ကိုယ်ဝန်လွယ်ထားရတဲ့ ကလေးလေးနဲ့ စည်ဖြိုးရဲ့ အကျင့်တွေက အခုထဲက တစ်ပုံစံထဲ တူနေတယ်ဆိုတဲ့ ခင်လွှမ်း
Read in UNICODE
သရုပ်ဆောင် စည်ဖြိုးနဲ့ ခင်လွှမ်းတို့ နှစ်ယောက်ကတော့မကြာသေးခင်အချိန်က ရွှေလက်တွဲခဲ့ကြတဲ့ နေနဲ့လရွှေနဲ့မြစုံတွဲလေးပါ။ လက်ရှိမှာတော့ ခင်လွှမ်းမှာ ရင်သွေးရတနာလေးကို ကိုယ်ဝန်လွယ်ထားရပြီး မကြာခင်အချိန်မှာ ရင်သွေးရတနာလေးကို မွေးဖွားတော့မှာပဲဖြစ်ပါတယ်။ ခင်လွှမ်းကတော့
ဗိုက်ထဲမှာ ရှိတဲ့ ရင်သွေးလေးက ဖခင်ဖြစ်သူ စည်ဖြိုးနဲ့အကျင့်တွေတူနေတဲ့အကြောင်းကို အခုလိုပဲမျှဝေလာခဲ့ပါတယ်။ “ဗိုက်ထဲမှာထဲက ဖအေ အကျင့်တေပြနေပြီ။ ည မအိပ်ခင် ဘာမှမစားတတ်တဲ့ကျွန်မ ခုဆို ည မအိပ်ခင် တစ်ခုခု စားလိုက်ရမှ. သူ့ဖအေပါ စားတာနော်။ သန်းခေါင်ဆို
နှစ်နှစ်ခြိုက်ခြိုက် အိပ်တတ်တဲ့ ကျွန်မ ခုဆို ထထပြီး တစ်ခုခု စားနေရပြီ. သူ့ဖအေပါ ထစားတာနော်။ အချိုဆို လုံးဝ မကြိုက်တဲ့ကျွန်မ ခုဆို ချိုမှ စားချင်တာ လုံးဝ သူ့ဖအေ အကျင့်တွေ ” ဆိုပြီး ဗိုက်ထဲက ကလေးလေးကြောင့် သူပါပြောင်းလဲနေတဲ့အကြောင်းတွေကိုမျှဝေဖော်ပြလာခဲ့တာပါ။ စည်ဖြိုးတို့စုံတွဲလေးကို
ချစ်ခင်ပြီး အားပေးကြတဲ့ ပရိသတ်တွေကတော့ စည်ဖြိုးနဲ့တူတဲ့ သားချောလေးဖြစ်မှာလို့ မှတ်ချက်ပေးပြောဆိုနေခဲ့ကြပါသေးတယ်။ ပရိသတ်ကြီးရေ အဖေလည်းချော အမေလည်း ချောတဲ့ စည်ဖြိုးနဲ့ခင်လွှမ်းတို့စုံတွဲလေးကရဲ့ ရင်သွေးလေးကတော့ ချောမှာအသေအချာပါပဲနော်။
Source : Khin Hlwan’s Facebook
Add a Comment
Your email address will not be published. Required fields are marked *