မိဘေတြ ခ်မ္းသာတာ ဂုဏ္ယူစရာမဟုတ္သလို ဒီလို အသိုင္းအဝိုင္းမွာ ေမြးလာလို႔ ငယ္ငယ္က မေက်မနပ္ျဖစ္ခဲ့ဖူးတယ္ဆိုတဲ့ အဆိုေတာ္ G

The Voice Myanmar ရဲ႕ ၿပိဳင္ပြဲဝင္ေဟာင္းတစ္ဦးျဖစ္သူ သက္ရတနာေက်ာ္ဝင္း(ေခၚ) G ကေတာ့ အားလုံးသိရွိၿပီးသားျဖစ္သည့္အတိုင္း ေ႐ႊနန္းေတာ္မိသားစုရဲ႕ တစ္ဦးတည္းေသာ အေမြဆက္ခံသူ သမီးေလးပဲျဖစ္ပါတယ္။ The Voice Myanmar ရဲ႕ Blind Audition မွာ ဒိုင္ျဖစ္သူနီနီခင္ေဇာ္ရဲ႕ ေ႐ြးခ်ယ္ျခင္းခံခဲ့ရၿပီးေနာက္ Battle Round မွာ Rဇာနည္ရဲ႕ Steal လုပ္ျခင္းကို ခံခဲ့ရတာျဖစ္ၿပီး Knockout Round ကို တက္လွမ္းခြင့္ရခဲ့သူတစ္ဦးပဲ ျဖစ္ပါတယ္။ 

စိတ္မေကာင္းစြာနဲ႔ပဲ Knockout Round အၿပီးမွာ G တစ္ေယာက္ ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရေပမယ့္ သူမရဲ႕ ျဖဴစင္ပြင့္လင္းတဲ့ စိတ္ထားေလးနဲ႔ အႏုပညာနဲ႔ပတ္သတ္တဲ့ ႀကိဳးစားလိုစိတ္ေၾကာင့္ ပရိသတ္ေတာ္ေတာ္မ်ားမ်ားရဲ႕ အားေပးလက္ခံမႈကို အခိုင္အမာရရွိထားသူတစ္ဦးပဲ ျဖစ္ပါတယ္။  သူမဟာဆိုရင္ အခုကာလမွာ ဘႀကီးျဖစ္သူရဲ႕ ပရဟိတအသင္းမွာ လုပ္အားေပးကူညီေပးေနၿပီး အခုလို ႐ိုးသားျဖဴစင္ၿပီး ပကာသနကင္းစင္လွတဲ့ သူမရဲ႕စိတ္ထားေလးေၾကာင့္ ပရိသတ္မ်ားစြာရဲ႕ ခ်စ္ခင္ေလးစားမႈကို ရရွိထားတာပဲ ျဖစ္ပါတယ္။ 

ဒီအင္တာဗ်ဴးေလးမွာေတာ့ သက္ရတနာေက်ာ္ဝင္း(ေခၚ) G က သူမအတြက္ေတာ့ မိဘေတြခ်မ္းသာတယ္ဆိုတာက ဂုဏ္ယူစရာတစ္ခုမဟုတ္ပဲ ဒီလိုအသိုင္းအဝိုင္းမွာ ေမြးဖြားလာလို႔ မလြတ္လပ္ခဲ့တာဆိုၿပီး ငယ္ငယ္က မေက်မနပ္ျဖစ္ခဲ့ဖူးတယ္လို႔ သူမရဲ႕ဘဝေနထိုင္မႈပုံစံနဲ႔ ပတ္သတ္ၿပီး ေဝမွ်ေပးခဲ့တာပဲ ျဖစ္ပါတယ္။ သူမရဲ႕အိမ္မွာဆိုရင္ Rolls Royce တံဆိပ္ တန္ဖိုးႀကီးဇိမ္ခံကားႀကီးတစ္စီးရွိေပမယ့္ သူမအေနနဲ႔ကေတာ့ ကားဆိုတာမ်ိဳးက အရမ္းႀကီးအေရးမႀကီးပဲ Air-con ေကာင္းရင္ အဆင္ေျပတယ္လို႔ G က ပြင့္ပြင့္လင္းလင္းပဲ ေျပာလာပါတယ္။ 

အခုလိုၿပီးျပည့္စုံတဲ့ လူတစ္ေယာက္အေနနဲ႔ ေမြးဖြားလာတဲ့အေပၚမွာ သူမရဲ႕စိတ္ခံစားခ်က္ေလးကိုလည္း G က အခုလိုပဲ ရင္ဖြင့္ေျပာျပခဲ့ပါတယ္။ “ညီမအေနနဲ႔ ဒီအေပၚမွာ တစ္ခါမွ မသာယာဖူးဘူး။ ဘာျဖစ္လို႔လည္းဆိုေတာ့ညီမက လြတ္လပ္ခ်င္တာပဲသိတယ္။ ငယ္ငယ္တည္းက ဒီလိုမ်ိဳးအသိုင္းအဝိုင္းထဲကို ေမြးလာလို႔ မလြတ္လပ္ခဲ့တာဆိုၿပီး အဲ့တာကို မေက်မနပ္ျဖစ္ခဲ့ဖူးတယ္။ ဟိုး ဘာမွန္းမသိတုန္းကက်ေတာ့ အ႐ုပ္ေတြ႕ရင္ ဟိုဟာလိုခ်င္တယ္၊ ဒီဟာလိုခ်င္တယ္နဲ႔။ အဲ့ဟာေတြ အကုန္ရတယ္ကြာ။ ဒါေပမယ့္ ႀကီးလာေတာ့ အဲ့လို ဘာမွလည္း ႀကီးႀကီးမားမား မေတာင္းျဖစ္ဘူး။ မိဘခ်မ္းသာတာက ဂုဏ္ယူစရာႀကီး မဟုတ္ဘူး။ မိဘလုပ္စာထိုင္စားေနတာကလည္း ဂုဏ္ယူစရာႀကီး မဟုတ္ဘူး။ ညီမအေဖဆိုရင္ သူက ဒီဟာေတြအကုန္လုံးကို သူရဲ႕လုပ္အားနဲ႔ ႀကိဳးစားၿပီး ရလာခဲ့တာျဖစ္တဲ့အတြက္ သူ႔အေနနဲ႔ကေတာ့ ေက်နပ္၊ ဂုဏ္ယူစရာေတြ အမ်ားႀကီးပဲ။ ညီမက်ေတာ့ အခုမွ ကိုယ့္ပိုက္ဆံကို ကိုယ္ရွာႏိုင္တာ။ ဒါေတာင္မွ အရမ္းႀကီး မလြတ္လပ္ေသးဘူးေပါ့ေနာ္။ မိဘကိုျပန္ၿပီး အားကိုးရတာေတြ ရွိေနေသးတယ္။ ကိုယ္တကယ္လုပ္ၿပီးေတာ့ ကိုယ္တကယ္ရွာႏိုင္မွသာ ဂုဏ္ယူစရာလို႔ထင္တယ္။ အဲ့တာေၾကာင့္ ဘာမွလည္း အရမ္းႀကီး မေတာင္းျဖစ္ဘူး။”

သူမအေနနဲ႔ လူငယ္တစ္ဦးျဖစ္ေပမယ့္ တန္ဖိုးႀကီးဇိမ္ခံပစၥည္းေတြကို သိပ္မႀကိဳက္တတ္ပုံနဲ႔ ပတ္သတ္လို႔G က အခုလို ရွင္းျပပါတယ္။ “Luxury ဆန္တဲ့ ဟာေတြကိုႀကိဳက္ရင္ ကိုယ့္အေနနဲ႔ ပိုၿပီးေတာ့ ပင္ပန္းတယ္ထင္လို႔၊ အဲ့ဟာေတြ ဝယ္ဖို႔အတြက္ ပိုၿပီးေတာ့ ပိုက္ဆံရွိေနရမွာ၊ ညီမက ကိုယ့္ဟာကို ဒီတိုင္းေလး စိတ္ခ်မ္းသာေနၿပီဆိုရင္၊ ဘာမွလည္း အမ်ားႀကီးဝယ္စရာမလိုဘူးဆိုရင္ ဘဝက ေအးေအးခ်မ္းခ်မ္းေနလို႔ရတယ္ကြာ။ ေကာင္းတာေတြမွ ႀကိဳက္တယ္ဆိုရင္ ေကာင္းတာေတြဝယ္ႏိုင္ဖို႔အတြက္ အသားလြတ္ႀကီး လိုက္ရွာေနရမွာ။ အရမ္းႀကီးမႀကိဳက္ေတာ့လည္း ဝယ္စရာမလိုေတာ့ ကိုယ့္ဟာကို ပိုသက္သာတာေပါ့။” လို႔ G က ဇိမ္ခံပစၥည္းေတြကို သိပ္ႀကိဳက္ေလ့မရွိေၾကာင္း ပြင့္ပြင့္လင္းလင္းပဲ ေျပာျပခဲ့ပါတယ္။

ကားနဲ႔ပတ္သတ္လို႔ အရမ္းႀကီး မ႐ူးသြပ္ေပမယ့္ အကယ္၍မ်ား ပိုက္ဆံေတြအမ်ားႀကီးရွိခဲ့မယ္ဆိုရင္ လိုခ်င္တဲ့ ကားပုံစံတစ္မ်ိဳးေတာ့ရွိတယ္လို႔ G က ေျပာပါတယ္။ 

အဲ့ဒီကားကေတာ့ Hummer ပုံစံမ်ိဳးျဖစ္ၿပီး Matte  Black အေရာင္နဲ႔ လိုခ်င္တယ္လို႔ G က ေျပာျပပါတယ္။ ဒါေပမယ့္ အဲ့ဒီလို လိုခ်င္တယ္ဆိုတာက ဒီတိုင္းစိတ္ကူးယဥ္ထားတဲ့ သေဘာသာျဖစ္ၿပီး မရခဲ့ရင္လည္း စိတ္လက္မခ်မ္းမသာျဖစ္ေနမွာ မဟုတ္ဘူးလို႔ G က ေျပာျပပါတယ္။  သူမတို႔တစ္မိသားစုလုံးက တူညီတဲ့ပစၥည္းေတြကို ပိုင္ဆိုင္ၾကေပမယ့္ အဲ့ဒီပစၥည္းေတြအေပၚမွာရွိတဲ့ တစ္ဦးခ်င္းစီရဲ႕ ခံစားခ်က္ခ်င္းကေတာ့ တူညီမွာမဟုတ္ဘူးလို႔ G က ေျပာပါတယ္။ သူမဟာဆိုရင္ အခုအခ်ိန္မွာ အသက္(၂၁)ႏွစ္ရွိၿပီ ျဖစ္တဲ့အတြက္ မိဘေတြရွာေဖြထားတဲ့ Luxury ပစၥည္းေတြအေပၚမွာ မသာယာေနႏိုင္ဘူးလို႔ ပြင့္ပြင့္လင္းလင္း ေျပာလာပါတယ္။ 

အခုလိုေျပာတာကလည္း သူမတစ္ေယာက္တည္းရဲ႕ အျမင္ျဖစ္ၿပီး အျခားေသာ ဒီအေပၚမွာ သာယာေနသူေတြကို ပုတ္ခတ္ေျပာဆိုလိုျခင္းမရွိပါဘူးလို႔ ထပ္ေဆာင္းေျပာျပလာပါတယ္။ သူမအေနနဲ႔ ေတာ္ေတာ္ငယ္တဲ့ အသက္အ႐ြယ္မွာတည္းက မိဘေတြထားတဲ့ ပုံစံအတိုင္းေနလိုစိတ္မရွိပဲ အဲ့ဒီအခ်ိန္တုန္းကေတာ့ ဘာမွမလုပ္တတ္ေသးပဲ ထြက္ေျပးလို႔လည္းမရတဲ့ အ႐ြယ္ျဖစ္တဲ့အတြက္ ႐ုန္းထြက္လို႔ မရခဲ့ဘူးလို႔ G က ပြင့္ပြင့္လင္းလင္း ရယ္ေမာၿပီး ေျပာျပခဲ့ပါတယ္။ 

ဒီလိုကိစၥေတြနဲ႔ပတ္သတ္လို႔ G က  “ညီမဆိုရင္ အထိန္းေတြက မနက္တစ္ေယာက္၊ ညဖက္တစ္ေယာက္နဲ႔။ ကိုယ့္ဟာကို တစ္ေယာက္တည္း တစ္ခန္းေတာင္ ေနလို႔မရဘူး။ အဲ့တာေတာ္ေတာ္ႀကီးတဲ့အထိ၊ (၈) တန္းေလာက္အထိလား မသိဘူး။ အဲ့လိုမ်ိဳး ေနာက္တစ္ေယာက္က လာလာအိပ္ရတယ္။ အဲ့ဟာက ဘာမွန္းလည္း မသိဘူး။ ငယ္ငယ္တုန္းကဆို အဲ့ဟာကို အရမ္းပဲ ေပါက္ကြဲၿပီးေတာ့ စိတ္တိုတာ။ အခန္းထဲမွာ ကိုယ့္ဟာကို တစ္ေယာက္တည္း ဘာလုပ္လို႔ ရမွာလဲ။ ဟိုးငယ္ငယ္တည္းကလည္း အေမက သူနဲ႔ပဲ အိပ္ေစခ်င္တယ္။ ညီမဆို မအိပ္ခ်င္ဘူး။ ကိုယ့္ဟာကို တစ္ေယာက္တည္းပဲ အိပ္ခ်င္တယ္ကြာ။ အဲ့တုန္းကလည္း နည္းနည္းအတိုက္အခံေတြျဖစ္တယ္။ ႀကီးလာေတာ့ ဘာမွေတာ့ မေျပာေတာ့ပါဘူး။ တစ္ေယာက္တည္း အိပ္လို႔ရသြားတယ္။” လို႔ ပြင့္ပြင့္လင္းလင္း ရင္ဖြင့္ေျပာျပခဲ့ပါတယ္။ 

သူမကိိုယ္သူမေတာ့ ငယ္ငယ္တုန္းက အေဖနဲ႔႐ုပ္ခ်င္းဆင္ေပမယ့္ အခုအသက္ႀကီးလာေတာ့ အေမရဲ႕ ႐ုပ္ခ်င္းဆင္လာတယ္လို႔ G က ေျပာပါတယ္။ သူမရဲ႕မိဘေတြႏွစ္ေယာက္လုံးက စိတ္မာသူေတြ ျဖစ္ၾကၿပီး စိတ္မာပုံခ်င္းေတာ့ ကြာျခားၾကတယ္လို႔ သူမက ေျပာျပပါတယ္။  သူမရဲ႕မိခင္ရဲ႕ စိတ္မာပုံမ်ိဳးဟာဆိုရင္ လူမုန္းခံႏိုင္တာ၊ လူေတြေဝဖန္တာကို အရမ္းခံႏိုင္တဲ့ ပုံစံမ်ိဳးျဖစ္ၿပီး ဒီေနရာမွာေတာ့ သူမက မိခင္ျဖစ္သူနဲ႔ အေတာ္တူတယ္လို႔ G က ေျပာပါတယ္။ ဖခင္ျဖစ္သူကေတာ့ အလုပ္ကေပးတဲ့ စိတ္ဖိစီးမႈမ်ိဳးကို အရမ္းခံႏိုင္တဲ့ စိတ္မာပုံမ်ိဳးျဖစ္ၿပီး သူမအေနနဲ႔ အဲ့လိုဖိစီးမႈမ်ိဳးရဲ႕ ေသးေသးေလးကိုေတာင္မွ မခံႏိုင္ဘူးလို႔ G က ေျပာျပပါတယ္။ 

သူမရဲ႕ကိုယ္လုံးကိုယ္ထည္ဟာဆိုရင္လည္း သူမရဲ႕မိခင္ကဲ့သို႔ ခပ္ေတာင့္ေတာင့္ရွိၿပီး သူမရဲ႕ အေဖကေတာ့ အနည္းငယ္ႏုတယ္လို႔ G က ဆိုပါတယ္။ သူမရဲ႕လက္ေမာင္းမွာဆိုရင္ သူမဘဝရဲ႕ အေရးပါသူေတြရဲ႕ ေမြးေန႔ေတြကို တက္တူးထိုးထားၿပီး သူမဘႀကီးရဲ႕ ေမြးေန႔၊ သူမရဲ႕ ေမြးေန႔နဲ႔၊ သူမနဲ႔ေမာင္ႏွမလို ခင္မင္ရတဲ့ အကိုေတြရဲ႕ ေမြးေန႔ေတြ ပါဝင္တယ္လို႔ G က ေျပာျပပါတယ္။ 

ပရိသတ္တို႔ေရ ဒီအင္တာဗ်ဴးေလးမွာေတာ့ The Voice Myanmar ရဲ႕ ၿပိဳင္ပြဲဝင္ေဟာင္းတစ္ဦးျဖစ္သူ G က သူမရဲ႕ ငယ္ဘဝအေၾကာင္း၊ ဘဝခံယူခ်က္ေလးေတြနဲ႔ ေနထိုင္မႈပုံစံေလးေတြကို ပာိသတ္သိေအာင္ မွ်ေဝေပးခဲ့တာပဲ ျဖစ္ပါတယ္။ ဒီအေပၚမွာ ပရိသတ္ေတြရဲ႕ ထင္ျမင္ခ်က္ေလးေတြကိုလည္း ကြန္မန႔္မွာ မွ်ေဝေပးခဲ့ၾကပါဦးေနာ္။ 

Read in UNICODE

The Voice Myanmar ရဲ့ ပြိုင်ပွဲဝင်ဟောင်းတစ်ဦးဖြစ်သူ သက်ရတနာကျော်ဝင်း(ခေါ်) G ကတော့ အားလုံးသိရှိပြီးသားဖြစ်သည့်အတိုင်း ရွှေနန်းတော်မိသားစုရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူ သမီးလေးပဲဖြစ်ပါတယ်။ The Voice Myanmar ရဲ့ Blind Audition မှာ ဒိုင်ဖြစ်သူနီနီခင်ဇော်ရဲ့ ရွေးချယ်ခြင်းခံခဲ့ရပြီးနောက် Battle Round မှာ Rဇာနည်ရဲ့ Steal လုပ်ခြင်းကို ခံခဲ့ရတာဖြစ်ပြီး Knockout Round ကို တက်လှမ်းခွင့်ရခဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။ 

စိတ်မကောင်းစွာနဲ့ပဲ Knockout Round အပြီးမှာ G တစ်ယောက် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့် သူမရဲ့ ဖြူစင်ပွင့်လင်းတဲ့ စိတ်ထားလေးနဲ့ အနုပညာနဲ့ပတ်သတ်တဲ့ ကြိုးစားလိုစိတ်ကြောင့် ပရိသတ်တော်တော်များများရဲ့ အားပေးလက်ခံမှုကို အခိုင်အမာရရှိထားသူတစ်ဦးပဲ ဖြစ်ပါတယ်။  သူမဟာဆိုရင် အခုကာလမှာ ဘကြီးဖြစ်သူရဲ့ ပရဟိတအသင်းမှာ လုပ်အားပေးကူညီပေးနေပြီး အခုလို ရိုးသားဖြူစင်ပြီး ပကာသနကင်းစင်လှတဲ့ သူမရဲ့စိတ်ထားလေးကြောင့် ပရိသတ်များစွာရဲ့ ချစ်ခင်လေးစားမှုကို ရရှိထားတာပဲ ဖြစ်ပါတယ်။ 

ဒီအင်တာဗျူးလေးမှာတော့ သက်ရတနာကျော်ဝင်း(ခေါ်) G က သူမအတွက်တော့ မိဘတွေချမ်းသာတယ်ဆိုတာက ဂုဏ်ယူစရာတစ်ခုမဟုတ်ပဲ ဒီလိုအသိုင်းအဝိုင်းမှာ မွေးဖွားလာလို့ မလွတ်လပ်ခဲ့တာဆိုပြီး ငယ်ငယ်က မကျေမနပ်ဖြစ်ခဲ့ဖူးတယ်လို့ သူမရဲ့ဘဝနေထိုင်မှုပုံစံနဲ့ ပတ်သတ်ပြီး ဝေမျှပေးခဲ့တာပဲ ဖြစ်ပါတယ်။ သူမရဲ့အိမ်မှာဆိုရင် Rolls Royce တံဆိပ် တန်ဖိုးကြီးဇိမ်ခံကားကြီးတစ်စီးရှိပေမယ့် သူမအနေနဲ့ကတော့ ကားဆိုတာမျိုးက အရမ်းကြီးအရေးမကြီးပဲ Air-con ကောင်းရင် အဆင်ပြေတယ်လို့ G က ပွင့်ပွင့်လင်းလင်းပဲ ပြောလာပါတယ်။ 

အခုလိုပြီးပြည့်စုံတဲ့ လူတစ်ယောက်အနေနဲ့ မွေးဖွားလာတဲ့အပေါ်မှာ သူမရဲ့စိတ်ခံစားချက်လေးကိုလည်း G က အခုလိုပဲ ရင်ဖွင့်ပြောပြခဲ့ပါတယ်။ “ညီမအနေနဲ့ ဒီအပေါ်မှာ တစ်ခါမှ မသာယာဖူးဘူး။ ဘာဖြစ်လို့လည်းဆိုတော့ညီမက လွတ်လပ်ချင်တာပဲသိတယ်။ ငယ်ငယ်တည်းက ဒီလိုမျိုးအသိုင်းအဝိုင်းထဲကို မွေးလာလို့ မလွတ်လပ်ခဲ့တာဆိုပြီး အဲ့တာကို မကျေမနပ်ဖြစ်ခဲ့ဖူးတယ်။ ဟိုး ဘာမှန်းမသိတုန်းကကျတော့ အရုပ်တွေ့ရင် ဟိုဟာလိုချင်တယ်၊ ဒီဟာလိုချင်တယ်နဲ့။ အဲ့ဟာတွေ အကုန်ရတယ်ကွာ။ ဒါပေမယ့် ကြီးလာတော့ အဲ့လို ဘာမှလည်း ကြီးကြီးမားမား မတောင်းဖြစ်ဘူး။ မိဘချမ်းသာတာက ဂုဏ်ယူစရာကြီး မဟုတ်ဘူး။ မိဘလုပ်စာထိုင်စားနေတာကလည်း ဂုဏ်ယူစရာကြီး မဟုတ်ဘူး။ ညီမအဖေဆိုရင် သူက ဒီဟာတွေအကုန်လုံးကို သူရဲ့လုပ်အားနဲ့ ကြိုးစားပြီး ရလာခဲ့တာဖြစ်တဲ့အတွက် သူ့အနေနဲ့ကတော့ ကျေနပ်၊ ဂုဏ်ယူစရာတွေ အများကြီးပဲ။ ညီမကျတော့ အခုမှ ကိုယ့်ပိုက်ဆံကို ကိုယ်ရှာနိုင်တာ။ ဒါတောင်မှ အရမ်းကြီး မလွတ်လပ်သေးဘူးပေါ့နော်။ မိဘကိုပြန်ပြီး အားကိုးရတာတွေ ရှိနေသေးတယ်။ ကိုယ်တကယ်လုပ်ပြီးတော့ ကိုယ်တကယ်ရှာနိုင်မှသာ ဂုဏ်ယူစရာလို့ထင်တယ်။ အဲ့တာကြောင့် ဘာမှလည်း အရမ်းကြီး မတောင်းဖြစ်ဘူး။”

သူမအနေနဲ့ လူငယ်တစ်ဦးဖြစ်ပေမယ့် တန်ဖိုးကြီးဇိမ်ခံပစ္စည်းတွေကို သိပ်မကြိုက်တတ်ပုံနဲ့ ပတ်သတ်လို့G က အခုလို ရှင်းပြပါတယ်။ “Luxury ဆန်တဲ့ ဟာတွေကိုကြိုက်ရင် ကိုယ့်အနေနဲ့ ပိုပြီးတော့ ပင်ပန်းတယ်ထင်လို့၊ အဲ့ဟာတွေ ဝယ်ဖို့အတွက် ပိုပြီးတော့ ပိုက်ဆံရှိနေရမှာ၊ ညီမက ကိုယ့်ဟာကို ဒီတိုင်းလေး စိတ်ချမ်းသာနေပြီဆိုရင်၊ ဘာမှလည်း အများကြီးဝယ်စရာမလိုဘူးဆိုရင် ဘဝက အေးအေးချမ်းချမ်းနေလို့ရတယ်ကွာ။ ကောင်းတာတွေမှ ကြိုက်တယ်ဆိုရင် ကောင်းတာတွေဝယ်နိုင်ဖို့အတွက် အသားလွတ်ကြီး လိုက်ရှာနေရမှာ။ အရမ်းကြီးမကြိုက်တော့လည်း ဝယ်စရာမလိုတော့ ကိုယ့်ဟာကို ပိုသက်သာတာပေါ့။” လို့ G က ဇိမ်ခံပစ္စည်းတွေကို သိပ်ကြိုက်လေ့မရှိကြောင်း ပွင့်ပွင့်လင်းလင်းပဲ ပြောပြခဲ့ပါတယ်။

ကားနဲ့ပတ်သတ်လို့ အရမ်းကြီး မရူးသွပ်ပေမယ့် အကယ်၍များ ပိုက်ဆံတွေအများကြီးရှိခဲ့မယ်ဆိုရင် လိုချင်တဲ့ ကားပုံစံတစ်မျိုးတော့ရှိတယ်လို့ G က ပြောပါတယ်။ 

အဲ့ဒီကားကတော့ Hummer ပုံစံမျိုးဖြစ်ပြီး Matte  Black အရောင်နဲ့ လိုချင်တယ်လို့ G က ပြောပြပါတယ်။ ဒါပေမယ့် အဲ့ဒီလို လိုချင်တယ်ဆိုတာက ဒီတိုင်းစိတ်ကူးယဉ်ထားတဲ့ သဘောသာဖြစ်ပြီး မရခဲ့ရင်လည်း စိတ်လက်မချမ်းမသာဖြစ်နေမှာ မဟုတ်ဘူးလို့ G က ပြောပြပါတယ်။  သူမတို့တစ်မိသားစုလုံးက တူညီတဲ့ပစ္စည်းတွေကို ပိုင်ဆိုင်ကြပေမယ့် အဲ့ဒီပစ္စည်းတွေအပေါ်မှာရှိတဲ့ တစ်ဦးချင်းစီရဲ့ ခံစားချက်ချင်းကတော့ တူညီမှာမဟုတ်ဘူးလို့ G က ပြောပါတယ်။ သူမဟာဆိုရင် အခုအချိန်မှာ အသက်(၂၁)နှစ်ရှိပြီ ဖြစ်တဲ့အတွက် မိဘတွေရှာဖွေထားတဲ့ Luxury ပစ္စည်းတွေအပေါ်မှာ မသာယာနေနိုင်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောလာပါတယ်။ 

အခုလိုပြောတာကလည်း သူမတစ်ယောက်တည်းရဲ့ အမြင်ဖြစ်ပြီး အခြားသော ဒီအပေါ်မှာ သာယာနေသူတွေကို ပုတ်ခတ်ပြောဆိုလိုခြင်းမရှိပါဘူးလို့ ထပ်ဆောင်းပြောပြလာပါတယ်။ သူမအနေနဲ့ တော်တော်ငယ်တဲ့ အသက်အရွယ်မှာတည်းက မိဘတွေထားတဲ့ ပုံစံအတိုင်းနေလိုစိတ်မရှိပဲ အဲ့ဒီအချိန်တုန်းကတော့ ဘာမှမလုပ်တတ်သေးပဲ ထွက်ပြေးလို့လည်းမရတဲ့ အရွယ်ဖြစ်တဲ့အတွက် ရုန်းထွက်လို့ မရခဲ့ဘူးလို့ G က ပွင့်ပွင့်လင်းလင်း ရယ်မောပြီး ပြောပြခဲ့ပါတယ်။ 

ဒီလိုကိစ္စတွေနဲ့ပတ်သတ်လို့ G က  “ညီမဆိုရင် အထိန်းတွေက မနက်တစ်ယောက်၊ ညဖက်တစ်ယောက်နဲ့။ ကိုယ့်ဟာကို တစ်ယောက်တည်း တစ်ခန်းတောင် နေလို့မရဘူး။ အဲ့တာတော်တော်ကြီးတဲ့အထိ၊ (၈) တန်းလောက်အထိလား မသိဘူး။ အဲ့လိုမျိုး နောက်တစ်ယောက်က လာလာအိပ်ရတယ်။ အဲ့ဟာက ဘာမှန်းလည်း မသိဘူး။ ငယ်ငယ်တုန်းကဆို အဲ့ဟာကို အရမ်းပဲ ပေါက်ကွဲပြီးတော့ စိတ်တိုတာ။ အခန်းထဲမှာ ကိုယ့်ဟာကို တစ်ယောက်တည်း ဘာလုပ်လို့ ရမှာလဲ။ ဟိုးငယ်ငယ်တည်းကလည်း အမေက သူနဲ့ပဲ အိပ်စေချင်တယ်။ ညီမဆို မအိပ်ချင်ဘူး။ ကိုယ့်ဟာကို တစ်ယောက်တည်းပဲ အိပ်ချင်တယ်ကွာ။ အဲ့တုန်းကလည်း နည်းနည်းအတိုက်အခံတွေဖြစ်တယ်။ ကြီးလာတော့ ဘာမှတော့ မပြောတော့ပါဘူး။ တစ်ယောက်တည်း အိပ်လို့ရသွားတယ်။” လို့ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပြောပြခဲ့ပါတယ်။ 

သူမကိုယ်သူမတော့ ငယ်ငယ်တုန်းက အဖေနဲ့ရုပ်ချင်းဆင်ပေမယ့် အခုအသက်ကြီးလာတော့ အမေရဲ့ ရုပ်ချင်းဆင်လာတယ်လို့ G က ပြောပါတယ်။ သူမရဲ့မိဘတွေနှစ်ယောက်လုံးက စိတ်မာသူတွေ ဖြစ်ကြပြီး စိတ်မာပုံချင်းတော့ ကွာခြားကြတယ်လို့ သူမက ပြောပြပါတယ်။  သူမရဲ့မိခင်ရဲ့ စိတ်မာပုံမျိုးဟာဆိုရင် လူမုန်းခံနိုင်တာ၊ လူတွေဝေဖန်တာကို အရမ်းခံနိုင်တဲ့ ပုံစံမျိုးဖြစ်ပြီး ဒီနေရာမှာတော့ သူမက မိခင်ဖြစ်သူနဲ့ အတော်တူတယ်လို့ G က ပြောပါတယ်။ ဖခင်ဖြစ်သူကတော့ အလုပ်ကပေးတဲ့ စိတ်ဖိစီးမှုမျိုးကို အရမ်းခံနိုင်တဲ့ စိတ်မာပုံမျိုးဖြစ်ပြီး သူမအနေနဲ့ အဲ့လိုဖိစီးမှုမျိုးရဲ့ သေးသေးလေးကိုတောင်မှ မခံနိုင်ဘူးလို့ G က ပြောပြပါတယ်။ 

သူမရဲ့ကိုယ်လုံးကိုယ်ထည်ဟာဆိုရင်လည်း သူမရဲ့မိခင်ကဲ့သို့ ခပ်တောင့်တောင့်ရှိပြီး သူမရဲ့ အဖေကတော့ အနည်းငယ်နုတယ်လို့ G က ဆိုပါတယ်။ သူမရဲ့လက်မောင်းမှာဆိုရင် သူမဘဝရဲ့ အရေးပါသူတွေရဲ့ မွေးနေ့တွေကို တက်တူးထိုးထားပြီး သူမဘကြီးရဲ့ မွေးနေ့၊ သူမရဲ့ မွေးနေ့နဲ့၊ သူမနဲ့မောင်နှမလို ခင်မင်ရတဲ့ အကိုတွေရဲ့ မွေးနေ့တွေ ပါဝင်တယ်လို့ G က ပြောပြပါတယ်။ 

ပရိသတ်တို့ရေ ဒီအင်တာဗျူးလေးမှာတော့ The Voice Myanmar ရဲ့ ပြိုင်ပွဲဝင်ဟောင်းတစ်ဦးဖြစ်သူ G က သူမရဲ့ ငယ်ဘဝအကြောင်း၊ ဘဝခံယူချက်လေးတွေနဲ့ နေထိုင်မှုပုံစံလေးတွေကို ပာိသတ်သိအောင် မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအပေါ်မှာ ပရိသတ်တွေရဲ့ ထင်မြင်ချက်လေးတွေကိုလည်း ကွန်မန့်မှာ မျှဝေပေးခဲ့ကြပါဦးနော်။ 

Source : MC

Add a Comment

Your email address will not be published. Required fields are marked *