သ႐ုပ္ေဆာင္ အျဖစ္သာမက အကယ္ဒမီဆုရ ဒါ႐ိုက္တာတစ္ေယာက္ အျဖစ္ပါ ရပ္တည္ေနတဲ့ ရည္႐ြယ္ခ်က္ကို ေျပာျပခဲ့တဲ့ လူမင္း

အႏုပညာအလုပ္နဲ႔ ပတ္သက္လာရင္ လူမင္းဟာ သ႐ုပ္ေဆာင္ အလုပ္သာမက ဒါ႐ိုက္တာ အလုပ္ကိုပါ ႐ူးသြပ္တယ္လို႔ဆိုပါတယ္။ ဒါ႐ိုက္တာ တစ္ေယာက္အေနနဲ႔ ႐ိုက္ကူးခဲ့တဲ့ “ က်န္စစ္မင္း” ႐ုပ္ရွင္ဇာတ္ကား၊ “ ႏို႔ ဘီလူး” ႐ုပ္ရွင္ဇာတ္ကားတို႔နဲ႔လည္း ဆုေတြ ရရွိထားပါတယ္။ ဒီဆုေတြေၾကာင့္လည္း ဒါ႐ိုက္တာ တစ္ေယာက္အျဖစ္ ကိုယ္ကိုယ္ကိုယ္ ယုံၾကည္မႈ ျဖစ္လာတယ္လို႔ ေျပာပါတယ္။ “ အရင္တုန္းကက်ေတာ့ သ႐ုပ္ေဆာင္နဲ႔ ပတ္သက္ၿပီးေတာ့ ဆုေတြ တစ္ဆုၿပီးတစ္ဆု

ရခ်င္တဲ့ စိတ္လည္းရွိတယ္။ သ႐ုပ္ေဆာင္ အလုပ္ကိုလည္း ႐ူးသြပ္လြန္းေတာ့ အရမ္းႀကိဳးစားခဲ့တယ္။ မင္းသား တစ္ေယာက္ အျဖစ္ ကင္မရာအေရွ႕မွာ သ႐ုပ္ေဆာင္တာေတြလည္း မ်ားလာေတာ့ ကင္မရာေနာက္ကြယ္ကေန တစ္ကားလုံးကို ဖန္တီးရတဲ့ ဒါ႐ိုက္တာ ေနရာကို ပိုၿပီးရင္ခုန္လာတယ္။ အဲဒါေၾကာင့္လည္း ႐ုပ္ရွင္ တစ္ကားၿပီး တစ္ကား ႐ိုက္လာတာပါ။ အခုလို ျပည္ပ ႐ုပ္ရွင္ဆုေပးပြဲေတြက ဆုခ်ီးျမႇင့္တာေတြ ရခဲ့ေတာ့ ေရွ႕ဆက္႐ိုက္မယ့္ ဇာတ္ကားေတြ အတြက္ အားရွိလာတယ္၊ ဒါ႐ိုက္တာအလုပ္ကို ယုံၾကည္မႈ ရွိလာတယ္” လို႔ သူက ဆိုပါတယ္။ လူမင္းဟာ သ႐ုပ္ေဆာင္

တစ္ေယာက္မျဖစ္ခင္ကတည္းက ဒါ႐ိုက္တာ တစ္ေယာက္ျဖစ္လာဖို႔အတြက္ ႐ိုက္ကြင္း နဲ႔ ပတ္သက္ၿပီး ေအာက္ေျခကအစ လိုက္ေလ့လာခဲ့ဖူးတယ္လို႔ ဆိုပါတယ္။ “ ဒါ႐ိုက္တာလုပ္ဖို႔ဆိုတာ ဟိုးတုန္းကတည္းက မင္းသားတစ္ေယာက္အေနနဲ႔ ေအာင္ျမင္စကတည္းက စိတ္ကူးရွိခဲ့တာပါ။ အမွန္အတိုင္းေျပာရရင္ သ႐ုပ္ေဆာင္ မလုပ္ခင္ကတည္းက အကုန္လုံးကို ဝါသနာပါတာ ႐ိုက္ကြင္းေပၚေရာက္ၿပီဆိုတာနဲ႔ မီးထိုး၊ မွန္ထိုး၊ မွတ္တမ္းကအစ၊ ၿပီးေတာ့ ကင္မရာေခ်ာင္းတာက အစ လိုက္ၿပီးေတာ့

ေလ့လာခဲ့တာ။ တစ္ေန႔မွာ ဒါ႐ိုက္တာလုပ္မယ္ဆိုတာေတာ့ နဂိုကတည္းက ရည္႐ြယ္ခ်က္ ရွိဖူးၿပီးသား။ က်န္စစ္မင္း ဇာတ္ကား႐ိုက္ခဲ့တုန္းကလည္း အဲဒီတုန္းက အႏုပညာသက္တမ္းက ႏုေသးတယ္၊ အခုခ်ိန္မွာေတာ့ ကိုယ္ဖန္တီးပိုင္ခြင့္ရွိတဲ့ ႐ုပ္ရွင္ကားေတြကိုပဲ ႐ိုက္တာ မ်ားပါတယ္။ အဲဒါနဲ႔ အသက္အ႐ြယ္အပိုင္းအျခားအရ ဒါ႐ိုက္တာအျဖစ္ ခပ္စိတ္စိတ္ေလး ႐ိုက္လာတာမ်ားပါတယ္” လို႔ ဆိုပါတယ္။ လူမင္းဟာ ၂၀၀၂ခုႏွစ္မွာ ေ႐ႊမႈံႀကဲတဲ့မိုးေကာင္ကင္ ႐ုပ္ရွင္ဇာတ္ကားမွာ

အေကာင္းဆုံး အမ်ိဳးသားဇာတ္ေဆာင္ဆု၊ ၂၀၀၅ ခုႏွစ္မွာေတာ့ က်န္စစ္မင္းနဲ႔ အကယ္ဒမီရရွိခဲ့ ၿပီး၂၀၁၆ခုႏွစ္မွာေတာ့ လူမင္းက ပေရာ္ဖက္ဆာေဒါက္တာဆိတ္ဖြားႏွင့္ၿမိဳင္ရာဇာတာေတ ႐ုပ္ရွင္ဇာတ္ကားနဲ႔ အေကာင္းဆုံး အမ်ိဳးသား ဇာတ္ပို႔ ဆုကို ရရွိထားသူပါ။ ၂၀၁၈ ခုႏွစ္အတြက္ Star Awards ဆုေပးပြဲမွာေတာ့ Actor In A Supporting Role Awardဆုကို ငယ္ကြၽန္ ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ရရွိခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ႏို႔ ဘီလူး ႐ုပ္ရွင္ဇာတ္ကားႀကီးကို ဖန္တီးတဲ့ ဒါ႐ိုက္တာ အျဖစ္ Druk International film festival (DIFF) ႐ုပ္ရွင္ဆုေပးပြဲ၊ Calcutta International Cult Film Festival ႐ုပ္ရွင္ ပြဲေတာ္၊ Calcutta International Cult Film Festival ႐ုပ္ရွင္ပြဲေတာ္ေတြမွာလည္း ဆု အသီးသီး ရရွိခဲ့ျပန္ပါေသးတယ္။

Read in UNICODE

အနုပညာအလုပ်နဲ့ ပတ်သက်လာရင် လူမင်းဟာ သရုပ်ဆောင် အလုပ်သာမက ဒါရိုက်တာ အလုပ်ကိုပါ ရူးသွပ်တယ်လို့ဆိုပါတယ်။ ဒါရိုက်တာ တစ်ယောက်အနေနဲ့ ရိုက်ကူးခဲ့တဲ့ “ ကျန်စစ်မင်း” ရုပ်ရှင်ဇာတ်ကား၊ “ နို့ ဘီလူး” ရုပ်ရှင်ဇာတ်ကားတို့နဲ့လည်း ဆုတွေ ရရှိထားပါတယ်။ ဒီဆုတွေကြောင့်လည်း ဒါရိုက်တာ တစ်ယောက်အဖြစ် ကိုယ်ကိုယ်ကိုယ် ယုံကြည်မှု ဖြစ်လာတယ်လို့ ပြောပါတယ်။ “ အရင်တုန်းကကျတော့ သရုပ်ဆောင်နဲ့ ပတ်သက်ပြီးတော့ ဆုတွေ တစ်ဆုပြီးတစ်ဆု

ရချင်တဲ့ စိတ်လည်းရှိတယ်။ သရုပ်ဆောင် အလုပ်ကိုလည်း ရူးသွပ်လွန်းတော့ အရမ်းကြိုးစားခဲ့တယ်။ မင်းသား တစ်ယောက် အဖြစ် ကင်မရာအရှေ့မှာ သရုပ်ဆောင်တာတွေလည်း များလာတော့ ကင်မရာနောက်ကွယ်ကနေ တစ်ကားလုံးကို ဖန်တီးရတဲ့ ဒါရိုက်တာ နေရာကို ပိုပြီးရင်ခုန်လာတယ်။ အဲဒါကြောင့်လည်း ရုပ်ရှင် တစ်ကားပြီး တစ်ကား ရိုက်လာတာပါ။ အခုလို ပြည်ပ ရုပ်ရှင်ဆုပေးပွဲတွေက ဆုချီးမြှင့်တာတွေ ရခဲ့တော့ ရှေ့ဆက်ရိုက်မယ့် ဇာတ်ကားတွေ အတွက် အားရှိလာတယ်၊ ဒါရိုက်တာအလုပ်ကို ယုံကြည်မှု ရှိလာတယ်” လို့ သူက ဆိုပါတယ်။ လူမင်းဟာ သရုပ်ဆောင်

တစ်ယောက်မဖြစ်ခင်ကတည်းက ဒါရိုက်တာ တစ်ယောက်ဖြစ်လာဖို့အတွက် ရိုက်ကွင်း နဲ့ ပတ်သက်ပြီး အောက်ခြေကအစ လိုက်လေ့လာခဲ့ဖူးတယ်လို့ ဆိုပါတယ်။ “ ဒါရိုက်တာလုပ်ဖို့ဆိုတာ ဟိုးတုန်းကတည်းက မင်းသားတစ်ယောက်အနေနဲ့ အောင်မြင်စကတည်းက စိတ်ကူးရှိခဲ့တာပါ။ အမှန်အတိုင်းပြောရရင် သရုပ်ဆောင် မလုပ်ခင်ကတည်းက အကုန်လုံးကို ဝါသနာပါတာ ရိုက်ကွင်းပေါ်ရောက်ပြီဆိုတာနဲ့ မီးထိုး၊ မှန်ထိုး၊ မှတ်တမ်းကအစ၊ ပြီးတော့ ကင်မရာချောင်းတာက အစ လိုက်ပြီးတော့

လေ့လာခဲ့တာ။ တစ်နေ့မှာ ဒါရိုက်တာလုပ်မယ်ဆိုတာတော့ နဂိုကတည်းက ရည်ရွယ်ချက် ရှိဖူးပြီးသား။ ကျန်စစ်မင်း ဇာတ်ကားရိုက်ခဲ့တုန်းကလည်း အဲဒီတုန်းက အနုပညာသက်တမ်းက နုသေးတယ်၊ အခုချိန်မှာတော့ ကိုယ်ဖန်တီးပိုင်ခွင့်ရှိတဲ့ ရုပ်ရှင်ကားတွေကိုပဲ ရိုက်တာ များပါတယ်။ အဲဒါနဲ့ အသက်အရွယ်အပိုင်းအခြားအရ ဒါရိုက်တာအဖြစ် ခပ်စိတ်စိတ်လေး ရိုက်လာတာများပါတယ်” လို့ ဆိုပါတယ်။ လူမင်းဟာ ၂၀၀၂ခုနှစ်မှာ ရွှေမှုံကြဲတဲ့မိုးကောင်ကင် ရုပ်ရှင်ဇာတ်ကားမှာ

အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၀၅ ခုနှစ်မှာတော့ ကျန်စစ်မင်းနဲ့ အကယ်ဒမီရရှိခဲ့ ပြီး၂၀၁၆ခုနှစ်မှာတော့ လူမင်းက ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့်မြိုင်ရာဇာတာတေ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ ဆုကို ရရှိထားသူပါ။ ၂၀၁၈ ခုနှစ်အတွက် Star Awards ဆုပေးပွဲမှာတော့ Actor In A Supporting Role Awardဆုကို ငယ်ကျွန် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် နို့ ဘီလူး ရုပ်ရှင်ဇာတ်ကားကြီးကို ဖန်တီးတဲ့ ဒါရိုက်တာ အဖြစ် Druk International film festival (DIFF) ရုပ်ရှင်ဆုပေးပွဲ၊ Calcutta International Cult Film Festival ရုပ်ရှင် ပွဲတော်၊ Calcutta International Cult Film Festival ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆု အသီးသီး ရရှိခဲ့ပြန်ပါသေးတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *