ႏိုင္ငံျခားသား ခ်စ္သူနဲ႔ ဒုတိယေျမာက္ကိုယ္ဝန္ေလးကို လြယ္ထားရၿပီျဖစ္ၿပီး လက္ရွိအိမ္ေထာင္ေရး အေျခအေနကို ရင္ဖြင့္ခဲ့တဲ့ ခ်မ္းခ်မ္း

ခ်မ္းခ်မ္းကေတာ့ သမီးႀကီး ျမမိုးဂဂၤါကို ေမြးဖြားၿပီး (၆) ႏွစ္အၾကာမွာ ဒုတိယေျမာက္ကိုယ္ဝန္ကို ရရွိခဲ့ပါတယ္။ သူမဟာ အသက္(၃၂) ႏွစ္အ႐ြယ္သာရွိေသးတာေၾကာင့္ ရင္ေသြးေလးယူဖို႔ ဆုံးျဖတ္လိုက္တာလို႔ သိရပါတယ္။ ေမာင္ေလး ၊ ညီမေလး လိုခ်င္တယ္လို႔ အၿမဲေျပာေလ့ရွိတဲ့ သမီးႀကီး ျမမိုးဂဂၤါရဲ႕ ဆႏၵေလး ျပည့္စုံခဲ့လို႔လည္း ဝမ္းသာေနမိတယ္လို႔ ခ်မ္းခ်မ္းက ေျပာပါတယ္။ “ ဘဝမွာ ပထမဆုံးသမီးေလးဂဂၤါကို ကိုယ္ဝန္ေဆာင္ၿပီး ၆ႏွစ္ေက်ာ္အၾကာမွာ အခုေတာ့ ဒုတိယအႀကိမ္အျဖစ္ ေနာက္ထပ္ရင္ေသြးေလးကိုေအာင္ျမင္စြာနဲ႔

ကိုယ္ဝန္ေဆာင္ႏိုင္ခဲ့ပါၿပီ။ Covid ကာလမွာသမီးေလး အထီးက်န္စြာနဲ႔အိမ္ထဲမွာ ပ်င္းေနတာ ကိုျမင္ရတာစိတ္မခ်မ္းသာခဲ့ဘူး။ အၿမဲတမ္းေမာင္ေလးျဖစ္ျဖစ္ ညီမေလးျဖစ္ျဖစ္လိုခ်င္တယ္လို႔..အေမ့သမီးေလးေတာင္းဆိုခဲ့တာ ဒီႏွစ္ေတာ့…အဆိုးထဲကအေကာင္းပါပဲ။ ကံေကာင္းစြာနဲ႔ ….🤗July လမွာ ကိုယ္ဝန္ရွိေနၿပီလို႔ ဆရာဝန္ကေျပာတယ္ ကြၽန္မ မယုံႏိုင္ခဲ့ဘူး။ သမီးေလး အတြက္ အေဖာ္ရၿပီ… မိသားစုဆိုတာ သိုက္သိုက္ဝန္းဝန္းနဲ႔ ေႏြးေထြးတဲ့ အသိုက္အၿမဳံ တစ္ခုပဲေလ အထီးက်န္ဖို႔ေမြးဖြားလာၾကတာမဟုတ္ဘူး ဘုရားကို ကြၽန္မအားကိုးဆုေတာင္းခဲ့တယ္။ ကြၽန္မအတြက္ ေႏြးေထြးတဲ့

အသိုက္အၿမဳံေလးရဖို႔အတြက္ ဒီႏွစ္ရဲ႕ ဘုရားေပးတဲ့လက္ေဆာင္ေတြထဲမွာေတာ့ ဒီလက္ေဆာင္ေလးဟာ အရာအားလုံးကိုျပည့္စုံေစခဲ့ၿပီေလ🤗 က်န္ခဲ့တဲ့ ၁ပတ္ကultra sound ႐ိုက္ေတာ့ ၅ လရွိၿပီ။ က်န္းက်န္းမာမာပဲတဲ့…အိုး…ဘာေလးပဲရရပါ…အဓိက က ေျခလက္အဂၤါ စုံဖို႔ရယ္ က်န္းမာဖို႔ရယ္..ဉာဏ္ရည္ေကာင္းဖို႔ရယ္ပါပဲ။ က်န္တာဘုရားေပးသေလာက္ေပါ့။” ဆိုၿပီးေတာ့ ဒီဇင္ဘာလ ၁ ရက္ေန႔ က သူမရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ ေရးသားခဲ့တာျဖစ္ပါတယ္။ ခ်မ္းခ်မ္းဟာ သမီးႀကီး ျမမိုးဂဂၤါကို မိခင္တစ္ေယာက္လိုေရာ၊ ဖခင္တစ္ေယာက္လိုပါ ၾကည့္ရႈေစာင့္ေရွာက္လာခဲ့တာ (၃) ႏွစ္ေက်ာ္ကာလတစ္ခုရွိခဲ့ပါတယ္။ ဒါေပမယ့္ သူမရဲ႕ သမီးႀကီးကိုေရာ၊ သူမရဲ႕ အတိတ္ကိုပါ နားလည္ေပးၿပီး တန္ဖိုးထား ခ်စ္ခင္ေပးတဲ့ Enrico နဲ႔

ဆုံစည္းခဲ့ခ်ိန္မွာေတာ့ ေပ်ာ္စရာေကာင္းတဲ့ ဘဝေလးကို ပိုင္ဆိုင္ခြင့္ရလာတယ္လို႔လည္း သူက ဆိုပါတယ္။ “ Single parent ဘဝဆိုတာ အေမအျဖစ္ေရာ အေဖတစ္ေယာက္လိုပါ အစစအရာရာ ကိုယ္တိုင္႐ုန္းကန္ခဲ့ရလို႔ပင္ပန္းေပမဲ့ ဘယ္သူ႔ကိုမွအျပစ္မတင္ပါဘူး။ အခုလက္ရွိဘဝမွာ ကိုယ့္ကိုတန္ဖိုးထားၿပီးခ်စ္ေပးတဲ့ ဗိုက္ထဲက ကေလးေလးရဲ႕ ေဖေဖ Enrico ကိုလည္း ေက်းဇူးအထူးတင္ပါတယ္။ လက္တြဲလာခဲ့တာ အခ်ိန္၂ႏွစ္အတြင္း positive အျမင္နဲ႔ဘဝကို ျဖတ္သန္းဖို႔သင္ၾကားေပးတဲ့အတြက္ရယ္၊ ကြၽန္မရဲ႕ အတိတ္ေတြ နားလည္ေပးၿပီးကြၽန္မနဲ႔ သမီးေလးဂဂၤါကို မိသားစုဝင္အျဖစ္သတ္မွတ္ လက္ခံေပးတဲ့အတြက္ရယ္၊ တစ္ေယာက္တည္းပင္ပန္းေနခ်ိန္ ေတြမွာ အစစအရာရာနားလည္ခြင့္လႊတ္ေဖးမေပးလို႔ အတိုင္းမသိဝမ္းသာမိရပါတယ္ ေက်းဇူးလည္းတင္တယ္။ သူ႔ရဲ႕ September လတုန္းက

အသက္ ၃၄ႏွစ္ျပည့္ေမြးေန႔မွာ လက္ေဆာင္ဘာေပးရမွန္းမသိဘူးလို႔ေျပာေတာ့ အခုဗိုက္ထဲမွာေရာက္ေနတဲ့ဒီကေလးေလးဟာ ကြၽန္မတို႔ႏွစ္ေယာက္အတြက္ ဘုရားကေပးတဲ့ အနာဂတ္လက္ေဆာင္ေလးပဲတဲ့ ဘာမွမလိုဘူး ကေလးနဲ႔မိခင္က်န္းမာဖို႔အေရးႀကီးတယ္ဆိုတဲ့… သူ႔စကားေၾကာင့္အရမ္းေပ်ာ္ခဲ့ရတယ္” လို႔ သူက ဆိုပါတယ္။ အခုဆိုရင္ေတာ့ ခ်မ္းခ်မ္းနဲ႔ Enrico တို႔ ဇနီးေမာင္ႏွံဟာ ရင္ေသြးေလးေတြ ေနဖို႔အတြက္ ကိုယ္ပိုင္အခန္းေတြ၊ ေရကူးကန္ေတြနဲ႔ အိမ္မွာ လိုအပ္တဲ့ အရာေလးေတြကို ႀကိဳတင္ျပင္ဆင္ေနၾကပါတယ္။ သူမရဲ႕ ဘဝတစ္ေလွ်ာက္လုံးကို ေပ်ာ္စရာေကာင္းတဲ့ အမွတ္တရေလးေတြနဲ႔ ျဖတ္သန္းသြားခ်င္တယ္လို႔လည္း ေျပာခဲ့ပါေသးတယ္။ “ သမီးေလးဂဂၤါနဲ႔ ေနာက္ထပ္ကေလးေလး ေနဖို႔အတြက္

ကြၽန္မရဲ႕ သန္လ်င္အိမ္ေလးကို ေနာက္ထပ္တိုးၿပီး ကေလးေတြအတြက္ အိပ္ခန္း၊ ေရခ်ိဳးခန္း၊ အိမ္သာေလးေတြ၊ ၾကမ္းခင္းသစ္သားပါေကးေလးေတြ၊ အသံလုံ ျခင္မကိုက္ေအာင္ ျခင္လုံစကာေလးေတြ၊ တံခါးေလးေတြကို သူကိုယ္တိုင္ အပင္ပန္းခံျပင္ေပးေနတာ ေတြ႕ရေတာ့ အတိုင္းမသိၾကည္ႏူးရပါတယ္။ အတူတူ ေဆးေတြသုတ္ၾက..အိမ္သန႔္ရွင္းေရးေတြလုပ္ၾက.. ကေလးေတြအတြက္ ေရကူးကန္ကိုျပန္ျပင္နဲ႔ မနားတမ္းလုပ္ခဲ့ၾကတယ္။ တျခားသူေတြအတြက္ ဘယ္လိုခံစားရမယ္မသိေပမဲ့ ကြၽန္မအတြက္ေတာ့ ေမတၱာတရားဆိုတာ တန္ဖိုးထား ၾကည့္ျမင္တတ္သူေတြအတြက္သာ အဖိုးမျဖတ္ႏိုင္ဘူးလို႔ထင္ပါတယ္။ အတိတ္ကအတိတ္ပါပဲ.. က်န္ရွိေနေသးတဲ့

ကြၽန္မရဲ႕ အနာဂတ္ကိုေတာ့ ကြၽန္မကို တန္ဖိုးထားခ်စ္တဲ့သူေတြနဲ႔ ကြၽန္မခ်စ္ရတဲ့သူေတြနဲ႔သာ ဘဝကို ေပ်ာ္႐ႊင္စြာနဲ႔ ျဖတ္သန္းသြားမွာ ျဖစ္တဲ့ အေၾကာင္းေလး ကြၽန္မကို ခ်စ္တဲ့ ကြၽန္မ ခ်စ္တဲ့ ပရိသတ္အတြက္ စကားေလးပါးရင္း အားလုံး Happy Sweet December ပါေနာ္က်န္းမာေပ်ာ္႐ႊင္ၾကပါေစ” လို႔ ဆက္လက္ ေရးသားခဲ့တာ ေတြ႕ရပါတယ္။ ခ်မ္းခ်မ္းဟာ Melody World သီခ်င္းဆို ၿပိဳင္ပြဲကေနတဆင့္ ဂီတေလာကထဲကို ေရာက္ရွိလာခဲ့တဲ့ ခ်မ္းခ်မ္းက ‘’ တစ္ကယ္ဆိုရင္ အခ်စ္ပဲ လိုတယ္’’ ဆိုတဲ့ ပထမဆုံးတစ္ကိုယ္ေတာ္အေခြကေနတဆင့္ ပရိသတ္အားေပးမႈ အမ်ားႀကီး ရရွိခဲ့တာပါ။ အဲဒီေနာက္‘’အိပ္မက္’’ ဆိုတဲ့ ဒုတိယေျမာက္ တစ္ကိုယ္ေတာ္အေခြလည္း ထြက္ရွိခဲ့ပါတယ္။ တတိယေျမာက္ တစ္ကိုယ္ေတာ္အေခြျဖစ္တဲ့ ‘’ သို႔..’’ ဆိုတဲ့ အေခြကိုေတာ့ ၂၀၁၈ ခုႏွစ္အတြင္းမွာ ေနာက္ဆုံး ထြက္ရွိထားတာပါ။

Read in UNICODE

ချမ်းချမ်းကတော့ သမီးကြီး မြမိုးဂင်္ဂါကို မွေးဖွားပြီး (၆) နှစ်အကြာမှာ ဒုတိယမြောက်ကိုယ်ဝန်ကို ရရှိခဲ့ပါတယ်။ သူမဟာ အသက်(၃၂) နှစ်အရွယ်သာရှိသေးတာကြောင့် ရင်သွေးလေးယူဖို့ ဆုံးဖြတ်လိုက်တာလို့ သိရပါတယ်။ မောင်လေး ၊ ညီမလေး လိုချင်တယ်လို့ အမြဲပြောလေ့ရှိတဲ့ သမီးကြီး မြမိုးဂင်္ဂါရဲ့ ဆန္ဒလေး ပြည့်စုံခဲ့လို့လည်း ဝမ်းသာနေမိတယ်လို့ ချမ်းချမ်းက ပြောပါတယ်။ “ ဘဝမှာ ပထမဆုံးသမီးလေးဂင်္ဂါကို ကိုယ်ဝန်ဆောင်ပြီး ၆နှစ်ကျော်အကြာမှာ အခုတော့ ဒုတိယအကြိမ်အဖြစ် နောက်ထပ်ရင်သွေးလေးကိုအောင်မြင်စွာနဲ့

ကိုယ်ဝန်ဆောင်နိုင်ခဲ့ပါပြီ။ Covid ကာလမှာသမီးလေး အထီးကျန်စွာနဲ့အိမ်ထဲမှာ ပျင်းနေတာ ကိုမြင်ရတာစိတ်မချမ်းသာခဲ့ဘူး။ အမြဲတမ်းမောင်လေးဖြစ်ဖြစ် ညီမလေးဖြစ်ဖြစ်လိုချင်တယ်လို့..အမေ့သမီးလေးတောင်းဆိုခဲ့တာ ဒီနှစ်တော့…အဆိုးထဲကအကောင်းပါပဲ။ ကံကောင်းစွာနဲ့ ….🤗July လမှာ ကိုယ်ဝန်ရှိနေပြီလို့ ဆရာဝန်ကပြောတယ် ကျွန်မ မယုံနိုင်ခဲ့ဘူး။ သမီးလေး အတွက် အဖော်ရပြီ… မိသားစုဆိုတာ သိုက်သိုက်ဝန်းဝန်းနဲ့ နွေးထွေးတဲ့ အသိုက်အမြုံ တစ်ခုပဲလေ အထီးကျန်ဖို့မွေးဖွားလာကြတာမဟုတ်ဘူး ဘုရားကို ကျွန်မအားကိုးဆုတောင်းခဲ့တယ်။ ကျွန်မအတွက် နွေးထွေးတဲ့

အသိုက်အမြုံလေးရဖို့အတွက် ဒီနှစ်ရဲ့ ဘုရားပေးတဲ့လက်ဆောင်တွေထဲမှာတော့ ဒီလက်ဆောင်လေးဟာ အရာအားလုံးကိုပြည့်စုံစေခဲ့ပြီလေ🤗 ကျန်ခဲ့တဲ့ ၁ပတ်ကultra sound ရိုက်တော့ ၅ လရှိပြီ။ ကျန်းကျန်းမာမာပဲတဲ့…အိုး…ဘာလေးပဲရရပါ…အဓိက က ခြေလက်အင်္ဂါ စုံဖို့ရယ် ကျန်းမာဖို့ရယ်..ဉာဏ်ရည်ကောင်းဖို့ရယ်ပါပဲ။ ကျန်တာဘုရားပေးသလောက်ပေါ့။” ဆိုပြီးတော့ ဒီဇင်ဘာလ ၁ ရက်နေ့ က သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ ချမ်းချမ်းဟာ သမီးကြီး မြမိုးဂင်္ဂါကို မိခင်တစ်ယောက်လိုရော၊ ဖခင်တစ်ယောက်လိုပါ ကြည့်ရှုစောင့်ရှောက်လာခဲ့တာ (၃) နှစ်ကျော်ကာလတစ်ခုရှိခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ သမီးကြီးကိုရော၊ သူမရဲ့ အတိတ်ကိုပါ နားလည်ပေးပြီး တန်ဖိုးထား ချစ်ခင်ပေးတဲ့ Enrico နဲ့

ဆုံစည်းခဲ့ချိန်မှာတော့ ပျော်စရာကောင်းတဲ့ ဘဝလေးကို ပိုင်ဆိုင်ခွင့်ရလာတယ်လို့လည်း သူက ဆိုပါတယ်။ “ Single parent ဘဝဆိုတာ အမေအဖြစ်ရော အဖေတစ်ယောက်လိုပါ အစစအရာရာ ကိုယ်တိုင်ရုန်းကန်ခဲ့ရလို့ပင်ပန်းပေမဲ့ ဘယ်သူ့ကိုမှအပြစ်မတင်ပါဘူး။ အခုလက်ရှိဘဝမှာ ကိုယ့်ကိုတန်ဖိုးထားပြီးချစ်ပေးတဲ့ ဗိုက်ထဲက ကလေးလေးရဲ့ ဖေဖေ Enrico ကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ လက်တွဲလာခဲ့တာ အချိန်၂နှစ်အတွင်း positive အမြင်နဲ့ဘဝကို ဖြတ်သန်းဖို့သင်ကြားပေးတဲ့အတွက်ရယ်၊ ကျွန်မရဲ့ အတိတ်တွေ နားလည်ပေးပြီးကျွန်မနဲ့ သမီးလေးဂင်္ဂါကို မိသားစုဝင်အဖြစ်သတ်မှတ် လက်ခံပေးတဲ့အတွက်ရယ်၊ တစ်ယောက်တည်းပင်ပန်းနေချိန် တွေမှာ အစစအရာရာနားလည်ခွင့်လွှတ်ဖေးမပေးလို့ အတိုင်းမသိဝမ်းသာမိရပါတယ် ကျေးဇူးလည်းတင်တယ်။ သူ့ရဲ့ September လတုန်းက

အသက် ၃၄နှစ်ပြည့်မွေးနေ့မှာ လက်ဆောင်ဘာပေးရမှန်းမသိဘူးလို့ပြောတော့ အခုဗိုက်ထဲမှာရောက်နေတဲ့ဒီကလေးလေးဟာ ကျွန်မတို့နှစ်ယောက်အတွက် ဘုရားကပေးတဲ့ အနာဂတ်လက်ဆောင်လေးပဲတဲ့ ဘာမှမလိုဘူး ကလေးနဲ့မိခင်ကျန်းမာဖို့အရေးကြီးတယ်ဆိုတဲ့… သူ့စကားကြောင့်အရမ်းပျော်ခဲ့ရတယ်” လို့ သူက ဆိုပါတယ်။ အခုဆိုရင်တော့ ချမ်းချမ်းနဲ့ Enrico တို့ ဇနီးမောင်နှံဟာ ရင်သွေးလေးတွေ နေဖို့အတွက် ကိုယ်ပိုင်အခန်းတွေ၊ ရေကူးကန်တွေနဲ့ အိမ်မှာ လိုအပ်တဲ့ အရာလေးတွေကို ကြိုတင်ပြင်ဆင်နေကြပါတယ်။ သူမရဲ့ ဘဝတစ်လျှောက်လုံးကို ပျော်စရာကောင်းတဲ့ အမှတ်တရလေးတွေနဲ့ ဖြတ်သန်းသွားချင်တယ်လို့လည်း ပြောခဲ့ပါသေးတယ်။ “ သမီးလေးဂင်္ဂါနဲ့ နောက်ထပ်ကလေးလေး နေဖို့အတွက်

ကျွန်မရဲ့ သန်လျင်အိမ်လေးကို နောက်ထပ်တိုးပြီး ကလေးတွေအတွက် အိပ်ခန်း၊ ရေချိုးခန်း၊ အိမ်သာလေးတွေ၊ ကြမ်းခင်းသစ်သားပါကေးလေးတွေ၊ အသံလုံ ခြင်မကိုက်အောင် ခြင်လုံစကာလေးတွေ၊ တံခါးလေးတွေကို သူကိုယ်တိုင် အပင်ပန်းခံပြင်ပေးနေတာ တွေ့ရတော့ အတိုင်းမသိကြည်နူးရပါတယ်။ အတူတူ ဆေးတွေသုတ်ကြ..အိမ်သန့်ရှင်းရေးတွေလုပ်ကြ.. ကလေးတွေအတွက် ရေကူးကန်ကိုပြန်ပြင်နဲ့ မနားတမ်းလုပ်ခဲ့ကြတယ်။ တခြားသူတွေအတွက် ဘယ်လိုခံစားရမယ်မသိပေမဲ့ ကျွန်မအတွက်တော့ မေတ္တာတရားဆိုတာ တန်ဖိုးထား ကြည့်မြင်တတ်သူတွေအတွက်သာ အဖိုးမဖြတ်နိုင်ဘူးလို့ထင်ပါတယ်။ အတိတ်ကအတိတ်ပါပဲ.. ကျန်ရှိနေသေးတဲ့

ကျွန်မရဲ့ အနာဂတ်ကိုတော့ ကျွန်မကို တန်ဖိုးထားချစ်တဲ့သူတွေနဲ့ ကျွန်မချစ်ရတဲ့သူတွေနဲ့သာ ဘဝကို ပျော်ရွှင်စွာနဲ့ ဖြတ်သန်းသွားမှာ ဖြစ်တဲ့ အကြောင်းလေး ကျွန်မကို ချစ်တဲ့ ကျွန်မ ချစ်တဲ့ ပရိသတ်အတွက် စကားလေးပါးရင်း အားလုံး Happy Sweet December ပါနော်ကျန်းမာပျော်ရွှင်ကြပါစေ” လို့ ဆက်လက် ရေးသားခဲ့တာ တွေ့ရပါတယ်။ ချမ်းချမ်းဟာ Melody World သီချင်းဆို ပြိုင်ပွဲကနေတဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့တဲ့ ချမ်းချမ်းက ‘’ တစ်ကယ်ဆိုရင် အချစ်ပဲ လိုတယ်’’ ဆိုတဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေကနေတဆင့် ပရိသတ်အားပေးမှု အများကြီး ရရှိခဲ့တာပါ။ အဲဒီနောက်‘’အိပ်မက်’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ တတိယမြောက် တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’ သို့..’’ ဆိုတဲ့ အခွေကိုတော့ ၂၀၁၈ ခုနှစ်အတွင်းမှာ နောက်ဆုံး ထွက်ရှိထားတာပါ။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *