြ စတဲ့ ပစၥည္းေတြနဲ႔ ကြၽန္ေတာ္က ေနထိုင္တာေပါ့ေနာ္။ ကိုဗစ္ျဖစ္သြားတဲ့ အခ်ိန္မွာေတာ့ ဒီပစၥည္းေတြက တန္ဖိုးမရွိေတာ့ဘူးဆိုတာက္ို ကြၽန္ေတာ္ သိသြားတယ္။” လို႔ ေျပာျပခဲ့ပါတယ္။

သူဝတ္တဲ့ အက်ႌေတြဟာဆိုရင္လည္း Fashion Week ေတြကေန ထြက္ရွိလာတဲ့ အက်ႌေတြ၊ ေမာ္ဒယ္ေလာကမွာ က်င္လည္ခဲ့၊ က်င္လည္ေနရသူတစ္ဦးျဖစ္တဲ့အတြက္ တန္ဖိုးႀကီးဘရန္းအဝတ္အစားေတြကို ဝတ္ဆင္ခဲ့ရေပမယ့္ အျပင္ထြက္တဲ့အခါမွာေတာ့ အားလုံးျမင္ၾကတဲ့အတိုင္း တီရွပ္အမည္းနဲ႔ ေဘာင္းဘီတိုကိုသာ ဝတ္ဆင္ေလ့ရွိတယ္လို႔ ဂြၽန္လြင္က ေျပာျပပါတယ္။ေနာက္ပိုင္းမွာ အခုလို ႐ိုး႐ိုးရွင္းရွင္းနဲ႔ ဝတ္စားဆင္ယင္ျဖစ္တယ္ဆိုတာကလည္း စိတ္ရွင္းရွင္းလင္းလင္းနဲ႔ ေအးေအးခ်မ္းခ်မ္း ေနလိုတာေၾကာင့္ျဖစ္ၿပီး ဘရန္းေတြဆိုတာကလည္း ဘာမွအေရးမႀကီးဘူးဆိုတာကို ကိုဗစ္ျဖစ္လိုက္တဲ့အခ်ိန္မွာ ရွင္းရွင္းလင္းလင္း သေဘာေပါက္နားလည္သြားတယ္လို႔ ဂြၽန္လြင္က ရွင္းျပပါတယ္။ အခုရက္ပိုင္း ဂြၽန္လြင္အေနနဲ႔ ေဖ့စ္ဘြတ္ေပၚမွာ သူ႔ရဲ႕ငယ္စဥ္ေမာ္ဒယ္ဘဝ ဓာတ္ပုံေလးေတြကို မွ်ေဝေပးလာတယ္ဆ္ိုတာကလည္း ဂြၽန္လြင္ဆိုတာ တစ္ခ်ိန္က ဒီလိုေခ်ာခဲ့တယ္၊ လွခဲ့တယ္ဆိုတာကို ပရိသတ္ေတြ သိေစခ်င္လို႔ျဖစ္ၿပီး ေနာက္ထပ္ ေနာက္ဆက္တြဲ(၂၄)ပုံ တင္ေပးသြားဖို႔ ရွိေသးတယ္လို႔ ေျပာျပပါတယ္။ 

အခုေနာက္ပိုင္း သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာဟာဆိုရင္လည္း အားေပးၾကည့္ရႈသူေတြ တစ္စတစ္စ မ်ားျပားလာၿပီး အခုလို ဘယ္မင္းသား၊ မင္းသမီးကမွ ဝင္ေၾကာ္ျငာေပးစရာမလိုပဲ သူ႔ကိုခ်စ္ခင္အားေပးသူေတြနဲ႔ လူသိမ်ားလာတဲ့အတြက္ အားေပးသူေတြကို ေက်းဇူးတင္ပါတယ္လို႔ ဂြၽန္လြင္က ဒီအင္တာဗ်ဴးေလးကေနတစ္ဆင့္ ေျပာၾကားလိုက္ပါတယ္။  ​သူ႔ရဲ႕ အႏုပညာေျခလွမ္းအစအေနနဲ႔ စင္ကာပူႏိုင္ငံမွာ ေမာ္ဒယ္တစ္ဦးအျဖစ္ ရပ္တည္ျဖစ္ခဲ့ပုံကိုလည္း ဂြၽန္လြင္က အခုလို ျပန္ေျပာင္းေျပာျပေပးခဲ့ပါတယ္။  “ကြၽန္ေတာ္က လမ္းေဘးမွာ မတ္တပ္ရပ္ေနရာကေန ေအဂ်င္စီက လူက လာေခၚတာ။ ေမာ္ဒယ္လုပ္မလား ဆိုေတာ့ ကြၽန္ေတာ္က ဘာလုပ္ရမွန္းလည္း မသိဘူး။ ကိုယ္က အဲ့အခ်ိန္တုန္းက တစ္ညကို ႏွစ္ဆယ့္ေလးက်ပ္နဲ႔ စက္႐ုံမွာ ပလတ္စတစ္ ညႇပ္ေနတာေလ။ အဲ့ဒီမွာ လိုက္သြားေတာ့ ျမန္မာႏိုင္ငံမွာဆို မင္းသား၊ မင္းသမီးေတြပဲ အ႐ိုက္မ်ားတဲ့ ဓာတ္ပုံမ်ိဳးေတြ ႐ိုက္ေနၾကတာကို ေတြ႕ေရာ။ အဲ့ဒီကေနမွ သင္တန္းေတြတက္ၿပီး ေမာ္ဒယ္လုပ္ရင္းနဲ႔ ဒီလိုေအာင္ျမင္လာတာေပါ့ေနာ္။”

အဲ့ဒီအခ်ိန္ စင္ကာပူႏိုင္ငံမွာ ေနထိုင္သူေတြက မေလး၊ တ႐ုတ္၊ အိႏၵိယနဲ႔ ဘိုကျပားအႏြယ္ဝင္ေတြ အမ်ားစု ျဖစ္ၾကၿပီး ဂြၽန္လြင္ရဲ႕မ်က္လုံးက တ႐ုတ္နဲ႔ မေလးလူမ်ိဳး စပ္ထားတဲ့ ႐ုပ္ေပါက္ေနတဲ့အတြက္ အဲ့ဒီအခ်ိန္ ပြဲေတြမွာ သူက စင္ေပၚကေန လမ္းေလွ်ာက္လာၿပီဆိုရင္ စင္ေအာက္က ၾကည့္ရႈသူေတြက သူ႔ရဲ႕ မ်က္လုံးအလွကို သေဘာက်လြန္းလို႔ သူ႔တို႔ဝတ္ထားတဲ့ အက်ႌေတြရဲ႕ ရင္ဘတ္နားကိုေတာင္ ဆုပ္ကိုင္လႈပ္ယမ္းၿပီး အားေပးၾကတယ္လို႔ ဂြၽန္လြင္က ထုတ္ေျပာလာပါတယ္။ ငယ္စဥ္ဘဝပိုက္ဆံရွာႏိုင္တဲ့အခ်ိန္တုန္းကေတာ့ ဘဝကို ေလးေလးနက္နက္ မစဥ္းစားပဲ ပိုက္ဆံရလာရင္ စားခ်င္၊ေသာက္ခ်င္၊သြားလာခ်င္စိတ္ေတြနဲ႔ သုံးျဖဳန္းေပ်ာ္ပါးခဲ့ေပမယ့္ ဘာပဲျဖစ္ျဖစ္ အဲ့ဒီအခ်ိန္ေတြဟာ တန္ပါတယ္လို႔ ဂြၽန္လြင္က ဆိုပါတယ္။

ထိုအခ်ိန္တုန္းက လူငယ္တစ္ေယာက္အေနနဲ႔ ဝင္ေငြမ်ားစြာရရွိခဲ့တဲ့အတြက္ BMW လို ၿပိဳင္ကားမ်ိဳးကို စီးႏိုင္ခဲ့ၿပီး စင္ကာပူလို ႏိုင္ငံမ်ိဳးမွာ သုံးထပ္တိုက္တစ္တိုက္ကို ငွားရမ္းေနထိုင္ႏိုင္ခဲ့တယ္လို႔ ဂြၽန္လြင္က ဂုဏ္ယူဝင့္ႂကြားစြာ ေျပာျပလာခဲ့ပါတယ္။  သူ႔အေနနဲ႔ ငယ္စဥ္ဘဝ ကလပ္ေပါင္းမ်ားစြာမွာ သြားေရာက္ေပ်ာ္ပါးခဲ့ဖူးၿပီး ဟယ္လီေကာ္ပတာေတြနဲ႔လည္း အားလပ္ရပ္ခရီးေတြ ထြက္ခဲ့ဖူးတယ္လို႔ ဂြၽန္လြင္ရဲ႕ ျပန္ေျပာင္းေျပာျပခ်က္အရ သိရွိရပါတယ္။ 

​ပရိသတ္ႀကီးတို႔ေရ အခုအခ်ိန္မွာေတာ့ ဂြၽန္လြင္ဟာ ငယ္စဥ္တုန္းကလို အေပ်ာ္အပါးေတြ အရမ္းမမက္ေတာ့ပဲ ဒီအခ်ိန္ထိ စုေဆာင္းရမိသမွ် ဥစၥာပစၥည္း၊ စီးစရာကား၊အတည္အတံ့ေနထိုင္စရာအိမ္ေတြ ပိုင္ဆိုင္ထားရၿပီျဖစ္တဲ့အတြက္ ကိုယ့္ကိုယ္ကို ပညာျပည့္ဝေနၿပီျဖစ္တဲ့ လူတစ္ေယာက္ကဲ့သို႔ ခံစားေနရတယ္လို႔ ေျပာၾကားရင္း ဒီအင္တာဗ်ဴးေလးကို နိဂုံးခ်ဳပ္ ေျဖၾကားေပးသြားခဲ့ပါတယ္။အထက္ပါအေၾကာင္းအရာမ်ားနဲ႔ ပတ္သတ္လို႔ ပရိသတ္ႀကီးရဲ႕ ထင္ျမင္ယူဆခ်က္ေလးေတြကိုလည္း မွ်ေဝေပးခဲ့ပါဦးေနာ္။ 

Read in UNICODE

ပရိသတ်ကြီးတို့ရေ မော်ဒယ်သင်တန်းတည်ထောင်သူတစ်ဦးဖြစ်တဲ့ ဂျွန်လွင်ကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းက စင်ကာပူနိုင်ငံမှာ မော်ဒယ်တစ်ဦးအဖြစ် ရပ်တည်လာခဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံပြန်ရောက်တဲ့ အချိန်မှာတော့ Stars & Model Int’l ဆိုတဲ့ မော်ဒယ်သင်တန်း အေဂျင်စီတစ်ခုကို တည်ထောင်ကာ နိုင်ငံတဝှမ်း အောင်မြင်ကျော်ကြားပြီး အရည်အချင်းရှိတဲ့ အနုပညာရှင် မင်းသား၊ မင်းသမီးပေါင်းများစွာကို မွေးထုတ်ပေးခဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။  အခုအချိန်မှာတော့ ဂျွန်လွင်ရဲ့ Stars & Model Int’l အနေနဲ့ မော်ဒယ်သင်တန်း၊ အေဂျင်စီတို့အပြင် Star Event Production ဆိုတဲ့ ပွဲစီစဉ်ခြင်းလုပ်ငန်းကိုပါ အောင်မြင်စွာ လုပ်ကိုင်နေနိုင်တာပဲ ဖြစ်ပါတယ်။

ဒီအင်တာဗျူးလေးမှာတော့ ဂျွန်လွင်က သူ့ဘဝမှာ လမ်းဘေး မတ်တပ်ရပ်နေရာကနေ မော်ဒယ်တစ်ဦးဖြစ်လာခဲ့ပြီး လက်ရှိအချိန်မှာတော့ ထမင်းစားတဲ့ ပန်းကန်တွေ၊ ဇွန်းတွေကိုတောင် တန်ဖိုးကြီးအမျိုးအစားတွေပဲ သုံးစွဲဖြစ်တယ်ဆိုတဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။   သူ့ဘဝမှာ အခုလို နေရာတစ်ခုကို ရဖို့အတွက် ပင်ပန်းဆင်းရဲကြီးစွာ ရုန်းကန်ခဲ့ရပြီး လက်ရှိအောင်မြင်နေတဲ့အချိန်မှာတော့ ကြိုးစားမှုရဲ့ အသီးအပွင့်တွေကို လတ်လတ်ဆတ်ဆတ် ခူးယူစားသောက်နိုင်ပြီဖြစ်ကြောင်းကို ဂျွန်လွင်က “ကျွန်တော့်ရဲ့ အနားမှာနေတဲ့ ပွိုင်ဇင်မာယာတို့၊ ဘာတို့ကို နင်ဒီပစ္စည်းလေးကို ကိုင်ကြည့်စမ်းလို့၊ နင်တို့ ဒီပစ္စည်း ဘယ်လောက်တန်လဲ သိလားလို့ မေးလိုက်တယ်။ကျွန်တော်စားတဲ့ ထမင်းပန်းကန်ပြားတွေ၊ ဇွန်းတွေကိုပေါ့နော်။ အဲ့ဒီမှာ တံဆိပ်ကို လှန်ပြလိုက်တာပေါ့နော်။ ဒါ ကျွန်တော့်အနေနဲ့ ကြွားချင်တာတော့ မဟုတ်ဘူး။

ကျွန်တော်ထမင်းစားရင် Hermes ဆိုတဲ့ ဇွန်းတွေ၊ ပန်းကန်ပြားတွေနဲ့ စားတာပေါ့နော်။ ငါဒီလိုမျိုး စားဖို့အတွက်ကို ငယ်စဉ်တုန်းက အများကြီး ပေးဆပ်ခဲ့ရတယ် လို့၊ ငါ အလုပ်တွေကို ဒေါ်လာတစ်ကျပ်ရရ၊ နှစ်ကျပ်ရရ လုပ်ခဲ့တယ် လို့၊ အခုအသက်ကြီးလို့ အေဂျင်စီထောင်လာတဲ့ အချိန်ကျတော့လည်း အလုပ်ကို တစ်သောင်းရရ၊ နှစ်သောင်းရရ၊ ငါးထောင်ပဲရရ လုပ်ခဲ့တယ်လို့ ပြောလိုက်တယ်။ နောက်ဆုံး ပိုက်ဆံမရဘူးဆိုရင်တောင် နာမည်ကျန်ခဲ့မှာဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ နေရာတစ်ခုကို ဆွဲယူထားနိုင်မှာ ဖြစ်တယ်။ ကျွန်တော်ထိုင်တဲ့ ထိုင်ခုံတွေဆိုတာ တန်ဖိုးကြီးတွေချည်းပဲ။ ဒါကြောင့် တချို့မီဒီယာတွေက ကျွန်တော့်အိမ်ကို အင်တာဗျူးချင်ပေမယ့် ကျွန်တော့်အနေနဲ့ အင်တာဗျူးခွင့် မပေးဘူး ဆိုတာက ကျွန်တော်ပြောပြတဲ့  ဘရန်းတွေကို သူတို့က သိချင်မှသိမှလေ။ ကျွန်တော်အိပ်နေတဲ့ ကုတင်တွေ၊ မွေ့ယာတွေ၊ အိပ်ရာခင်းရဲ့ အရည်အသွေးတွေ။ အရည်အသွေးမြင်တဲ့ ဘဝတစ်ခုကို ကျွန်တော် ရသွားတာပေါ့နော်။ ဒါပေမယ့် ကိုဗစ်ဖြစ်လိုက်တဲ့ အချိန်ကျတော့ ဒါကြီးက ငါ့အတွက် ဘာမှအရေးမကြီးပါလား ဆိုတာမျိုး ဖြစ်သွားပြန်ရော။ ထမင်းစား စားပွဲဆိုရင်လည်း ကျွန်းတုံးကြီးရဲ့ ဗိုက်သားကိုမှ လှီးထားတာတွေ စတဲ့ ပစ္စည်းတွေနဲ့ ကျွန်တော်က နေထိုင်တာပေါ့နော်။ ကိုဗစ်ဖြစ်သွားတဲ့ အချိန်မှာတော့ ဒီပစ္စည်းတွေက တန်ဖိုးမရှိတော့ဘူးဆိုတာကို ကျွန်တော် သိသွားတယ်။” လို့ ပြောပြခဲ့ပါတယ်။

သူဝတ်တဲ့ အင်္ကျီတွေဟာဆိုရင်လည်း Fashion Week တွေကနေ ထွက်ရှိလာတဲ့ အင်္ကျီတွေ၊ မော်ဒယ်လောကမှာ ကျင်လည်ခဲ့၊ ကျင်လည်နေရသူတစ်ဦးဖြစ်တဲ့အတွက် တန်ဖိုးကြီးဘရန်းအဝတ်အစားတွေကို ဝတ်ဆင်ခဲ့ရပေမယ့် အပြင်ထွက်တဲ့အခါမှာတော့ အားလုံးမြင်ကြတဲ့အတိုင်း တီရှပ်အမည်းနဲ့ ဘောင်းဘီတိုကိုသာ ဝတ်ဆင်လေ့ရှိတယ်လို့ ဂျွန်လွင်က ပြောပြပါတယ်။နောက်ပိုင်းမှာ အခုလို ရိုးရိုးရှင်းရှင်းနဲ့ ဝတ်စားဆင်ယင်ဖြစ်တယ်ဆိုတာကလည်း စိတ်ရှင်းရှင်းလင်းလင်းနဲ့ အေးအေးချမ်းချမ်း နေလိုတာကြောင့်ဖြစ်ပြီး ဘရန်းတွေဆိုတာကလည်း ဘာမှအရေးမကြီးဘူးဆိုတာကို ကိုဗစ်ဖြစ်လိုက်တဲ့အချိန်မှာ ရှင်းရှင်းလင်းလင်း သဘောပေါက်နားလည်သွားတယ်လို့ ဂျွန်လွင်က ရှင်းပြပါတယ်။ အခုရက်ပိုင်း ဂျွန်လွင်အနေနဲ့ ဖေ့စ်ဘွတ်ပေါ်မှာ သူ့ရဲ့ငယ်စဉ်မော်ဒယ်ဘဝ ဓာတ်ပုံလေးတွေကို မျှဝေပေးလာတယ်ဆိုတာကလည်း ဂျွန်လွင်ဆိုတာ တစ်ချိန်က ဒီလိုချောခဲ့တယ်၊ လှခဲ့တယ်ဆိုတာကို ပရိသတ်တွေ သိစေချင်လို့ဖြစ်ပြီး နောက်ထပ် နောက်ဆက်တွဲ(၂၄)ပုံ တင်ပေးသွားဖို့ ရှိသေးတယ်လို့ ပြောပြပါတယ်။ 

အခုနောက်ပိုင်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာဟာဆိုရင်လည်း အားပေးကြည့်ရှုသူတွေ တစ်စတစ်စ များပြားလာပြီး အခုလို ဘယ်မင်းသား၊ မင်းသမီးကမှ ဝင်ကြော်ငြာပေးစရာမလိုပဲ သူ့ကိုချစ်ခင်အားပေးသူတွေနဲ့ လူသိများလာတဲ့အတွက် အားပေးသူတွေကို ကျေးဇူးတင်ပါတယ်လို့ ဂျွန်လွင်က ဒီအင်တာဗျူးလေးကနေတစ်ဆင့် ပြောကြားလိုက်ပါတယ်။  သူ့ရဲ့ အနုပညာခြေလှမ်းအစအနေနဲ့ စင်ကာပူနိုင်ငံမှာ မော်ဒယ်တစ်ဦးအဖြစ် ရပ်တည်ဖြစ်ခဲ့ပုံကိုလည်း ဂျွန်လွင်က အခုလို ပြန်ပြောင်းပြောပြပေးခဲ့ပါတယ်။  “ကျွန်တော်က လမ်းဘေးမှာ မတ်တပ်ရပ်နေရာကနေ အေဂျင်စီက လူက လာခေါ်တာ။ မော်ဒယ်လုပ်မလား ဆိုတော့ ကျွန်တော်က ဘာလုပ်ရမှန်းလည်း မသိဘူး။ ကိုယ်က အဲ့အချိန်တုန်းက တစ်ညကို နှစ်ဆယ့်လေးကျပ်နဲ့ စက်ရုံမှာ ပလတ်စတစ် ညှပ်နေတာလေ။ အဲ့ဒီမှာ လိုက်သွားတော့ မြန်မာနိုင်ငံမှာဆို မင်းသား၊ မင်းသမီးတွေပဲ အရိုက်များတဲ့ ဓာတ်ပုံမျိုးတွေ ရိုက်နေကြတာကို တွေ့ရော။ အဲ့ဒီကနေမှ သင်တန်းတွေတက်ပြီး မော်ဒယ်လုပ်ရင်းနဲ့ ဒီလိုအောင်မြင်လာတာပေါ့နော်။”

အဲ့ဒီအချိန် စင်ကာပူနိုင်ငံမှာ နေထိုင်သူတွေက မလေး၊ တရုတ်၊ အိန္ဒိယနဲ့ ဘိုကပြားအနွယ်ဝင်တွေ အများစု ဖြစ်ကြပြီး ဂျွန်လွင်ရဲ့မျက်လုံးက တရုတ်နဲ့ မလေးလူမျိုး စပ်ထားတဲ့ ရုပ်ပေါက်နေတဲ့အတွက် အဲ့ဒီအချိန် ပွဲတွေမှာ သူက စင်ပေါ်ကနေ လမ်းလျှောက်လာပြီဆိုရင် စင်အောက်က ကြည့်ရှုသူတွေက သူ့ရဲ့ မျက်လုံးအလှကို သဘောကျလွန်းလို့ သူ့တို့ဝတ်ထားတဲ့ အင်္ကျီတွေရဲ့ ရင်ဘတ်နားကိုတောင် ဆုပ်ကိုင်လှုပ်ယမ်းပြီး အားပေးကြတယ်လို့ ဂျွန်လွင်က ထုတ်ပြောလာပါတယ်။ ငယ်စဉ်ဘဝပိုက်ဆံရှာနိုင်တဲ့အချိန်တုန်းကတော့ ဘဝကို လေးလေးနက်နက် မစဉ်းစားပဲ ပိုက်ဆံရလာရင် စားချင်၊သောက်ချင်၊သွားလာချင်စိတ်တွေနဲ့ သုံးဖြုန်းပျော်ပါးခဲ့ပေမယ့် ဘာပဲဖြစ်ဖြစ် အဲ့ဒီအချိန်တွေဟာ တန်ပါတယ်လို့ ဂျွန်လွင်က ဆိုပါတယ်။

ထိုအချိန်တုန်းက လူငယ်တစ်ယောက်အနေနဲ့ ဝင်ငွေများစွာရရှိခဲ့တဲ့အတွက် BMW လို ပြိုင်ကားမျိုးကို စီးနိုင်ခဲ့ပြီး စင်ကာပူလို နိုင်ငံမျိုးမှာ သုံးထပ်တိုက်တစ်တိုက်ကို ငှားရမ်းနေထိုင်နိုင်ခဲ့တယ်လို့ ဂျွန်လွင်က ဂုဏ်ယူဝင့်ကြွားစွာ ပြောပြလာခဲ့ပါတယ်။  သူ့အနေနဲ့ ငယ်စဉ်ဘဝ ကလပ်ပေါင်းများစွာမှာ သွားရောက်ပျော်ပါးခဲ့ဖူးပြီး ဟယ်လီကော်ပတာတွေနဲ့လည်း အားလပ်ရပ်ခရီးတွေ ထွက်ခဲ့ဖူးတယ်လို့ ဂျွန်လွင်ရဲ့ ပြန်ပြောင်းပြောပြချက်အရ သိရှိရပါတယ်။ 

ပရိသတ်ကြီးတို့ရေ အခုအချိန်မှာတော့ ဂျွန်လွင်ဟာ ငယ်စဉ်တုန်းကလို အပျော်အပါးတွေ အရမ်းမမက်တော့ပဲ ဒီအချိန်ထိ စုဆောင်းရမိသမျှ ဥစ္စာပစ္စည်း၊ စီးစရာကား၊အတည်အတံ့နေထိုင်စရာအိမ်တွေ ပိုင်ဆိုင်ထားရပြီဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို ပညာပြည့်ဝနေပြီဖြစ်တဲ့ လူတစ်ယောက်ကဲ့သို့ ခံစားနေရတယ်လို့ ပြောကြားရင်း ဒီအင်တာဗျူးလေးကို နိဂုံးချုပ် ဖြေကြားပေးသွားခဲ့ပါတယ်။အထက်ပါအကြောင်းအရာများနဲ့ ပတ်သတ်လို့ ပရိသတ်ကြီးရဲ့ ထင်မြင်ယူဆချက်လေးတွေကိုလည်း မျှဝေပေးခဲ့ပါဦးနော်။ 

Source : PP

Add a Comment

Your email address will not be published. Required fields are marked *