ခင်ပွန်းဖြစ်သူ ပြေတီဦးရဲ့ မွေးနေ့အတွက် အမိုက်စား မွေးနေ့ကိတ်လေး လက်ဆောင်ပေးခဲ့တဲ့ အိန္ဒြာကျော်ဇင်
Read in UNICODE
နိုဝင်ဘာလ (၃၀)ရက်နေ့ကတော့ သရုပ်ဆောင်ပြေတီးဦးရဲ့ အသက် (၄၂)နှစ်ပြည့်မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ် ။ မွေးနေ့မှာ ချစ်ရတဲ့ မိသားစု ၊ ချစ်ရတဲ့ ဇနီးနဲ့ ချစ်ပရိသတ်ကြီးက မွေးနေ့ဆုမွန်ကောင်းတွေ
အများကြီးပေးခဲ့ကြပြီး ပျော်ရွှင်ဖွယ် မွေးနေ့လေးဖြစ်ခဲ့ပါတယ် ပရိသတ်ကြီးရေ ..။ အူဝဲကတော့ ချစ်ရတဲ့ ခင်ပွန်းအူတီရဲ့ မွေးနေ့လေးအတွက် အူးတီ အကြိုက်ဆုံး အရာလေးတစ်ခုကို
လက်ဆောင်ပေးခဲ့ပါတယ် ။ အဲ့ဒါကတော့ အူးတီ အရမ်းသဘောကျတဲ့ ဂေါက်ကွင်းပုံစံ မွေးနေ့ကိတ်လေးပဲဖြစ်ပါတယ် ။ Happiest Birthday to my wonderful and outstanding husband, saranghae ဆိုတဲ့စာသားလေးနဲ့အတူ ကိုကြီးတီတီ
ဆိုသည်မှာ ဂေါက် ဘယ်လောက်ကြိုက်လဲဆိုတော့ cake တွေသာ ကြည့်လိုက်ပါတော့ လို့သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့တာပါ ။ ပရိသတ်တွေကတော့ အူးတီအရမ်းကြိုက်တဲ့
မွေးနေ့ကိတ်လေး ကို အူဝဲသာမက အူးတီရဲ့ ဖန်တွေနဲ့သူငယ်ချင်းတွေကလည်း ပေးခဲ့ကြပါသေးတယ် ။ မွေးနေ့ကိတ်တွေအများကြီးနဲ့ ချစ်ရသူတွေနဲ့အတူ ဖြတ်သန်းခဲ့ရတဲ့ အူးတီရဲ့မွေးနေ့လေးကတော့ ကြည်နူးစရာပါပဲ ပရိသတ်ကြီးရေ ..။
Source : Eaindra Kyaw Zin’s Facebook
Add a Comment
Your email address will not be published. Required fields are marked *