အလုပ္ကိစၥေတြနဲ႔ ပတ္သတ္လာရင္ ခင္ပြန္းျဖစ္သူရဲ႕ဆႏၵကိုပဲ ဦးစားေပးျဖစ္တယ္ဆိုတဲ့ ပိုးအိအိခန္႔

ပိုးအိအိခန႔္ရဲ႕ ခင္ပြန္းျဖစ္သူ ေအာင္သူကိုေတာ့ ထိုင္းပရီးမီးယားလိဂ္ကလပ္အသင္း တစ္ခုျဖစ္တဲ့ ဘူရီရမ္ အသင္းက အေမရိကန္ ေဒၚလာ ၅ ေသာင္းနဲ႔ အၿပီးသပ္ေခၚယူဖို႔ ကမ္းလွမ္းထားတယ္လို႔ သိရပါတယ္။ ေအာင္သူ႔ကို ထိုင္းေဘာလုံးကလပ္မွာ သြားကစားဖို႔ ခြင့္ျပဳမျပဳဆိုတာကိုလည္း ဇနီးျဖစ္သူ သ႐ုပ္ေဆာင္ ပိုးအိအိခန႔္က ေျပာျပလာပါတယ္။ “ ကိုေအာင္သူရဲ႕ ေဘာလုံးကိစၥ က ညီမထက္ အသင္းက ထုတ္ျပန္မႈက ပိုၿပီးေတာ့ တိက်မယ္ ထင္ပါတယ္။ ကိုယ္က

ေဘာလုံးအေၾကာင္းသိပ္နားမလည္ေတာ့ သူ႔ကို သိပ္မေမးျဖစ္ဘူး။ တကယ္လို႔ သူက သူ႔ကို တျခားကလပ္ကို သြားခိုင္းေစခ်င္တယ္၊ မသြားခိုင္းေစခ်င္ဘူးဆိုတာထက္ သူသြားခ်င္တယ္ မသြားခ်င္ဘူးဆိုတဲ့အေပၚ မူတည္တယ္။ သူက ျမန္မာႏိုင္ငံထဲမွာပဲ ကန္ခ်င္တယ္ဆိုရင္လည္း ဒီမွာပဲ ကန္ခိုင္းတယ္။ ေဘာလုံးသမားဆိုတာ သူစိတ္ခ်မ္းသာတဲ့ေနရာမွာ

ကန္တာ အေကာင္းဆုံးပါပဲ” လို႔ ဆိုပါတယ္။ ပိုးအိအိခန႔္ အေနနဲ႔ ခင္ပြန္းျဖစ္သူကို ေဘာလုံးကိစၥဆိုတာထက္ မိသားစုအတြက္ ေရွ႕ေရးကိစၥေတြကို ပိုၿပီးေတာ့ တိုင္ပင္ေလ့ရွိတယ္လို႔ ဆိုပါတယ္။ ေႏြးေထြးတဲ့ မိသားစုေလးျဖစ္ဖို႔ ႀကိဳးစားေနတယ္လို႔ သူက ေျပာပါတယ္။ “ ေဘာလုံးနဲ႔ ပတ္သက္လာရင္ ကိုေအာင္သူက ညီမကို အႀကံဉာဏ္ေတာင္းတာမ်ိဳးလည္း မရွိပါဘူး။ သူ

အႀကံေတာင္းရေလာက္ေအာင္လည္း ညီမကလည္း ေဘာလုံးနဲ႔ ပတ္သက္ရင္ ကြၽမ္းက်င္တာမ်ိဳးမရွိဘူး။ ဒါေပမယ့္ မိသားစုအတြက္ ခ်စ္ခ်စ္ခင္ခင္ျဖစ္ေအာင္ ဘယ္လိုေနမလဲ၊ နားလည္မႈ ဘယ္လိုမွ်တေအာင္ေနမလဲ၊ သားသမီးကို ဘယ္လို ေစာင့္ေရွာက္မလဲ၊ ကေလးရဲ႕ ေရွ႕ေရးကိုေတာ့ အၿမဲတိုင္ပင္တယ္။ ေဘာလုံးနဲ႔ ပတ္သက္တာေတာ့ ဘာမွ တိုင္ပင္တာ

မရွိသလို သူ႔အလုပ္ကိုလည္း ဝင္ၿပီးေတာ့ စြတ္ဖက္တာမ်ိဳးမရွိပါဘူး” လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။ ပိုးအိအိခန႔္ ကိုေတာ့ ပရိသတ္ေတြက သ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္ စတင္သိရွိခဲ့ၾကတာ ျဖစ္ပါတယ္။ အိမ္ေထာင္က်ၿပီးတဲ့ေနာက္မွာေတာ့ ခင္ပြန္းျဖစ္သူနဲ႔အတူ ခ်စ္စရာေကာင္းတဲ့ သားေလးတစ္ေယာက္ပိုင္ဆိုင္ထားတာျဖစ္ၿပီး အႏုပညာအလုပ္ေတြ ရပ္နားခဲ့တာ ေတြ႕ရပါတယ္။ သူမဟာ ဇာတ္လမ္းတြဲေတြ၊ ဗီဒီယို ဇာတ္ကားေတြလည္း အမ်ားႀကီး႐ိုက္ကူးထားတဲ့သူပါ။

Read in UNICODE

ပိုးအိအိခန့်ရဲ့ ခင်ပွန်းဖြစ်သူ အောင်သူကိုတော့ ထိုင်းပရီးမီးယားလိဂ်ကလပ်အသင်း တစ်ခုဖြစ်တဲ့ ဘူရီရမ် အသင်းက အမေရိကန် ဒေါ်လာ ၅ သောင်းနဲ့ အပြီးသပ်ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ အောင်သူ့ကို ထိုင်းဘောလုံးကလပ်မှာ သွားကစားဖို့ ခွင့်ပြုမပြုဆိုတာကိုလည်း ဇနီးဖြစ်သူ သရုပ်ဆောင် ပိုးအိအိခန့်က ပြောပြလာပါတယ်။ “ ကိုအောင်သူရဲ့ ဘောလုံးကိစ္စ က ညီမထက် အသင်းက ထုတ်ပြန်မှုက ပိုပြီးတော့ တိကျမယ် ထင်ပါတယ်။ ကိုယ်က

ဘောလုံးအကြောင်းသိပ်နားမလည်တော့ သူ့ကို သိပ်မမေးဖြစ်ဘူး။ တကယ်လို့ သူက သူ့ကို တခြားကလပ်ကို သွားခိုင်းစေချင်တယ်၊ မသွားခိုင်းစေချင်ဘူးဆိုတာထက် သူသွားချင်တယ် မသွားချင်ဘူးဆိုတဲ့အပေါ် မူတည်တယ်။ သူက မြန်မာနိုင်ငံထဲမှာပဲ ကန်ချင်တယ်ဆိုရင်လည်း ဒီမှာပဲ ကန်ခိုင်းတယ်။ ဘောလုံးသမားဆိုတာ သူစိတ်ချမ်းသာတဲ့နေရာမှာ

ကန်တာ အကောင်းဆုံးပါပဲ” လို့ ဆိုပါတယ်။ ပိုးအိအိခန့် အနေနဲ့ ခင်ပွန်းဖြစ်သူကို ဘောလုံးကိစ္စဆိုတာထက် မိသားစုအတွက် ရှေ့ရေးကိစ္စတွေကို ပိုပြီးတော့ တိုင်ပင်လေ့ရှိတယ်လို့ ဆိုပါတယ်။ နွေးထွေးတဲ့ မိသားစုလေးဖြစ်ဖို့ ကြိုးစားနေတယ်လို့ သူက ပြောပါတယ်။ “ ဘောလုံးနဲ့ ပတ်သက်လာရင် ကိုအောင်သူက ညီမကို အကြံဉာဏ်တောင်းတာမျိုးလည်း မရှိပါဘူး။ သူ

အကြံတောင်းရလောက်အောင်လည်း ညီမကလည်း ဘောလုံးနဲ့ ပတ်သက်ရင် ကျွမ်းကျင်တာမျိုးမရှိဘူး။ ဒါပေမယ့် မိသားစုအတွက် ချစ်ချစ်ခင်ခင်ဖြစ်အောင် ဘယ်လိုနေမလဲ၊ နားလည်မှု ဘယ်လိုမျှတအောင်နေမလဲ၊ သားသမီးကို ဘယ်လို စောင့်ရှောက်မလဲ၊ ကလေးရဲ့ ရှေ့ရေးကိုတော့ အမြဲတိုင်ပင်တယ်။ ဘောလုံးနဲ့ ပတ်သက်တာတော့ ဘာမှ တိုင်ပင်တာ

မရှိသလို သူ့အလုပ်ကိုလည်း ဝင်ပြီးတော့ စွတ်ဖက်တာမျိုးမရှိပါဘူး” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ ပိုးအိအိခန့် ကိုတော့ ပရိသတ်တွေက သရုပ်ဆောင် တစ်ယောက်အဖြစ် စတင်သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးတဲ့နောက်မှာတော့ ခင်ပွန်းဖြစ်သူနဲ့အတူ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ပိုင်ဆိုင်ထားတာဖြစ်ပြီး အနုပညာအလုပ်တွေ ရပ်နားခဲ့တာ တွေ့ရပါတယ်။ သူမဟာ ဇာတ်လမ်းတွဲတွေ၊ ဗီဒီယို ဇာတ်ကားတွေလည်း အများကြီးရိုက်ကူးထားတဲ့သူပါ။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *