ခင္ပြန္းျဖစ္သူကို အိမ္အလုပ္ေတြလုပ္ခိုင္းထားတဲ့ ပံုေလးေတြနဲ႔ ေဆးထိုးခဲ့တဲ့ ေနမ်ိဳးေအာင္ရဲ႕ ခ်စ္ဇနီး

သ႐ုပ္ေဆာင္ေနမ်ိဳးေအာင္တို႔ ဇနီးေမာင္ႏွံကေတာ့အရမ္းကိုလိုက္ဖက္ၿပီး သာယာတဲ့မိသားစုဘဝေလးကို ပိုင္ဆိုင္ထားၾကသူေတြပါ ။ လူမႈကြန္ရက္စာမ်က္ႏွာထက္မွာလည္း တစ္ေယာက္နဲ႔ တစ္ေယာက္ စေနာက္က်ီစယ္ေလ့ရွိၾကၿပီး ေဆးေတြလည္း အျပန္လွန္ထိုးတတ္ၾကတာ

ပရိသတ္ေတြလည္းသိၿပီးျဖစ္မွာပါ ။ မၾကာေသးမီက ေနမ်ိဳးေအာင္က သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာထက္ကေန အိမ္ေဖာ္အသစ္ေလး ေျပာင္ေအာင္ေလွ်ာ္စမ္းကေလးမ ဆိုတဲ့စာသားေလးနဲ႔အတူ

ဇနီးျဖစ္သူအဝတ္ေလွ်ာ္ေနတဲ့ ပုံနဲ႔ စေနာက္ခဲ့ပါတယ္ ။ ဒီေန႔မွာေတာ့ ေနမ်ိဳးေအာင္ရဲ႕ ဇနီးက ျပန္ၿပီး ကဲဦးေနမ်ိဳးေအာင္ ကြၽန္မအဝတ္ေလွ်ာ္ၿပီးၿပီ ရွင္ကပန္းကန္ေဆး ကြၽန္မထိုင္ဖို႔ဖင္ထိုင္ခုံ႐ိုက္ေပးပါ

ကြၽန္မပန္ဖို႔ပန္းခူး ဘုရားစင္သန႔္ရွင္းေရးလုပ္ ဘုရားရွိခိုး ၾကမ္းတိုက္ ၿခံထဲကအသီးခူး အရသာရွိေအာင္လည္းဟင္းခ်က္ထား ကြၽန္မစာဖက္ေနတုန္းအလုပ္အားလုံးၿပီးရင္ေျပာ ဓာတ္ပုံ႐ိုက္ဖို႔ကင္မရာခ်ိန္ထား

ဆိုတဲ့စာသားေလးနဲ႔အတူ ခင္ပြန္းျဖစ္သူကို ျပန္လည္ေဆးထိုး စေနာက္ခဲ့တာျဖစ္ပါတယ္ ။ပရိသတ္ေတြကေတာ့ သူမတို႔ ဇနီးေမာင္ႏွံရဲ႕ ၾကည္ႏူးဖြယ္ စေနာက္ေနပုံေလးကို အရမ္းကိုသေဘာက်ေနၾကၿပီး

ကိုေနမ်ိဳးေအာင္ကိုလည္း ဒီထက္ပိုခိုင္းပါ ဆိုၿပီး စေနာက္မွတ္ခ်က္ေတြေရးသားခဲ့ၾကပါတယ္ ။ ပရိသတ္ေတြလည္းရယ္ေမာ ေပ်ာ္႐ႊင္ႏိုင္ဖို႔ အတြက္ အိမ္အလုပ္ေတြလုပ္ေနတဲ့ ေနမ်ိဳးေအာင္ရဲ႕ ေဆးပုံေလးေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္ ။

Read in UNICODE

သရုပ်ဆောင်နေမျိုးအောင်တို့ ဇနီးမောင်နှံကတော့အရမ်းကိုလိုက်ဖက်ပြီး သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားကြသူတွေပါ ။ လူမှုကွန်ရက်စာမျက်နှာထက်မှာလည်း တစ်ယောက်နဲ့ တစ်ယောက် စနောက်ကျီစယ်လေ့ရှိကြပြီး ဆေးတွေလည်း အပြန်လှန်ထိုးတတ်ကြတာ

ပရိသတ်တွေလည်းသိပြီးဖြစ်မှာပါ ။ မကြာသေးမီက နေမျိုးအောင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ အိမ်ဖော်အသစ်လေး ပြောင်အောင်လျှော်စမ်းကလေးမ ဆိုတဲ့စာသားလေးနဲ့အတူ

ဇနီးဖြစ်သူအဝတ်လျှော်နေတဲ့ ပုံနဲ့ စနောက်ခဲ့ပါတယ် ။ ဒီနေ့မှာတော့ နေမျိုးအောင်ရဲ့ ဇနီးက ပြန်ပြီး ကဲဦးနေမျိုးအောင် ကျွန်မအဝတ်လျှော်ပြီးပြီ ရှင်ကပန်းကန်ဆေး ကျွန်မထိုင်ဖို့ဖင်ထိုင်ခုံရိုက်ပေးပါ

ကျွန်မပန်ဖို့ပန်းခူး ဘုရားစင်သန့်ရှင်းရေးလုပ် ဘုရားရှိခိုး ကြမ်းတိုက် ခြံထဲကအသီးခူး အရသာရှိအောင်လည်းဟင်းချက်ထား ကျွန်မစာဖက်နေတုန်းအလုပ်အားလုံးပြီးရင်ပြော ဓာတ်ပုံရိုက်ဖို့ကင်မရာချိန်ထား

ဆိုတဲ့စာသားလေးနဲ့အတူ ခင်ပွန်းဖြစ်သူကို ပြန်လည်ဆေးထိုး စနောက်ခဲ့တာဖြစ်ပါတယ် ။ပရိသတ်တွေကတော့ သူမတို့ ဇနီးမောင်နှံရဲ့ ကြည်နူးဖွယ် စနောက်နေပုံလေးကို အရမ်းကိုသဘောကျနေကြပြီး

ကိုနေမျိုးအောင်ကိုလည်း ဒီထက်ပိုခိုင်းပါ ဆိုပြီး စနောက်မှတ်ချက်တွေရေးသားခဲ့ကြပါတယ် ။ ပရိသတ်တွေလည်းရယ်မော ပျော်ရွှင်နိုင်ဖို့ အတွက် အိမ်အလုပ်တွေလုပ်နေတဲ့ နေမျိုးအောင်ရဲ့ ဆေးပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Nay Myo Aung’s Facebook

Add a Comment

Your email address will not be published. Required fields are marked *