ဆေးရုံတက်နေတဲ့အချိန် (၅)ထောင်တန်အပြည့်ပါတဲ့ ပန်းစည်းကြီးနဲ့ စပရိုက် အလုပ်ခံခဲ့ရတာကြောင့် အရမ်းပျော်နေတဲ့ အိအိတုန်
Read in UNICODE
အိအိတုန်ကတော့ ဇာတ်ပို့သရုပ်ဆောင်တစ်ဦးအဖြစ် ဗီဒီယိုနဲ့ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ ပါဝင်ခဲ့လို့ ပရိသတ်တွေနဲ့ အရမ်းကိုရင်းနှီးနေတာပဲ ဖြစ်ပါတယ် ။ အနုပညာအလုပ်တွေကို နှစ်နဲ့ချီကြာအောင်လုပ်ကိုင်ခဲ့တဲ့ အိအိတုန်က သူမကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေကိုလည်း
ပိုင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ် ။ အခုချိန်မှာ အိအိတုန်က ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဖြစ်တဲ့ Online Shopping အလုပ်ကိုသာ အာရုံစိုက်ပြီး ကြိုးစားပမ်းစား လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အိအိတုန်က
ဒုတိယမြောက်ရင်သွေးလေးဖြစ်တဲ့ သမီးငယ်လေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ ကလေးမွေးပြီး ဆေးရုံမှာခဏအနားယူနေတဲ့ အိအိတုန်က သူမရဲ့လှုပ်ရှားမှုတွေအားလုံးကို လူမှုကွန်ယက်စာမျက်နှာကတစာဆင့် မျှဝေပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း
အိအိတုန်က ဆေးရုံမှာနေနေရင်း ပိုက်ဆံငါးထောင်တန်တွေအပြည့်ပါတဲ့ ပန်းစည်းလှလှလေးနဲ့ စပရိုက်လုပ်ခံလိုက်ရလို့ အရမ်းပျော်ရွှင်နေတာပဲ ဖြစ်ပါတယ် ။ ဒီအကြောင်းကို အိအိတုန်က “မမသိင်္ဂီရေ ကျေးဇူးအများကြီးပါ
လီလီရေ မထင်ထားတဲ့အချိန် Surprise တိုက်လိုက်တာ ကျေးဇူးပါအစ်မရေ ဘယ်သူလာပို့မှန်းမသိဘဲစာလေးပါမှ သိလိုက်ရတာပျော်တာ” ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ် ။ အိအိတုန်ကတော့
ကလေးမွေးပြီးတာတောင် နုဖတ်လှပနေဆဲဖြစ်ပြီး လက်ဆောင်ရတဲ့ပိုက်ဆံပန်းစည်းလေးနဲ့ အပီအပြင်ဓာတ်ဖမ်းနေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် အိအိုတုန်ရဲ့ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Ei Tone’s Facebook
Add a Comment
Your email address will not be published. Required fields are marked *