႐ုပ္ရွင္ေလာကထဲ စဝင္တုန္းက အႏွိမ္ခံ အေျပာခံခဲ့ရတဲ့ သူ႔ရဲ႕အျဖစ္ကို ရင္ဖြင့္ခဲ့တဲ့ ထြန္းထြန္း

ထြန္းထြန္းကေတာ့ အသက္ ၁၆-၁၇ ေလာက္ ၂၀၀၀-၂၀၀၁ က EXAMPLEZ မွာ သီခ်င္းေတြဆိုခဲ့ သီခ်င္းေရးခဲ့တာျဖစ္ၿပီး အခုဆို ဘာလိုလိုနဲ႔ ဒီ အႏုပညာေလာကထဲမွာ အနိမ့္အျမင့္အတက္အက် ပုံစံမ်ိဳးစုံ ဘဝမ်ိဳးစုံနဲ႔ အႏွစ္၂၀ က်င္လည္ခဲ့တာ အားေပးခ်စ္ခင္ၾကတဲ့ ပရိသတ္ေတြေၾကာင့္သာ

ရပ္တည္ေနႏိုင္တာျဖစ္တယ္လို႔ ထြန္းထြန္းက ဆိုပါတယ္ ။သူ႔ကို ယုံၾကည္မႈရွိေပးၾကတဲ့ Production ေတြ Producer ေတြနဲ႔ အၿမဲတမ္းကူညီေစာင့္ေရွာက္ေပးၾကတဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြေၾကာင့္လည္းျဖစ္ပါတယ္လို႔ ထြန္းထြန္းက

ပရိသတ္ေတြကို ေျပာျပလာခဲ့ပါတယ္ ။ ႐ုပ္ရွင္ေလာကထဲစဝင္ ဦးေက်ာ္ဟိန္းဆီေရာက္ ေတာ့လည္း တခ်ိဳ႕ေတြက “သီခ်င္းပဲဆိုစမ္းပါ လိုင္းေၾကာင္ျပန္ပီ” ဆိုတာ မၾကားတၾကား ေျပာတာေတြ, နာမည္ တပ္ ဒဲ့ ေစာ္ကားခံရတာေတြၾကားထဲကေန စိတ္ပိုင္းျဖတ္ၿပီး ႀကိဳးစားေလ့လာခဲ့ရတယ္. (ခုထိသင္ယူႀကိဳးစားေနဆဲပါပဲ) .

ခင္ဗ်ားတို႔အထင္မႀကီးတဲ့ Rap ဆိုတဲ့ ခ်ာတိတ္တေကာင္ အေနနဲ႔ ပထမဆုံး အကယ္ဒမီ ရတဲ့သူျဖစ္လာဖို႔ ရည္မွန္းခ်က္ထားခဲ့တယ္. ႀကိဳးစားခဲ့တယ္. ရခဲ့တယ္ ဆိုတဲ့စာသားေလးနဲ႔အတူ အႏုပညာေလာကထဲျဖတ္သန္းခဲ့ရပုံေတြကို ပရိသတ္ေတြကို ေျပာျပခဲ့ပါေသးတယ္ ။ ဒါကလည္း

သူ တစ္ေယာက္တည္းေတာ္ေနတတ္ေနလို႔ လုံးဝမဟုတ္ပါဘဲ ဆရာေကာင္း လုပ္ေဖာ္ကိုင္ဖက္ေကာင္း Team Work ေကာင္းလြန္းလို႔ သူ ေျမႇာက္စားျခင္းခံခဲ့ရတာပါလို႔လည္း ထြန္းထြန္းက

ကိုယ့္ကိုယ္ကိုႏွိမ့္ခ်ေရးသားထားပါေသးတယ္ ။ ပရိသတ္ေတြကေတာ့ ျဖစ္ခ်င္တာကို ျဖစ္ေအာင္ႀကိဳးစားႏိုင္ခဲ့တဲ့ ထြန္းထြန္းအတြက္ ဂုဏ္ျပဳစကားေလးေတြ မွတ္ခ်က္ေရးသားထားၾကတာေတြ႕ရပါတယ္ ။

Read in UNICODE

ထွန်းထွန်းကတော့ အသက် ၁၆-၁၇ လောက် ၂၀၀၀-၂၀၀၁ က EXAMPLEZ မှာ သီချင်းတွေဆိုခဲ့ သီချင်းရေးခဲ့တာဖြစ်ပြီး အခုဆို ဘာလိုလိုနဲ့ ဒီ အနုပညာလောကထဲမှာ အနိမ့်အမြင့်အတက်အကျ ပုံစံမျိုးစုံ ဘဝမျိုးစုံနဲ့ အနှစ်၂၀ ကျင်လည်ခဲ့တာ အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကြောင့်သာ

ရပ်တည်နေနိုင်တာဖြစ်တယ်လို့ ထွန်းထွန်းက ဆိုပါတယ် ။သူ့ကို ယုံကြည်မှုရှိပေးကြတဲ့ Production တွေ Producer တွေနဲ့ အမြဲတမ်းကူညီစောင့်ရှောက်ပေးကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေကြောင့်လည်းဖြစ်ပါတယ်လို့ ထွန်းထွန်းက

ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ် ။ ရုပ်ရှင်လောကထဲစဝင် ဦးကျော်ဟိန်းဆီရောက် တော့လည်း တချို့တွေက “သီချင်းပဲဆိုစမ်းပါ လိုင်းကြောင်ပြန်ပီ” ဆိုတာ မကြားတကြား ပြောတာတွေ, နာမည် တပ် ဒဲ့ စော်ကားခံရတာတွေကြားထဲကနေ စိတ်ပိုင်းဖြတ်ပြီး ကြိုးစားလေ့လာခဲ့ရတယ်. (ခုထိသင်ယူကြိုးစားနေဆဲပါပဲ) .

ခင်ဗျားတို့အထင်မကြီးတဲ့ Rap ဆိုတဲ့ ချာတိတ်တကောင် အနေနဲ့ ပထမဆုံး အကယ်ဒမီ ရတဲ့သူဖြစ်လာဖို့ ရည်မှန်းချက်ထားခဲ့တယ်. ကြိုးစားခဲ့တယ်. ရခဲ့တယ် ဆိုတဲ့စာသားလေးနဲ့အတူ အနုပညာလောကထဲဖြတ်သန်းခဲ့ရပုံတွေကို ပရိသတ်တွေကို ပြောပြခဲ့ပါသေးတယ် ။ ဒါကလည်း

သူ တစ်ယောက်တည်းတော်နေတတ်နေလို့ လုံးဝမဟုတ်ပါဘဲ ဆရာကောင်း လုပ်ဖော်ကိုင်ဖက်ကောင်း Team Work ကောင်းလွန်းလို့ သူ မြှောက်စားခြင်းခံခဲ့ရတာပါလို့လည်း ထွန်းထွန်းက

ကိုယ့်ကိုယ်ကိုနှိမ့်ချရေးသားထားပါသေးတယ် ။ ပရိသတ်တွေကတော့ ဖြစ်ချင်တာကို ဖြစ်အောင်ကြိုးစားနိုင်ခဲ့တဲ့ ထွန်းထွန်းအတွက် ဂုဏ်ပြုစကားလေးတွေ မှတ်ချက်ရေးသားထားကြတာတွေ့ရပါတယ် ။

Source : Htin Aung Tun’s Facebook

Add a Comment

Your email address will not be published. Required fields are marked *