အလုပ္ထဲ သိန္း(၄၀၀၀)ေက်ာ္ ထည့္ခဲ့ရၿပီး စီးပြားေရးအခက္အခဲေတြ ႀကဳံေတြေနရေပမယ့္ ပိုက္ဆံမရွိဘူးလို႔ေျပာရင္ ဘယ္သူကမွ မယုံၾကဘူးဆိုတဲ့ မႀကီးစန္း

ေအာင္ျမင္ေက်ာ္ၾကားတဲ့ မိတ္ကပ္ပညာရွင္တစ္ေယာက္အေနနဲ႔ ႏွစ္ေပါင္းမ်ားစြာ ရပ္တည္လာခဲ့သူ ခင္စန္းဝင္းကေတာ့ မႀကီးစန္းဆိုၿပီး အႏုပညာရွင္ေတြသာမက ပရိသတ္ေတြကပါ အခ်စ္ပိုေနရသူတစ္ေယာက္ပါ။ ေနာက္ပိုင္းမွာ မိတ္ကပ္ပညာရွင္တစ္ေယာက္အေနနဲ႔သာမက အႏုပညာအလုပ္ေတြပါ တစ္စထက္တစ္စလုပ္လာႏိုင္တဲ့အထိ ပရိသတ္အားေပးမႈ ရရွိလာသူလည္း ျဖစ္ပါတယ္။ ဒီအင္တာဗ်ဴးေလးမွာေတာ့ မိတ္ကပ္ပညာရွင္ခင္စန္းဝင္းက လုပ္ငန္းအတြက္ သိန္း(၄၀၀၀)ေက်ာ္ ရင္းႏွီးထည့္ဝင္ခဲ့ရၿပီး ကိုဗစ္ကာလမွာ စီးပြားေရးအရ ထိခိုက္နစ္နာမႈေတြမ်ားေနေပမယ့္ ပိုက္ဆံမရွိေတာ့ဘူးဆိုတာကို ဘယ္သူကမွ မယုံၾကဘူးဆိုတဲ့ အေၾကာင္းကို ပြင့္ပြင့္လင္းလင္း ရင္ဖြင့္ေျပာျပခဲ့တာပဲ ျဖစ္ပါတယ္။

မႀကီးစန္း(ေခၚ)ခင္စန္းဝင္းဟာဆိုရင္ လက္ရွိမွာ KSW Beauty အလွကုန္လုပ္ငန္းကို လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။ အလွကုန္ပစၥည္းေတြဆိုတာကလည္း ပြဲလမ္းသဘင္ေတြ၊ ေပ်ာ္ပြဲ႐ႊင္ပြဲေတြရွိေတာ့မွ လိမ္းျခယ္ၾကတာျဖစ္ၿပီး သူမရဲ႕ကုန္ပစၥည္းကို ဝယ္ယူအားေပးၾကသူ အမ်ားစုဟာဆိုရင္ ဆရာမေတြ၊ ႐ုံးဝန္ထမ္းေတြ ျဖစ္တဲ့အတြက္ လုပ္ငန္းခြင္ဝင္ေရာက္တဲ့အခါမွာ ေတာ့ ေန႔စဥ္လိမ္းၾကရေပမယ့္ အခုလို ဘယ္မွသြားလို႔အဆင္မေျပတဲ့အခ်ိန္မွာ လိမ္းဖို႔အခြင့္အလမ္းနည္းလာတဲ့အတြက္ သူမရဲ႕ကုန္ပစၥည္းေတြဟာလည္း ေရာင္းအားက်လာရျခင္းျဖစ္တယ္လို႔ မႀကီးစန္းက ေျပာျပပါတယ္။  အလွကုန္ပစၥည္းဆိုတာမ်ိဳးကလည္း အခ်ိဳ႕ေသာကုန္ပစၥည္းမ်ားကဲ့သို႔ ေန႔စဥ္စားေသာက္၊ေနထိုင္မႈအတြက္ မရွိမျဖစ္လိုအပ္တဲ့ အရာတစ္ခုမဟုတ္တဲ့အတြက္လည္း အခုလို ေရာင္းအားက်လာရျခင္း ျဖစ္မယ္လို႔ မႀကီးစန္းက ယူဆပါတယ္။ 

မႀကီးစန္းတို႔ကိုယ္တိုင္လည္း အခုအခ်ိန္ ပိုက္ဆံသုံးတဲ့အခါမွာ ကိုယ္လိုခ်င္လို႔ဝယ္တဲ့အရာလား၊ မရွိမျဖစ္လိုအပ္တဲ့ပစၥည္းလား ဆိုတာကို ခ်င့္ခ်ိန္ၿပီးမွ သုံးစြဲ႕ျဖစ္တယ္လို႔ မႀကီးစန္းက ေဝမွ်လာပါတယ္။ မႀကီးစန္းအေနနဲ႔ ေရွ႕ႏွစ္ေတြမွာတုန္းက Set Makeup၊ Set Powder ေတြကို ေရာင္းခ်ၿပီး (၃)ႏွစ္ေက်ာ္၊ (၄)ႏွစ္နီးပါးၾကားတဲ့အခ်ိန္မွာ KSW Beauty ရဲ႕ လက္ရွိ Agent ျဖစ္တဲ့ Focus Beauty အဖြဲ႕က ကိုေက်ာ္ႏိုင္ဦးက “မႀကီးေရ ဒီပစၥည္းကို ကိုရီးယားစက္႐ုံမွာ အပ္ၾကည့္ပါလား။ မႀကီးပစၥည္းေတြက အရမ္းေရာင္းရတယ္” ဆိုၿပီး FDA ေတြဘာေတြ တင္ၿပီး တရားဝင္ေရာင္းခ်ေစခ်င္တဲ့သေဘာ အႀကံေပးလာတဲ့အတြက္ ကိုေက်ာ္ႏိုင္ဦးရဲ႕ အကူအညီနဲ႔ပဲ ကိုရီးယားက စက္႐ုံတစ္႐ုံမွာ ပစၥည္းအပ္ျဖစ္ခဲ့တာျဖစ္တယ္လို႔ မႀကီးစန္းရဲ႕ ေျပာၾကားခ်က္အရ သိရွိရပါတယ္။ 

ဒီပစၥည္းထြက္ဖို႔အတြက္ မႀကီးစန္းတို႔အေနနဲ႔ ကိုရီးယားကို (၆)ေခါက္ထပ္မနည္း သြားေရာက္ခဲ့ရၿပီး ႀကိဳတင္စမ္းသပ္ခ်က္ေတြအတြက္ ကုန္က်စရိတ္ေတြလည္း အမ်ားႀကီးရွိခဲ့တယ္လို႔ မႀကီးစန္းက ေျပာျပပါတယ္။  ပစၥည္းထြက္လာတဲ့အခါက်ျပန္ေတာ့လည္း စက္႐ုံအေနနဲ႔သတ္မွတ္ထားတဲ့အေရအတြက္ကို ယူမွသာ ကုန္ပစၥည္းကို ထုတ္လုပ္ေပးတာျဖစ္တဲ့အတြက္ အဲ့ဒီအရင္းအႏွီးကိုရဖို႔ မႀကီးအေနနဲ႔ ေတာ္ေတာ္ႀကီဳးစားခဲ့ရၿပီး ပစၥည္းရန္ကုန္ၿမိဳ႕ကို ေရာက္သည္အထိ သိန္း(၄၀၀၀)ေက်ာ္ေလာက္ ရင္ႏွီးခဲ့ရတယ္လို႔ မႀကီးစန္းက ပြင့္ပြင့္လင္းလင္းပဲ ေျပာျပလာပါတယ္။ 

အဲ့ဒီပစၥည္း ျမန္မာႏိုင္ငံကို ေရာက္ရွိလာၿပီး သိပ္မၾကာခင္မွာပဲ ကိုဗစ္ကပ္ေရာဂါက်ေရာက္လာတဲ့အတြက္ မႀကီးအေနနဲ႔ ေတာ္ေတာ္ေလးဒုကၡေရာက္သြားရတယ္လို႔   ရင္ဖြင့္ေျပာျပလာပါတယ္။ “အားလုံးက ခင္စန္းဝင္းဆိုတဲ့ နာမည္ႀကီးနဲ႔၊ အရွိန္အဝါႀကီးနဲ႔ ပိုက္ဆံမရွိဘူးဆိုတာႀကီးက မျဖစ္ႏိုင္ဘူးေပါ့ေနာ္၊ မယုံၾကဘူး။ တကယ္တမ္းက်ေတာ့ မႀကီးက အလုပ္ေတြ လုပ္ထားတာဆိုေတာ့ အဲ့ဒီမွာပဲ မႀကီး နည္းနည္းေလး အခက္အခဲျဖစ္သြားတယ္။ အခုက်ေတာ့ မႀကီး ဟိုတစ္ရက္က Live လႊင့္ၿပီး ေရာင္းတဲ့အခါက်ေတာ့ ေဈးလည္း Discount ခ်ေပးလိုက္တယ္ ေပါ့ေနာ္။ မႀကီးရဲ႕ ကိုယ့္ကိုယ္ကို စံႏႈန္းတစ္ခုကက်ေတာ့ မႀကီးရဲ႕ပစၥည္းသည္ အေပါစားပစၥည္းတစ္ခု မဟုတ္ဘူး၊ တကယ္လိမ္းတဲ့သူေတြကိုလည္း ထိခိုက္နစ္နာမႈ မရွိေစရဘူး၊ တကယ္ည္း ေကာင္းမြန္တဲ့ ပစၥည္းျဖစ္တဲ့အတြက္ ကိုယ့္ရဲ႕ Quality ကို ကိုယ္ယုံၾကည္တဲ့အတြက္ ဘယ္ေသာအခါမွ Discount မခ်ဘူးေပါ့ေနာ္။ ဒါေပမယ့္ မခုခ်ိန္ကာလကို မႀကီးက ျပန္ၿပီးေတာ့ ငဲ့ကြက္လိုက္တာေပါ့။ လူေတြလည္းဝင္ေငြနည္းေနတယ္၊ လိုခ်င္တဲ့သူေတြလည္း ဝယ္လို႔ရေအာင္ဆိုၿပီးေတာ့ Discount ခ်ေပးလိုက္တယ္။” လို႔ မႀကီးစန္းကိုယ္တိုင္ ထုတ္လုပ္ေရာင္းခ်ေနတဲ့ ပစၥည္းေလးေတြကို ေဈးေလွ်ာ့ေရာင္းခ်ေပးေနတာနဲ႔ ပတ္သတ္လို႔ ရွင္းျပေပးခဲ့ပါတယ္။

သိန္း(၄၀၀၀)ေက်ာ္ေလာက္ ထည့္ဝင္ရင္းႏွီးခဲ့ရတဲ့ လုပ္ငန္းတစ္ခုဟာ ကိုဗစ္ေၾကာင့္ အခုလို ကေမွာက္ကမ ျဖစ္သြားတဲ့အခါ ရင္ဆိုင္ႀကဳံေတြ႕လာရတဲ့ ဝင္ေငြစီမံခန႔္ခြဲမႈနဲ႔ ပတ္သတ္လို႔လည္း မႀကီးစန္းက အခုလို ေဝမွ်ေပးခဲ့ပါေသးတယ္။  “ဝင္ေငြစီမံခန႔္ခြဲမႈဆိုတာက အခုခ်ိန္မွာမႀကီးတို႔ဝယ္ထားတဲ့ ကားေတြက အရစ္က်နဲ႔ ဝယ္ထားတာဆိုေတာ့ လစဥ္သြင္းရတဲ့ ပိုက္ဆံေတြရွိတယ္။ မႀကီးဆီမွာ လက္ရွိဝန္ထမ္းေတြေပါ့ေနာ္၊ ဝန္ထမ္းမဟုတ္ရင္ေတာင္ မႀကီးအိမ္မွာ မွီခိုေနတဲ့ မႀကီးတပည့္ေတြေပါ့ေနာ္၊ မိသားစုလိုေနေနတဲ့ မႀကီးရဲ႕ တပည့္ေတြရွိတယ္။ သူတို႔နဲ႔မႀကီးရဲ႕ ေန႔စဥ္စားေသာက္စရိတ္ရွိတယ္။ ေနာက္ၿပီးေတာ့ လစဥ္မီတာခေပါ့ေနာ္။ ဆိုင္ေတြပိတ္ထားေပမယ့္လည္း မီတာခကေတာ့ မေလ်ာ့ဘူး။ ေရသန႔္ေတြဘာေတြ ေသာက္တာဆိုေတာ့ ေရသန႔္ဖိုးရွိမယ္။ အစစအရာရာ အေသးစိတ္ကအစ၊ ေတာ္ၾကာ ဆန္တစ္အိတ္ဆိုရင္လည္း ကုန္သြားျပန္ၿပီ၊ ေျခာက္ေသာင္းေက်ာ္။ အဲ့တာမ်ိဳးေပါ့ေနာ္။ ထြက္ေငြေတြရွိတယ္၊ ဝင္ေငြက်ေတာ့ ေန႔စဥ္မဝင္ဘူး။ အဲ့အခါက် မႀကီးအတြက္က ပိုက္ဆံအကယ္၍ ဝင္လာခဲ့သည္ရွိေသာ္ စားဖို႔ကိစၥ၊ မီတာခေပးဖို႔ စတဲ့ မျဖစ္မေနသုံးရမယ့္ စရိတ္ေတြအတြက္ကို မႀကီး အရင္ခ်န္ထားရတာ ေပါ့ေနာ္။ ၿပီးေတာ့ မႀကီးကို မွီခိုေနရတဲ့ မႀကီးရဲ႕ ညီကိုေမာင္ႏွမေတြ၊ မႀကီးရဲ႕ မိသားစုေတြ ရွိတာကိုး။ သူတို႔ကိုလည္း မႀကီးက ျပန္ၿပီးေတာ့ ေထာက္ပံ့ရတာဆိုေတာ့ မိသားစုအတြက္ကိုလည္း ျပန္ငဲ့ရေသးတယ္။ ဆိုေတာ့ ေတာ္ေတာ္ေလးကို အၾကပ္အတည္း ျဖစ္ေနတာေပါ့ေနာ္။”

ပရိသတ္တို႔ေရ ဒီအင္တာဗ်ဴးေလးမွာေတာ့ မႀကီးစန္း(ေခၚ)မိတ္ကပ္ခင္စန္းဝင္းက ကိုဗစ္မျဖစ္ခင္ကာလမွာ လုပ္ငန္းအတြက္ ေငြေၾကးေျမာက္ျမားစြာ ရင္းႏွီးထည့္ဝင္ခဲ့ေပမယ့္ အခုလို ကိုဗစ္ကာလအေျခအေနေတြေၾကာင့္ ႀကဳံေတြ႕လာရတဲ့ စီးပြားေရးအဆင္မေျပမႈေတြနဲ႔ ပတ္သတ္ၿပီး ရင္ဖြင့္ေျပာျပခဲ့တာပဲ ျဖစ္ပါတယ္။  မႀကီးစန္းကိုယ္တိုင္ ထုတ္လုပ္ေရာင္းခ်ေနတဲ့ KSW Beauty ရဲ႕ အလွကုန္ပစၥည္းေလးေတြဟာဆိုရင္ ကိုရီးယားႏိုင္ငံမွာ စမ္းသပ္၊ ထုတ္လုပ္ထားတဲ့အတြက္ အရည္အေသြးပိုင္းမွာ အာမခံခ်က္အျပည့္ရွိတာေၾကာင့္ ဝယ္ယူသုံးစြဲၾကဖို႔ ပရိသတ္တို႔ကို ေၾကာ္ျငာဝင္တိုက္တြန္းလိုက္ရပါတယ္​။ အခုလိုအခ်ိန္ေပးၿပီး ဖတ္ရႈေပးတဲ့ ပရိသတ္အားလုံးကိုလည္း ေက်းဇူးအထူးပဲ တင္ရွိပါတယ္။ 

Read in UNICODE

အောင်မြင်ကျော်ကြားတဲ့ မိတ်ကပ်ပညာရှင်တစ်ယောက်အနေနဲ့ နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့သူ ခင်စန်းဝင်းကတော့ မကြီးစန်းဆိုပြီး အနုပညာရှင်တွေသာမက ပရိသတ်တွေကပါ အချစ်ပိုနေရသူတစ်ယောက်ပါ။ နောက်ပိုင်းမှာ မိတ်ကပ်ပညာရှင်တစ်ယောက်အနေနဲ့သာမက အနုပညာအလုပ်တွေပါ တစ်စထက်တစ်စလုပ်လာနိုင်တဲ့အထိ ပရိသတ်အားပေးမှု ရရှိလာသူလည်း ဖြစ်ပါတယ်။ ဒီအင်တာဗျူးလေးမှာတော့ မိတ်ကပ်ပညာရှင်ခင်စန်းဝင်းက လုပ်ငန်းအတွက် သိန်း(၄၀၀၀)ကျော် ရင်းနှီးထည့်ဝင်ခဲ့ရပြီး ကိုဗစ်ကာလမှာ စီးပွားရေးအရ ထိခိုက်နစ်နာမှုတွေများနေပေမယ့် ပိုက်ဆံမရှိတော့ဘူးဆိုတာကို ဘယ်သူကမှ မယုံကြဘူးဆိုတဲ့ အကြောင်းကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။

မကြီးစန်း(ခေါ်)ခင်စန်းဝင်းဟာဆိုရင် လက်ရှိမှာ KSW Beauty အလှကုန်လုပ်ငန်းကို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ အလှကုန်ပစ္စည်းတွေဆိုတာကလည်း ပွဲလမ်းသဘင်တွေ၊ ပျော်ပွဲရွှင်ပွဲတွေရှိတော့မှ လိမ်းခြယ်ကြတာဖြစ်ပြီး သူမရဲ့ကုန်ပစ္စည်းကို ဝယ်ယူအားပေးကြသူ အများစုဟာဆိုရင် ဆရာမတွေ၊ ရုံးဝန်ထမ်းတွေ ဖြစ်တဲ့အတွက် လုပ်ငန်းခွင်ဝင်ရောက်တဲ့အခါမှာ တော့ နေ့စဉ်လိမ်းကြရပေမယ့် အခုလို ဘယ်မှသွားလို့အဆင်မပြေတဲ့အချိန်မှာ လိမ်းဖို့အခွင့်အလမ်းနည်းလာတဲ့အတွက် သူမရဲ့ကုန်ပစ္စည်းတွေဟာလည်း ရောင်းအားကျလာရခြင်းဖြစ်တယ်လို့ မကြီးစန်းက ပြောပြပါတယ်။  အလှကုန်ပစ္စည်းဆိုတာမျိုးကလည်း အချို့သောကုန်ပစ္စည်းများကဲ့သို့ နေ့စဉ်စားသောက်၊နေထိုင်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုမဟုတ်တဲ့အတွက်လည်း အခုလို ရောင်းအားကျလာရခြင်း ဖြစ်မယ်လို့ မကြီးစန်းက ယူဆပါတယ်။ 

မကြီးစန်းတို့ကိုယ်တိုင်လည်း အခုအချိန် ပိုက်ဆံသုံးတဲ့အခါမှာ ကိုယ်လိုချင်လို့ဝယ်တဲ့အရာလား၊ မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းလား ဆိုတာကို ချင့်ချိန်ပြီးမှ သုံးစွဲ့ဖြစ်တယ်လို့ မကြီးစန်းက ဝေမျှလာပါတယ်။ မကြီးစန်းအနေနဲ့ ရှေ့နှစ်တွေမှာတုန်းက Set Makeup၊ Set Powder တွေကို ရောင်းချပြီး (၃)နှစ်ကျော်၊ (၄)နှစ်နီးပါးကြားတဲ့အချိန်မှာ KSW Beauty ရဲ့ လက်ရှိ Agent ဖြစ်တဲ့ Focus Beauty အဖွဲ့က ကိုကျော်နိုင်ဦးက “မကြီးရေ ဒီပစ္စည်းကို ကိုရီးယားစက်ရုံမှာ အပ်ကြည့်ပါလား။ မကြီးပစ္စည်းတွေက အရမ်းရောင်းရတယ်” ဆိုပြီး FDA တွေဘာတွေ တင်ပြီး တရားဝင်ရောင်းချစေချင်တဲ့သဘော အကြံပေးလာတဲ့အတွက် ကိုကျော်နိုင်ဦးရဲ့ အကူအညီနဲ့ပဲ ကိုရီးယားက စက်ရုံတစ်ရုံမှာ ပစ္စည်းအပ်ဖြစ်ခဲ့တာဖြစ်တယ်လို့ မကြီးစန်းရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။ 

ဒီပစ္စည်းထွက်ဖို့အတွက် မကြီးစန်းတို့အနေနဲ့ ကိုရီးယားကို (၆)ခေါက်ထပ်မနည်း သွားရောက်ခဲ့ရပြီး ကြိုတင်စမ်းသပ်ချက်တွေအတွက် ကုန်ကျစရိတ်တွေလည်း အများကြီးရှိခဲ့တယ်လို့ မကြီးစန်းက ပြောပြပါတယ်။  ပစ္စည်းထွက်လာတဲ့အခါကျပြန်တော့လည်း စက်ရုံအနေနဲ့သတ်မှတ်ထားတဲ့အရေအတွက်ကို ယူမှသာ ကုန်ပစ္စည်းကို ထုတ်လုပ်ပေးတာဖြစ်တဲ့အတွက် အဲ့ဒီအရင်းအနှီးကိုရဖို့ မကြီးအနေနဲ့ တော်တော်ကြီုးစားခဲ့ရပြီး ပစ္စည်းရန်ကုန်မြို့ကို ရောက်သည်အထိ သိန်း(၄၀၀၀)ကျော်လောက် ရင်နှီးခဲ့ရတယ်လို့ မကြီးစန်းက ပွင့်ပွင့်လင်းလင်းပဲ ပြောပြလာပါတယ်။ 

အဲ့ဒီပစ္စည်း မြန်မာနိုင်ငံကို ရောက်ရှိလာပြီး သိပ်မကြာခင်မှာပဲ ကိုဗစ်ကပ်ရောဂါကျရောက်လာတဲ့အတွက် မကြီးအနေနဲ့ တော်တော်လေးဒုက္ခရောက်သွားရတယ်လို့   ရင်ဖွင့်ပြောပြလာပါတယ်။ “အားလုံးက ခင်စန်းဝင်းဆိုတဲ့ နာမည်ကြီးနဲ့၊ အရှိန်အဝါကြီးနဲ့ ပိုက်ဆံမရှိဘူးဆိုတာကြီးက မဖြစ်နိုင်ဘူးပေါ့နော်၊ မယုံကြဘူး။ တကယ်တမ်းကျတော့ မကြီးက အလုပ်တွေ လုပ်ထားတာဆိုတော့ အဲ့ဒီမှာပဲ မကြီး နည်းနည်းလေး အခက်အခဲဖြစ်သွားတယ်။ အခုကျတော့ မကြီး ဟိုတစ်ရက်က Live လွှင့်ပြီး ရောင်းတဲ့အခါကျတော့ ဈေးလည်း Discount ချပေးလိုက်တယ် ပေါ့နော်။ မကြီးရဲ့ ကိုယ့်ကိုယ်ကို စံနှုန်းတစ်ခုကကျတော့ မကြီးရဲ့ပစ္စည်းသည် အပေါစားပစ္စည်းတစ်ခု မဟုတ်ဘူး၊ တကယ်လိမ်းတဲ့သူတွေကိုလည်း ထိခိုက်နစ်နာမှု မရှိစေရဘူး၊ တကယ်ည်း ကောင်းမွန်တဲ့ ပစ္စည်းဖြစ်တဲ့အတွက် ကိုယ့်ရဲ့ Quality ကို ကိုယ်ယုံကြည်တဲ့အတွက် ဘယ်သောအခါမှ Discount မချဘူးပေါ့နော်။ ဒါပေမယ့် မခုချိန်ကာလကို မကြီးက ပြန်ပြီးတော့ ငဲ့ကွက်လိုက်တာပေါ့။ လူတွေလည်းဝင်ငွေနည်းနေတယ်၊ လိုချင်တဲ့သူတွေလည်း ဝယ်လို့ရအောင်ဆိုပြီးတော့ Discount ချပေးလိုက်တယ်။” လို့ မကြီးစန်းကိုယ်တိုင် ထုတ်လုပ်ရောင်းချနေတဲ့ ပစ္စည်းလေးတွေကို ဈေးလျှော့ရောင်းချပေးနေတာနဲ့ ပတ်သတ်လို့ ရှင်းပြပေးခဲ့ပါတယ်။

သိန်း(၄၀၀၀)ကျော်လောက် ထည့်ဝင်ရင်းနှီးခဲ့ရတဲ့ လုပ်ငန်းတစ်ခုဟာ ကိုဗစ်ကြောင့် အခုလို ကမှောက်ကမ ဖြစ်သွားတဲ့အခါ ရင်ဆိုင်ကြုံတွေ့လာရတဲ့ ဝင်ငွေစီမံခန့်ခွဲမှုနဲ့ ပတ်သတ်လို့လည်း မကြီးစန်းက အခုလို ဝေမျှပေးခဲ့ပါသေးတယ်။  “ဝင်ငွေစီမံခန့်ခွဲမှုဆိုတာက အခုချိန်မှာမကြီးတို့ဝယ်ထားတဲ့ ကားတွေက အရစ်ကျနဲ့ ဝယ်ထားတာဆိုတော့ လစဉ်သွင်းရတဲ့ ပိုက်ဆံတွေရှိတယ်။ မကြီးဆီမှာ လက်ရှိဝန်ထမ်းတွေပေါ့နော်၊ ဝန်ထမ်းမဟုတ်ရင်တောင် မကြီးအိမ်မှာ မှီခိုနေတဲ့ မကြီးတပည့်တွေပေါ့နော်၊ မိသားစုလိုနေနေတဲ့ မကြီးရဲ့ တပည့်တွေရှိတယ်။ သူတို့နဲ့မကြီးရဲ့ နေ့စဉ်စားသောက်စရိတ်ရှိတယ်။ နောက်ပြီးတော့ လစဉ်မီတာခပေါ့နော်။ ဆိုင်တွေပိတ်ထားပေမယ့်လည်း မီတာခကတော့ မလျော့ဘူး။ ရေသန့်တွေဘာတွေ သောက်တာဆိုတော့ ရေသန့်ဖိုးရှိမယ်။ အစစအရာရာ အသေးစိတ်ကအစ၊ တော်ကြာ ဆန်တစ်အိတ်ဆိုရင်လည်း ကုန်သွားပြန်ပြီ၊ ခြောက်သောင်းကျော်။ အဲ့တာမျိုးပေါ့နော်။ ထွက်ငွေတွေရှိတယ်၊ ဝင်ငွေကျတော့ နေ့စဉ်မဝင်ဘူး။ အဲ့အခါကျ မကြီးအတွက်က ပိုက်ဆံအကယ်၍ ဝင်လာခဲ့သည်ရှိသော် စားဖို့ကိစ္စ၊ မီတာခပေးဖို့ စတဲ့ မဖြစ်မနေသုံးရမယ့် စရိတ်တွေအတွက်ကို မကြီး အရင်ချန်ထားရတာ ပေါ့နော်။ ပြီးတော့ မကြီးကို မှီခိုနေရတဲ့ မကြီးရဲ့ ညီကိုမောင်နှမတွေ၊ မကြီးရဲ့ မိသားစုတွေ ရှိတာကိုး။ သူတို့ကိုလည်း မကြီးက ပြန်ပြီးတော့ ထောက်ပံ့ရတာဆိုတော့ မိသားစုအတွက်ကိုလည်း ပြန်ငဲ့ရသေးတယ်။ ဆိုတော့ တော်တော်လေးကို အကြပ်အတည်း ဖြစ်နေတာပေါ့နော်။”

ပရိသတ်တို့ရေ ဒီအင်တာဗျူးလေးမှာတော့ မကြီးစန်း(ခေါ်)မိတ်ကပ်ခင်စန်းဝင်းက ကိုဗစ်မဖြစ်ခင်ကာလမှာ လုပ်ငန်းအတွက် ငွေကြေးမြောက်မြားစွာ ရင်းနှီးထည့်ဝင်ခဲ့ပေမယ့် အခုလို ကိုဗစ်ကာလအခြေအနေတွေကြောင့် ကြုံတွေ့လာရတဲ့ စီးပွားရေးအဆင်မပြေမှုတွေနဲ့ ပတ်သတ်ပြီး ရင်ဖွင့်ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။  မကြီးစန်းကိုယ်တိုင် ထုတ်လုပ်ရောင်းချနေတဲ့ KSW Beauty ရဲ့ အလှကုန်ပစ္စည်းလေးတွေဟာဆိုရင် ကိုရီးယားနိုင်ငံမှာ စမ်းသပ်၊ ထုတ်လုပ်ထားတဲ့အတွက် အရည်အသွေးပိုင်းမှာ အာမခံချက်အပြည့်ရှိတာကြောင့် ဝယ်ယူသုံးစွဲကြဖို့ ပရိသတ်တို့ကို ကြော်ငြာဝင်တိုက်တွန်းလိုက်ရပါတယ်။ အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးအထူးပဲ တင်ရှိပါတယ်။ 

Source : MC

Add a Comment

Your email address will not be published. Required fields are marked *