ျဖဴျဖဴေထြး ကူညီေပးခဲ့တာေၾကာင့္ အိမ္လခေပးဖို႔ ေငြေၾကးအခက္အခဲျဖစ္ေနတာေတြ အဆင္ေျပခဲ့ရတယ္ဆိုတဲ့ ဟာသသ႐ုပ္ေဆာင္ လန္ဒန္

ပရိသတ္ႀကီးေရ ဒီအင္တာဗ်ဴးေလးမွာေတာ့ ဟာသသ႐ုပ္ေဆာင္လန္ဒန္က သ႐ုပ္ေဆာင္ျဖဴျဖဴေထြးရဲ႕ ဒုတိယအႀကိမ္ကူညီမႈေၾကာင့္ အိမ္ငွားခေပးႏိုင္ခဲ့တဲ့အေၾကာင္း ေျပာျပခဲ့ပါတယ္။

ဟာသ သ႐ုပ္ေဆာင္လန္ဒန္ ျဖဴျဖဴေထြးသူ႔ကိုေခၚ႐ိုက္ခဲ့တဲ့အတြက္ သူကုသိုလ္ကံလည္းအေတာ္ေကာင္း ပါတယ္လို႔ဆိုပါတယ္။ ျဖဴျဖဴေထြး ေခၚယူ႐ိုက္ကူးေပးထားခဲ့တဲ့ သူနဲ႔ သူ႔ရဲ႕သူငယ္ခ်င္း ေဟမာမန္းဝန္း တို႔ပါဝင္တဲ့ ပထမတစ္ေခါက္ အင္းဝေၾကာ္ျငာကလည္း လူၾကည့္မ်ားခဲ့တာတယ္လို႔ဆိုပါတယ္။ “သူကလည္းလိုေနတဲ့အခ်ိန္ ကိုယ္ကလည္းလိုေနတဲ့အခ်ိန္ အခ်ိန္ကိုက္ ျဖစ္သြားတာေပါ့ေနာ္။ သူကေတာ့ သ႐ုပ္ေဆာင္ေပးမယ့္သူလိုတာ ကိုယ္ကေငြလိုတာ”

ဟာသ သ႐ုပ္ေဆာင္လန္ဒန္ဟာ သူ႔ရဲ႕အိမ္ေ႐ႊ႕အိမ္ေျပာင္းကိစၥၾကာင့္ေငြလိုေနတယ္လို႔သိရပါတယ္။  သ႐ုပ္ေဆာင္လန္ဒန္က  ဒုတိယေၾကာ္ျငာမွာ ကာ႐ိုက္တာကလည္းဆိုက္ကားသမားျဖစ္လို႔ ေတာ္႐ုံတန္႐ုံ ဥပဓိ႐ုပ္နဲ႔က ဘယ္သူမွလုပ္လို႔မရဘူးလို႔ ရယ္ရယ္ေမာေမာ ေျပာျပၿပီး ျဖဴျဖဴေထြးကိုေက်းဇူးတင္ေၾကာင္းဆိုပါတယ္။ဇာတ္လမ္းအရ ေလယာဥ္ကြင္းနဲ႔အိမ္နဲ႔ကပ္လွ်က္ျဖစ္ၿပီး သူအေဖကသူ မအားလို႔ ဆိုက္ကားနဲ႔လာႀကိဳခိုင္းတဲ့ ဟာသေလး ျဖစ္တယ္လို႔ဆိုပါတယ္။

သ႐ုပ္ေဆာင္လန္ဒန္ဟာ သ႐ုပ္ေဆာင္ကမ္းလွမ္းဖို႔ ျဖဴျဖဴေထြးအမ ဖုန္းဆက္တဲ့အခ်ိန္မွာ တစ္ဖက္ကေျပာတာေတာင္ မေစာင့္ႏိုင္ေတာ့ဘဲ အခ်ိန္ကိုေမးခဲ့တဲ့အထိ ေပ်ာ္႐ႊင္ခဲ့တယ္လို႔ဆိုပါတယ္။ ျဖဴျဖဴေထြးရဲ႕ ေက်းဇူးေတြရွိတယ္ လို႔လည္းေျပာပါတယ္။ “ကိုယ့္ေပၚမွာေက်းဇူးရွိတဲ့သူေတြေတာ့အမ်ားႀကီးပဲအျပင္ကအရပ္အဖြဲ႕ေတြေရာ၊ ခင္မင္မႈနဲ႔ညီအကိုေမာင္ႏွမလိုျဖစ္ေနတဲ့အနယ္နယ္အရပ္ရပ္က သူေတြေရာ အမ်ားႀကီးပဲ” သ႐ုပ္ေဆာင္လန္ဒန္ဟာ လူ႐ႊင္ေတာ္ေတြကိုအမ်ားက ခ်စ္ၾကတဲ့အတြက္ တစ္ဦးေမတၱာ တစ္ဦးရွိၾကတယ္ လို႔လည္းဆိုပါတယ္။ ေလာကမွာေနတတ္ဖို႔လည္းအေရးႀကီးတယ္ လို႔ေျပာျပပါတယ္။

သူအဆင္မေျပခ်ိန္မွာ ျဖဴျဖဴေထြး ေခၚလိုက္တာဟာ တကယ့္ကို  ဘုရား’မ’ လိုက္သလိုပါပဲ။ အခုဆိုရင္ေတာ့ အိမ္လခလည္းစာခ်ဳပ္ခ်ဳပ္ၿပီးပါၿပီ လို႔ေျပာျပခဲ့ပါတယ္။ သ႐ုပ္ေဆာင္လန္ဒန္ဟာ သူ႔အတြက္အဓိကအရာဟာ မိသားစုတစ္ေတြ ေခ်ာင္ေခ်ာင္ခ်ိခ်ိေနဖို႔ပဲ။ မာန္မာနလည္းမရွိဘူး။ သူတစ္ပါးကိုမနာလို ပုတ္ခတ္တဲ့စိတ္လည္းသူ႔မွာမရွိဘူး။ အတိုက္အခံလည္းမရွိဘူး။သူသိတာက လန္ဒန႔္ဘဝ လန္ဒန္ဘယ္လို႐ုန္းကန္မလဲဆိုတာပဲ ေခါင္းထဲထည့္ထားတယ္ လို႔ဆိုပါတယ္။ သ႐ုပ္ေဆာင္လန္ဒန္က ျဖဴျဖဴေထြးက အတိုင္းထက္အလြန္ပါပဲ။ အျပစ္ေျပာစရာစကားလုံးမရွိေလာက္ေအာင္ တုႏႈိင္းစရာစကားလုံး ရွာမရေလာက္ေအာင္သူ႔ဘဝသူ မားမားမတ္မတ္ရပ္တည္ႏိုင္တဲ့ အမ်ိဳးသမီးတစ္ေယာက္ ျဖစ္တယ္လို႔ဆိုပါတယ္။

ဒီလိုခက္ခဲေနတဲ့ကာလမွာေတာင္ ဦးေႏွာက္ကေတြး လက္ကေရးၿပီး အႏုပညာေမာင္ႏွမေတြကို တစ္ဖက္တစ္လမ္းကေန အႏုပညာနဲ႔ ေက်းဇူးဆပ္ထမင္းေကြၽးၿပီး ေနာက္မိသားစုပါဝမ္းေရးစိုေအာင္ သူ႔နာမည္ေလးအတိုင္း ျဖဴျဖဴစင္စင္နဲ႔ ကူညီေနသူတစ္ဦးျဖစ္တယ္လို႔ မွတ္ခ်က္ေပးပါတယ္။ျဖဴျဖဴေထြးက ေအာင္ျမင္လာတဲ့အေလွ်ာက္ ပုတ္ခတ္သူေတြ မ်ားျပားလာေပမဲ့ ေဝဖန္မႈေတြကို အတိုက္အခံမလုပ္ဘဲ ေမတၱာေစတနာအၿမဲထားတတ္တဲ့ပုံစံမ်ိဳးျဖစ္တယ္လို႔ ခ်ီးက်ဴးထားပါတယ္။ 

ပရိတ္သတ္ႀကီးတို႔ေရ သ႐ုပ္ေဆာင္လန္က ကိုဗစ္ ကာလ ေငြေၾကးအခက္အခဲေၾကာင့္ အိမ္လခ ေပးဖို႔အခက္အခဲ ျဖစ္ေနခ်ိန္ ကူညီေပးတဲ့ ျဖဴျဖဴေထြး ကိုအင္မတန္ ေက်းဇူးတင္ေနပါတယ္။ ဖတ္ရႈေပးတဲ့ပရိတ္သတ္ႀကီးမ်ားကိုလည္းေက်းဇူးတင္ပါတယ္။

Read in UNICODE

ပရိသတ်ကြီးရေ ဒီအင်တာဗျူးလေးမှာတော့ ဟာသသရုပ်ဆောင်လန်ဒန်က သရုပ်ဆောင်ဖြူဖြူထွေးရဲ့ ဒုတိယအကြိမ်ကူညီမှုကြောင့် အိမ်ငှားခပေးနိုင်ခဲ့တဲ့အကြောင်း ပြောပြခဲ့ပါတယ်။

ဟာသ သရုပ်ဆောင်လန်ဒန် ဖြူဖြူထွေးသူ့ကိုခေါ်ရိုက်ခဲ့တဲ့အတွက် သူကုသိုလ်ကံလည်းအတော်ကောင်း ပါတယ်လို့ဆိုပါတယ်။ ဖြူဖြူထွေး ခေါ်ယူရိုက်ကူးပေးထားခဲ့တဲ့ သူနဲ့ သူ့ရဲ့သူငယ်ချင်း ဟေမာမန်းဝန်း တို့ပါဝင်တဲ့ ပထမတစ်ခေါက် အင်းဝကြော်ငြာကလည်း လူကြည့်များခဲ့တာတယ်လို့ဆိုပါတယ်။ “သူကလည်းလိုနေတဲ့အချိန် ကိုယ်ကလည်းလိုနေတဲ့အချိန် အချိန်ကိုက် ဖြစ်သွားတာပေါ့နော်။ သူကတော့ သရုပ်ဆောင်ပေးမယ့်သူလိုတာ ကိုယ်ကငွေလိုတာ”

ဟာသ သရုပ်ဆောင်လန်ဒန်ဟာ သူ့ရဲ့အိမ်ရွှေ့အိမ်ပြောင်းကိစ္စကြာင့်ငွေလိုနေတယ်လို့သိရပါတယ်။  သရုပ်ဆောင်လန်ဒန်က  ဒုတိယကြော်ငြာမှာ ကာရိုက်တာကလည်းဆိုက်ကားသမားဖြစ်လို့ တော်ရုံတန်ရုံ ဥပဓိရုပ်နဲ့က ဘယ်သူမှလုပ်လို့မရဘူးလို့ ရယ်ရယ်မောမော ပြောပြပြီး ဖြူဖြူထွေးကိုကျေးဇူးတင်ကြောင်းဆိုပါတယ်။ဇာတ်လမ်းအရ လေယာဉ်ကွင်းနဲ့အိမ်နဲ့ကပ်လျှက်ဖြစ်ပြီး သူအဖေကသူ မအားလို့ ဆိုက်ကားနဲ့လာကြိုခိုင်းတဲ့ ဟာသလေး ဖြစ်တယ်လို့ဆိုပါတယ်။

သရုပ်ဆောင်လန်ဒန်ဟာ သရုပ်ဆောင်ကမ်းလှမ်းဖို့ ဖြူဖြူထွေးအမ ဖုန်းဆက်တဲ့အချိန်မှာ တစ်ဖက်ကပြောတာတောင် မစောင့်နိုင်တော့ဘဲ အချိန်ကိုမေးခဲ့တဲ့အထိ ပျော်ရွှင်ခဲ့တယ်လို့ဆိုပါတယ်။ ဖြူဖြူထွေးရဲ့ ကျေးဇူးတွေရှိတယ် လို့လည်းပြောပါတယ်။ “ကိုယ့်ပေါ်မှာကျေးဇူးရှိတဲ့သူတွေတော့အများကြီးပဲအပြင်ကအရပ်အဖွဲ့တွေရော၊ ခင်မင်မှုနဲ့ညီအကိုမောင်နှမလိုဖြစ်နေတဲ့အနယ်နယ်အရပ်ရပ်က သူတွေရော အများကြီးပဲ” သရုပ်ဆောင်လန်ဒန်ဟာ လူရွှင်တော်တွေကိုအများက ချစ်ကြတဲ့အတွက် တစ်ဦးမေတ္တာ တစ်ဦးရှိကြတယ် လို့လည်းဆိုပါတယ်။ လောကမှာနေတတ်ဖို့လည်းအရေးကြီးတယ် လို့ပြောပြပါတယ်။

သူအဆင်မပြေချိန်မှာ ဖြူဖြူထွေး ခေါ်လိုက်တာဟာ တကယ့်ကို  ဘုရား’မ’ လိုက်သလိုပါပဲ။ အခုဆိုရင်တော့ အိမ်လခလည်းစာချုပ်ချုပ်ပြီးပါပြီ လို့ပြောပြခဲ့ပါတယ်။ သရုပ်ဆောင်လန်ဒန်ဟာ သူ့အတွက်အဓိကအရာဟာ မိသားစုတစ်တွေ ချောင်ချောင်ချိချိနေဖို့ပဲ။ မာန်မာနလည်းမရှိဘူး။ သူတစ်ပါးကိုမနာလို ပုတ်ခတ်တဲ့စိတ်လည်းသူ့မှာမရှိဘူး။ အတိုက်အခံလည်းမရှိဘူး။သူသိတာက လန်ဒန့်ဘဝ လန်ဒန်ဘယ်လိုရုန်းကန်မလဲဆိုတာပဲ ခေါင်းထဲထည့်ထားတယ် လို့ဆိုပါတယ်။ သရုပ်ဆောင်လန်ဒန်က ဖြူဖြူထွေးက အတိုင်းထက်အလွန်ပါပဲ။ အပြစ်ပြောစရာစကားလုံးမရှိလောက်အောင် တုနှိုင်းစရာစကားလုံး ရှာမရလောက်အောင်သူ့ဘဝသူ မားမားမတ်မတ်ရပ်တည်နိုင်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တယ်လို့ဆိုပါတယ်။

ဒီလိုခက်ခဲနေတဲ့ကာလမှာတောင် ဦးနှောက်ကတွေး လက်ကရေးပြီး အနုပညာမောင်နှမတွေကို တစ်ဖက်တစ်လမ်းကနေ အနုပညာနဲ့ ကျေးဇူးဆပ်ထမင်းကျွေးပြီး နောက်မိသားစုပါဝမ်းရေးစိုအောင် သူ့နာမည်လေးအတိုင်း ဖြူဖြူစင်စင်နဲ့ ကူညီနေသူတစ်ဦးဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။ဖြူဖြူထွေးက အောင်မြင်လာတဲ့အလျှောက် ပုတ်ခတ်သူတွေ များပြားလာပေမဲ့ ဝေဖန်မှုတွေကို အတိုက်အခံမလုပ်ဘဲ မေတ္တာစေတနာအမြဲထားတတ်တဲ့ပုံစံမျိုးဖြစ်တယ်လို့ ချီးကျူးထားပါတယ်။ 

ပရိတ်သတ်ကြီးတို့ရေ သရုပ်ဆောင်လန်က ကိုဗစ် ကာလ ငွေကြေးအခက်အခဲကြောင့် အိမ်လခ ပေးဖို့အခက်အခဲ ဖြစ်နေချိန် ကူညီပေးတဲ့ ဖြူဖြူထွေး ကိုအင်မတန် ကျေးဇူးတင်နေပါတယ်။ ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးများကိုလည်းကျေးဇူးတင်ပါတယ်။

Source : MC

Add a Comment

Your email address will not be published. Required fields are marked *