စည်ဖြိုးရဲ့ မိခင်ဖြစ်သူက ယောက္ခမဆိုပေမယ့် အမေအရင်းတစ်ယောက်လို အပင်ပန်းခံပြီး ဂရုစိုက်ပေးတယ်ဆိုတဲ့ ခင်လွှမ်း
Read in UNICODE
သရုပ်ဆောင် ခင်လွှမ်းကတော့ အမျိုးသားပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ခင်လွှမ်းကတော့ အခုဆိုရင် သူမရဲ့ ချစ်သူ စည်ဖြိုးနဲ့အတူတူ လက်ထပ်ခဲ့ပြီဖြစ်ပြီး သူမရဲ့ ပထမဦးဆုံးကိုယ်ဝန်ကိုလည်း လွယ်ဆောင်ထားရပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ခင်လွှမ်းက သူမရဲ့
အနုပညာအလုပ်တွေကို ရပ်နားထားပြီး ဗိုက်ထဲက ကလေးလေးအတွက်ပဲ ဂရုတစိုက်နေထိုင်နေတာပဲ ဖြစ်ပါတယ်။ ခင်လွှမ်းကတော့ မိဘတွေနဲ့ခွဲပြီး စည်ဖြိုးရဲ့အိမ်မှာနေနေပေမယ့် သဘောထားပြည့်ဝတဲ့ စည်ဖြိုးရဲ့ မိဘနှစ်ပါးကြောင့် လိုလေသေးမရှိပြည့်စုံနေရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ခင်လွှမ်းက သူမကို သမီးရင်းသဖွယ်စောင့်ရှောက်ပေးတဲ့ ယောက္ခမအကြောင်းကို “ကိုယ့်ချစ်ယောက္ခမကိုလည်းအရမ်း
ကျေးဇူးတင်ပါတယ်။ တစ်နေ့တစ်နေ့ ကိုယ်စားချင်တာလေးတေ သူ့မှာ မနက်စာ နေ့လည်စာ ညစာ မအားမလပ်တဲ့ကြားက နေ့တိုင်း လစ်ဟင်းမှုမရှိ စီစဉ်ပေးနေရတာ မမောနိုင်မပန်းနိုင်နဲ့ . သနားပါတယ်။ အရမ်းချစ်တယ်မေကြီး 😍🥰😘” ဆိုပြီး စည်ဖြိုးရဲ့ မေမေ ဒေါ်သီသီဝင်းအကြောင်းကို ပြောလာပါတယ်။ ခင်လွှမ်းကလည်း စည်ဖြိုးနဲ့
အိမ်ထောင်မကျခင်ကတည်းက စည်ဖြိုးမေမေရဲ့ အလုပ်တွေမှာ ကူညီလုပ်ဆောင်ပေးသူမို့ စည်ဖြိုးမေမေက သမီးရင်းထက်တောင် ချစ်တာပဲ ဖြစ်ပါတယ်။ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ မိသားစုလေး အခုလိုပဲ အမြဲတမ်း ထာဝရ ပျော်ရွှင်ချမ်းမြေ့ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source : Khin Hlwan’s Facebook