မိသားစုနဲ့အတူ သံလျင်မှာရှိတဲ့ ကိုယ်ပိုင်ခြံ အကျယ်ကြီးထဲမှာ အပင်တွေသွားစိုက်ခဲ့တဲ့ မိုးမိုး
Read in UNICODE
မိုးမိုးကတော့ သီချင်းဆိုတဲ့နေရာမှာ အင်မတန်တော်သလို သရုပ်ဆောင်ပိုင်းမှာလည်း တကယ့်ကိုအရည်အချင်းအပြည့်ရှိသူတစ်ဦး ဖြစ်ပါတယ် ။ သီချင်းအမျိုးအစားအပေါ် မူတည်ပြီး အသံကာလာအနေအထားကို ပြောင်းလဲကာ သီဆိုတတ်တဲ့ မိုးမိုးက သီချင်းကောင်းတွေအများအပြား
ဖန်တီးခဲ့တာ ဖြစ်ပါတယ် ။ မိုးမိုးရဲ့သီချင်းတွေကိုလည်း ပရိသတ်တွေကအမြဲနားဆင်အားပေးပြီး ကြိုက်နှစ်သက်လို့ ဝန်းရံနေကြတာ ဖြစ်ပါတယ် ။ မိုးမိုးက အနုပညာအလုပ်တွေမှာသာမက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်တဲ့အခါမှာလည်း
အောင်မြင်မှုတွေရနေတာ ဖြစ်ပါတယ် ။ မိုးမိုးက ဟော့ပေါ့လုပ်ငန်းကို ကိုယ်တိုင်ကိုယ်ကျဦးစီးပြီး ဝင်ရောက်လုပ်ကိုင်နေသလို ကျောက်ပုဇွန်တွေကိုလည်း Online ကနေရောင်းချနေတာလည်း ဖြစ်ပါတယ် ။ ဒီနေ့မှာတော့ မိုးမိုးက သူ့ရဲ့ချစ်ဇနီး၊သားသားမီးမီးတွေ
နဲ့အတူ သန်လျင်ကခြံံကြီးကို သွားရောက်လည်ပတ်ခဲ့တာ ဖြစ်ပါတယ် ။ မိုးမိုးကတော့ သန်လျင်ခြံကိုရောက်ရှိနေတာဖြစ်ပြီး မိသားစုနဲ့အတူ အပင်တွေစိုက်နေတဲ့အကြောင်းကိုလည်း Live လွှင့်ပြီး ပြောပြခဲ့တာ ဖြစ်ပါတယ် ။ အပင်တွေနဲ့ စိမ်းလန်းစိုပြေပြီး
အရမ်းအေးချမ်းတဲ့ သူတို့ခြံထဲမှာတော့ မိုးမိုးတို့ဇနီးမောင်နှံက စကားတပြောပြောနဲ့ ပျော်ရွှင်နေကြတာ ဖြစ်ပါတယ် ။ ကဲ သန်လျင်ခြံကိုရောက်တုန်း တပျော်တပါးကြီး Live လွှင့်ခဲ့တဲ့ မိုးမိုးရဲ့ဗီဒီယိုကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Moe Moe- မိုးမိုး’s Facebook
Add a Comment
Your email address will not be published. Required fields are marked *